Reo

Reo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Reo, Baby Goods/Kids Goods, Yangon.

ဖိုးလေးကလဲ မြေး Reo လေး ဆော့ဖို့ဆိုပြီး ကစားစရာတွေကို ပို့ပေးထားပါတယ်ရှင် 👇👇မြေးလေးကလဲ ဖိုးလေးကို ကျေးဂျူးပါတဲ့နော် .. က...
19/03/2026

ဖိုးလေးကလဲ မြေး Reo လေး ဆော့ဖို့ဆိုပြီး ကစားစရာတွေကို ပို့ပေးထားပါတယ်ရှင် 👇👇

မြေးလေးကလဲ ဖိုးလေးကို ကျေးဂျူးပါတဲ့နော် .. ကောင်းကောင်းဆော့ပါမယ်တဲ့ ဖိုးလေးရေ 👶

12/03/2026

Chicken BBQ Pizza & Double Cheese Pizza 🍕🍕

ကျွန်မရဲ့ ခလေးလေးက မာမားရေ ပီဇာ စားချင်တယ်ပူဆာတော့လဲ မြောက်ဒဂုံမှာ သွားဝယ်ကျွေးရတာပေါ့ရှင် 👶🥰🩷

အိုကွယ် ပီဇာကလဲ စားကောင်းလိုက်တာ .. ပူတုန်းမို့လား မသိဘူး .. တော်တော်လေးကောင်း .. ဝယ်လာတာတောင် နည်းသွားတယ် .. ထပ်သွားစားဦးမယ် 🍕🍕

ပီဇာ ဆိုင်နာမည်ကို Vedio လေးထဲမှာ ပြောပြပေးထားပါတယ်နော် 👇👇

မလေးရှားကနေ Reo လေးရဲ့ ကြီးကြီးပို့ပေးလိုက်တဲ့ သားသားအတွက် မွေးနေ့လက်ဆောင် လွယ်အိတ်လေးတွေနဲ့ ဒူဘိုင်းချောကလက်တွေ ဒီနေ့ပဲ...
09/03/2026

မလေးရှားကနေ Reo လေးရဲ့ ကြီးကြီးပို့ပေးလိုက်တဲ့

သားသားအတွက် မွေးနေ့လက်ဆောင် လွယ်အိတ်လေးတွေ

နဲ့ ဒူဘိုင်းချောကလက်တွေ ဒီနေ့ပဲ ရောက်လာပါပြီရှင် 🥰

ကြီးကြီးကတော့ မွေးနေ့အမှီ ပို့ပေးလိုက်တာပဲ 🎁🎁

ဒါပေမဲ့ မွေးနေ့အပြီး 15 ရက်လောက်နေမှ ပစ္စည်းတွေက

မြန်မာပြည်ရောက်လာတယ် 🎒🍫

ကြာသွားပေမဲ့ ရောက်ရောက်ချင်း ပါဆယ်ကို

ဖောက်ကြည့်လိုက်တော့ စောင့်ရကျိုးနပ်ပြီး

အမောပြေသွားပါတယ် 🥰🥰

လွယ်အိတ်လေးတွေ အရမ်းလှတာပဲ ကြီးကြီးရေ

ကောင်းကောင်းသုံးပြီး ချောကလက်

အရသာမိမိုက်လေးတွေကိုလဲ ကောင်းကောင်းစားပါ့မယ်ဂျ

Reo လေးက ကြီးကြီးရေ ကျေးဂျူးပါတဲ့နော် 👶🥰🩷

Reo လေးတော့ စိတ်မကောင်းဖြစ်တော့မယ် 🤩🤩သားသားမွေးနေ့ကို ပွဲမကျင်းပဖြစ်ပဲ အိမ်မှာဘုန်းကြီးဆွမ်းကပ်ပြီး အသိမိတ်ဆွေပတ်ဝန်းကျင...
24/02/2026

Reo လေးတော့ စိတ်မကောင်းဖြစ်တော့မယ် 🤩🤩

သားသားမွေးနေ့ကို ပွဲမကျင်းပဖြစ်ပဲ အိမ်မှာဘုန်းကြီးဆွမ်းကပ်ပြီး အသိမိတ်ဆွေပတ်ဝန်းကျင်ကို ကြက်ဆီထမင်းတွေပဲ လိုက်ပေးဖြစ်ပေမဲ့ Reo လေးအတွက် မွေးနေ့လက်ဆောင်တွေက တဖွဲဖွဲ လာနေတုန်းပါပဲရှင် .. ပို့ထားပြီးလို့ ထပ်ရောက်လာဖို့တွေလဲ ရှိပါသေးတယ်တဲ့ရှင့် 🎁🥰

လက်ဆောင်ပစ္စည်းလေးတွေရော ၊ အသုံးတည့်တာ ဝယ်ချင်တာဝယ်ဖို့ဆိုပြီး စာအိတ်လေးတွေနဲ့ ငွေသားလေးတွေရော ရလို့ သားသဲလေးတော့ ပျော်နေပါပြီနော် 👶🥰🤩

သားသားလေးရဲ့ ဖိုးဖိုးဖွားဖွားတွေ ၊ ဖိုးလေးဖွားလေးတို့တွေရော ၊ အဒေါ်တွေကရော ၊ အိမ်နီးနားချင်းတွေကရော ၊ အဝေးကနေရော လှမ်းပို့ပေးကြတဲ့ လက်ဆောင်လေးတွေကိုလဲ လက်ခံရရှိပါတယ်ရှင့် .. သားသားလေးကို ချစ်ပေးကြသူ အားလုံးကို ကျေးဇူးပါနော် 🙏🙏🙏

ဪ ပြီးတော့လေ Fb ကနေ ဘုန်းကြီးဆွမ်းကပ်တဲ့ ပုံလေးတွေနဲ့ သားသားမွေးနေ့ကိတ်ခွဲတဲ့ Video လေးကြောင့် မွေးနေ့ပွဲလုပ်တာတောင် မဖိတ်ဘူးဆိုပြီး စိတ်မဆိုးကြပါနဲ့နော် .. Reo လေး ဖွားဖွားလဲ နေမကောင်းသေးတာကြောင့် ပွဲက မလုပ်ဖြစ်ဘူးရှင့် .. မွေးနေ့ကိုအထမြောက်သွားအောင် အလှူလေးပဲ လုပ်ဖြစ်လိုက်တာပါနော် 🩷🩷

22/02/2026

မွေးနေ့ကိတ်သာ ခွဲရမယ်ဆို Reo လေးတို့ ဘယ်လိုတွေတောင် ပျော်လဲ ကြည့်ဦး 🎂🎂

သူလေးက အဲ့လို ပျော်ပြလေ ကိုယ်တွေက ဖြည့်ဆည်းပေးချင်လေပဲ .. ချစ်လွန်းတယ်ကွယ် 👶🥰🩷

22/02/2026

Shake မှာ မှာထားတဲ့ မွေးနေ့ကိတ်လေး သွားယူကြမယ် 🎂🎂

ဒီနေ့ သား Reo လေးရဲ့ 3 နှစ်ပြည့်မွေးနေ့လေးမှာ အိမ်မှာ ဘုန်းကြီးငါးပါး ဆွမ်းကပ်ပြီး ၊ အိမ်နီးနားချင်းတွေကို ကြက်ဆီထမင်း လ...
22/02/2026

ဒီနေ့ သား Reo လေးရဲ့ 3 နှစ်ပြည့်မွေးနေ့လေးမှာ အိမ်မှာ ဘုန်းကြီးငါးပါး ဆွမ်းကပ်ပြီး ၊ အိမ်နီးနားချင်းတွေကို ကြက်ဆီထမင်း လှူဒါန်းပါတယ်ရှင် 🍛🍛

မွေးနေ့ကိတ်လဲ ခွဲပါတယ်ရှင့် .. အရင်နှစ်က ကားရုပ်လေးတွေဆိုပေမဲ့ ဒီနှစ်ကတော့ အာကာသအထိ တက်လိုက်ပြီရှင် 🤩🤩

ကိတ်လဲခွဲရင်း အရုပ်လေးတွေလဲ ရပေါ့နော် 🎂👨‍🚀✈️🚀

သားသားက အာကာသကိတ်ဒီဇိုင်းနဲ့ ဘာမှမဆိုင်တဲ့ ချယ်ရီသီးကိုပါ ပူဆာနေလို့ သီးသန့် ဝယ်ပြီး ထည့်ပေးရသေး 🍒🍒

22/02/2026

မွေးနေ့ရှင်လေးရဲ့ အီစီကလီရှက်ပြုံးလေး ☺️☺️

19/02/2026

ပဲတွေ အရမ်းများနေသော အစ်ကိုဝီလေး 👶🥰🩷

16/02/2026

🎀🎆🎉 Acc အသစ်လေးဖွင့်ပွဲ ကျင်းပ 🎀🎇🎊

သားသားဝီလျံလေးရဲ့အကောင့်အသစ်လေးပါဂျ 👶🥰🩷

tiktok.com/

သားသားကိုချစ်ရင် ဦးဦး တီတီတို့ Follow လေး လုပ်ထားလို့ ရပါတယ်ဂျ 💘💘

ဦးဦး တီတီတို့ကိုလဲ သားသားက အရမ်း ချစ်ပါတယ်ဂျ 🫰🫶💞

16/02/2026

ပါပါးတို့က မိုက်တယ်ဟေ့ .. သူ့သားကို စားသာစားတဲ့ ချောင်းဆိုးရင် ဆေးတိုက်မယ်ဆိုပြီးတော့ကို ကျွေးနေတာဟေ့ 😬🍫

သားသားက ညကတော့ ချောင်းဆိုးပျောက်ဆေး သောက်လိုက်ရပါတယ် .. အခုတော့ ချောင်းမဆိုးတော့ပါဘူးရှင် 💊💊

အဲ့ချောကလက်ဗူးကို ပါပါးက သူအရမ်းချစ်ရပါသော သူ့သား Reo လေးကို 14 ရက်နေ့မှာ ကျွေးချင်လို့ဆိုပြီး City Mart တွေမှာ လိုက်ရှာနေခဲ့တာ နောက်ဆုံးတော့ သိမ်ကြီးစျေး ဂမုန်းပွင့်မှာ တွေ့ခဲ့ပြီတဲ့ .. 5 သောင်းနဲ့ ရခဲ့တယ်ဆိုပြီး ဝမ်းသာအားရ လာပြောတယ် .. ကိုယ့်အတွက်လဲ ပန်းစည်းနဲ့ချောကလက် ထပ်ဝယ်လာခဲ့ပြီး မနေ့က Valentine’s Day အမှီ သားသားကို ပေးချင်တဲ့ သူ့ဆန္ဒလေး ပြည့်ဝသွားလို့ ကျေနပ်နေသေးတာ ☺️☺️

14/02/2026

ဒီဆံပင်စတိုင်ရဖို့ ဆံပင်ညှပ်ဆရာရယ် ၊ ပါပါးနဲ့ မာမားတို့ရယ် ပူပေါင်းကြိုးပမ်းမှုအဆင့်ဆင့် 💇💇🏻‍♂️

ညှပ်ပြီးရင် အရမ်းချောသွားမှာ ပြောထားလို့ သားသားလေး ငြိမ်ခံပေးနေမှုကြီးတစ်ဖြတ် .. သူ့ခမျာ မချောမှာ သိပ်ကြောက်နေရှာတာ .. ငြိမ်နေတာပဲ 🤩🤩

ပြီးတော့လဲ ဘေးနားမှာ မမတွေ ရှိနေလို့တဲ့ Reo လေးလေ ရုပ်က စပ်ဖြဲဖြဲနဲ့ စော်လေးတွေကို ရှက်လို့က ထပြောသေးတာပါဆို 🥴🥴

အဲ့မှာ Vedio ထဲသာ ကြည့်လိုက်ကြပါတော့ရှင် 👇👇

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Reo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share