He & She Collection

He & She Collection သာလီစွပါ။ 🙏
Local clothes and skincare

ဖြစ်မလာသေးတဲ့ အနာဂတ်၊ ရောက်မလာသေးတဲ့ အနာဂတ်ကို တွေးပူပြီး စိုးရိမ်စိတ်များနေမဲ့ အစား လက်ရှိပစ္စုပ္ပန်မှာပဲ ပျော်ရွှင်နေထ...
11/09/2025

ဖြစ်မလာသေးတဲ့ အနာဂတ်၊ ရောက်မလာသေးတဲ့ အနာဂတ်ကို တွေးပူပြီး စိုးရိမ်စိတ်များနေမဲ့
အစား လက်ရှိပစ္စုပ္ပန်မှာပဲ ပျော်ရွှင်နေထိုင်အောင် ကြိုးစားလိုက်တော့တယ်။

မနက်မိုးလင်း အိပ်ရာထတဲ့အခါ
ဒီနေ့တစ်ရက်ထပ်ပြီး အသက်ရှင်ခွင့်ရလို့ ကျေးဇူးတင်လိုက်တယ်။

ညဘက် အိပ်ရာဝင်တဲ့အခါ
ကောင်းမွန်နွေးထွေးစွာ အိပ်စက်ခွင့်ရလို့ ကျေးဇူးတင်လိုက်တယ်။

နေကောင်း ကျန်းမာစွာ ရှိနေပေးလို့ စိတ်ဓာတ်ကျပေမဲ့ အမြဲ ပြန်ထပေးလို့
ကိုယ့်ကိုယ်ကိုယ် ကျေးဇူးတင်လိုက်တယ်။

ခက်ခဲတဲ့ ကာလတွေကို မိဘနှစ်ပါးနဲ့အတူ ချစ်ခင်ရတဲ့သူတွေနဲ့အတူ ဖြတ်ကျော်ခွင့်ရလို့
ကျေးဇူးတင်မိတယ်။

ပျော်စရာလေးရှိရင် ပျော်နေလိုက်တယ်။ ချစ်စရာရှိရင် နှစ်နှစ်ကာကာ ချစ်လိုက်တယ်။
ငိုစရာရှိတဲ့အခါလဲ ဘာဖြစ်လဲ..ငိုနေလိုက်မယ်။

ဖြစ်မလာသေးတဲ့ အရာတွေကို တွေးပူ၊
တွေးကြောက်နေမဲ့အစား လက်ရှိ ပစ္စပ္ပန်အချိန်လေးမှာပဲ Gratitude တွေနဲ့ နေထိုင်မယ်။

တစ်ရက်ချင်းစီကိုပဲ အကောင်းဆုံး ကြိုးစားနေထိုင်မယ်။
ကျေးဇူးတင်ရမဲ့သူတွေကို ကျေးဇူးတင်မယ်။
ကိုယ့်ကိုယ်ကိုအသိအမှတ်ပြုမယ်။
ကိုယ့်ကိုယ်လဲ ပိုချစ်မယ်။
ချစ်တဲ့သူတွေကိုလဲ ပိုပြီးဂရုစိုက်မယ်။

03/09/2025

"တိုတောင်းလွန်းတဲ့ ဘဝတိုတိုလေးမှာ ရှင်သန်သွားသင့်တဲ့...စိတ်နေသဘောထားများ။"❤️🌿✍️

1️⃣ ဘဝဟာ တိုတောင်းလွန်းတာမို့ အမုန်းထက် ချစ်ခြင်းကိုသာ ရွေးချယ်ကြရပါမယ်။ မနက်ဖြန်မှာ ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာထက် ဒီနေ့မှာ မေတ္တာတရားနဲ့ နေနိုင်ရင် ဘဝနောက်ပိုင်းကို နောင်တကင်းစွာနဲ့ ရှင်သန်နိုင်ကြမှာပါ။

◾ မေတ္တာတရားနဲ့ ခံစားတတ်သူတိုင်းက အနာဂတ်မှာ ငြိမ်းချမ်းစွာ နေထိုင်နိုင်ကြပါတယ်။ မေတ္တာနဲ့ နေတဲ့သူရဲ့ မျက်နှာကလည်း အေးချမ်းမှု ပေါ်နေလိမ့်မယ်။ ငြိမ်းချမ်းနေမယ်၊ ပျော်ရွှင်ရယ်မောနေနိုင်ရင် ဒါကဘဝတစ်ခုရတာ တန်တယ်လို့ဆိုနိုင်ပါတယ်။

2️⃣ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အငြိုးအတေး ဒေါသတရားတွေနဲ့ မဖြုန်းတီးပစ်ဖို့ သတိထားရမယ်။ စိတ်ဆိုးမှု၊ စိတ်ညစ်မှုတွေထဲမှာ အချိန်တွေကို မကုန်လွန်ပါစေနဲ့လား။ဘယ်သူ့ကိုမှလည်း အငြိုးမထားပါနဲ့။ မေတ္တာလည်း မပျက်ပါနဲ့။ ငါဟာ တစ်နေ့ကျရင် သေရအုံးမှာပါလားလို့ ဆင်ခြင်နိုင်ရပါမယ်။

◾ ဘယ်သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကောင်းအောင် နေထိုင်ပါ။ အကုသိုလ်လည်း ထပ်မယူပါနဲ့တော့၊ ဝဋ်ကြွေးလည်း မပါပါစေနဲ့။ သံသရာကြွေးလည်း ကျေပါစေ။ မေတ္တာဖိုးလည်း ကျေပါစေ။ အချိန်တိုတိုလေးကို အပြုသဘောနဲ့ အသုံးချပါ။ အချိန်အများကြီးကို သဘောကျစရာတွေ၊ အမှတ်တရတွေဖြစ်အောင် ဖန်တီးနိုင်ပါစေ။

3️⃣ လူမှန်ရင် ဘယ်သူမှတော့ အမှားမကင်းကြပါဘူး။ အမှားအနည်းနဲ့ အများပဲကွာပါတယ်။ ပြီးခဲ့တဲ့အတိတ်ကအမှားတွေကို နောင်တရားတွေနဲ့ ပိတ်လှောင်မိပြီး ကိုယ့်ကိုယ်ကို ဒုက္ခမပေးမိပါနဲ့။

◾ နောင်တတွေ တပွေ့တပိုက်ကြီးနဲ့ မသေတော့မယ့်လူလို အမြဲတမ်း ပူပန်ကြောင့်ကြပြီး အချိန်မဖြုန်းပါနဲ့။ ကိုယ်တိုင်က ထိန်းချုပ်လို့မရနိုင်တဲ့ အရာတွေအတွက် စိုးရိမ်ပူပန်နေရရင် အမြဲတမ်းသောကမကင်း ဖြစ်ကြရလိမ့်မယ်။

4️⃣ အချိန်ကုန်မယ့် အတူတူတော့ အပြုသဘောစိတ်ရယ်၊ အပြုသဘောစကားရယ်၊ အပြုသဘောအတွေးနဲ့သာ ကုန်သင့်ကြရမှာပေါ့။ ပြန်မရနိုင်တော့တဲ့ အချိန်တွေကို စိတ်ဆိုး၊ စိတ်ပျက်ပြီး ဘာ့ကြောင့်များ တန်ဖိုးရှိတဲ့ ကိုယ်ပိုင်အချိန်တွေကို အပျက်စီးခံကြရမလဲ။

◾ ပျော်ရွှင်ရမယ့် အချိန်ကိုစိတ်ဆိုး၊ စိတ်ပျက်၊ စိတ်ညစ်ပြီး မကုန်ဆုံးသင့်ပါဘူး။ အပြုံးနဲ့သာ ကြိုးစားနေထိုင်ပါ။ ရယ်မောစရာ၊ စိတ်ချမ်းသာစရာ၊ ပျော်ရွှင်စရာ၊ စိတ်သက်ရာ ရနိုင်စရာတွေကို ရှာဖွေကြံဆရပါမယ်။

5️⃣ တကယ်တော့ ဘဝကဆိုတာ တိုတောင်းလွန်းပါတယ်။ များများပြုံးပါ၊ များများရယ်မောပါ၊ များများချစ်ပါ၊ များများမျှဝေပါ၊ များများပျော်ပါ။ ပြုံးဖို့၊ ပျော်ဖို့၊ ရယ်မောဖို့၊ ချစ်ဖို့မတွန့်တိုပါနဲ့။ ဒါတွေက နှစ်ခါပြန်မရဖို့ သေချာတဲ့အရာတွေပါ။ သေချာတာတစ်ခုကတော့ မူလအတိုင်း နဂိုအချိန်တွေကို ပြန်ရနိုင်မှာ မဟုတ်တော့ပါဘူး။

6️⃣ ဘဝမှာ ကိုယ့်ကိုယ်ကိုသာ အာရုံစိုက်ပါ။ အခြားသူတွေရဲ့ အတင်းစကား၊ အဖျင်းစကား၊ အနှစ်သာရမရှိတဲ့စကား၊ စကားအရှုပ်၊ လူအရှုပ်၊ အလုပ်အရှုပ်တွေကိုကြားကို ဝင်မပါမိပါနဲ့။ စိတ်သန့်သန့်၊ အတွေးသန့်သန့်၊ ခံယူချက်သန့်သန့်၊ အနေအထိုင်သန့်သန့်နဲ့သာ နေထိုင်ပါ။

7️⃣ ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းဖို့၊ အေးချမ်းဖို့၊ မေတ္တာနဲ့ နေထိုင်နိုင်ဖို့၊ တရားအသိရှိဖို့၊ ခွင့်လွှတ်နားလည်ပြီး စာနာတတ်ပြီး နေထိုင်တတ်အောင်သင်ယူပါ။ အပူသည်စကား၊ အပူသည်ရုပ်၊ အပူသည်အတွေး မရှိအောင်နေပါ။ ပူလောင်စရာတွေ မှန်သမျှကို လက်ခံမယူပါနဲ့။ အခြားသူတွေကိုလဲ မပေးပါနဲ့။

◾ အပူ၊ အငြိုး၊ စိတ်ညစ်ခြင်း၊ စိတ်ပျက်ခြင်း၊ ဒေါသ၊ စိတ်အလိုမကျမှု၊ ကြောင့်ကြစိတ်တွေနဲ့ ခပ်ကင်းကင်းနေပါ။ ဘဝမှာ ကိုယ့်စိတ်ကို သန့်စင်ထားပါ။ အခြားသူတို့ရဲ့ အဖျင်းစကား၊ အနှစ်သာရမဲ့စကားတွေကို မယူမိပါနဲ့။ စိတ်သန့်၊ အတွေးတွေကို မညစ်အောင်၊ စကားတွေကို မညစ်အောင် ထိန်းထားပါ။ အဲဒါက ကိုယ့်ဘဝကို ပိုမိုအဆင်ပြေစေနိုင်မယ်။

8️⃣ ကိုယ့်ရဲ့တိုးတက်မှုကို အချိန်တိုင်း၊ နေ့ရက်တိုင်း သတိထားစောင့်ကြည့်ပါ။ ကိုယ့်အားနည်းချက်ကိုပြင်ပါ။ အားသာချက်ကို ပိုကောင်းအောင်ကြိုးစားပါ။ အရွယ်ကောင်းတုန်း၊ အချိန်ရှိတုန်းမှာ နောင်တမရနိုင်အောင် လုပ်စရာရှိတာကို အစွမ်းကုန်ကြိုးစားပါ။

◾ အရွယ်ကောင်းတုန်းမှာ မလုပ်မိရင် နောင်တကြီးရမယ်။ ဘဝအတွက် အကျိုးရှိစေမယ့် အရာတွေကို ယခုချိန်မှာ စတင်ပါ။ မနက်ဖြန်ဆိုတာ ပြန်ရဖို့မသေချာတဲ့ အခြေအနေပါပဲ။

9️⃣ အချိန်လွန်နောင်တဆိုတာ အချိန်ရှိတုန်းမှာ အကောင်အထည်မဖော်မိခဲ့တဲ့ အလုပ်တွေ၊ မစမိခဲ့တဲ့အရာတွေက နောင်တစ်ချိန်ကျရင် အချိန်လွန်နောင်တရနိုင်တယ်။ ဒါ့ကြောင့်အခုလုပ်ပါ။ အသင့်တော်ဆုံးအချိန်က လွန်ခဲ့တဲ့ ၁၀ လောက်ကဆိုပေမဲ့ အခုလုပ်ရင်လည်း နောက်မကျသေးပါဘူး။

◾ အချိန်ရှိတုန်းစလုပ်ပါ၊ နောက်ကျမယ်ဆိုတဲ့စိတ်နဲ့ စိုးရိမ်မပူပန်ပါနဲ့။ အခုလုပ်နိုင်တာကို အခုလုပ်ပါ။ ကိုယ့်အတွက် အစွမ်းကုန် သုံးသင့်တဲ့ အချိန်က အခုချိန်ပါ။ မနက်ဖြန်နဲ့ အနာဂတ်က အခုအချိန်ကို အခြေခံထားရပါမယ်။

🔟 ဘဝကတိုတိုလေးမို့ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း၊ လူတွေကိုမုန်းရင်း၊ နောင်တရရင်း၊ ရုန်းမထွက်နိုင်ရင်း၊ အပျက်သဘောတွေးရင်း၊ ကြောက်ရွံ့ရင်း၊ အပြစ်တင်ရင်း၊ အကြောင်းပြချက်ပေးရင်း၊ ဆင်ခြေပေးရင်း၊ သတ္တိကြောင်ရင်း၊ ကိုယ့်ကိုယ့်ကို ယုံကြည်မှုမရှိရင်းနဲ့ ဘဝကို အဟောသိကံ မဖျက်စီးပစ်လိုက်ပါနဲ့။ ဘဝကတိုတိုလေးမို့ အားတင်းပြုံးထားရင်း၊ ထိန်းချုပ်မရတာတွေကိုလွတ်ချလိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်မောနိုင်အောင်ကြိုးစားပါ။

◾ ဘဝတိုတိုလေးကို အငြိုးနဲ့ အချိန်မဖြုန်းပါနဲ့။ အမုန်းနဲ့ စိတ်မညစ်ပါနဲ့။ ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း မနေရပါစေနဲ့။ အားတင်းပြုံးထားပါ၊ ထိန်းချုပ်လို့မရတဲ့ အရာတွေကို လွှတ်ပေးလိုက်ပါ။ ပေါ့ပါးစွာ ရယ်မောနိုင်တဲ့ အခွင့်အရေးတွေကို မလက်လွတ်ပါနဲ့။ အဲဒီလိုနေရင်ပဲ နောင်တမဲ့စွာနဲ့ ငြိမ်းချမ်းစွာ တစ်သက်တာကို ရှင်သန်နိုင်ပါလိမ့်မယ်။

ချစ်ခြင်းများစွာဖြင့်။
Prof. Dr. Sai Naw Jar
သောက ကင်းဝေးသော ရှင်သန်ခြင်း။

September (၂၀)တွင် ထုတ်ဝေမည့်စာအုပ်။
Pre Order ကို Page Messanger Chat Box မှာ
စတင်တင်လို့ရပါပြီ။
Limit Edition အုပ်ရေ (၂၀၀)သာ။
စာ(၃၀၀)(အနံ-၁၅/အလျား-၂၀စင်တီ)
တန်ဖိုး - (၁၇,၅၀၀)ကျပ်သာ

အရာရာဟာ အခိုက်အတန့်ပါပဲ
03/09/2025

အရာရာဟာ အခိုက်အတန့်ပါပဲ

လောကမှာ
အရာအားလုံးဟာ
အခိုက်အတန့်လေးပါပဲ။

ပျော်ရွှင်ကြည်နူးရတာလည်း
အခိုက်အတန့်။

ဝမ်းနည်းကြေကွဲရတာလည်း
အခိုက်အတန့်။

စွဲလမ်းတပ်မက်ဖွယ်
အရာတွေဟာလည်း အခိုက်အတန့်။

ထိတ်လန့်တုန်လှုပ်စရာတွေဟာလည်း
အခိုက်အတန့်။

ပိုင်ဆိုင်ရချိန်
ကြည်နူးဆွတ်ပျံ့ခြင်းတွေဟာလည်း
အခိုက်အတန့်။

ဆုံးရှုံးရချိန်
ပူဆွေးငိုကြွေးခြင်းတွေဟာလည်း
အခိုက်အတန့်။

လူတွေဟာ
အခိုက်အတန့်ကို
ထာဝရမှတ်နေလို့သာ

ဘယ်အရာကိုမှ မလွှတ်ချင်ဖြစ်နေကြတာ၊
စွဲလမ်း တပ်မက်နေကြတာ၊
ခိုက်ရန် ဖြစ်နေကြတာ။

တကယ်တမ်းတော့
အရာရာရာဟာ အခိုက်အတန့်တွေပါပဲလို့
နားလည်သဘောပေါက်နိုင်မယ်ဆိုရင်

ကြည်နူးရလည်း ကျေနပ်တယ်၊
ကြေကွဲရလည်း ကျေနပ်လိမ့်မယ်၊
အရာရာဟာ အခိုက်အတန့်ပါပဲလေ။

🙏 အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)🙏

တိတ်တိတ်လေးလည်း ရှင်သန်နိုင်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တာပင်ပန်းရင်တောင် တိတ်ဆိတ်စွာပဲရုန်းကန်နေတဲ့လူမျိုးဝမ်းနည်းရင်တောင် ...
01/09/2025

တိတ်တိတ်လေးလည်း ရှင်သန်နိုင်တဲ့လူတစ်ယောက်ဖြစ်ချင်ခဲ့တာ
ပင်ပန်းရင်တောင် တိတ်ဆိတ်စွာပဲရုန်းကန်နေတဲ့လူမျိုး
ဝမ်းနည်းရင်တောင် တောင့်ခံရင်း အားမငယ်တတ်တဲ့လူမျိုး
ကိုယ်နဲ့ဆိုင်တဲ့ ကိစ္စအဝဝကို ကိုယ်တိုင်ခံနိုင်ရည်ရှိစွာ ဖြေရှင်းနိုင်တဲ့ လူတစ်ယောက်ဖြစ်ချင်ခဲ့တာ
အများနဲ့တွေ့ရင် ပြုံးနေတတ်ပြီး ခွန်အားပေးဖို့တွန့်ဆုတ် မနေတတ်တဲ့ လူတစ်ယောက်
နွေးထွေးတဲ့စကားတွေ အများကြီးပြောနိုင်တဲ့လူတစ်ယောက်
အဲ့ဒီလိုလူမျိုး ဖြစ်ချင်ခဲ့တာ....
ဘဝခရီးက အရမ်းခက်ခဲကြမ်းတမ်းခဲ့ရင်တောင်
လူကောင်းတစ်ယောက်အနေနဲ့ အဆုံးသတ်သွားချင်ခဲ့တာပါ
တစ်ကယ့်ကို အရှုပ်ကင်းကင်းနဲ့ တိတ်တိတ်လေးပဲ
နေထိုင်သွားချင်ခဲ့တာပါ

Crd လင်းနန်း

လက်ရှိ ငါနှလုံးသားက မဖြစ်မနေ လိုအပ်နေရင်တောင် လိုအပ်ကြောင်း ဝန်မခံချင်တော့ဘူး။ဒီနှစ်တွေမှာ နှလုံးသားကိုလည်း လိမ်တတ်လာပါတ...
30/08/2025

လက်ရှိ ငါ

နှလုံးသားက မဖြစ်မနေ လိုအပ်နေရင်တောင် လိုအပ်ကြောင်း ဝန်မခံချင်တော့ဘူး။

ဒီနှစ်တွေမှာ နှလုံးသားကိုလည်း လိမ်တတ်လာပါတယ်။
တစ်ဦးတစ်ယောက်ပေါ် မဟုတ်ဘဲ ကိုယ့်ကိုကိုယ်ပါပဲ။
အဲ့ဒီလူမရှိလည်း ငါအဆင်ပြေရမှာပေါ့လို့ တွေးတတ်လာတယ်။
အဲ့ဒါမရလည်း ငါအခြားတစ်ခုလုပ်မယ်လို့ နှိမ့်သိမ့်တယ်။
ငါ့အတွက်ငါရှိရင် အသက်ရှူလို့ရဦးမှာပါလို့ ယုံကြည်မှုပေးတတ်အောင် လေ့ကျင့်လာတယ်။

တစ်ဦးတစ်ယောက်အပေါ် ဖက်တွယ်ပစ်ချင်တဲ့
ချစ်ခြင်းမေတ္တာမျိုး အပြည့်အဝရှိသေးပေမယ့်
စိုးရိမ်စိတ်နဲ့ ငြင်းဆန်းရင်း......
မျှော်လင့်ချက် လျော့ထားနေတဲ့ အနေအထားမျိုးပါပဲ။
အင်း ကိုယ်ဟာအဲ့ဒီလိုအနေအထားလေးမှာပါပဲ။

16/08/2025
Hello....August လအစမှစ၍တစ်ဦး၊တစ်ယောက်ချင်းစီတိုင်းအတွက်ပျော်ရွှင်ခြင်း၊အောင်မြင်ခြင်း၊ကျန်းမာခြင်းတွေယူဆောင်လာပေးပါ...
01/08/2025

Hello....August လအစမှစ၍တစ်ဦး၊တစ်ယောက်ချင်းစီတိုင်းအတွက်ပျော်ရွှင်ခြင်း၊အောင်မြင်ခြင်း၊ကျန်းမာခြင်းတွေယူဆောင်လာပေးပါ...

လွမ်းစရာမိုးးးး🌧
27/07/2025

လွမ်းစရာမိုးးးး🌧

24/07/2025

💔

24/07/2025
ဒဏ်ရာတွေနဲ့ ပြိုလဲချင်းဟာ သန်မာခြင်းကို ဖြစ်ပေါ်စေမယ့်   အကြောင်းတရားတွေပါပဲ....
02/03/2025

ဒဏ်ရာတွေနဲ့ ပြိုလဲချင်းဟာ
သန်မာခြင်းကို ဖြစ်ပေါ်စေမယ့်
အကြောင်းတရားတွေပါပဲ....

16/06/2024

တောင်ကုတ်မြို့မှရှိတဲ့ မြို့သူမြို့သားတွေအကုန်
အန္တရာယ် ကင်းကြပါစေ🙏🙏🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when He & She Collection posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share