𝐁𝐚𝐛𝐲 𝐒𝐡𝐰𝐞 𝐓𝐨𝐞

  • Home
  • Myanmar
  • Yangon
  • 𝐁𝐚𝐛𝐲 𝐒𝐡𝐰𝐞 𝐓𝐨𝐞

𝐁𝐚𝐛𝐲 𝐒𝐡𝐰𝐞 𝐓𝐨𝐞 ကလေးအဝတ်အထည်နဲ့ 𝐬𝐤𝐢𝐧 𝐜𝐚𝐫𝐞 တွေကို
ဈေးနှုန်းမှန်ကန်စွာ 𝐈𝐧𝐬𝐭𝐨𝐜𝐤 ရနိုင်ပါသည်။

ဖေဖေ၊ မေမေတို့အတွက် သိထားသင့်တဲ့ အိမ်တွင်းသုံးကျန်းမာရေး နည်းလမ်းကောင်းများ !! 🤫ကလေးရှိတဲ့ ဖေဖေ၊ မေမေတို့အတွက် သိထားသင့်...
13/01/2024

ဖေဖေ၊ မေမေတို့အတွက် သိထားသင့်တဲ့ အိမ်တွင်းသုံးကျန်းမာရေး နည်းလမ်းကောင်းများ !! 🤫

ကလေးရှိတဲ့ ဖေဖေ၊ မေမေတို့အတွက် သိထားသင့်တဲ့ အိမ်တွင်းသုံး ကျန်းမာရေးနည်းလမ်းကောင်းလေးတွေကို 𝐁𝐀𝐁𝐘 𝐒𝐇𝐖𝐄 𝐓𝐎𝐄 ကနေ မျှဝေပေးချင်ပါတယ်နော်။ ⬇️⬇️

✅ ဒီနည်းလမ်းလေးတွေကို အသက် 6 နှစ်အထက် သားသားမီးမီးလေးတွေအတွက် အသုံးပြုပေးနိုင်ပါတယ်။

👶 အခုလိုဆောင်းရာသီမှာ ချောင်းဆိုးသက်သာအောင် ပျားရည်ကို ရေနွေးလေးနဲ့ ဖျော်တိုက်နိုင်ပါတယ်။

👶 နှာခေါင်းပိတ်ခြင်း သက်သာအောင် ကလေးကို ရေနွေးဇလုံပေါ်က ရေနွေးငွေ့ကို ရှုခိုင်းပါ။

👶 ပျို့အန်တာသက်သာအောင် ဂျင်းလက်ဖက်ရည်နွေးနွေးလေး တိုက်ပေးပါ။

👶 အိပ်ချိန်မှန်ပြီး အိပ်ရေးဝဝ အိပ်နိုင်အောင် ချာမိုမိုင်းလက်ဖက်ရည် တိုက်ပေးနိုင်ပါတယ်။

👶 ပုရွက်ဆိတ်၊ ခြင်၊ စတဲ့ အင်းဆက်ကိုက်ရာမျိုးအတွက် 𝐛𝐚𝐤𝐢𝐧𝐠 𝐬𝐨𝐝𝐚 ကို ရေနဲ့ဖျော်ပြီး ဒဏ်ရာပေါ်အုံထားပေးခြင်းဖြင့် ယားယံခြင်းကိုသက်သာစေနိုင်ပါတယ်။

👶 ကလေးဗိုက်မကောင်းတဲ့အခါ ဒိန်ချဥ်လေးတိုက်ပေးနိုင်ပါတယ်။

👶 မပြင်းထန်တဲ့ အပူလောင်ဒဏ်ရာအတွက် ရှားစောင်းအနှစ်အေးအေးလေးကို ဒဏ်ရာပေါ် အုံပေးထားနိုင်ပါတယ်။

👶 ကလေးငယ် ဝမ်းလျောနေတဲ့အခါ ရေ၊ ဓာတ်ဆား၊ သစ်သီးဖျော်ရည်တွေကို တိုက်နိုင်သလောက် များများတိုက်ပေးသင့်ပါတယ်။

👶 ကလေးက ခေါင်းကိုက်တယ်လို့ပြောတဲ့အခါ တိတ်ဆိတ်ငြိမ်သက်တဲ့အခန်းထဲမှာ မီးရောင်ဖျော့ဖျော့လေးဖွင့်ပြီး နဖူးပေါ်ကို ရေစိုအဝတ်လေးတစ်ခုတင်ပြီး အိပ်ခိုင်းလိုက်ပါ။

ဒီလို အိမ်တွင်းသုံး ကျန်းမာရေးနည်းလမ်းလေးတွေကို သိထားပြီဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းနဲ့ မလွယ်တဲ့ နေရာမျိုးရောက်နေတယ်ဆိုရင် အရေးပေါ် အလွယ်တကူဖြေရှင်းနိုင်တာပေါ့နော် ! 🤗

ကလေးငယ်မှာ နေလို့မကောင်းတဲ့ လက္ခဏာတွေ ဆက်ရှိနေပြီး အိမ်တွင်းသုံးနည်းလမ်းတွေနဲ့ မသက်သာနိုင်တဲ့အခြေအနေမျိုးဖြစ်နေတယ်ဆိုရင်တော့ ဆေးရုံ၊ ဆေးခန်းကိုသွားပြီး ကျန်းမာရေးစောင့်ရှောက်သူတွေ၊ ဆရာဝန်တွေနဲ့ စောစီးစွာ ကုသဖို့ မမေ့ပါနဲ့နော် !

ကောင်းသောနေ့လေးဖြစ်ပါစေ။

🇲🇲 “လွတ်လပ်ရေးနေ့  တို့မမေ့" 🇲🇲၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သော (၇၆ ) နှစ်မြောက် လွတ်လပ်ရေးနေ့ ကို မြန်မာပြ...
04/01/2024

🇲🇲 “လွတ်လပ်ရေးနေ့ တို့မမေ့" 🇲🇲

၂၀၂၄ ခုနှစ်၊ဇန်နဝါရီလ(၄)ရက်နေ့တွင်
ကျရောက်သော (၇၆ ) နှစ်မြောက်
လွတ်လပ်ရေးနေ့ ကို
မြန်မာပြည်သူ၊ပြည်သားများအားလုံးနဲ့ အတူ
𝐁𝐀𝐁𝐘 𝐒𝐇𝐖𝐄 𝐓𝐎𝐄 မိသားစုမှ ကြိုဆို ဂုဏ်ပြုအပ်ပါသည် 🙋‍♀️

#လွတ်လပ်ရေးနေ့

လူကြီးတွေသုံးတဲ့ 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞  တွေကို ကလေးတွေသုံးမိတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါသလဲ ? 😨❗️မေမေ၊ ဖေဖေတို့အနေနဲ့ သတိမမူမိဘဲ ကိုယ့်က...
03/01/2024

လူကြီးတွေသုံးတဲ့ 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞 တွေကို ကလေးတွေသုံးမိတဲ့အခါ ဘာတွေဖြစ်လာနိုင်ပါသလဲ ? 😨❗️

မေမေ၊ ဖေဖေတို့အနေနဲ့ သတိမမူမိဘဲ ကိုယ့်ကလေးကိုလူကြီးသုံး 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 𝐩𝐫𝐨𝐝𝐮𝐜𝐭 တွေ ပေးသုံးမိလိုက်တာမျိုး ဖြစ်ဖူးကြပါသလား ?

ဒီလို သတိမမူတဲ့ အချက်လေးတွေဟာ သင့်ကလေးငယ်အတွက် ဒီလို အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ ⬇️

💢No.1 နီရဲ၊ ယားယံခြင်း၊ အရေပြားဓာတ်မတည့်ခြင်း။
နီရဲ၊ ယားယံခြင်း၊ အရေပြားဓာတ်မတည့်ခြင်းတွေဖြစ်ပေါ်လာနိုင်ပြီး သတိမပြုဘဲ ရေရှည်သုံးပေးမိလိုက်မယ်ဆိုရင် ကလေးရဲ့ အသားအရေကို ပျက်စီးစေနိုင်ပြီး နှင်းခူလိုမျိုး နာတာရှည် အရေပြားရောဂါတွေ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

💢No.2 ကြီးထွားဖွံ့ဖြိုးခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ခြင်း။
လူကြီးသုံး 𝐥𝐨𝐭𝐢𝐨𝐧 တွေ၊ ခေါင်းလျှော်ရည်တွေကြောင့် ကလေးရဲ့ ဆံပင်မသန်တော့တာမျိုး၊ အသားအရေခြောက်သွေ့ပျက်စီးတာမျိုး၊ မိတ်ဖု၊ ဝက်ခြံဖုတွေ ထွက်လာတာမျိုးတွေဟာ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်တဲ့အချက်တွေပါပဲ။

💢No.3 ကလေးငယ်များ အိပ်မပျော်နိုင်ခြင်း။
လူကြီးသုံး 𝐬𝐤𝐢𝐧𝐜𝐚𝐫𝐞 ပစ္စည်းတွေ ကလေးကိုအသုံးပြုပေးမိတဲ့အခါ ပါဝင်တဲ့ 𝐜𝐡𝐞𝐦𝐢𝐜𝐚𝐥 တွေ၊ အမွှေးရနံ့တွေကြောင့် ကလေးဟာ သက်တောင့်သက်သာမရှိတော့ဘဲ အိပ်မပျော်တာမျိုးကို ကြုံတွေ့ရနိုင်ပါတယ်။

‼️အထူးသဖြင့် 𝐍𝐞𝐰 𝐁𝐨𝐫𝐧 𝐛𝐚𝐛𝐲 လေးတွေ၊ 𝐓𝐨𝐝𝐝𝐥𝐞𝐫 အရွယ်လေးတွေကို လူကြီးသုံး 𝐩𝐫𝐨𝐝𝐮𝐜𝐭 တွေ မသုံးမိစေဖို့ လုံးဝကို ဂရုစိုက်သင့်ပါတယ်။

✅ဒါကြောင့် ကိုယ့်ကလေးရဲ့ ငယ်ရွယ်စဥ်ကနေစတင်ပြီး ကြီးထွားလာတဲ့အရွယ်အလိုက် သတ်မှတ်ထားတဲ့ 𝐊𝐢𝐝 𝐏𝐫𝐨𝐝𝐮𝐜𝐭 လေးတွေကိုသာ ဝယ်ယူသုံးစွဲပေးသင့်ပါကြောင်း 𝐁𝐀𝐁𝐘 𝐒𝐇𝐖𝐄 𝐓𝐎𝐄 မှ သတိပေးလိုက်ပါရစေနော်။

🤗 ယုံကြည်စိတ်ချရပြီး အရည်အသွေးကောင်းတဲ့ 𝐤𝐢𝐝 𝐏𝐫𝐨𝐝𝐮𝐜𝐭 လေးတွေကိုမှ လိုချင်တယ်ဆိုရင်တော့ 𝐁𝐀𝐁𝐘 𝐒𝐇𝐖𝐄 𝐓𝐎𝐄 မှာ ဝယ်ယူနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။

ကောင်းသောနေ့လေးဖြစ်ပါစေ။


Discount Discountရောင်းမလောက်ဖြစ်ခဲ့တဲ့ရေခဲပိုးဘောင်းဘီလေးတွေ လက်ကျန်ဖြတ်မှာမို့တစ်ထည် 8000 နဲ့ယူပါရှင်Size 150 နဲ့ Size...
02/01/2024

Discount Discount

ရောင်းမလောက်ဖြစ်ခဲ့တဲ့ရေခဲပိုးဘောင်းဘီလေးတွေ လက်ကျန်ဖြတ်မှာမို့တစ်ထည် 8000 နဲ့ယူပါရှင်

Size 150 နဲ့ Size 160 သီးသန့်ပါရှင်

CB မှာ မှာလို့ရပါတယ်ရှင်


#ရေခဲပိုးသား
#ဘောင်းဘီ

လက်ကျန်ဖြတ် Discount 🎈🎈🎈Instock ရှိတဲ့ထဲက size မစုံတော့တာလေးကိုလျော့ဈေးနဲ့ရောင်းပေးမယ်နော်9 လကနေ 5 နှစ် အထိ unisex ဝတ်လိ...
02/01/2024

လက်ကျန်ဖြတ် Discount 🎈🎈🎈

Instock ရှိတဲ့ထဲက size မစုံတော့တာလေးကိုလျော့ဈေးနဲ့ရောင်းပေးမယ်နော်

9 လကနေ 5 နှစ် အထိ unisex ဝတ်လို့ရတဲ့အပေါ်ထပ်လေး

မူကြိုသွားရင်းပဲဝတ်ဝတ်
အိမ်မှာပဲဝတ်ဝတ်
ဟိုနားဒီနားပဲဝတ်ဝတ် အဆင်ပြေသောနော်

အရင်စျေးနှုန်းလေး 1️⃣2️⃣5️⃣0️⃣0️⃣ ကို
Discount price 9️⃣7️⃣0️⃣0️⃣ နဲ့ယူပါရှင်



#ကလေးအပေါ်ဝတ်

𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑 🎉🎉🎉𝟐𝟎𝟐𝟒 ခုနှစ် နှစ်သစ်မှစ၍ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည...
31/12/2023

𝐇𝐀𝐏𝐏𝐘 𝐍𝐄𝐖 𝐘𝐄𝐀𝐑 🎉🎉🎉

𝟐𝟎𝟐𝟒 ခုနှစ် နှစ်သစ်မှစ၍ မြန်မာပြည်သူ၊ပြည်သားများအားလုံး စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံကြပါစေလို့ 𝐁𝐚𝐛𝐲 𝐒𝐡𝐰𝐞 𝐓𝐨𝐞 မှ ဆုတောင်းမေတ္တာပို့သလိုက်ပါသည်။🙏😊☺️

ကိုယ့်ကလေးက ဘာလို့ကြီးထွားဖွံ့ဖြိုးမှုအားနည်းပြီး ရွယ်တူတွေနဲ့ယှဥ်ရင် ညှက်နေရတာလဲ ? 🤔===================================...
27/12/2023

ကိုယ့်ကလေးက ဘာလို့ကြီးထွားဖွံ့ဖြိုးမှုအားနည်းပြီး ရွယ်တူတွေနဲ့ယှဥ်ရင် ညှက်နေရတာလဲ ? 🤔
=================================================

✅ သင့်ကလေးကို ကျန်းမာစွာ ကြီးထွားလာစေဖို့ သင့်တော်တဲ့ အာဟာရ၊ ကိုယ်လက်လှုပ်ရှားမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုတွေကို မရှိမဖြစ် ဂရုစိုက်သင့်ပါတယ် ဖေဖေ မေမေတို့ရေ။

ဒါကြောင့် ဒီနေ့မှာတော့ 🅱🅰🅱🆈 🆂🅷🆆🅴 🆃🅾🅴 🅿🅰🅶🅴 လေးကနေ ကလေးငယ်လေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကို ဖွံ့ဖြိုးစေဖို့ ဒီအချက်လေးတွေကို မျှဝေပေးချင်ပါတယ်နော် !

👶𝐍𝐨.𝟏 အာဟာရကို ဂရုစိုက်ပါ။
ကလေးတွေဟာ အသီးအရွက်မစားတာမျိုး၊ ကြိုက်တဲ့အစားအစာတစ်ခုတည်းကိုပဲ ရွေးစားတာမျိုးတွေရှိလာပြီဆိုရင် မိဘတွေအနေနဲ့ ကလေးတွေအတွက် အာဟာရစုံလင်စွာ ရရှိအောင် နည်းမျိုးစုံနဲ့ ကျွေးသင့်ပါတယ်။ အစားကို သေချာမစားတဲ့အခါ ကလေးငယ်တွေအတွက် ထုတ်လုပ်ထားတဲ့ အာဟာရတန်ဖိုး မြင့်မားတဲ့ အစားအသောက်တွေကို ရွေးချယ်ကျွေးသင့်ပါတယ်။ ❝ကလေးက မစားဘူး❞ ဆိုပြီး သူစားချင်တာကိုပဲကျွေးမယ်ဆိုရင်တော့ ကလေးငယ်လေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သေချာပေါက် နောက်ကျနေမှာပါပဲ။

👶𝐍𝐨.𝟐 များများကစားခိုင်းပါ။
ကလေးကို ငြိမ်အောင် ဖုန်းပဲပေးကြည့်ထားတာမျိုး လုံးဝကို မလုပ်သင့်ပါဘူး။ ကလေးရဲ့ ကစားချိန်တွေကို ထိခိုက်စေအောင် စာသင်ကြားပေးတာမျိုးတွေလည်း မပြုလုပ်သင့်ပါဘူး။ လှုပ်လှုပ်ရှားရှား ကစားခြင်းဟာ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာ ကိုအထူးတိုးတက်စေပြီး ငြိမ်ငြိမ်လေးနဲ့ ပုံဆွဲနေတယ်၊ မုန့်ရောင်းနေတယ်ဆိုရင်တောင် ကလေးငယ်ရဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာကို တိုးတက်စေပါတယ်။ ဒါကြောင့် များများကစားခိုင်းဖို့ မမေ့ပါနဲ့။

👶𝐍𝐨.𝟑 စာဖတ်ခိုင်းပါ။
စာဖတ်ခိုင်းတဲ့နေရာမှာ အရွယ်နဲ့လိုက်တဲ့ ပုံပြင်တွေ၊ ကဗျာစာအုပ်တွေ ကိုသာ ဖတ်ခိုင်းဖို့မမေ့ပါနဲ့။𝐊𝐢𝐧𝐝𝐞𝐫𝐠𝐚𝐫𝐭𝐞𝐧(𝐊𝐆) ကလေးကို 𝐆𝐫𝐚𝐝𝐞 -𝟏 စာအုပ်တွေ ကြိုဖတ်ခိုင်းတာမျိုးဟာ ကလေးအတွက် 𝐒𝐭𝐫𝐞𝐬𝐬 နဲ့ 𝐀𝐧𝐱𝐢𝐞𝐭𝐲 တွေရနိုင်ပြီး စာဖတ်ခြင်းကိုလည်း စိတ်ဝင်စားမှုလျှော့နည်းလာနိုင်ပါတယ်။ ဉာဏ်ရည်ဖွံ့ဖြိုးမှုကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

👶𝐍𝐨.𝟒 အိပ်ရေးဝဝအိပ်ခိုင်းပါ။
အိပ်ရေးဝဝအိပ်မှသာ ဦးနှောက်ကိုအနားပေးပြီး လိုအပ်တဲ့ ဖွံ့ဖြိုးမှုတွေကို ခန္ဓာကိုယ်က လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကလေးတွေရဲ့ ဖုန်းကြည့်ချိန် -𝐒𝐜𝐫𝐞𝐞𝐧 𝐭𝐢𝐦𝐞 ကို သေချာသတ်မှတ်ထားသင့်ပါတယ်။ အလွန်အကျွံဖုန်းသုံးပြီး အိပ်ရေးပျက်ခြင်းဟာ လူကြီးတွေမှာတောင် ကျန်းမာရေး ဘေးထွက်ဆိုးကျိူးများစွာ ခံရတာမို့ နုနယ်တဲ့ ကလေးငယ်လေးတွေရဲ့ 𝐒𝐜𝐫𝐞𝐞𝐧 𝐭𝐢𝐦𝐞 ကို အထူးဂရုစိုက်သင့်ပါတယ်။

ဒီအချက်တွေအပြင် တခြားကလေးများနဲ့ မနှိုင်းယှဥ်ခြင်း၊ ကလေးကို အားပေးခြင်း၊ ချီးကျူးခြင်း၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေတဲ့ ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးထားခြင်း၊ ဂရုစိုက်ပေးခြင်း စတဲ့ အချက်လေးတွေက ကလေးကို ဖွံ့ဖြိုးတိုးတက်စေဖို့ ဘက်စုံကူညီပေးနိုင်ပါလိမ့်မယ်။

🤗 🅱🅰🅱🆈 🆂🅷🆆🅴 🆃🅾🅴 က ဖော်ပြပေးခဲ့တဲ့ ဒီ 𝐏𝐨𝐬𝐭 လေးကိုဖတ်ပြီး သားသား၊ မီးမီးလေးတို့ ကြီးထွားဖွံ့ဖြိုးလာအောင် အကောင်းဆုံးဂရုစိုက်ပေးနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော် !

ဒီနေ့မျှဝေပေးခဲ့တဲ့ ဗဟုသုတရဖွယ်ရာအကြောင်းအရာလေးကို သဘောကျနှစ်သက်တယ်ဆိုရင် 𝐥𝐢𝐤𝐞 & 𝐬𝐡𝐚𝐫𝐞 ပြုလုပ်ခဲ့ဖို့မမေ့ပါနဲ့ဦး ဖေဖေ၊ မေမေတို့ရေ။ 😍

ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

👶👧ကလေးထိန်းခြင်း အနုပညာ💖💖💖 ➖➖➖➖➖➖➖➖➖➖➖➖ကိုယ့်ရဲ့မိသားစုထဲကို မိသားစုဝင်အသစ်အနေနဲ့ သားသမီးရတနာလေးရောက်လာပြီဆိုတာနဲ့ ဒီကလေ...
26/12/2023

👶👧ကလေးထိန်းခြင်း အနုပညာ💖💖💖
➖➖➖➖➖➖➖➖➖➖➖➖

ကိုယ့်ရဲ့မိသားစုထဲကို မိသားစုဝင်အသစ်အနေနဲ့ သားသမီးရတနာလေးရောက်လာပြီဆိုတာနဲ့ ဒီကလေးလေးရဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ပေးဖို့က ဖေဖေ၊ မေမေတို့ရဲ့ တာဝန်ပါပဲ။ 👶👧

ကလေးထိန်းခြင်းဆိုတဲ့နေရာမှာ ဖေဖေ မေမေတို့ မေ့နေတတ်တဲ့ ကိစ္စတစ်ခုကို 🅱🅰🅱🆈 🆂🅷🆆🅴 🆃🅾🅴 🅿🅰🅶🅴 က မျှဝေပေးပါရစေ။ 👩‍🏫

☀️👶 ဒါကတော့ ကလေးငယ်လေးတွေရဲ့ နူးညံ့တဲ့ အသားအရေကို နေရောင်ခြည်ရဲ့ အန္တရာယ်ရှိတဲ့ ခရမ်းလွန်ရောင်ခြည်ကနေ ကာကွယ်ပေးခြင်းပါပဲ။

ဒါကြောင့် ဒီပို့စ်လေးမှာ ကလေးငယ်လေးတွေအတွက် နေရောင်ခြည်ရန်ကနေ ဘေးကင်းရစေဖို့ လက်တွေ့ကျတဲ့ အကြံပြုချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကလေးငယ်လေးတွေကို နေရောင်ခြည်ရန်ကနေ ကာကွယ်ဖို့ ဘာကြောင့်လိုအပ်တာလဲ ? 🤔

☀️ ကလေးလေးတွေမှာ လူကြီးအသားအရေထက်ပိုပြီး နေရောင်ခြည်ဒဏ်ကို ခံနိုင်ရည်မရှိဘဲ အလွန်ထိခိုက်လွယ်တဲ့ 𝐒𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 𝐒𝐤𝐢𝐧 ရှိပါတယ်။ ဒီလိုကလေးတို့ရဲ့အသားအရေကို ခရမ်းလွန်ရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့ချိန်ကြာတာနဲ့အမျှ နေလောင်ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်းနဲ့ ရေရှည်အရေပြားပြဿနာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ကျန်းမာတဲ့အလေ့အထလေးကို မြန်မြန်သတ်မှတ်ပြီး အနာဂတ်မှာအရေပြားပြဿနာတွေဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ဖို့က အရေးကြီးပါတယ်။

ဒါကြောင့် သင့်ကလေးငယ်လေးကို နေရောင်ခြည်ကနေကာကွယ်ဖို့ ဒီအကြံပြုချက်လေးတွေကို မမေ့ပါနဲ့နော်။ 👶

✅ ကလေးနဲ့အတူ အပြင်သွားမယ်ဆိုရင် နေအပူချိန်အနည်းဆုံးအချိန်ကို ရွေးချယ်ပါ။ ပုံမှန်အားဖြင့် နံနက်စောစော ဒါမှမဟုတ် ညနေနှောင်းပိုင်းတွေမှာသာ ကလေးနဲ့အတူ အပြင်ထွက်သင့်ပါတယ်။

✅ အပြင်သွားမယ်ဆိုရင်လည်း နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှု အနည်းဆုံးဖြစ်အောင် ပေါ့ပေါ့ပါးပါး၊ လက်ရှည်အဝတ်အစားနဲ့ ဦးထုပ်တွေကို မပါမဖြစ် ၀တ်ဆင်ပေးသင့်ပါတယ်။

✅ နေရောင်ခြည်တိုက်ရိုက်ထိုးခံရခြင်းမှ ကာကွယ်ဖို့ ထီး၊ ကလေးတွန်းလှည်းတွေကို မရှိမဖြစ် အသုံးပြုပေးသင့်ပါတယ်။

✅ 𝐁𝐚𝐛𝐲-𝐅𝐫𝐢𝐞𝐧𝐝𝐥𝐲 ဖြစ်တဲ့ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 သို့မဟုတ် ကလေးတွေအတွက် သီးသန့်ထုတ်လုပ်ထားတဲ့ 𝐒𝐮𝐧𝐬𝐜𝐫𝐞𝐞𝐧 လေးတွေကိုသာ အသုံးပြုပြီး မျက်နှာ၊ လည်ပင်းနဲ့ လက်တွေအပါအဝင် နေထိတွေ့တဲ့ အရေပြားနေရာတွေကို လိမ်းပေးပါ။

✅ ရေများများတိုက်ပါ။ အထူးသဖြင့် နွေရာသီမှာ သင့်ကလေးအတွက် ရေဓာတ်အပြည့်ရှိနေဖို့ လိုအပ်ပါတယ်။

ဒီအချက်လေးတွေကို သေချာလိုက်နာမယ်ဆိုရင်တော့ ကလေးငယ်လေးတွေရဲ့အသားအရေဟာ ခရမ်းလွန်ရောင်ခြည်ကြောင့် နေလောင်ခြင်း၊ နီရဲရောင်ရမ်းခြင်း စတဲ့ ပြဿနာတွေကနေ ကင်းဝေးသွားမှာဖြစ်ပါတယ်။

ဒီနေ့မျှဝေပေးခဲ့တဲ့ ဗဟုသုတရဖွယ်ရာအကြောင်းအရာလေးကို သဘောကျနှစ်သက်တယ်ဆိုရင် 𝐥𝐢𝐤𝐞 & 𝐬𝐡𝐚𝐫𝐞 ပြုလုပ်ခဲ့ဖို့မမေ့ပါနဲ့ဦး ဖေဖေ၊ မေမေတို့ရေ။ 😍

ကောင်းသောနေ့လေးဖြစ်ပါစေရှင်။


Helloမေမေတို့ရေDecember Promotion လေးပြောပြချင်လို့ပါရှင်မင်မင်တို့ဆီကဘာဝယ်ဝယ် December လထဲဝယ်တဲ့သူတိုင်းကို 12% လျော့ဈေ...
14/12/2023

Hello

မေမေတို့ရေ

December Promotion လေးပြောပြချင်လို့ပါရှင်

မင်မင်တို့ဆီကဘာဝယ်ဝယ် December လထဲဝယ်တဲ့သူတိုင်းကို 12% လျော့ဈေးပေးမှာပါရှင်

ဒါ့ကြောင့်မြန်မြန်လေးသာမှာယူလိုက်ကြပါရှင်



အဖြူသန့်တဲ့ top လေးဆင်ချင်ရင်ဒါလေးရှိပါမယ်နော်မေမေတို့ရေအသက် 1 နှစ်ကနေ 7 နှစ်အထိရပါမယ်ရှင်တီရှပ်သားပါPrice 13500မြန်မာတစ...
07/12/2023

အဖြူသန့်တဲ့ top လေးဆင်ချင်ရင်ဒါလေးရှိပါမယ်နော်မေမေတို့ရေ

အသက် 1 နှစ်ကနေ 7 နှစ်အထိရပါမယ်ရှင်

တီရှပ်သားပါ

Price 13500

မြန်မာတစ်နိုင်ငံလုံးအိမ်ရောက်ငွေချေရပါတယ်ရှင်



#ကလေးပေါ်ဝတ်

နောက်ထပ်ချစ်စရာကောင်းတဲ့ဂါဝန်လေး👗👗100% ချည်သားစစ်စစ်အသက် 2 နှစ်ကနေ 7 နှစ်လောက်အထိရပါမယ်မယ်Price 2️⃣4️⃣5️⃣0️⃣0️⃣မြန်မာတစ်...
05/12/2023

နောက်ထပ်ချစ်စရာကောင်းတဲ့ဂါဝန်လေး👗👗

100% ချည်သားစစ်စစ်

အသက် 2 နှစ်ကနေ 7 နှစ်လောက်အထိရပါမယ်မယ်

Price 2️⃣4️⃣5️⃣0️⃣0️⃣

မြန်မာတစ်နိုင်ငံလုံးအိမ်ရောက်ငွေချေရပါတယ်

CB မှာဝယ်ယူလို့ရပါတယ်ရှင်


#ချည်
#ဂါဝန်

ကိုယ်တောင်ကလေးပြန်ဖြစ်ချင်သွားလောက်အောင်ချစ်စရာကောင်းတဲ့ဂါဝန်လေး👗👗👗ချည်သားစစ်စစ် ☀️🌨️🌧️ချုပ်ရိုးချုပ်သားသေသပ် ✂️✂️ဗိုလ်ဆ...
04/12/2023

ကိုယ်တောင်ကလေးပြန်ဖြစ်ချင်သွားလောက်အောင်ချစ်စရာကောင်းတဲ့ဂါဝန်လေး👗👗👗

ချည်သားစစ်စစ် ☀️🌨️🌧️
ချုပ်ရိုးချုပ်သားသေသပ် ✂️✂️
ဗိုလ်ဆန်ဆန်ကာကီရောင်လေး ⭐⭐⭐

ဒါလေးသာဆင်ပေးရင်တော့သန့်နေမှာပဲနော်
ပွဲတွေပဲဝတ်ဝတ်
ထသွားထလာပဲဝတ်ဝတ်
အမြဲဝတ်ဖြစ်နေမဲ့ပုံစံလေးပါနော်

အသက် 2 နှစ်ကနေ 7 နှစ်လောက်အထိရပါမယ်မယ်

Price 2️⃣2️⃣5️⃣0️⃣0️⃣

တစ်နိုင်ငံလုံးအိမ်ရောက်ငွေချေရပါတယ်

CB မှာဝယ်ယူလို့ရပါတယ်ရှင်


#ချည်
#ဂါဝန်

Address

𝐍𝐨. 𝟏𝟕, 𝐒𝐢𝐧𝐲𝐚𝐲𝐤𝐚𝐧 𝐒𝐭𝐫𝐞𝐞𝐭, 𝐀𝐡𝐥𝐨𝐧𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩𝐬
Yangon
11121

Telephone

+959263013156

Website

Alerts

Be the first to know and let us send you an email when 𝐁𝐚𝐛𝐲 𝐒𝐡𝐰𝐞 𝐓𝐨𝐞 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐁𝐚𝐛𝐲 𝐒𝐡𝐰𝐞 𝐓𝐨𝐞:

Shortcuts

Share