Li Ly Online Shop

Li Ly Online Shop always open

29/01/2026
ဘဝမှာ မတန်တာတွေအများကြီးရှိတယ်။ရှင်းပြဖို့ မတန်ရင် မှန်နေရင်တောင် လှည့်ထွက်ခဲ့လိုက် ငြင်းရတဲ့အလုပ်ဆိုတာ အသိညဏ်သေးသိမ်တဲ့...
30/12/2025

ဘဝမှာ မတန်တာတွေအများကြီးရှိတယ်။

ရှင်းပြဖို့ မတန်ရင် မှန်နေရင်တောင် လှည့်ထွက်ခဲ့လိုက် ငြင်းရတဲ့အလုပ်ဆိုတာ အသိညဏ်သေးသိမ်တဲ့သူတွေရဲ့အလုပ်ပါ။

မတန်ဘူးထင်ရင် ခေါင်းထဲသိပ်မထည့်နဲ့ တစ်ချို့တွေရဲ့နှုတ်ဖျားမှာ စည်းဆိုတာမရှိဘူး။

တွဲမရဘူးဆိုမှတော့ လွှတ်ချခဲ့လိုက်ပေါ့ အတင်းလုပ်ယူမှ ရတဲ့
အရာတွေဆိုတာ ဘယ်အရာမှမကောင်းဘူးလေ ။

မျှော်လင့်ချက်တွေ ပေးပြီးမှ အဆုံးသတ်မကောင်းရင် မျှော်လင့်မိတဲ့သူက ပိုခံစားရတယ် ဒါကြောင့် အချစ်နဲ့စေတနာကို ပေးတဲ့အခါ
ဘယ်သူ့ကိုမှ မယုံကြည်ပါနဲ့။

စိတ်နဲ့အခန့်မသင့်တိုင်း မကောင်းဘူးထင်တတ်တဲ့ စိတ်ဓါတ်မမှန်တဲ့သူတွေအတွက် လိုက်ခံစားမနေပါနဲ့ မတန်ပါဘူး။

တစ်ဖတ်သူအပေါ် လိုက်တွေးပေးပြီး ခံစားတတ်တဲ့ သူတိုင်းက ကိုယ်ချင်းစာစိတ်အပြည့်ရှိတယ် ဒါကြောင့် အဲ့ဒီကိုယ်ချင်းစာတဲ့စိတ်က နေရာအထားမမှန်ရင် သင်ပဲခံစားရမှာပါ။

ဘဝမှာ မတန်ဘူးထင်ရင် ဘာကိုမှ သိပ်လေးလေးနက်နက်မတွေးနဲ့
သင်လျှောက်ရမယ့် လမ်းမှာ အဓိက ပါဝင်သူတွေမဟုတ်ရင် ဘယ်သူ့ကို မှ သင့်ခေါင်းထဲထည့်ပြီး စိတ်ပင်ပန်း ခံစားပေးနေစရာမလိုဘူး။

{ရာ မ ည မြေ}
#မေဆုရာမညမြေအတွေးစာစုလေးများ

ဘဝအတွက်စာဖတ်ပါ။ ပထမအဆင့် - ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေခြင်း။၁။ ရပ်ပြီး စဉ်းစားပါ။  လောလောဆယ် ဘာတွေလုပ်နေလဲ၊ ဘာတွေ ခံစာ...
30/12/2025

ဘဝအတွက်စာဖတ်ပါ။

ပထမအဆင့် - ကိုယ့်ကိုယ်ကို ပြန်လည် ရှာဖွေခြင်း။

၁။ ရပ်ပြီး စဉ်းစားပါ။

လောလောဆယ် ဘာတွေလုပ်နေလဲ၊ ဘာတွေ ခံစားနေရလဲဆိုတာ ခဏရပ်ပြီး သေချာစဉ်းစားပါ။

၂။ ကိုယ်လိုချင်တာကို သိအောင်လုပ်ပါ။

တကယ်တမ်း ဘဝမှာ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲဆိုတာ စာရင်းပြုစုပါ။

၃။ အောင်မြင်မှုတွေကို ဂုဏ်ယူပါ။

ကိုယ်လုပ်ခဲ့တဲ့ အောင်မြင်မှုသေးသေး လေးတွေကို ပြန်ကြည့်ပြီး ဂုဏ်ယူပါ။

၄။ တန်ဖိုးထားမှုများကို သတ်မှတ်ပါ။

ကိုယ့်အတွက် အရေးအကြီးဆုံး တန်ဖိုးတွေ (ဥပမာ- ရိုးသားမှု၊ လွတ်လပ်မှု) ကို သိအောင်လုပ်ပါ။

၅။ အားသာချက်၊ အားနည်းချက်ကို သိပါ။

ကိုယ့်ရဲ့ ကောင်းကွက်နဲ့ မကောင်းကွက်တွေကို ရိုးသားစွာ သုံးသပ်ပါ။

၆။ တစ်ယောက်တည်း အချိန်ပေးပါ။

စိတ်ကို ရှင်းလင်းဖို့၊ ကိုယ့်ကိုယ်ကို နားလည်ဖို့ တစ်ယောက်တည်း အချိန်ယူပါ။

၇။ နေ့စဉ်မှတ်တမ်း (Journal) ရေးပါ။

အတွေးတွေ၊ ခံစားချက်တွေကို ချရေး ခြင်းဖြင့် ပိုရှင်းလင်းလာပါလိမ့်မယ်။

ဒုတိယအဆင့် - လုပ်ဆောင်ချက်များ စတင်ခြင်း။

၈။ ရည်မှန်းချက် သေးသေးလေးတွေ ချမှတ်ပါ။

ချက်ချင်းလုပ်ဆောင်နိုင်တဲ့ ရည်မှန်းချက် (ဥပမာ- မနက်စောစောထ ခြင်း) နဲ့ စတင်ပါ။

၉။ ကျန်းမာရေးကို ဂရုစိုက်ပါ။

ပုံမှန် လေ့ကျင့်ခန်းလုပ်ခြင်း၊ ကောင်းစွာ အိပ်စက်ခြင်းနဲ့ စတင်ပါ။

၁၀။ ပညာရပ်အသစ် သင်ယူပါ။

စိတ်ဝင်စားတဲ့ ဘာသာရပ်တစ်ခုခု၊ စွမ်းရည်တစ်ခုခုကို လေ့လာပါ။

၁၁။ အခွင့်အလမ်းအသစ်တွေကို လက်ခံပါ။

ထူးဆန်းတဲ့ အလုပ်တစ်ခု၊ ခရီးစဉ်တစ်ခု စသဖြင့် စွန့်စားမှုလုပ်ပါ။

၁၂။ အမှားလုပ်ရမှာ မကြောက်ပါနဲ့။

မှားယွင်းတဲ့ ဆုံးဖြတ်ချက်ဆိုတာ မရှိဘူး။ အားလုံးက သင်ယူမှုတွေပဲလို့ မှတ်ယူပါ။

၁၃။ အမြင်သစ်တွေ ရှာဖွေပါ။

မတူညီတဲ့ ပတ်ဝန်းကျင်၊ မတူညီတဲ့ လူတွေနဲ့ တွေ့ဆုံပါ။

၁၄။ လုပ်ဆောင်မှုကို စတင်ပါ။

စဉ်းစားတာထက် လက်တွေ့လုပ်ဆောင်ဖို့ကို ဦးစားပေးပါ။

တတိယအဆင့် - အထောက်အပံ့ ရယူ ခြင်းနှင့် စိတ်နေစိတ်ထား။

၁၅။ လမ်းညွှန်ဆရာ (Mentor) ရှာပါ။

ကိုယ့်ထက် အတွေ့အကြုံရှိတဲ့သူဆီက အကြံဉာဏ်ယူပါ။

၁၆။ ယုံကြည်ရတဲ့သူတွေနဲ့ ဆွေးနွေးပါ။

မိတ်ဆွေကောင်း၊ မိသားစုဝင်တွေနဲ့ ကိုယ့် ခံစားချက်ကို ဖွင့်ပြောပါ။

၁၇။ အခြားသူတွေရဲ့ ထင်မြင်ချက်ကို ဂရုမစိုက်ပါနဲ့။

ကိုယ့်ဘဝလမ်းကို ကိုယ်တိုင် ဆုံးဖြတ်ပြီး သူများပြောတာကို ခေါင်းထဲ မထည့်ပါနဲ့။

၁၈။ အချိန်ဇယား တင်းတင်ကျပ်ကျပ် မထားပါနဲ့။

ဘဝခရီးဆိုတာ လိုအပ်သလို ပြောင်းလဲနေတာကို လက်ခံပါ။

၁၉။ မစွန့်လွှတ်ပါနဲ့။

ခက်ခဲတဲ့ အချိန်တွေမှာတောင် ဆက်ကြိုးစားနေပါ။

၂၀။ လက်ရှိအချိန်ကို ခံစားပါ။

ဘဝရဲ့ ပန်းတိုင်တစ်ခုတည်းကိုပဲ ကြည့်မနေဘဲ နေ့စဉ်အချိန်လေးတွေကို ပျော်ရွှင်စွာ ဖြတ်သန်းပါ။

အားလုံး - အဆင်ပြေကြပါစေ😊

26/12/2025

အမျိုးသမီးများအတွက် ကျင့်ဝတ်များ

၁။ အထက်တန်းကျကျ နေထိုင်ပါ။

၂။ စကတ်ဝတ်ထားတဲ့အခါ ဒူးတွေကို
ပူးကပ်ထိုင်ပါ။

၃။ လျှို့ဝှက်ချက်တွေကို ထိန်းပါ။

၄။ ပြုံးပါ။

၅။ ကောလဟာလ စကား၊ အတင်းအဖျင်းစကားတွေ မပြောပါနဲ့။

၆။ ကိုယ့်ကိုယ် လေးစားပါ။

၇။ သူ့နေရာနဲ့သူ လိုက်ဖက် ဝတ်စားဆင်ယင်ပါ။

၈။ မထိုက်တန်တဲ့အချစ်ကို လက်ခံမထားပါနဲ့။

၉။ သင့်ခန္ဓာကိုယ်ကို ချစ်ပါ။

၁ဝ။ အိန္ဒြေရရ ဝတ်စားဆင်ယင်ပါ။

၁၁။ မူးယစ်သောက်စားခြင်းကို ရှောင်ပါ။

၁၂။ အပြောင်းအလဲတွေကို လက်ခံပါ။

၁၃။ ဘဝသင်ခန်းစာတွေကို လက်ခံပါ။

၁၄။ ယောက်ျားတစ်ယောက်အတွက်
ကိုယ့်ကိုယ် မနှိမ့်ချပါနဲ့။

၁၅။ အမှန်တကယ်ထိုက်တန်တဲ့သူကို
မတွေ့မချင်း single ဘဝနဲ့ပဲနေပါ။

၁၆။ ကိုယ့်ရဲ့အားနည်းချက်တွေကို သိထားပါ။

၁၇။ ကိုယ့်ကိုယ် ယုံကြည်ပါ။

၁၈။ ကိုယ့်ကို နာကျင်စေသူတွေကို စွန့်လွှတ်ပါ။

၁၉။ ပြင်ပြင်ဆင်ဆင်နေပါ။

၂ဝ။ ကိုယ့်တန်ဖိုးကို ယောက်ျားတစ်ယောက်က သတ်မှတ်ခွင့်မပေးပါနဲ့။

၂၁။ ဘယ်သူ့ကိုမှ ကိုယ်နဲ့ မနှိုင်းယှဉ်ပါနဲ့။

၂၂။ ကိုယ့်ကိုယ် ဦးစားပေးပါ။

ပြုံးပြုံးလေးနေပါဘဝဆိုတာအနိမ့်ရှိသလို အမြင့်လည်းရှိတယ်။အတက်ရှိသလို အကျလည်းရှိတယ်။ဖေးမ,မယ့်သူရှိသလို ဆွဲချမယ့်သူလည်းရှိမယ...
24/12/2025

ပြုံးပြုံးလေးနေပါ
ဘဝဆိုတာ
အနိမ့်ရှိသလို အမြင့်လည်းရှိတယ်။

အတက်ရှိသလို အကျလည်းရှိတယ်။

ဖေးမ,မယ့်သူရှိသလို ဆွဲချမယ့်သူလည်းရှိမယ်။

အားပေးမယ့်သူရှိသလို ရှုပ်ချမယ့်သူလည်းရှိမှာပဲ။

ချီးမွမ်းမယ့်သူရှိသလို ကဲ့ရဲ့မယ့်သူလည်းရှိဦးမယ်။

မြှင့်တင်မယ့်သူရှိသလို ပုပ်ချမယ့်သူလည်းရှိနေမှာပါ။

လူဆိုတာ စရိုက်ခြင်းမတူညီလေတော့
အကြိုက်ခြင်းလည်း မတူနိုင်ဘူးရယ်။

ဒါ့ကြောင့်။
ကိုယ့်လမ်းကိုယ်ထွင် စိတ်ရွှင်ရွှင်နဲ့
ကိုယ့်လမ်းကိုယ့်ဆက် စိတ်မပျက်ဘဲ။
ကိုယ့်လမ်းကိုယ်လျှောက် စိတ်မနောက်လိုက်ပါနဲ့။

ရွေးချယ်ထားတဲ့ ကိုယ့်ရဲ့ဘဝမှာ
တွေ့ကြုံနေရတဲ့ အရာမှန်သမျှကို
ခပ်ပြုံးပြုံးနေပြီး ရင်ဆိုင်ကျော်လွှားပစ်လိုက်ပါ။



သူများဆီက မေတ္တာလိုချင်ရင်ကိုယ်က နွေးထွေးပေးဖို့မမေ့ပါနဲ့။သူများဆီက ဂရုစိုက်မှု့လိုချင်ရင်ကိုယ်လည်း  ကြင်နာဖို့မမေ့ပါနဲ့...
22/12/2025

သူများဆီက မေတ္တာလိုချင်ရင်

ကိုယ်က နွေးထွေးပေးဖို့မမေ့ပါနဲ့။

သူများဆီက ဂရုစိုက်မှု့လိုချင်ရင်

ကိုယ်လည်း ကြင်နာဖို့မမေ့ပါနဲ့။

သူများဆီက

ချိုသာတဲ့စကားသံတွေကြားချင်ရင်

ကိုယ်လည်း ချိုချိုသာသာပြောဖို့မမေ့ပါနဲ့။

သူများဆီက

နှုတ်ဆက်တာကိုလိုချင်ရင်

ကိုယ်လည်း ပြုံးပြဖို့မမေ့ပါနဲ့။

သူများဆီက

အကူအညီကိုလိုချင်ရင်

ကိုယ်က ကျေးဇူးမမေ့ပါနဲ့။

မမေ့ပါနဲ့

အရာရာတိုင်းဟာ အသွားအပြန်ရှိပါတယ်။

သူများဆီက လိုချင်ရင်

ကိုယ်ကလည်း ပေးဖို့မမေ့ပါနဲ့။

ကိုယ်ကမပေးချင်ဘဲ

သူများဆီက မမျှော်လင့်ပါနဲ့။

တစ်ဦးကမေတ္တာ တစ်ဦးကစေတနာပါ

မေတ္တာဟာ ရောင်ပြန်၊ဟပ်ပါတယ်။

စိတ်ထဲမှာနာကျင်နေတဲ့အရာကိုမျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့စိတ်ကူးတည်ဆောက်ထားတဲ့အရာတွေပြိုလဲသွားခဲ့ရင်တောင်ခြေလှမ်းတွ...
18/12/2025

စိတ်ထဲမှာနာကျင်နေတဲ့အရာကို
မျက်နှာမှာ လာမပေါ်အောင် ထိန်းထားဖို့

စိတ်ကူးတည်ဆောက်ထားတဲ့အရာတွေ
ပြိုလဲသွားခဲ့ရင်တောင်
ခြေလှမ်းတွေ ချော်မသွားဖို့

ကိုယ့်ပေါ် မကောင်းမှန်းသိတဲ့ ဆက်ဆံရေးတွေကို
အပြုံးမပျက် ခေါ်နေ ပြောနေနိုင်ဖို့

ဘဝကြီးက ပြိုလဲခဲ့ဖူးတယ်ဆိုရင်တောင်
အဆင်ပြေနေတဲ့ ပုံစံမျိုးနဲ့ နေတတ်ဖို့

တစ်ခုခု ဖြစ်ခဲ့ဖူးတယ် ဆိုရင်တောင်
ဘာမှမဖြစ်ခဲ့သလို နေတတ်ဖို့ဆိုတာ
ငါ့မှာ အများကြီး ဖြတ်သန်းခဲ့ရတာ

တကယ်တော့
ဘယ်လောက် ရင့်ကျက်လာသလဲ ဆိုတာက

ပျော်ရွှင်ခြင်း နာကျင်ခြင်းတွေကို
လူမြင်အောင် ထုတ်ခံစားမပြဘဲ

မင်းရင်ထဲမှာ
ဘယ်လိုထားတတ်လာသလဲဆိုတာနဲ့ပဲ ဆိုင်တယ်

ပျော့ကွက်ကို ချနင်းမယ့်သူရှေ့မှာ
အားနည်းချက်ကို ထုတ်မပြရဘူး

ပြီးတော့
ဒဏ်ရာအသစ်တွေ ထပ်ပေးမယ့်သူတွေကို
ဒဏ်ရာအဟောင်းတွေ အကြောင်း
ဘယ်တော့မှ ပြောမပြရဘူးသိလား ။

တကယ်တော့
စိတ်သက်သာရာ သက်သာကြောင်းဆိုတာ
ငါတို့ ကိုယ်တိုင်ဆီမှာက လွဲရင်
တစ်ခြား ဘယ်သူ့ဆီမှာမှ တကယ်မရှိဘူး

ကိုယ့်ရဲ့ တန်ဖိုးကို ဆွဲချနေတဲ့ အမူအကျင့် ၇ ခု၁ ။ ဖြစ်သလို နေထိုင်ခြင်း၂ ။ ကိုယ့်ရဲ့ အားနည်းချက်ကို လူတိုင်းကို        လ...
10/12/2025

ကိုယ့်ရဲ့ တန်ဖိုးကို ဆွဲချနေတဲ့ အမူအကျင့် ၇ ခု
၁ ။ ဖြစ်သလို နေထိုင်ခြင်း
၂ ။ ကိုယ့်ရဲ့ အားနည်းချက်ကို လူတိုင်းကို
လိုက်ပြောမိနေခြင်း
၃ ။ အတိတ်ကနေ ရုန်းထွက်ဖို့ မကြိုးစားခြင်း
၄ ။ လူတိုင်းအပေါ် အားနာပြီး အရာရာ
လိုက်လျောမိနေခြင်း
၅ ။ ကိစ္စအသေးအမွှားတွေ အပေါ် အမြဲ
လိုက်ခံစားနေတတ်ခြင်း
၆ ။ ကိုယ့်ရဲ့ အနာဂတ်အစီအစဥ်နဲ့
အကြံဥာဏ်တွေကို အမြဲထုတ်ပြောမိနေခြင်း
၇ ။ လူတွေကို အလွယ်တကူ ယုံကြည်တတ်ခြင်း
သင့်ဆီမှာ ဒီအချက်တွေ ဖြစ်နေရင် အမြန်ဆုံး ပြုပြင်ဖို့ ကြိုးစားလိုက်ပါ။

Address

Bo Bahtoo Street
Yangon

Telephone

+959774418875

Website

Alerts

Be the first to know and let us send you an email when Li Ly Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category