Swe Sew

Swe Sew Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swe Sew, Clothing Store, Yangon.

Hello 👋အခုလို ခက်ခဲနေတဲ့ အချိန်ကာလအတွင်းမှာ လူတိုင်းလူတိုင်းလည်း အပူကိုယ်စီနဲ့ရှိကြမယ်ထင်ပါတယ်။ စိတ်ညစ်ညူးမှုတွေကို ခဏတာ...
18/07/2021

Hello 👋

အခုလို ခက်ခဲနေတဲ့ အချိန်ကာလအတွင်းမှာ လူတိုင်းလူတိုင်းလည်း အပူကိုယ်စီနဲ့ရှိကြမယ်ထင်ပါတယ်။ စိတ်ညစ်ညူးမှုတွေကို ခဏတာပြေပျောက်သွားဖို့ပဲဖြစ်ဖြစ် “Swe Sew” ကနေ ကြည်နူးပီတိဖြစ်စရာသတင်းလေးပြောပြချင်ပါတယ်ရှင့်။

“Swe Sew” ကနေ mask cover လေးတွေစချုပ်တဲ့ ပထမတစ်သုတ်မှာတင် အရေအတွက်အများကြီး မှာယူအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။ “Swe Sew” တို့ကနေ ရရှိတဲ့အမြတ်ငွေထဲက 40% ကို အကူအညီလိုအပ်နေတဲ့နေရာများနှင့် အောက်စီဂျင်အလှူများကို လှူဒါန်းပြီးဖြစ်ပါတယ်။

နောက်တစ်ခုကတော့ “Swe Sew” ကနေ ချုပ်တဲ့ Mask လေးတွေဟာ “Swe” တစ်ယောက်တည်းချုပ်တာမဟုတ်ပါဘူး။ အရေအတွက်များတဲ့အတွက်ကြောင့်၊ အကြောင်းကြောင်းကြောင့် အထည်ချုပ်စက်ရုံတွေပိတ်လိုက်ရလို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ စက်ချုပ်ဆရာမလေးတွေကို ဆက်သွယ်ပြီးအပ်ဖြစ်ခဲ့ပါတယ်။ အဲ့အတွက်ကြောင့် သူတို့ရဲ့ ဝင်ငွေကိုလည်းတစ်ဖက်တစ်လမ်းကနေ အကူအညီပေးနိုင်ခဲ့ပါတယ်။

“Swe Sew” ကနေ လိုအပ်နေတဲ့နေရာတွေကိုလှူနိုင်တာရော၊ ခက်ခဲနေတဲ့ အလုပ်လက်မဲ့ဖြစ်နေတဲ့ လူတွေကိုရော အကူအညီပေးနိုင်ခဲ့တာ mask cover တစ်ခုချင်းစီကိုမှာယူပေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေကြောင့်ပါ။ မှာယူအားပေးသူအားလုံးရဲ့ အလှူပါပဲရှင်။ 🙏💕 အဲ့အတွက်ကြောင့်ထပ်ဆောင်းကျေးဇူးတင်ပါတယ်နော်။

Mask လေးတွေကိုလည်း လိုအပ်နေတဲ့သူတွေကိုသွားရောက်လှူဒါန်းဖို့လည်း ချုပ်ထားပါပြီရှင့်။ အဲ့ဒါနဲ့ပတ်သတ်ပြီး ပါဝင်လိုသူများလည်း ပါဝင်နိုင်အောင် ပို့စ်လေးသပ်သပ်တင်ပေးပါမယ်ရှင်။

နောက်တစ်သုတ် mask cover order ရော၊ mask order ရော ၂၆ရက်နေ့နောက်ပိုင်းမှ ပြန်ချုပ်ပေးပါမယ်ရှင့်။ အခုက စျေးတွေအကုန်ပိတ်နေလို့ ပစ္စည်းတွေဝယ်မရသေးလို့ပါရှင့်။ မှာထားချင်ရင်တော့ ကြိုမှာလို့ရပါတယ်နော်…🙏🥰

အားလုံး ကျန်းမာကြပါစေရှင် 🙏💕

“Swe Sew” တို့စီမှာထားတဲ့ ပထမအသုတ် Mask Cover Order တွေချုပ်ပြီး ပို့ဖို့ ready ဖြစ်နေပါပြီ ရှင့် ။ 🥰😍ဒီပတ်တွင်း အိမ်အရေ...
12/07/2021

“Swe Sew” တို့စီမှာထားတဲ့ ပထမအသုတ် Mask Cover Order တွေချုပ်ပြီး ပို့ဖို့ ready ဖြစ်နေပါပြီ ရှင့် ။ 🥰😍
ဒီပတ်တွင်း အိမ်အရောက် delivery နဲ့ပို့ပေးပါမယ်။

အားပေးမှုတိုင်းကိုလဲအရမ်းကျေးဇူးတင်ပါတယ်။ ❤

နောက်အသုတ်တွေကိုလည်း ချုပ်နေပါပြီရှင့်…😍Mask Cover ရော Adjustable Fabrics Mask ရော order ထပ်မံလက်ခံနေပါပြီနော် !

မှာယူရန် link : https://swesew.biglink.to/s-item

အားလုံး ကျန်းမာဘေးကင်းကြပါစေရှင် 🙏💕

Hello everyone!! 👋☺️Swe Sew တို့ရဲ့ Mask Cover လေးတွေကို စိတ်ဝင်တစားအားပေးကြလို့ အရမ်းပျော်ရွှင်ရပါတယ်။ 😍ဒီတခါမှာတော့ Sw...
10/07/2021

Hello everyone!! 👋☺️

Swe Sew တို့ရဲ့ Mask Cover လေးတွေကို စိတ်ဝင်တစားအားပေးကြလို့ အရမ်းပျော်ရွှင်ရပါတယ်။ 😍
ဒီတခါမှာတော့ Swe Sew တို့ဆီ ရိုးရိုး Fabrics Mask လေးတွေရော ချုပ်ပေးလားလို့ လာမေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများအတွက် ရိုးရိုး mask design လေးကို ပုံနှင့်တကွမိတ်ဆက်ပေးချင်ပါတယ်ရှင့်။

Mask Cover ထက် တင်းတင်းရင်းရင်း Mask ၂ ထပ်တပ်ချင်သူများအတွက် Swe Sew တို့ Fabrics Mask လေးကို သေသေချာချာလေးချုပ်ပေးပါတယ်ရှင့်။ 😍

တပ်ဆင်တဲ့အခါ နားမနာစေပဲသက်တောင့်သက်သာဖြစ်အောင်
ပိုးကြိုးလေးတွေအသုံးပြုထားပါတယ်ရှင့်။ 😊
စိတ်ကြိုက်အလျော့အတင်းပြုလုပ်နိုင်အောင် adjustable button ထည့်ချုပ်ထားပါတယ်။😉
3 D design ချုပ်ထားတာမို့လို့ တပ်ဆင်တဲ့အခါ အသက်ရှူလဲချောင်ပြီး သက်သောင့်သက်သာရှိစေပါတယ်။ 🤗
ကာလာကတော့ခါတိုင်းလိုပဲ ၁၁ ကာလာရှိပါမယ်ရှင့်။

Fabrics Mask လေးတွေက ၁ ခု ၁၈၀၀ ထဲနော်။ ပေးရတဲ့စျေးနဲ့အဆင်ပြေအောင် Swe Swe တို့သေချာလေးလုပ်ပေးထားပါတယ်ရှင့် ။ 🥰 အားပေးကြပါဦးနော်။

ဒီ link နဲ့မှာယူနိုင်ပါပြီ - https://swesew.biglink.to/f-Mask
Chat Box ကနေလဲမှာယူနိုင်ပါတယ်ရှင့်

Stay Safe & Stylish. 💕

Swe Sew က mask cover လေးကို order တင်ပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙏💕ပထမရက်မှာတင် စိတ်ဝ...
08/07/2021

Swe Sew က mask cover လေးကို order တင်ပေးကြတဲ့ မိတ်ဆွေသူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ 🙏💕
ပထမရက်မှာတင် စိတ်ဝင်တစားမေးမြန်းကြပြီး အများကြီးမှာယူကြတာကိုလည်း ကြည်နူးဝမ်းသာမိပါတယ်ရှင် 😇 ဒီနေ့အထိမှာယူကြတဲ့ ပထမအသုတ်ကို စတင်ချုပ်နေပါပြီရှင့်။ မနက်ဖြန်မှ မှာယူမယ့်သူတွေအတွက် ဒီပထမအသုတ်လေးပြီးတာနဲ့ စချုပ်ပေးပါမယ်နော် 😘

နောက်ပြီး ပထမအသုတ် order လက်ခံတုန်းက မေးခွန်းလေးတစ်ချို့ကိုလည်းလာမေးကြပါတယ်။ လူမေးများတဲ့ မေးခွန်းလေးတွေကို စုပြီး အားလုံးလည်းသိရှိနိုင်အောင် ဒီ post မှာ ဖြေသွားပါမယ်ရှင့်။ 🥳

1 ) Mask Cover က size အကြီးအသေး အပြောင်းအလဲရှိသလား? 🧐

မရှိပါဘူးရှင့် ၊ တဆိုဒ်ထဲပဲချုပ်ပါတယ်။ 😊
Surgical Mask အပေါ်ထပ်ဖို့ဆိုတော့လေ Surgical Mask size လောက်ကိုပဲ တိုင်းပြီးချုပ်ပါတယ်ရှင့် 🥰
ရိုးရိုးကြိုးနဲ့ Fabrics Mask တွေကို size customize လုပ်ပြီးချုပ်ချင်ရင်တော့ မှာတုန်းပြောရင် ချုပ်ပေးပါတယ် ၊ ယေဘူရအားဖြင့် Standard size ပဲချုပ်ပါတယ် ရှင့် 😊😁

2) Mask Cover တွေကို Pattern Design နဲ့ချုပ်ဖို့ရှိလား ? 🧐

ဟုတ်ကဲ့ ၊ လာမယ့်ရက်တွေမှာ Mask Cover ကို Pattern Design လေးတွေနဲ့ချုပ်ဖို့ရှိပါတယ် ရှင့် ။ ကြိုက်နှစ်သက်တဲ့သူတွေအတွက်သတင်းကောင်းလေးပေါ့ 🤩😄

3) Waiting Time ဘယ်လောက်ကြာမှာလဲ? 🧐

Waiting Time ကတော့ ၃ - ၅ ရက်လောက်ကြာပါမယ်။ အကယ်၍ ၅ ရက်ထက်ကြာမယ်ဆိုရင် ချက်ချင်းအကြောင်းကြားပေးပါမယ် ရှင့် 😊

Swe Sew တို့ရဲ့ Mask Cover လေးမှာယူသူတိုင်းကို ဒီ post လေးကနေထပ်မံကျေးဇူးတင်ပါတယ် နော် 😍🥰
နောက် “Swe Sew” တို့ဘာတွေဆက်ချုပ်မလဲဆိုတာလေးကို စောင့်ကြည့်၊ အားပေးကြပါဦးနော် 😘

အားလုံးပဲ မင်္ဂလာပါ။  “Swe Sew” ကနေပြီး Mask Cover လေးတွေကိုမှာယူနိုင်ပါပြီရှင် 😍ရွေးချယ်စရာ ဒီဇိုင်းကာလာကတော့ ၁၁မျိုးရှ...
07/07/2021

အားလုံးပဲ မင်္ဂလာပါ။

“Swe Sew” ကနေပြီး Mask Cover လေးတွေကိုမှာယူနိုင်ပါပြီရှင် 😍
ရွေးချယ်စရာ ဒီဇိုင်းကာလာကတော့ ၁၁မျိုးရှိပါတယ်။ “Simplicity is the best policy” ဆိုတဲ့စကားအတိုင်း အရိုးဆုံးသည် အကောင်းဆုံးဖြစ်ဖို့ ဗြောင်ချည်ဂျင်းသားလေးတွေကို ရွေးပြီးချုပ်ထားပါတယ်ရှင့်။ 😊
ကိုယ်နှစ်သက်ရာ အရောင်လေးကိုရွေးချယ်မှာယူနိုင်တယ်နော်။ 🥰

စျေးနှုန်းလေးကတော့ တစ်ခုကို 1500 Ks ပါ။ online payment ရော၊ cash on deli ရော လက်ခံပါတယ်ရှင်။

Waiting time ကတော့ 3 - 5 days ပါရှင့်။

မှာယူရန် Link - https://swesew.biglink.to/fPj5
Cb ကနေလဲမှာယူလို့ရပါတယ်

How to use mask cover ကိုတော့ ဒီ Link လေးမှာ ကြည့်ရှုနိုင်ပါတယ်။ 😊
https://www.facebook.com/110753131268323/posts/112666587743644/?d=n

Order ကြိုမှာထားကြတဲ့ မိတ်ဆွေများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် 🙏💕

Hello everyone … ဒီနေ့တော့ “Swe Sew” ကနေ ချုပ်မယ့် mask cover design လေးကို မိတ်ဆက်ပြသရင်းနဲ့  သူ့ရဲ့ အသုံးပြုပုံအသုံးပြ...
06/07/2021

Hello everyone … ဒီနေ့တော့ “Swe Sew” ကနေ ချုပ်မယ့် mask cover design လေးကို မိတ်ဆက်ပြသရင်းနဲ့ သူ့ရဲ့ အသုံးပြုပုံအသုံးပြုနည်းလေးတွေကို ရှင်းပြချင်ပါတယ်ရှင့် 😊

Fabrics Mask Cover ကို surgical mask အပေါ်ထပ်ခြင်းက Covid ကူးစက်မှု ၉၆% လျော့ချစေတယ်လို့ 'Centers For Disease' ရဲ့ သုသေတနအရ သိရှိရပါတယ်။ 🧐
More information : shorturl.at/abAPY

Mask ကို color လှလှ Style ကျကျနဲ့အပြင်ထွက်ချင်သူများအတွက်လဲ အဆင်ပြေတာမို့လို့ Mask Cover အသုံးပြုပုံလေးတွေကို အောက်က ပုံလေးတွေမှာ ကြည့်ရှုပေးပါဦးနော် 🙏😊✨

အားလုံးပဲ မင်္ဂလာပါ 👋  Swe Sew Page လေးကနေကြိုဆိုပါတယ်။အခုလို ကမ္ဘာကြီးနေမကောင်းတဲ့အချိန်၊ COVID တတိယလှိုင်းပြန်ဖြစ်နေတဲ...
05/07/2021

အားလုံးပဲ မင်္ဂလာပါ 👋 Swe Sew Page လေးကနေကြိုဆိုပါတယ်။

အခုလို ကမ္ဘာကြီးနေမကောင်းတဲ့အချိန်၊ COVID တတိယလှိုင်းပြန်ဖြစ်နေတဲ့အချိန်မှာ အိမ်ထဲမှာနေကြတာအကောင်းဆုံးပါ။ ဒါပေမယ့်မဖြစ်မနေအပြင်သွားရမယ့်သူတွေအတွက် စီစဉ်ထားလေးရှိပါတယ်။ 😊

ကာကွယ်မှုမှာ တစ်ထောင့်တစ်နေရာကနေ အသုံးဝင်မယ့် Fabrics mask လေးတွေကို “Swe Swe” page လေးကနေချုပ်လုပ်ရောင်းချပေးပါမယ်ရှင့်။

ဒီဇိုင်းလေးနဲ့ ကာလာလေးတွေကို Wednesdayတင်ပေးသွားမှာဖြစ်လို့ စောင့်ကြည့်ပေးပါဦးနော် 🙏💕

-------------------------------------------------------------------------

Hello everyone. 👋 It’s “Swe Sew”

As the world continuously suffers from Covid 19 (third wave), it's best to stay home and protected. To whom who oftenly goes out.. Don’t worry, we got a plan. ☺

Masks are crucial part of safety and protection.
We will be making Fabrics Masks of different designs and colors to put on sale this Wednesday .

Make sure to check it out!! 🙏💕

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Swe Sew posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category