China-Myanmar, Myanmar -China Currency Exchange

China-Myanmar, Myanmar -China Currency Exchange Currency Exchange, Air-Ticket

08/07/2026

ဒီနေ့ ငွေစျေး
Mmk-Yuan -657
Yuan-Mmk-630

K pay
WeChat pay
Alipay pay ရပါတယ်ရှင်

02/07/2026

ကိုယ့်တန်ဖိုးသိတဲ့သူတွေက
လူမှုရေးဖောက်ပြန်မှုတွေ
မလုပ်ဘူး
Credit

ပြိုလဲသွားလို့မရတဲ့ အကြောင်းပြချက်တွေကြားမှာတကယ်တော့... "ငါသာ ပြိုလဲသွားရင် ဘယ်သူကများ ဂရုတစိုက်နဲ့ လာထူပေးမှာလဲ" ဆိုတဲ့...
02/07/2026

ပြိုလဲသွားလို့မရတဲ့ အကြောင်းပြချက်တွေကြားမှာ

တကယ်တော့... "ငါသာ ပြိုလဲသွားရင် ဘယ်သူကများ ဂရုတစိုက်နဲ့ လာထူပေးမှာလဲ" ဆိုတဲ့ အတွေးက
လူတစ်ယောက်ကို အလိုလိုနေရင်း
ရင့်ကျက်သွားစေပါတယ် 🍂

တစ်ခါတလေ အရမ်းပင်ပန်းလို့ နားချင်ရင်တောင်၊ လောကဓံရဲ့ ဒဏ်ရာတွေကြားမှာ
အားငယ်ချင်ရင်တောင်... ကိုယ့်ကိုယ်ကို
မထိခိုက်အောင် အတတ်နိုင်ဆုံး
ထိန်းကျောင်းနေမိတာဟာ တခြားသူဆီက
အားနာစရာ အကူအညီတွေကို
မမျှော်လင့်ချင်သလို၊ ကိုယ်ကိုယ်တိုင်ကပဲ
ကိုယ့်အတွက် အခိုင်မာဆုံး
ကျောထောက်နောက်ခံ ဖြစ်ချင်လို့ပါ။

ကိုယ်တိုင်ကလွဲလို့ ဘယ်သူမှ ကိုယ့်ခံစားချက်ကို အပြည့်အဝ နားမလည်နိုင်တဲ့ ဒီလောကကြီးထဲမှာ... မလဲကျအောင် သတိထားနေထိုင်ရတာဟာ ပင်ပန်းပေမယ့်လည်း တန်ဖိုးရှိတဲ့ ရုန်းကန်မှုတစ်ခုပါပဲ။

ဘယ်သူ့အတွက်မှ မဟုတ်ရင်တောင်...
ကိုယ့်ကိုယ်ကို ပြန်ငဲ့ညှာတဲ့အနေနဲ့၊
ကိုယ့်အတွက်ကိုယ်တော့
အကောင်းဆုံးနဲ့ အလုံခြုံဆုံးဖြစ်အောင်
ရှင်သန်ပေးရမယ်လေ။

30/06/2026

ဒီနေ့ ငွေစျေး
Mmk-Yuan -655
Yuan-Mmk-630

K pay
WeChat pay
Alipay pay ရပါတယ်ရှင်

27/06/2026

ဒီနေ့ ငွေစျေး
Mmk-Yuan -659
Yuan-Mmk-629

K pay
WeChat pay
Alipay pay ရပါတယ်ရှင်

26/06/2026

ဒီနေ့ ငွေစျေး
Mmk-Yuan -666
Yuan-Mmk-638

K pay
WeChat pay
Alipay pay ရပါတယ်ရှင်

လူတစ်ယောက်ကို လျစ်လျူရှုလိုက်တယ်ဆိုတာ အမုန်းကြီး မဟုတ်​တော့ပါဘူး။ အဲဒီလူအပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွ...
17/06/2026

လူတစ်ယောက်ကို လျစ်လျူရှုလိုက်တယ်ဆိုတာ
အမုန်းကြီး မဟုတ်​တော့ပါဘူး။
အဲဒီလူအပေါ် ထားရှိတဲ့ မျှော်လင့်ချက်တွေ၊
ယုံကြည်ချက်တွေ နောက်ဆုံးတော့
"စိတ်ပျက်သွားတဲ့" အချိန်မှာ ဖြစ်လာတဲ့
နောက်ဆုံးရလဒ်တစ်ခုပါ

အရင်တုန်းကဆိုရင် သူ့ဆီက အကြောင်းပြန်မလာမှာ၊
သူနဲ့ ဝေးသွားမှာကို တွေးပြီး
စိုးရိမ်စိတ်နဲ့ နေခဲ့ရတာမျိုး ရှိခဲ့ဖူးမှာပါ။
ဒါပေမဲ့ တဖြည်းဖြည်းနဲ့ အရာအားလုံးက
မထူးခြားတော့တဲ့အထိ စိတ်ကုန်သွားတဲ့အခါ...

ဝေးရမှာကိုလည်း မကြောက်တော့ဘူး...။
ဆုံးရှုံးသွားမှာကိုလည်း မတွေးတော့ဘူး...။

လူတစ်ယောက်အတွက် အဆိုးရွားဆုံးအခြေအနေက "ရန်ဖြစ်ခြင်း" မဟုတ်တော့ပါဘူး။
"ဘာမှမခံစားရတော့တဲ့အထိ လျစ်လျူရှုလိုက်ခြင်း" ပဲ ဖြစ်သွားပါတော့တယ်။

ဘဝဆိုတာ ကိုယ်တန်ဖိုးထားတဲ့
သူတွေဆီမှာပဲ အချိန်ကုန်ဆုံးသင့်တာပါ။
ကိုယ့်ကို မမြင်တဲ့သူတွေအတွက်နဲ့တော့
ကိုယ့်ကိုယ်ကိုယ် မပင်ပန်းစေပါနဲ့တော့။

゚viralシ


" မချစ်သင့်တဲ့လူကို မချစ်ရဘူး။ "တကယ်တော့ အချစ်ဆိုတာကိုယ့်ကို ပြန်ထိခိုက်စေမယ့် အရာမဖြစ်သင့်ဘူး။ကိုယ့်တန်ဖိုးမသိတဲ့ လူကို...
16/06/2026

" မချစ်သင့်တဲ့လူကို မချစ်ရဘူး။ "

တကယ်တော့ အချစ်ဆိုတာ
ကိုယ့်ကို ပြန်ထိခိုက်စေမယ့် အရာမဖြစ်သင့်ဘူး။

ကိုယ့်တန်ဖိုးမသိတဲ့ လူကို
ကိုယ့်နှလုံးသားထဲ နေရာပေးဖို့ မထိုက်တန်ပါဘူး။

ကိုယ့်တန်ဖိုးကို နားလည်ပြီး မြတ်မြတ်နိုးနိုး
တန်ဖိုးထားမယ့် သူ၊ ကိုယ့်ကို စစ်စစ်မှန်မှန်နဲ့
ချစ်သွားမယ့်သူက တစ်နေရာရာမှာ ရှိနေမှာပါ။

ကိုယ့်ကို မလိုချင်တဲ့ လက်တစ်စုံကို
ဆွဲထားရတာထက် လွှတ်ချလိုက်လို့ ရလာတဲ့
လွတ်လပ်မှုက ပိုပြီး တန်ဖိုးရှိပါတယ်။

တန်ဖိုးမသိသူရဲ့ အနားမှာ ရှိနေတာထက်
တန်ဖိုးသိသူကို စောင့်နေရတဲ့ ဘဝက
ပိုပြီး သိက္ခာရှိပါတယ်။

တန်ဖိုးမသိတဲ့သူအနားမှာ နေပြီး
နေ့တိုင် ဝမ်းနည်းနေရတာထက်
တယောက်တည်း ရှင်သန်ပြီး
တန်ဖိုးသိသောသူ အနားမှာ ရောက်လာတဲ့အချိန်မှ
ကိုယ့်ရဲ့ အချစ်တွေ ပုံအောပြီးချစ်ပါလေ



゚viralシ
#စာပေ

အလျှော့ပေးတာဟာ အချစ်တိုးစေဖို့ပါသမီးရည်းစား ဘဲဖစ်ဖစ် သူငယ်ချင်း အပေါင်းအသင်းကြားဘဲဖစ်ဖစ် အလျှော့ပေးတာဟာ အချစ်တိုးစေဖို့ဘ...
15/06/2026

အလျှော့ပေးတာဟာ အချစ်တိုးစေဖို့ပါ

သမီးရည်းစား ဘဲဖစ်ဖစ် သူငယ်ချင်း အပေါင်းအသင်းကြားဘဲဖစ်ဖစ် အလျှော့ပေးတာဟာ အချစ်တိုးစေဖို့ဘဲ ဖစ်ပါစေ

အလျှော့ပေးတာဟာ အနိုင်ယူဖို့ မဟုတ်ပါဘူး
၂ယောက်ကြားမှာ ရှိတဲ့ ဆက်နွယ်မှု ပို ခိုင်မာစေဖို့ပါ

အလျှော့ပေးတာဟာ အောက်ကျို့ခံတာ မဟုတ်ပါဘူး
တခါအလျှော့ပေးတာဟာ အရင်ထပ် ပို ချစ်ကြောင်းပြတာဖစ်သလို ပိုချစ်လာစေတာပါ

သတိထားရမှာက အလျှော့ပေးရဖန်များရင်တော့ ချစ်ခြင်း ကုန်ဆုံးသွားတတ်ပါတယ်

ချစ်တဲ့….ပန်း🌸🌸

မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ် ….မီးစိမ်းနေတာတွေ့သားရဲ့သားနဲ့ စကားတွေလာမပြောဖြစ်ဘူးဆိုတာ …. သူတောင်မခေါ်ပဲနေနို...
15/06/2026

မနှောင့်ယှက်ခြင်းဖြင့် မင်းကိုချစ်ပါတယ် ….

မီးစိမ်းနေတာတွေ့သားရဲ့သားနဲ့
စကားတွေလာမပြောဖြစ်ဘူးဆိုတာ ….

သူတောင်မခေါ်ပဲနေနိုင်သေးတာ
ငါလဲမခေါ်ပဲ နေလိုက်မယ်ဆိုတဲ့
မာနလေး ထားလိုက်တာမဟုတ်ဘူး …

အော် ငါကသာ စကားပြောချင်နေတာ သူက

မပြောချင်လို့တိတ်ဆိတ်နေတာလေလို့
အလိုက်သိပေးလိုက်တာပါ …

ရိုက်လက်စစာလေးကို ဖျက်လိုက်ပြီး
ပြောချင်တဲ့စကားလုံးတွေကို မြိုချပစ်လိုက်ပါတယ် …

မင်းကို ဘယ်နေ့မှာမဆို ပျော်ချင်တယ်လေ …

ဒီနေ့လဲ မနှောင့်ယှက်ခြင်းတွေနဲ့မင်းကို
အတတ်နိုင်ဆုံးချစ်ပေးခဲ့ပါတယ် မင်းပျော်ပါစေ …

ကိုယ်လွမ်းနေတယ်ဆိုပေမယ့်

သူလွမ်းချင်မှလွမ်းမှာပါဆိုတဲ့
အတွေးခေါင်းထဲရောက်လာတဲ့အခါ ..

နှိပ်ပြီးသားဖုန်းနံပါတ်လေးကို ဖျက်ပြီး

ဟာသဗီဒီယိုလေးကြည့်နေလိုက်တယ်
အင်း မျက်ရည်တွေနဲ့ ပျော်ပါတယ် …
မင်းလဲပျော်ပါစေပေါ့ ….

တစ်ခါတစ်လေမှာ ကိုယ်က
သတိတရနဲ့ဆက်တဲ့ဖုန်းတွေဟာ
မျှော်မနေတဲ့သူ့အတွက်
အနှောင့်အယှက်တွေ ဖြစ်သွားတတ်တယ်

အရင်လို မနွေးထွေးတော့ဘူးဆိုရင်တောင် ဝတ်ကျေတမ်းကျေစကားလုံးတွေကြောင့်

ထပ်ပြီး မနာကျင်လိုတော့ဘူးလေ …

ကိုယ်ချစ်ပေးနိုင်တာထက် ပိုပြီး
ချစ်ပေးနေမှာဖြစ်သလို ဆက်ပြီးလဲချစ်နေမိဦးမှာပါ
ဒီနေ့တော့ မင်းရဲ့လှပတဲ့ရက်လေး
ကိုယ့်ကြောင့် ပျက်စီးမသွားစေဖို့
မနှောင့်ယှက်ခြင်းတွေနဲ့ မင်းကို ချစ်ပါတယ် …

゚viralシfypシ゚
#စာပေ

Address

Yangon

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00

Telephone

+959760949487

Website

Alerts

Be the first to know and let us send you an email when China-Myanmar, Myanmar -China Currency Exchange posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to China-Myanmar, Myanmar -China Currency Exchange:

Share