Shin Shin 's Book Shop

Shin Shin 's Book Shop ဉာဏ်ပညာနှင့်ချစ်ခြင်းတွေရဲ့ကမ္ဘာ

🎆ကလေးတွေကိုဘာကြောင့် Phonics  သင်သင့်တာလဲ❓❓ကလေးတွေကို Phonics သင်ပေးသင့်တဲ့အကြောင်းကတော့ English စာအရေးအဖတ်ကို အသံနှင့်တ...
21/08/2025

🎆ကလေးတွေကိုဘာကြောင့် Phonics သင်သင့်တာလဲ❓❓
ကလေးတွေကို Phonics သင်ပေးသင့်တဲ့အကြောင်းကတော့ English စာအရေးအဖတ်ကို အသံနှင့်တွဲပြီး လွယ်ကူစွာပြောတတ်ရေးတတ်လာစေရန်ဖြစ်ပါတယ်။Phonicဆိုတာ အသံနှင့် အက္ခရာလေးတွေ၏ ချိတ်ဆက်မှုကို လေ့လာတဲ့ပညာရပ်လို့ အလွယ်ပြောနိုင်ပါတယ်။Phonics သင်ထားတဲ့ကလေးများဟာ စကားလုံးလေးတွေမြင်ရင် မှန်မှန်ကန်ဖတ်နိုင်လာပါတယ်။အသံထွက် မှန်ကန်လာတာနဲ့အမျှ စကားပြောဆိုရာမှာလည်း ယုံကြည်မှုရှိရှိပြောရဲဆိုရဲဖြစ်လာ‌စေပါတယ်။

🧑‍🎓Phonics သင်ကြားနိုင်တဲ့ programs များ👩‍🎓
⭐Oxford phonics
⭐Jolly Phonics
⭐ Read Write Inc.,
⭐ Letterland,
⭐ Hooked on Phonics,
⭐ Words Their Way,
⭐ Phonics Pathways,
⭐ Fountas & Pinnell စသည့် သင်ကြား‌ ရေး အစီအစဉ်များကိုအသုံးပြုပြီး နိုင်ငံများစွာမှာ ကလေးများကို Phonics သင်ကြားပေးနေကြပါတယ်။

📚သင်ကြားရာတွင်အသုံးပြုသောစာအုပ်များ📚

Phonics သင်ကြားရမှာ အသုံးပြုတဲ့စာအုပ်အမျိုးမျိုးရှိပါတယ်။ Jolly Phonics၊Oxford Phonics၊စသည့်နည်းစနစ်တွေက ကလေးတွေအတွက်ပိုမိုလွယ်ကူပြီး စာအုပ်တွေလည်း ဝယ်ယူရ‌တာလွယ်ကူစေပါတယ်။
နောက်လာမည့် Posts များတွင် Phonics သင်ကြားတဲ့ Programs တစ်ခုချင်းစီရဲ့ သင်ကြားပုံလေးတွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ရှင့်။စောင့်မျှော်ဖတ်ရှုပေးပါဦးရှင့်။
Phonics စာအုပ်လေး‌တွေဝယ်ချင်တယ်ဆိုရင်‌တော့
Shin's Book Shop # #မှာဝယ်ယူနိုင်ပါတယ်ရှင့်။
#မြန်မာတစ်နိုင်ငံလုံးသို့ပို့ဆောင်ပေးနေပါပြီရှင့်
#ရွှေပြည်သာမြို့နယ်အတွင်းစာအုပ်၃အုပ်အထက်မှာယူပါက deli freeပါရှင့်။
Ph-09799758605(Viber)

🤗မင်္ဂလာပါရှင်🏡အိမ်မှာပဲ ကလေးလေးတွေကို စာသင်ပေးချင်တဲ့ မေမေဖေဖေတို့အတွက် အရမ်းကို အဆင်ပြေတဲ့ သင်ရိုးလေးတစ်ခုနဲ့မိတ်ဆက်ပေ...
19/08/2025

🤗မင်္ဂလာပါရှင်

🏡အိမ်မှာပဲ ကလေးလေးတွေကို စာသင်ပေးချင်တဲ့ မေမေဖေဖေတို့အတွက် အရမ်းကို အဆင်ပြေတဲ့ သင်ရိုးလေးတစ်ခုနဲ့မိတ်ဆက်ပေးပါရစေရှင့်။

📚Skills Sharpeners UK ကျောင်းသုံးသင်ရိုးစာအုပ်များ

🧒မူကြို မှ Grade12ထိ ကျောင်းမှာသင်တဲ့သင်ရိုးအစုံပါတဲ့သင်ရိုးစာအုပ်လေးတွေက ကလေးတို့ အသက်အရွယ်mile stones များကိုဟာကွက်မရှိဖြည့်ဆည်းပေးနိုင်ပါတယ်ရှင့်။

🏫မိမိအိမ်မှာ စာသင်ကျောင်းကြီးတစ်ခုပိုင်ဆိုင်ထားရသလို အဘက်ဘက်ကပြည့်စုံတဲ့ UKနိုင်ငံထုတ်သင်ရိုးတစ်ခုပဲဖြစ်ပါတယ်ရှင့်။

🇬🇧ပါဝင်တဲ့ Subjects တွေကတော့
English
Math
Science
Critical Thinking
Geography
Steam(PreKမပါ KG မှစပါပါတယ်)စသည့်ဘာသာရပ်များဖြစ်ပါတယ်ရှင့်။
🇬🇧Ukမှ သင်ရိုးညွှန်းတမ်း‌ရေးတဲ့ ပါမောက္ခဆရာကြီးများမှ ပြည့်ပြည့်စုံစုံ ရေးဆွဲထားသည့်သင်ရိုးဖြစ်ပါသဖြင့် ကလေးများအတွက် အလွန်ကိုပြည့်စုံကောင်းမွန်ပါတယ်ရှင့်။မူကြိုမှ Grade12 ထိ တစ်levelချင်းစီ အဆင့်ဆင့်သင်သွားလို့ရတာမို့ ဒါပြီးရင်ဘာသင်ရမလဲဆိုပြီး မိဘဆရာများခေါင်းခဲစရာမလိုတာမို့ အရမ်းကို အဆင်ပြေလွန်းသော စာအုပ်ကလေးကို မိဘများအတွက် ညွှန်းပေးလိုက်ပါတယ်ရှင့်။

လိပ်စာ - အမှတ်(၈)ရပ်ကွက်၊ဗိုလ်မင်းခေါင်ပန်းခြံ၊ သမိန်ဗရမ်းလမ်း၊အိမ်အမှတ်၄၇၄(က)၊ရွှေပြည်သာမြို့နယ်။
☎️Ph- 09252400450
#မြန်မာတစ်နိုင်ငံလုံးသို့ပို့ဆောင်ပေးနေပါပြီရှင့်။
#ရွှေပြည်သာမြို့နယ်အတွင်းစာအုပ်၃အုပ်အထက်မှာယူပါက deli freeပို့ဆောင်ပေးပါတယ်ရှင့်။

🤗မင်္ဂလာပါရှင်📚နိုင်ငံတကာသင်ရိုးမျိုးစုံကို မြန်မာတစ်နိုင်ငံလုံးသို့ ဈေးနှုန်းချိုသာစွာနဲ့‌ပို့‌ဆောင် ပေးနေပါပြီရှင့်။👩‍...
10/08/2025

🤗မင်္ဂလာပါရှင်

📚နိုင်ငံတကာသင်ရိုးမျိုးစုံကို မြန်မာတစ်နိုင်ငံလုံးသို့ ဈေးနှုန်းချိုသာစွာနဲ့‌ပို့‌ဆောင် ပေးနေပါပြီရှင့်။

👩‍🎓🧑‍🎓ကလေးအသက်အရွယ်နဲ့လိုက်ဖက်တဲ့သင်ရိုးတွေကို အခမဲ့consultလုပ်ပေးခြင်း။

💯ကောင်းမွန်တဲ့ quality များသာထုတ်လုပ်ထားခြင်း။

🏫သင်တန်းကျောင်းများအတွက်လည်းအဖုံးကိုကျောင်းလိုဂိုဖြင့်ထုတ်ပေးခြင်း။

🎆Ebookများကိုလည်း ဖိုင်ပေးရုံဖြင့်ထုတ်ပေးခြင်များကို ကောင်းမွန်တဲ့ဝန်ဆောင်မှုများဖြင့် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည်ရှင့်။
☎️ - 09252400450
လိပ်စာ - အိမ်အမှတ် ၄၇၄/က၊သမိန်ဗရမ်းလမ်း၊
အမှတ်(၈)ရပ်ကွက်၊ရွှေပြည်သာမြို့နယ်။
#ရွှေပြည်သာမြို့နယ်အတွင်းစာအုပ်၃အုပ်အထက်မှာယူပါက deli free ပို့ဆောင်းပေးသွားမည်ဖြစ်ပါတယ်ရှင့်။

07/08/2025

မင်္ဂလာပါရှင်
ရင်သွေးငယ်လေးတွေကို အကောင်းဆုံးသော အရာတွေပေးချင်တဲ့မိဘများအတွက် ပညာရတနာ‌‌ ပေးနိုင်ဖို့အတွက် ရွှေပြည်သာမြို့ရဲ့ ပထမဦးဆုံး‌သော နိုင်ငံတကာသင်ရိုးအစုံ စာအုပ်အရောင်းဆိုင်ကြီးကို Tr.Zune English Language Centre တွင်ဖွင့်လှစ်ထားပါပြီရှင့်။Onlineကလည်းမှာယူနိုင်ပါတယ်ရှင့်။ရွှေပြည်သာမြို့တွင်း ၃အုပ်အထက်ဝယ်ယူမယ်ဆိုရင် deli freeပါရှင့်။

လိပ်စာ - အမှတ်(၈)ရပ်ကွက်၊ဗိုလ်မင်းခေါင်ပန်းခြံ၊သမိန်ဗရမ်းလမ်း၊အိမ်အမှတ်၄၇၄(က)၊ရွှေပြည်သာမြို့နယ်။
Ph- 09252400450

22/03/2022

💦သားသမီး‌တွေရဲ့ပညာရေးထက် အမေများရဲ့ပညာရေး လိုအပ်နေတဲ့ တိုင်းပြည်

🍓အမေများရဲ့ ပညာတတ်ခြင်း(Maternal Literacy)ကအရမ်းအရေးကြီးပါတယ်။
အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာလေး သိစေချင်ပါတယ်။

🍓ပြင်သစ်စစ်ဗိုလ်ချုပ် နပိုလီယံ ရဲ့ အဆိုအမိန့်တစ်ခုနဲ့ပြောပါရစေ။
“Give me an educated mother, I shall promise you the birth of a civilized, educated nation.”
“ပညာတတ်မိခင်တွေပဲ ကျုပ်ကို ပေးပါ၊ ဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်တွေနဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတစ်ခုကို ကျုပ်က ပြန်ပေးပါမယ်” တဲ့ပါ။

👉ကလေးအတွက် ပညာရေးကအရေးကြီးတယ်ဆိုပေမယ့် Maternal Literacy(မိခင်ကိုယ်တိုင်ပညာတတ်ခြင်း)ကပိုအရေးကြီးတယ်ထင်ပါတယ်။

👉တကယ်တော့ပညာတတ်ခြင်းနဲ့စာတတ်ခြင်းမတူပါ။မြန်မာနိုင်ငံမှာဘွဲ့ရပညာမတတ်တွေဒုနဲ့ဒေးပါ။ပညာ‌ရေးစနစ်အမှားကြောင့်ဖြစ်သလို မိမိကိုယ်တိုင်မလေ့လာခြင်းကပိုဆိုးပါတယ်။

🍓ပညာ ဆိုတာဘာလဲ
အကောင်းအဆိုးအကျိုးအပစ် အမှန်အမှား၊လုပ်သင့်မလုပ်သင့်တာကိုဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်ပါ။တချို့ဘွဲ့မရပေမဲ့ပညာတတ်နေတဲ့သူတွေအများကြီးပါ။

👉ကျောင်းမှာ ဘယ်လောက်သင်ပေးသင်ပေး အမေက အိမ်မှာ တလွဲပြုစုပျိုး‌ထောင်နေရင် ကလေးက ဘာမှ ဖွံ့ဖြိုးလာမှာမဟုတ်ဘူး။တတ်သိနားလည်သူတွေမည်သို့ဆုံးမစေကာမူအမေပျိုးထောင်မှုမှားနေရင်ကလေးတိုးတက်မှာမဟုတ်ပါ။

👉အမေသာ အသိဉာဏ်ပညာရှိရင် ကလေးကို စာသင်ပေးနိုင်မယ်၊ လူတွေကို လေးစားဖို့ သင်ပေးနိုင်မယ်၊ ကိုယ်ကျင့်တရားတွေ သင်ပေးနိုင်မယ်၊ အာဟာရပြည့်အောင် ကျွေးနိုင်မယ်၊ငွေကြေးချို့တဲ့ရင်တောင် လူလားမြောက်အောင်ပညာရည်ပြည့်ဝပီးအရည်ချင်းရှိအောင်ထားနိုင်မှာပါ။

🍓ကလေးကိုအနီးကပ်ပြုစုပျိုးထောင်ရတာ အမေတွေပါ
တိုင်းပြည်အနာဂတ်က ကလေးတွေဆိုရင် ကလေးတွေကို အနီးကပ် ပြုစုပျိုးထောင်ပေးနေတဲ့ အမေတွေ ပညာတတ်ဖို့က အရမ်းအရေးကြီးပါတယ်။

🍓လောကမှာရိုးရိုးမိခင်(simple mother) နဲ့ ပရိုဖက်ရှင်နယ်မိခင်(Professional mother)ဆိုပီးနှစ်မျိုးရှိပါတယ်။

🍄ရိုးရိုးမိခင်ကဘာလဲ?
👉သားသမီးတွေကို ကျွေးမွေးတယ်၊ စောင့်ရှောက်တယ်
👉သားသမီးအလိုကိုလိုက်တယ်
👉ဖျားနာရင် တတ်သိသလောက် ပြုစုတယ်
👉ကျောင်းထားပေးတယ်၊ စာမေးလာတဲ့အခါ သိရင်သိသလို ဖြေပေးတယ်၊း။ထပ်မလေ့လာတော့ဘူး။
👉ဆယ်ကျော်သက်အရွယ် ရောက်လာရင် မဖြစ်သင့်တာ မဖြစ်ရအောင် ခြောက်လှန့်ဆုံးမတယ်။
ဒါဆို သမားရိုးကျ မိခင်တစ်ယောက်လို့ ဆိုနိုင်ပါတယ်။

🍄ပရိုကျတဲ့မိခင်ကဘာလဲ?
👉ချစ်တာတွေ၊ ကောင်းစေချင်တာတွေက အတူတူပဲ။ဒါပေမယ့် သူကျတော့ ပညာရှိတာ၊ပညာတတ်တာတစ်ခု ပိုတိုးလာတယ်။

👉ကလေးနေထိုင်မကောင်း ဖြစ်ရင် ဟိုမေးဒီမေးနဲ့ ထင်ရာလျှောက်မလုပ်ဘူး။မှန်ကန်တဲ့ ကျန်းမာရေးအသိတွေ ရှိနေအောင် ကြိုးစားထားတယ်။

👉သားသမီးကို နေရာတကာ အလိုမလိုက်ဘူး။ စည်းကမ်းနဲ့ နေတတ်အောင် လေ့ကျင့်ပေးတယ်၊ကိုယ့်ကိုယ်ကိုယ် မညှာစေဘဲ စိတ်ပိုင်းဆိုင်ရာ မာကျောမှု (Strong mentality) ရှိအောင်ပဲ အားပေးတယ်။

👉စာမေးပွဲအမှတ်များမှ ဆိုပြီး စာတွေချည်း မကျက်ခိုင်းဘူး။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ကိုယ်ရည်ကိုယ်သွေးတွေ တိုးတက်လာအောင်လည်း ပျိုးထောင်ပေးတယ်။ သူတို့ လိုရာကို ပုံမသွင်းဘူး။ သားသမီးဖြစ်ချင်တာကိုပဲ ပုံဖော်ပေးတယ်။

👉အရာအားလုံး လိုက်မလုပ်ပေးဘူး။ ကိုယ့်အားကိုယ်ကိုးတတ်အောင်ပဲ သင်ပေးတယ်။ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့လည်း အံ၀င်ခွင်ကျ နေနိုင်အောင် ကြိုးစားတယ်။

👉 ခေတ်လူငယ်တွေရဲ့ အခြေအနေကို သိအောင်လုပ်တယ်။ နားလည်ပေးတယ်။ သားသမီးကို ရှေးရိုးစွဲ အတွေးအခေါ်တွေနဲ့ မဆုံးမဘူး။ သားသမီးရဲ့ ရှေ့ရေးကို အမြဲထည့်စဉ်းစားတယ်။ ရေရှည်အမြော်အမြင်ရှိတဲ့မိခင်မျိုးကိုဆိုလိုပါတယ်။

👉မိခင်ဘ၀၊ ကလေးပြုစုပျိုးထောင်ခြင်း ဆိုတာကို သမားရိုးကျ မဟုတ်ဘဲ ရလဒ်ထွက်အောင် ထိထိရောက်ရောက်နဲ့ အကောင်းဆုံး လုပ်နေကြသူတွေဟာ ပရိုပီသတဲ့ မိခင်တွေပါပဲ။

🍓ဒီလိုမျိုးမိခင်ဘ၀ကို အလုပ်တစ်ခုလို သဘောထားပြီး စနစ်တကျ လုပ်နေတဲ့အတွက် ‘ဒီအတိုင်း အိမ်အလုပ်ပဲ လုပ်နေတာပါ၊။မိသားစုမှာ ဘာ၀င်ငွေမှလည်း မရှိပါဘူး၊ ယောကျာ်းအပေါ် မှီခိုနေရတာပဲ’ ဆိုတဲ့ အတွေးမျိုးတွေ မရှိတော့ဘူး။
‘ကလေးကို ပြုစုစောင့်ရှောက်တဲ့ အလုပ်ကို အကောင်းဆုံး လုပ်နေတယ်၊ မိသားစုရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတစ်ခုကနေ ပါ၀င်နေတယ်’ ဆိုတဲ့ ခံစားချက်မျိုးတွေ ရှိလာတယ်။

👉ရလဒ်အနေနဲ့ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ မြင့်လာတယ်။ Personality တက်လာတယ်။ မျက်လုံးအရောင်တွေ ပြောင်းလာတယ်။ လူတွေက ပိုလှလာတယ်၊ ပိုကြည့်ကောင်းလာတယ်။

👉ဒါကြောင့် အိမ်မှာပဲ အလုပ်တွေ တကုပ်ကုပ်လုပ် ကျန်နေခဲ့ရတဲ့ အမျိုးသမီးတိုင်းကို သမားရိုးကျ အနေအထားမှာတင် ရပ်မနေဘဲ အဲ့လို ပရိုပီသတဲ့ မိခင်တွေ၊ အိမ်ရှင်မတွေ ဖြစ်လာစေချင်ပါတယ်။

🍓သားသမီးဆိုတာ မိဘဆိုတဲ့ စက်ရုံက ထုတ်လုပ်ပြီး လောကကြီးထဲကို တင်သွင်းလိုက်တဲ့ ကုန်ပစ္စည်းတွေလို့ မြင်ယောင်ကြည့်လိုက်ပါ။

👉စိတ်ဒဏ်ရာ တပွေ့တပိုက်နဲ့ လူတွေ၊ အငုံ့စိတ်တွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ လူတွေ

👉ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခြင်း မခံခဲ့ရလို့ ဆိုးသွမ်းနေတဲ့ လူငယ်တွေ ဘယ်က ရောက်လာပါသလဲ။

👉မိန်းကလေးတွေကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားသူတွေ၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးမှိုင်းတွေမိပြီး အသေခံဗုံးခွဲ တိုက်ခိုက်နေသူတွေရော ဘယ်ကနေ ရောက်လာတယ်လို့ ထင်ပါသလဲ။

🛑မိဘတွေကပဲ လူ့လောကကြီးဆီ တင်သွင်းလိုက်တာပါ။

🍓ဒီလောက်ဆို မိဘရဲ့ အုပ်ထိန်းမှု၊ ပျိုးထောင်မှု၊ အထူးသဖြင့် မိခင်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးကြီးလဲ ဆိုတာကို သိနိုင်မယ် ထင်ပါတယ်။

🌲အရည်အချင်းပြည့်၀တဲ့ မိခင်တစ်ယောက်ဟာ ကိုယ်တိုင်တော့ မဟုတ်ပေမယ့် လူမှုပတ်၀န်းကျင်အတွက် တန်ဖိုးရှိတဲ့ သားသမီးတွေကို မွေးဖွားသန့်စင် ပြုစုပျိုးထောင်ပေးခြင်းဖြင့် လောကကြီးကို သွယ်ဝိုက်အကျိုးပြုနေတယ် ဆိုတာကိုအလေးအနက် သိစေချင်ပါတယ်။

🌲ပညာတတ်ပီးနှလုံးသားလှတဲ့ပရိုမေမေတို့ကနေသား‌သမီးကောင်းရတနာလေးတွေထွက်ပေါ်လာစေဖို့ဆန္ဒပြုရင်း

Credit
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

ဉာဏ်စမ်းလေးဖြေပြီးခြင်လုံဇကာလေးလက်ဆောင်ယူပါနော် အပျော်ပါဒီpageလေးကို မင်မင့်သမီးလေးရဲ့ နာမည်တလုံးနဲ့တည်ထောင်ထားတာပါ သမီး...
11/03/2022

ဉာဏ်စမ်းလေးဖြေပြီးခြင်လုံဇကာလေးလက်ဆောင်ယူပါနော် အပျော်ပါ
ဒီpageလေးကို မင်မင့်သမီးလေးရဲ့ နာမည်တလုံးနဲ့တည်ထောင်ထားတာပါ သမီးလေးရဲ့နာမည်ထဲမှာ မင်မင်အမတန်ကြည်ညိုလေးစားရတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေလည်း အရမ်းချစ်တဲ့နိုင်ငံ့မိခင်ကြီးရဲ့နောက်ဆုံးနာမည် စာလုံးပါပါတယ် နောက်ပြီး သမီးလေးရဲ့ဘဝမှာအမြဲသာယာအေးချမ်းပါစေဆိုတဲ့ စာလုံးလေးပါပါတယ် အားလုံးပေါင်းနာမည်သုံးလုံးပါ အရင်မှန်တဲ့သူလက်ဆောင်ယူပါနော် comment မှာ မန့်ပေးပါနော် deli freeပို့ပေးမှာပါနော်

Address

Tha Mhain Ba Yan Street
Yangon
11041

Telephone

+959252400450

Website

Alerts

Be the first to know and let us send you an email when Shin Shin 's Book Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share