20/07/2026
တာဝန်ယူမှု တာဝန်ခံမှု 🎗️
(မင်မင်ကတော့ အဲ့ဆိုင်ကိုရှောင်ပါပြီ)
မင့်မင်ဆီက အမြဲဝယ်ယူအားပေးနေတဲ့ ဆရာမကြီး အတွက်သူလိုအပ်နေတဲ့ ပစ္စည်းကို
မင်မင့်ဆီမှာ မရတာကြာပြီမို့
တခြား ဆိုင်တစ်ခုကနေ မှာပေးခဲ့တယ်
ထိုဆိုင်မှာလဲ သူ့ဟာနဲ့သူ နာမည်ရှိ ရောင်းအားရှိတဲ့ဆိုင်ဖြစ်တာမို့
မင်မင်ကိုယ်တိုင်လဲ မှာခဲ့မိတယ်
တကယ်ကတော့ ပစ္စည်းလိုနေတဲ့ဆရာမကြီးကို ပစ္စည်းရစေချင်တဲ့ စေတနာနဲ့ပါ
မှာတဲ့ပစ္စည်းက အသစ်ဖြစ်သည့်အတွက်ရယ် ပို့ရမှာနယ်ကိုဖြစ်တာမို့ သူတို့ကိုဘဲ တိုက်ရိုက် ကားတင်ခိုင်းလိုက်ပါတယ်
ဟိုဘက်လဲရောက်ရော ပစ္စည်းတွေက အကုန် အနာအဆာ Error တွေပါလာပါတယ်
သူတို့ကိုပြန်ပြောတဲ့အခါ ပစ္စည်းကအသစ်ဖြစ်တယ်
ဒါပေမယ့်စက်ရုံကနေ ပါကင်ထုတ်ပေးထားတာမို့ သူတို့မစစ်လိုက်မိကြောင်း🥲🥲
အရင်ကလဲသူတို့ရောင်းနေ
ကျမို့ လို့ပြောပါတယ်
ဒါကတော့သုတို့ရဲ့ပေါ့ဆမှုကြောင့် မင်မင်တို့က နစ်နာရပါတယ်
ပစ္စည်းကိုပြန်လဲပေးမယ်ပြောပေမယ့် တန်ဆာခ အသွား အပြန် 2ကြောင်းစာလုံး ဝယ်သူဘက်ကစိုက်ရမယ်တဲ့
မင်မင်တို့ခုမှာတာတစ်ကြောင်းကို 1သိန်းကျော်ကျပါတယ်
သို့ဖြစ်ပါ၍ ဝယ်သူက ပြန်လဲရင် သူ့ဘက်က ငွေအကုန်ကျများမှာပါ
ပစ္စည်းကိုဈေးပြန်လျှော့ဖို့ပြောတော့ လျှော့ပေးပါတယ်
သိန်းကျော်တန်ကိုတစ်လုံး 5000တဲ့ 😌😌
မင်မင်က ဆိုင်မဖွင့်ထားပါဘုး
ဒါပေမယ့်မင်မင့်ဆီက ပစ္စည်းမှာရင် သေချာ အစက်အပျောက်ကအစ စစ်ဆေးပြီးပို့ပေးတဲ့သူပါ
တစ်ခုခုဖြစ်ခဲ့ရင်လဲ တာဝန်ယူဖြေရှင်းပေးပါတယ်
အခုမင်မင်ကြားက လုပ်ပေးတဲ့ကိစ္စမှာ ဒီလိုဖြစ်တဲ့တွက်
မင်မင့်ဆီကဝယ်နေကျ ဆရာမကြီးကို အရမ်းအားနာရပါတယ်
နောက်ဆို မင်မင့်ပစ္စည်းမဟုတ်ရင် ယူမရောင်းဖို့လဲ သင်ခန်းစာရပါတယ်
ဆိုင်ဖွင့်ပြီးကြော်ငြာအားဘယ်လောက်ကောင်းကောင်း
ယုံကြည်လို့မရကြောင်းလဲ သင်ခန်းစာရပါတယ်