05/07/2026
🚨 Order မရသေးတဲ့ Brand တွေ အများဆုံးလုပ်မိတဲ့ အမှား (၅) ချက်
Brand စလုပ်တာက မခက်ပါဘူး။
ဒါပေမယ့် အစကတည်းက မှားတဲ့ဆုံးဖြတ်ချက် တွေကြောင့် Brand တော်တော်များများက Order မရခင်မှာပဲ ရပ်သွားရတတ်ပါတယ်။
❌ (၁) Logo လှရင် ရောင်းရမယ်လို့ ထင်တာ
Logo က Brand တစ်ခုရဲ့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။
Customer ဝယ်တာက Design၊ Quality နဲ့ ယုံကြည်မှုကြောင့်ပါ။
❌ (၂) စျေးသက်သာတာကိုပဲ အရင်ရွေးတာ
တစ်ထည်ချင်း ဈေးသက်သာတာက အမြဲတမ်း အကျိုးရှိတာ မဟုတ်ပါဘူး။
အရည်အသွေး မတည်ငြိမ်ရင် Customer ပြန်မလာတော့ပါဘူး။
❌ (၃) Sample မစမ်းဘဲ Production တန်းဝင်တာ
Photo ထဲမှာ လှတိုင်း လက်တွေ့မှာ အဆင်ပြေမယ်လို့ မဆိုလိုပါဘူး။
Sample စမ်းပြီးမှ Production ဝင်တာက အချိန်နဲ့ ငွေကို ကာကွယ်ပေးပါတယ်။
❌ (၄) ချုပ်ရုံကို Partner မဟုတ်ဘဲ Supplier လို့ပဲ မြင်တာ
Brand တစ်ခု ကြီးထွားဖို့ဆိုရင်
နားလည်ပေးနိုင်တဲ့ ချုပ်ရုံ၊ အကြံပေးနိုင်တဲ့ ချုပ်ရုံနဲ့ လက်တွဲဖို့ လိုပါတယ်။
❌ (၅) Quality ကို အလျှော့ပေးပြီး အမြတ်ကိုပဲ အရင်ကြည့်တာ
Customer က တစ်ခါဝယ်ပြီး ပြန်မလာရင်
Brand က ရေရှည်မတည်မြဲနိုင်ပါဘူး။
---
ဒီအမှား (၅) ချက်ကို အချိန်မီ ပြင်နိုင်မယ်ဆိုရင်...
✔️ မလိုအပ်တဲ့ အချိန်ကုန်၊ ငွေကုန်တာတွေ လျော့နည်းလာနိုင်ပါတယ်။
✔️ Brand အပေါ် Customer ယုံကြည်မှု တည်ဆောက်နိုင်ပါတယ်။
✔️ Order ရရှိနိုင်တဲ့ အခွင့်အလမ်းကိုလည်း တိုးစေပါတယ်။
ဒါပေမယ့် ဒီအချက်တွေကို ကိုယ်တိုင် မစီမံနိုင်သေးဘူးဆိုရင်လည်း စိတ်မပူပါနဲ့။
GOBI Club မှာတော့ Brand အသစ်ဖြစ်ဖြစ်၊ လက်ရှိ Brand ဖြစ်ဖြစ်...
✔️ Sample အရင်စမ်းနိုင်ပါတယ်။
✔️ Production မဝင်ခင် အသေးစိတ်ညှိနှိုင်းပေးပါတယ်။
✔️ Quality ကို အလေးထားပြီး လုပ်ဆောင်ပါတယ်။
✔️ Brand နဲ့ ကိုက်ညီတဲ့ အကြံဉာဏ်တွေကို မျှဝေပေးပါတယ်။
✔️ ရေရှည်လက်တွဲနိုင်တဲ့ Production Partner တစ်ယောက်လို ဆောင်ရွက်ပေးပါတယ်။
Brand တစ်ခု အောင်မြင်ဖို့ဆိုတာ ချုပ်ရုံကောင်းတစ်ခု ရွေးလိုက်ရုံနဲ့ ပြီးသွားတာ မဟုတ်ပါဘူး။
ဒါပေမယ့် မှန်ကန်တဲ့ Partner နဲ့ စတင်လိုက်တာက မလိုအပ်တဲ့ အမှားတွေကို လျှော့ချပေးနိုင်ပါတယ်။
📩 Design ရှိပြီး ချုပ်ရုံရှာနေတယ်ဆိုရင် Messenger မှာ "ORDER" လို့ ပို့ထားလိုက်ပါ။
သင့် Brand အတွက် သင့်တော်တဲ့ ထုတ်လုပ်မှုအစီအစဉ်ကို အတူတကွ ဆွေးနွေးပေးပါမယ်။