21/12/2025
Mascara လေး အသင့်ရှိ 💓💓
BKK အလှကုန် စျေးကွက်ထဲမှာ စျေးလေး သင့်ပြီး သုံးလို့
အကြိုက်တွေ့နေတာလေး ၃ ခု 💜🩷🖤
🩷In2it primer ဆိုရင် review တွေ အရမ်းများနေပြီမို့လို့ ထွေထွေထူးထူး ပြောစရာ မလိုတော့ဘူး ထင်ပါတယ် ။
Glow primer ဆိုပေမယ့် shimmer မှုန် အယ်စတုံ ၊ glitter တစ်သိန်း နှင့်ဟာမျိုး မဟုတ်သလို အဆီအရမ်းရွှဲနေတာမျိုးလဲမဟုတ်ဘူး ။
Silicone base လေးလဲ ပါတော့ ချွေးပေါက်တွေကို ဝါးတားတားလေး ဖြစ်ပြီး smooth စေတဲ့အပြင် moisturized အသင့်တင့်လေးပါတော့ healthy ဖြစ်နေတဲ့ပုံစံလေးရစေတယ် ။
ပြီးတော့ မျက်နှာကို မဆိုသလောက်လေး လင်းသွားစေတယ် ။ tone up ဖြူဖြူလိုမျိုးကြီးမဟုတ်လို့ အသားညိုသူတွေလဲ အဆင်ပြေတယ် ။
🖤mascara လောကမှာ သူ့ကို ကျော်လို့မရတဲ့ထဲ ကေသီ Maybelline 😂
အခုခေတ်မှာ စျေး ၁ သောင်းကျော်နှင့် စိတ်ချရတဲ့ အရည်သွေးရှိတဲ့ mascara တစ်ခုဆိုတာအပြင် performance ကပါ အဆင်ပြေနေတာမျိုး ။
မျက်တောင် ဆံလုံးမျှင်ပြီး mascara တော်နော်များများနှင့်ဆို ကော့လဲ စင်းကျနေတဲ့ မျက်တောင်ပိုင်ရှင်တစ်ယောက်အနေနှင့် ဒီ mascara က အချိန်ကြာကြာ ကော့ကော့လေး ဖြစ်စေလို့ မေ သဘောကျပါတယ် ။
💜 လျှော့စျေးနှင့် တွေ့တုန်းက တစ်ဘူး ကို မြန်မာငွေ တစ်ထောင်ကျော်လေးနှင့် တွေ့လို့ မကောင်းလဲ လွှင့်ပစ်ရုံပဲ ဆိုပြီး ဝယ်ခဲ့တာ ။
ပထမဆုံးသုံးကြည့်တုန်းကလဲ ငါတော့ နောက်နေ့ ခေါင်းတွေ ယားတော့မယ်လို့ ထင်ခဲ့ပေမယ့် လုံးဝ မယားခဲ့ဘူး ။
Dry shampoo သုံးပြီး နောက်ရက် ခေါင်းတော့ ပြန်လျှော်ပါ။ ဗောက်ထတတ်တယ် မဟုတ်ရင် ။
အရမ်းကြီး dramatic ဖြစ်တဲ့ result ကို မပေးပေမယ့် သူ့ တာဝန် ဖြစ်တဲ့ အချိန်ပိုင်းလေး တစ်ခုလောက်ထိတော့ ဆံပင်အရင်းက အဆီတွေစုပ်ပေးလိုက်ပြီး refresh ဖြစ်တဲ့ ပုံစံလေးရပါတယ်။
ရုတ်တရက် အပြင်ထသွားရတော့မယ် ၊ ခေါင်းကလဲ အဆီတွေ အရမ်းများနေပြီဆိုတဲ့ အခြေနေမျိုးမှာတော့ သူ့ တန်ဖိုးလေးနှင့် မက အကူညီပေးနိုင်ပါတဲ့ Srichand ရဲ့ Hair powder လေးပါ ။