20/09/2022
KPay ဂယက်❗❗❗
Level 2 ကိုမမြှင့်ထားရင် ငွေအသွင်းအထုတ် မရတော့ ပိတ်ခံရမယ် ဘာညာသရကာသတင်းထွက်လာတော့ ဒီနေ့ညနေကပဲ ကျွန်မ KPay Center တခုမှာ Level သွားမြှင့်လိုက်ပါတယ်
မြှင့်ပြီးတော့ လုပ်ပေးတဲ့ဝန်ထမ်းကောင်လေးကိုမေးလိုက်တယ်သေချာအောင်...
"ရှင်တို့ kpay က level 2 မြှင့်ပြီးရင်ကော စိတ်ချရပြီဆိုတာသေချာလား... ဒီနေ့လဲသတင်းတခုတက်လာတာတွေ့တယ်..Level 2 ဖြစ်နေရဲ့သားနဲ့ Transaction မရတော့ဘူးဆိုပြီးတော့" လို့မေးတော့
သူက " အဲ့လို ဘလိုင်းကြီးတော့မဖြစ်ဘူး..ပိတ်ခံထိတယ်ဆိုတာလည်း Os တွေလို တနေ့ Transaction limit ပြည့်တဲ့ထိ ငွေအဝင်အထွက်များတာရယ်... ငွေလွှဲတဲ့အခါ (ပုံမှာအနီမျှားပြထားတဲ့ Add notes box လေးမှာ ဘာကြောင့်လွှဲတယ်ဆိုတာလေးထည့်ပေးရင် အဆင်ပြေပါတယ်(ဥပမာ - စာအုပ်ဝယ်လို့ စာအုပ်ဖိုး/အင်္ကျီ ဝယ်လို့ အင်္ကျီဖိုး တခုခုပေါ့)
ခုက အကြောင်းပြချက်မရှိ ငွေအဝင်အထွက်များနေတဲ့အပေါ် ဗဟိုဘဏ်က ကြည့်ပြီး ဒီaccကို ပိတ်လိုက်ဆိုရင် သူတို့ကပိတ်လိုက်ရပါတယ်တဲ့
အဲ့တော့ Os လုပ်နေတဲ့သူတွေ / Transaction များများရှိနေတဲ့သူတွေဆို ငွေအဝင်ရော အထွက်ရော ဒီအချက်လေးကိုသတိထားလိုက်ဖို့ sharing လုပ်ပေးတာပါ
အဆင်ပြေကြပါစေ