Jeans'House -baby jeans

Jeans'House -baby jeans sell used korea / japan wallets and bags

01/05/2026

မြစ်ဆုံ ဆည် အန္ဒရာယ်

10/09/2025
😍😍😍😍😍
03/09/2025

😍😍😍😍😍

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
13/04/2025

Celebrating my 3rd year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉

09/04/2024

လေးရှားအတွင်း နေထိုင်ပြီး ၂၀၁၉-၂၀၂၀ အတွင်းUNHCR websiteမှတင်ထားသောလည်း UNHCRမှ မှတ်ပုံတင်ခြင်းမခံရသေးသူများ ဤဖောင်ကိ.....

09/04/2024

အောက်ပါသမီးလေးကို တွေ့ရှိခဲ့ပါက
သူ့အမေ ‌ဒေါ် တင်တင်ဝင်း ၀၁၃-၂၅၆၅၂၈၂
MEO- ၀၁၆၆၉၇၄၃၄၃
ကို အမြန်ဆုံးဆက်သွယ်ပေးကြပါရန်လေးစားစွာဖြင့်ပန်ကြားအပ်ပါသည်။

သမီးလေးက မတ်လ ၈၊ ၂၀၂၄ သောကြာနေ့ ကျောင်းကနေအိမ် မပြန်လာတော့သဖြင့် တွေ့ရှိခဲ့ပါက အမြန်ဆုံးဆက်သွယ်ပေးပါရန်အကူအညီတောင်းခံအပ်ပါသည်။ ‌

ကျောင်းလိပ်စာ- Jalan Bandar 16 Pusat Bandar Puchong 47100
အိမ်လိပ်စာ- Jalan Utama 2/1, Taman Perindustrian Puchong Utama, 47100 Puchong

သမီးလေးအမည်- ပိုးကြည်သူ (ခ) အိအိသုန်
အသက်- ၁၉

သူ့အမေ ‌ဒေါ် တင်တင်ဝင်း ၀၁၃-၂၅၆၅၂၈၂
MEO- ၀၁၆၆၉၇၄၃၄၃

ပြန်လည်မျှဝေခြင်းသာ ….“ငှက်ကြီး...ရှေ့မှာ ဓာတ်တိုင်ကြီးဟ"ဟယ်ရီလင်းက သူ့အပြင်းစား ရော့ခ်အသံကြီးနှင့် အထိတ်တလန့် အော်သည်။ ...
03/03/2024

ပြန်လည်မျှဝေခြင်းသာ ….

“ငှက်ကြီး...ရှေ့မှာ ဓာတ်တိုင်ကြီးဟ"
ဟယ်ရီလင်းက သူ့အပြင်းစား ရော့ခ်အသံကြီးနှင့် အထိတ်တလန့် အော်သည်။

ထိုသို့အော်မှပင် ကိုငှက်က ဓာတ်တိုင်တည့်တည့်ဆီသို့ လီဗာတင်ပြီး ကားကို အပြင်းမောင်းသည်။
ဓာတ်တိုင်နားရောက်မှ ကားကို ဆတ်ခနဲ ကွေ့ချပြီး တဟားဟား ရယ်သည်။
"ကိုငှက်...ရှေ့မှာ ကားကြီး"
ဒီတစ်ခါတော့ ကိုငှက် ကားကို ဆတ်ခနဲ ကွေ့ချိန်မရတော့။
ရပ်ထားသော ကွန်တိန်နာကားကြီးကို တည့်တည့်ကြီး ဝင်အောင်းပါသည်။

ဒိုင်းကနဲ။

လူတွေကတော့ ဘာမှမဖြစ်။
"ဃ...ဃ ဆင်း ဆင်း ဘာမှမဖြစ်ဘူး"
အသံကြားတော့မှ ဟယ်ရီလင်းက ကုပ်ချောင်း ကုပ်ချောင်းနဲ့ ထွက်လာသည်။

ညသန်းခေါင်ကျော် နှစ်နာရီလောက်ထိ ဝရံတာမှာ ထွက်မျှော်နေရှာသော အမေက တစ်ခွန်းတော့ ပြောသည်။
"ထင်သားပဲကွယ် ဒီလောက်ကြာနေမှတော့ တစ်ခုခုဖြစ်နေပြီလို့၊ ဒီလောက်ပဲဖြစ်တာ တော်သေးတာပေါ့" တဲ့..။

အမေ့ရဲ့ဒုက္ခအိုးလေး သို့မဟုတ် ကျွန်တော်တို့အားလုံးက ချစ်ကြရပါသော ထူးအိမ်သင်...။



ကိုငှက်က ကိုယ်တိုင်ကားမောင်းလျှင် အမောင်းကြမ်းသည်။ ဘိုဖြူဆိုရင် ကိုငှက် မောင်းသောကားကို စီးရမှာ အတော်ကြောက်သည်။

တစ်ခါကလည်း ဆရာနီကိုရဲနှင့်..။
လှည်းတန်းမီးပွင့်မှာ ကားတိုက်မှုဖြစ်သည်။
မှားတာက ကိုငှက်က မှားတာဖြစ်သော်လည်း၊ အတိုက်ခံလိုက်ရတာက သူတို့ကား ဖြစ်သည်။
ကားက ချာလပတ်လည်သွားပြီး လမ်းဘေးပလက်ဖောင်းစပ်မှာ ထိုးရပ်သွားသည်။
တစ်ဖက်ကားလည်း ရပ်သွားပြီး ကားပေါ်မှ လူငယ်လေးယောက်က တုတ် ဓားများ ကိုင်လျက် သူတို့ဆီ ပြေးလာသည်။

ကိုငှက်ကလည်း ဘေ့စ်ဘောရိုက်တံကို ယူ၍ ကားထဲက ထွက်သည်။
" ကိုရဲဝင်း...ပြေးတော့ ခင်ဗျား ပြေးတော့"
ဒါပေမဲ့ ဆရာနီကိုရဲလည်း ပြေးမရပါ။
အကြောင်းကတော့ သူ့ဘက်ခြမ်းက အတိုက်ခံရတာဖြစ်သဖြင့် ကားတံခါးက ဖွင့်မရ။

ဟိုဘက်က ဒေါသတကြီး ပြေး‌လာသော လူငယ်လေးယောက်သည် သူတို့ကားနားရောက်တော့ ရပ်သွားသည်။

"ဟာ..ကိုငှက်ကြီးကွ နေကြဦး"
တစ်ယောက်က အော်ပြောလိုက်ရင်းမှ အတော်ဒေါသထွက်နေသော လူငယ်တစ်ယောက်ကို သူတို့အချင်းချင်း ဝိုင်းထိန်းလိုက်ကြသည်။

"ဘယ်လိုဖြစ်တာလဲ ကိုငှက်ရာ...ကံကောင်းလို့ပါ့"
ပထမဆုံး ကိုငှက်ကို မှတ်မိသူလူငယ်က ပြောရင်း လက်ကမ်းပေးသည်။ လက်စွဲနှုတ်ဆက်ကြရင်းမှ
"ဖြစ်ပြီးတာတွေ ထားလိုက်တော့ဗျာ၊ ကျွန်တော်တို့က ကိုငှက် ပရိသတ်တွေပါ၊ ဆိုင်တစ်ဆိုင်ဆိုင်သွားကြရအောင်ဗျာ၊ ကိုငှက်နဲ့ ရေရေလည်လည် စကားပြောချင်လို့ပါ"
"ကိုငှက် ဘယ်ဆိုင်သွားချင်လဲ"
"ရပါတယ် ဘယ်ဆိုင်ဖြစ်ဖြစ်၊ မိန်းကလေးတွေ သီချင်းမဆိုတဲ့ဆိုင်ဆို ရပါတယ်"
"အိုကေဗျာ"

ရန်ပွဲအသေးစားလေး ကြည့်ရတော့မည် ထင်နေကြသော ဘေးနားက လူတွေလည်း ရန်ပွဲအစား မိတ်ဆက်ပွဲကို တွေ့ရတော့ ရှဲသွားကြသည်။
ဆိုင်မှာ စားသောက်ပြီးကြတော့လည်း ထိုလူငယ်များမှပင် ရှင်းသွားကြပါသည်။
ကိုငှက်ကို မချစ်သောသူ ဘယ်သူမှမရှိ။
အနုပညာအားဖြင့် လူတွေ၏ ချစ်ခြင်းမေတ္တာကို သူ သိမ်းပိုက်ထားသည်။



ကိုငှက်ရဲ့ နာမည်ရင်းက ကျော်မြင့်လွင်။
အဘဦးထွန်းမြင့် အမိဒေါ်မြရင်၊ မွေးသက္ကရာဇ် ၁.၇.၁၉၆၃၊ ပုသိမ်မြို့ဇာတိ။

အဖေက ဗမာ အမေက မွန်၊ ရာဇဓိရာဇ်အရေးအရေးတော်ပုံကျမ်းကို အလွတ်နီးပါးရသူ။
ပုသိမ်ဒေသကောလိပ်မှာ တက်ရောက်ခဲ့ပြီး၊ မော်လမြိုင်တက္ကသိုလ်မှ ရုက္ခဗေဒ အထူးပြုဖြင့် ဘွဲ့ရသည်။

ငယ်စဉ်ကတည်း ဂီတဝါသနာပါ၍ ဂီတနှင့်ပတ်သက်၍ ရေဆုံးရေဖျားထိ ပြင်းပြင်းထန်ထန် လေ့လာသည်။ သူနှင့် ဂီတအနုပညာသည် ခွဲခြားမရ။
သူကိုယ်တိုင်သည်ပင် ဂီတအနုပညာ ဖြစ်နေသူ။
၁၉၈၆မှာ ကိုယ်ပိုင်သံစဉ်ခွေ နာရီပေါ်က မျက်ရည်စက်များ ထွက်လာတော့ တစ်နိုင်ငံလုံး အငိုက်မိရင်း သူ့ရဲ့အနုပညာအောက်မှာ နစ်မြုပ်ကုန်ကြသည်။

သူ့ရဲ့စိတ်ကလည်း ဂီတအနုပညာနှင့်ပတ်သက်လျှင် ‌အချိန်အခါတို့ နေရာတို့မရွေး။

တစ်ခါကလည်း ဆရာနီကိုရဲနှင့် မြို့ထဲသွားရင်း မုန့်ဟင်းခါး စားကြသည်။
မုန့်ဟင်းခါးစားရင်းမှ အသံတစ်သံကြားတော့ ကိုငှက်က ငြိမ်ကာ နားစိုက်ထောင်နေသည်။
ဆိုနေတာက လမ်းဘေးက။
ထီးပိတ်စနှင့်ဖုံး၍ စဉ့်အိုးလေးသုံးလုံးကို ဗုံလိုလုပ်ပြီး တီးနေသည်။
ဆိုနေသည့် သီချင်းက ပိုးအိစံ၏ မဏိစန္ဒာသီချင်း။

သီချင်းဆုံးသွားတော့ ကိုငှက်က ဝိုင်းကြည့်နေကြသော လူအုပ်ကြားထဲမှထွက်၍ ထိုလူနား သွားထိုင်သည်။ ထိုလူအား အသံဘယ်လိုချိန်လဲ ဘာညာ မေးစမ်းဟန်တူသည်။ ဟိုကလည်း ဗုံ‌ပိတ်စကို ဖြုတ်လိုက်တပ်လိုက်လုပ်၍ ပြသည်။
ကိုငှက်က အသံများကို စမ်းတီးကြည့်ပြီး ထိုလူအား ဒီအတိုင်းပဲတီး ဟုပြော၍ တီးပြသည်။
နှစ်ခါသုံးခါလောက် တီးတော့ ကိုငှက်ပြသည့်အတိုင်း လက်သံမှန်လာသည်။

ထိုအချိန်ကျမှ ကိုငှက်က သူလွယ်လာသော လွယ်အိတ်ထဲမှ ပုလွေလေးကို ထုတ်ပြီး ဗုံသံနဲ့ အင်မတန် လိုက်ဖက်သည့် တေးသွားတစ်မျိုးကိုမှုတ်သည်။

"ဟာ ထူးအိမ်သင်ဟေ့"
"ကိုငှက်ဟ.."
ဝိုင်းကြည့်နေကြသော လူအုပ်ကြီးက ပို၍များလာသည်။
ကိုငှက်ကတော့ ခေါင်းကိုမော့လျက် ပုလွေတေးသွားထဲမှာသာ နစ်မြုပ်လျက်ရှိသည်။

ဆယ်မိနစ်လောက်မှုတ်ပြီး ပုလွေကို ချလိုက်တော့ ပရိတ်သတ်က လက်ခုပ်တီးကြသည်။
"ကိုငှက်..နောက်တစ်ပုဒ် လုပ်ပါဦးဗျ"
"ကိုငှက်...နောက်တစ်ပုဒ်"
ကိုငှက်က ဘာမှမပြော။
ဗုံတီးသူကို ငွေတစ်ထောင် ထုတ်ပေးပြီး၊ ဆူညံနေသော ပရိတ်‌သတ်တွေကြားမှ အသာတိုးထွက်လာခဲ့ပါသည်။



ကိုငှက်လို့ ချစ်စနိုးခေါ်ကြသည့် ထူးအိမ်သင်၏ အမည် နောက်တစ်မျိုးမှာ သျှပ်မှူးကျော် ဖြစ်ပါသည်။ ဒါက ကဗျာရေးသောအချိန်က ကလောင်နာမည်။
လင်းထက်၊ ရဲသင်ရန် ဆိုသော ကလောင်အမည်အများလည်း ရှိသည်။

တစ်ခါက အင်္ဂလန်က ကဗျာဆရာမတစ်ယောက် မြန်မာပြည်သို့လာသည်။
မြန်မာကဗျာဆရာများနှင့် တွေ့ဆုံ၍ ကဗျာဝပ်ရှော့ပွဲများလုပ်ကြသည်။ ကဗျာရွတ်ကြ စာတမ်းဖတ်ကြ။
ထိုအထဲမှာ ကိုငှက်လည်းပါသည်။

အင်္ဂလန်ကဗျာဆရာမက ကိုငှက်ကို ကိုယ်ပိုင်သံစဉ်များ ရေးဖွဲ့သူ အဆိုတော်မှန်းလည်း သိသွားရာ သီချင်းတစ်ပုဒ်ဆိုပေးဖို့ တောင်းဆိုပါသည်။
ကိုငှက် အမေ့ရဲ့ဒုက္ခအိုးလေး သီချင်းကို ဆိုပြတော့ အင်္ဂလန်ကဗျာဆရာမ ကြွေသွားသည်။
"You are a great musician"
"No I am not a great musician,I am a poet"
အင်္ဂလန်ဆရာမက သိပ်တော်တဲ့ ဂီတအနုပညာသမားလို့ ချီးကျူးတာကို၊ ကိုငှက်က "မဟုတ်ဘူး ငါက ကဗျာဆရာ" ပါတဲ့။

ကဗျာကို ရေးခဲ့သလို ကဗျာတွေကိုလည်းချစ်သည်။ ထွက်သမျှ မဂ္ဂဇင်း၊ ကဗျာစာအုပ်များမှ ကဗျာများလည်း မလွတ်တမ်း ဖတ်ထားသည်။

တစ်ခါတော့လည်း ဆရာစောဝေနှင့်အတူ ကဗျာဆရာK ဇော်(မောင်သိန်းဇော်)၏ အခန်းသို့လိုက်၍ ကဗျာရွတ်သံကို ညလုံးပေါက် နားထောင်သည်။ခင်ဗျား မင်းသားရဲ့ ကဗျာရွတ်သံက ကျက်သရေရှိတာကိုဗျ လို့ ပြောပါသတဲ့။

ကဗျာတွေ စာတွေကို ချစ်သလို စာပေအနုပညာရှင်များကိုလည်း သူချစ်သည်။
ဆရာကြီးဒဂုန်တာရာနှင့် တွဲရိုက်ထားသော ကိုငှက်၏ ရို့ရို့ကျိုးကျိုးဟန်နှင့် ဓာတ်ပုံလေးကို တွေ့ဖူးကြပါလိမ့်မည်။
ဆရာကြီးပါရဂူကို အမှတ်မထင် ပြုစုလိုက်သော ဖြစ်ရပ်ကလေးလည်း ရှိပါသေးသည်။

ဒီတုန်းက ဆရာနေမျိုးဆေး၏ မင်္ဂလာဧည့်ခံပွဲမှာ ဆရာ‌စောဝေနဲ့..။
‌သတို့သားနေမျိုးဆေးက ဧည့်ခံပွဲမှာ သောက်စရာ စီစဉ်မထားတော့ ဟိုတယ်ဘားကို နှစ်ယောက်သား ချီတက်ကြရသည်။

"ဟေ့လူ ကဗျာဆရာ၊ ဆရာပါ သောက်တတ်သလားဗျ"
ကိုငှက်က ဆရာစောဝေကို ကဗျာဆရာဟုသာ အမြဲတမ်း ခေါ်ပါသည်။
"ဆေးဖြစ်ဝါးဖြစ် ဝီစကီတစ်ပက်နှစ်ပက်လောက်တော့ သောက်ပါတယ်"
"ဒါဆို ဆရာပါ့အတွက် ဝယ်သွားရအောင်၊ ဆရာပါရဂူကို ခေါ်ပြီးပြုစုဖို့ မလွယ်ဘူးဗျ တိုက်ဆိုင်တုန်း ပြုစုရတာ"
ဒါနဲ့ ကုတ်နှစ်ဘူးဝယ် ဝီစကီနှင့် ထည့်စပ်သည်။

ပိုက်ဆံရှင်းတော့ ပြဿနာတက်လိုက်သေးသည်။ ကျသင့်ငွေက နှစ်ယောက်ပါသောငွေ ပေါင်းလိုက်လို့ပင် မပြည့် ဖြစ်နေသည်။
ဒါကို ရိပ်မိတဲ့ ကောင်တာစာရေးလေးက
"ကိုထူးအိမ်သင် ကျွန်တော်က အကို့ပရိတ်သတ်ပါ၊ ပါတာပဲ ပေးထားခဲ့ပါ ကျန်တာတော့ နောက်မှပေါ့"
"ကျေးဇူးတင်ပါတယ်ဗျာ ဒါပေမဲ့ ထူးအိမ်သင်ဆိုတဲ့ နာမည်ကိုတော့ အရက်နဲ့ လဲမသောက်ပါရစေနဲ့၊ ကားသော့ယူထားလိုက်ပါ"
"ဟာ ကိုငှက် ကားသော့တော့ မထားခဲ့ပါနဲ့၊ ကျွန်တော့်ဟန်းဖုံး ထားခဲ့လိုက်မယ် ပြီးမှ ကားထဲက ပိုက်ဆံယူပြီး ရှင်းလိုက်ပါ့မယ်"

ဒါနဲ့ပဲ ဝီစကီထည့်ထားတဲ့ ကုတ်နှစ်ဘူးကိုယူလို့ ဆရာသုခမိန်လှိုင်နှင့် ဆရာပါရဂူတို့ရှေ့မှာ တရိုတသေ သွားချသည်။
"ဆရာ ဒါကုတ်ကော့တေးပါ သောက်ပါဦး ဆရာ"
ပြီးတော့ ဆရာပါတို့ သောက်တာစားတာ ပြောတာကိုပဲ ရယ်ကာမောကာ နားထောင်လို့။



ကိုငှက်ရဲ့ သီချင်းတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော်တို့ အများကြီး ထပ်ပြောစရာ မရှိပါ။
နာရီပေါ်က မျက်ရည်စက်များ သူပန်ထားတဲ့ ပန်းနီနီမှသည် ဂျပ်စင်ထက်က လရိပ်ပြာ။
ရာဇဝင်များရဲ့ သတို့သမီးမှသည် မဟာဝီရ အိုဗုဒ္ဓ..။
ကိုငှက် ထွက်ရှိခဲ့သော တကိုယ်တော်အခွေပေါင်း ၁၅ခွေ ရှိပါသည်။

၁။ နာရီပေါ်က မျက်ရည်စက်များ ၁၉၈၇
၂ ။ မှော်ဆရာအိပ်မက် ၁၉၈၈ (Feb)
၃။ သက်ငြိမ် ၁၉၈၉ (Oct)
၄။ အတ္တပုံဆောင်ခဲများ ၁၉⁠၉၁ (Jan)
၅။ အကြင်နာအိပ်မက် ၁၉⁠၉၁ (Jun)
၆။ အရင်အတိုင်း ၁၉⁠၉၁ (Dec)
၇။ စကားလုံးမရှိတဲ့ ကောင်းကင် ၁၉⁠၉၅ (Feb)
၈။ ထူးအိမ်သင် (Unplugged Live)
၉။ မြို့ပြလရောင်တမ်းချင်း ၁၉⁠၉၆ (Oct)
၁၀။ ဝင်ရိုးစွန်းမီး ၁၉⁠၉၇ (Feb)
၁၁။ အမေ (သို့) အကြွင်းမဲ့ မေတ္တာတော်သီချင်း ၁၉⁠၉၇ (May)
၁၂။ အမှတ်တရ ဒဏ်ရာသီချင်းများ ၁၉⁠၉၉ (Jun)
၁၃။ အစိမ်းရောင် ရက်စွဲများ ၂၀⁠၀၁ (Nov)
၁၄။ တစ်နေ့စာအလွဲများ ၂၀⁠၀၃ (Oct)
၁၅။ ချစ်ခြင်းအားဖြင့် ၂၀⁠၀၅ (Aug)

ကျွန်တော်တို့ နောက်ဆုံး နားထောင်လိုက်ရသည်က ချစ်ခြင်းအားဖြင့်။
ကိုငှက် ကွယ်လွန်ပြီးမှ ထွက်ရှိပါသည်။
ချစ်သမီးလေး မိကွန်ထောကို ပွေ့ချီထားသည့် ပုံရိပ်နှင့်။
ဖခင်မေတ္တာကို ကြည်ကြည်နူးနူး ခံစားရပါသော တုနှိုင်းမဲ့ရတနာ သီချင်းလေးနှင့်။
နောက်ဆုံးပုံရိပ်...။



၂၀၀၄၊ သြဂုတ် ၁၄ ရက်...။
မြန်မာပြည်မှာ မရှိဖူးတဲ့ သီချင်းသံတွေနဲ့ နာရေးခရီး။
သီချင်းသံတွေ ထစ်ခြုန်းလို့၊ လူတွေရဲ့ ရင်ဘတ်ထဲမှာ ဝမ်းနည်းခြင်းတွေ ပြည့်လို့၊ ကောင်းကင်ကြီးက ငိုချတော့မယ့် မျက်နှာမျိုးနဲ့ အုံ့လို့ မှိုင်းလို့...။

ထားသွားခဲ့ပြီ...။
လရောင်ငှက်ကလေးက မိုးကောင်းကင်ထဲမှာ လွတ်လပ်စွာ ပျံဝဲရင်း တေးသီနေပေလိမ့်မလား..။

သူရဲ့နောက်ဆုံးခရီးကို လိုက်ပို့ကြပြီး အပြန်လမ်းမှာတော့ လူတွေ၏ နူတ်ဖျားမှ တစ်ပုဒ်တည်းသော သီချင်းကိုသာ ဆွေးဆွေးမြည့်မြည့် ငြီးဆိုလာကြပါသည်။
ဝေးသွားတဲ့အခါ တဲ့..။

ဝေးသွားတဲ့အခါ နှလုံးသားမှာ
အမြဲတမ်း သတိရနော်
ကြင်နာခဲ့ဖူးတဲ့အချိန်များ
ပြန်လည်ကာ ရယူဖို့ရာ
မဖြစ်နိုင်တော့တဲ့အခါ..။

လရောင်ငှက်ကလေး အဝေးပျံသွားတဲ့အခါ..
ကျွန်တော်တို့အားလုံး လွမ်းမောတသ ကျန်ရစ်ခဲ့ကြပါသည်။
wwwwwwwwwwwwwwwwwwwwwwwwwww

ကိုးကားစာအုပ်များ
၁။ စောဝေ၊ ဂီတအတွက် မမေ့မလျော့လမ်းကလေး
၂။ သိမ်းတင်သား၊ အရှင်လတ်လတ် တွေ့ဖူးခဲ့သူများ
၃။ သိမ်းတင်သား၊ သဗ္ဗရနံ
၄။ သိမ်းတင်သား၊ ချစ်စံအိမ်နဲ့ ဝေးသွားတဲ့အခါ
၅။ အစိမ်းရင့်ရောင်ရက်စွဲများ
၆။ မင်းချမ်းမွန်၊ ထောင်ဝင်စာရုပ်ပုံလွှာ ရသအက်ဆေးများ။
၇။ Wiki

07/11/2023

လေးရှားအတွင်း နေထိုင်ပြီး ၂၀၁၉-၂၀၂၀ အတွင်းUNHCR websiteမှတင်ထားသောလည်း UNHCRမှ မှတ်ပုံတင်ခြင်းမခံရသေးသူများ ဤဖောင်ကိ.....

မြင့်ဆွေ … မြင်းဆွေး
18/07/2023

မြင့်ဆွေ … မြင်းဆွေး

Address

Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

+959458434070

Website

Alerts

Be the first to know and let us send you an email when Jeans'House -baby jeans posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jeans'House -baby jeans:

Share