23/02/2021
❤️💙KBZ Bank ဝန်ထမ်းမပိုးသဉ္ဇာရဲ့ရှင်းလင်းချက်ကလေးပါ…
ကျေးဇူးပါညီမလေး 👏👏
***************************************************************
🔘ATM တွေကို တတ်နိုင်သမျှ ငွေဖြည့်ပေးနေပါတယ်
စက်တိုင်းက ကိုင်တဲ့ဘဏ်ခွဲမတူတဲ့အတွက် ဘယ်စက်မှာ ငွေရှိမယ်ဆိုတာတော့ အတိအကျ မပြောနိုင်ပါ 🙏
ATM မှာ ငွေလက်ကျန်နည်းနေပီဆိုတာနဲ့ တာဝန်ခံတွေက တန်းသိတာမို့ မပူပါနဲ့ ထပ်ဖြည့်ပါလိမ့်မယ် 😌
🔘ATM Card နဲ့ တနေ့ကို 10သိန်း ( တခါထုတ် ၃သိန်း ) ထုတ်လို့ရပါတယ်
Card to card transfer 15သိန်းရပါတယ်
အဲ့တော့ ငွေများများထုတ်ချင်သူတွေ ကိုယ့်ကဒ်ထဲက ၁၀သိန်းထုတ်ပီး ၁၀သိန်းကိုသူများကဒ်ထဲလွှဲပီး တဆင့်ထုတ်လို့ရပါတယ်
🔘Card to card transfer လုပ်မယ်ဆိုရင် စက်ထဲမှာ စာရင်းရွှေ့ပြောင်းခြင်းကိုနှိပ် Acc No ( 17လုံး ) ရိုက်ထည့်ပီး နာမည်ပေါ် လာတာနဲ့ တခါလွှဲ ၃သိန်းချင်းကို ၁၅သိန်းလွှဲလို့ရပါတယ် ( ၁၅သိန်းလွှဲလိုက်လည်း ၁၀သိန်းပဲထုတ်လို့ရပါမယ် အဲ့တော့ ၁၀သိန်းပဲလွှဲပီး ကျန် ၅သိန်းကို နောက်တကဒ်ထပ်လွှဲပါ )
နည်းနည်းတော့ အလုပ်ရှုပ်မှာပေါ့နော် 😬
🔘အဲ့လိုမှ မဟုတ်ရင် mobile banking ကနေ transfer လို့ရပါတယ်
Charges တွေကို ဘေး limits & fees ထဲမှာကြည့်ပေးပါ ✌🏻
🔘mobile banking မရှိသေးတဲ့သူတွေ အခုချိန်မှ ထဖွင့်ချင်ရင် ဖွင့်လို့ရပါတယ်………
ATM card or Bank Acc No နဲ့ မှတ်ပုံတင်မူရင်းရှိရင်ရပါတယ်။
KBZ Mobile banking app ကို down ပီး register now ကနေ တဆင့်ချင်းဖွင့်သွားနိုင်ပါတယ်။
ပုံမှန်ဆို စာရင်းသွင်းပီးတာနဲ့ working days 3days ဆိုရင် ကိုယ်စာရင်းသွင်းခဲ့တဲ့ဖုန်းနံပါတ်ထဲကို user name နဲ့ password ကျပေးပါမယ်
Mobile banking register လုပ်တဲ့အချိန်မှာ bank acc or ATM card ဖွင့်ခဲ့တုန်းက ဖုန်းနံပါတ်နဲ့ မတူလည်းရပါတယ် ( တူရင်အကောင်းဆုံးပါ )
🔘 KBZ Pay
တနေ့ကို အများဆုံး ၁၀သိန်းထိ ထုတ်နိုင်ပါတယ်
အဲ့ထက်ပိုထုတ်ချင်ရင်တော့
တခြား Kpay ကိုလွှဲပီးလည်း ATM card နည်းတူထုတ်နိုင်ပါတယ်
တလကို ၉သိန်းထိ free ထုတ်ခွင့်ပေးပါတယ်
၉သိန်းကနေ ၁၅သိန်းထိဆို 0.3% ( အလွယ်ဆိုရင် တသိန်းဆို ၃၀၀ )
၁၅သိန်းကျော်ရင် 0.5% ဖြတ်ပါတယ်
🔘Kpay app ထဲဝင်ပီး cash out ကနေ password ရိုက်လိုက်တာနဲ့ ဂဏန်း ၁၀လုံး( ၆လုံး -၄လုံး) ကျလာပါမယ်
အဲ့ဒီ 10လုံးနဲ့ ATM မှာထုတ်ရပါမယိ
စက်ထဲဝင်ပီး cardless withdrawl ကိုနှိပ်
KBZ pay ဖြင့်ငွေထုတ်ရန်ကိုနှိပ်ပီး တဆင့်ချင်းငွေထုတ်နိုင်ပါတယ်
တခါထုတ် ၃သိန်းပါ
*၉သိန်းကျော်ရင် chargesဖြတ်ပါတယ်*
🔘KBZ pay နဲ့ Bank account နဲ့ချိတ်ပီး ငွေသားထုတ်နိုက်ပါတယ် အဲ့ဒါလည်း အပေါ်ကအတိုင်းပါပဲ
၉သိန်းထိ charges free ပါ
Bank account နဲ့ချိတ်မယ်ဆိုရင် Kpay app ထဲဝင် အောက်ဆုံးက ဘဏ့်အကောင့်ကိုနှိပ်ပီး acc no ရိုက်ထည့်ပီး ချိတ်ဆက်နိုင်ပါတယ်
တခုရှိတာက bank acc နဲ့ဖြစ်စေ ATM နဲ့ဖြစ်စေ KBZ pay နဲ့ချိတ်မယိဆိုရင် ဖုန်းနံပါတ်တူရပါမယ်
မတူရင်ချိတ်မရပါ
တချို့ဖုန်းနံပါတ်တူပေမယ့်လည်း DOB မှားတဲ့အခါမျိုးဆိုချိတ်မရပါ
Incorrect KYC လို့ပြပါလိမ့်မယ်
အဲ့ဒါဆိုချိတ်မရပါ
ဘဏ်မှာ Data change form တင်ပီးမှချိတ်လို့ရပါမယ်
Joint account ချိတ်မရပါ
🔘KBZ Pay မဖွင့်ရသေးတဲ့လူတွေ အခုမှ စဖွင့်ပီးသုံးလို့ရပါတယ်
Level 1 , 1.5 နဲ့ 2 ဆိုပီးရှိပါတယ်
စစချင်းဖွင့်မယ်ဆိုရင် KBZ pay app (အပြာရောင်) ကို down ပါ
Ph no ထည့် နာမည် မှတ်ပုံတင်ထည့် password ၆လုံးထားပီးတာနဲ့ level 1 အနေနဲ့ စသုံးလို့ရပါပီ
Level 1 က အသေးသုံးပါ
တရက်ကို ၅သောင်းထိ သွင်း/ထုတ် လို့ပဲရပါတယ်
Limit အများဆုံးက ၂သိန်းပါ
ATM card / bank acc နဲ့ ချိတ်လို့မရပါ
⚠️Level 1ကို မြှင့်ချင်ရင် ကိုယ်ကိုယ်တိုင် ဘယ်ဖက်ဘေးက profile ထဲဝင်ပီး 1.5 မြှင့်လို့ရပါတယ်
1.5 သို့မြှင့်တင်ရန်ဆိုတာကိုနှိပ်လိုက်ရင် နာမည် မှတ်ပုံတင်ဖြညိ့ selfie ရိုက် မှတ်ပုံတင်ကဒ်မူရင်း or ထင်ရှားတဲ့လိုင်စင်ကဒ်(smart cardဆိုပိုသေချာပါတယ် )ရှေ့ နောက်ကို ပုံရိုက်ဖို့လိုပါမယ်
အချက်လက်ဖြည့်တဲ့ချိန်မှာ အပေါ်ဆုံး or အောက်ဆုံးမှာ box တခုပါပါတယ်
ဖုန်းနံပါတ်ဖြည့်ခိုင်းတဲ့ box ပါ
အဲ့မှာ ကိုယိ့ဖုန်းနံပါတ်ကိုထည့်ရမှာမဟုတိပါဖူး
ကိုယ်နဲ့သိတဲ့ KBZ ဝန်ထမ်းတယောက်ယောက်ရဲ့ KBZ partner ( staff only ) သုံးတဲ့ဖုန်းနံပါတ်ဖြည့်ပေးရမှာပါ
အဲ့အခါကျမှသာ တဖက်က KBZ staff ရဲ့ ဖုန်းထဲကို approve ပေးဖို့မက်ဆေ့ကျပီး staff ကချက်ချင်း စစ်ပီး approve ပေးနိုင်မှာပါ
Staff အသိမရှိတဲ့သူ or အဲ့ဒီ box မှာ ကိုယ့်ဖုန်းနံပါတ်ကို မှားထည့်လိုက်မိတဲ့သူတွေဆိုရင်တော့
KBZ pay ရုံးချုပ်ထဲကို စာရင်းဝင်သွားမှာပါ
အဲ့ဒီအခါကျရင်တော့ ရုံးချုပ်က approve ပေးဖို့အတွက် အစဉ်လိုက်စောင့်ရမှာမို့ ကြာချိန်အနည်းငယ်ရှိပါမယိ ( ခန့်မှန်းခြေ ၂ရက် ၃ရက် မသေချာပါ)
ရုံးချုပ်က approve ပေးလိုက်ရင် ဖုန်းထဲကို မက်ဆေ့ကျလာပါမယ်
Level 1.5 မြှင့်ပီးပါပီ စသုံးလို့ရပါပီ
⚠️အချက်လက်မှားဖြည့်တာတွေ ( ဥပမာ မွေးသက္ကရာဇ်မှားတာ မြန်မာသက္ကရာဇ်ကို မှန်းထည့်ပစ်တာမျိုးတွေ ) ( NRC မှားထည့်တာတွေ ) (selfie ဝါးတာ) (မှတ်ပုံတင်မထင်ရှားတာမျိုးတွေ ) ဆိုရင်တော့ approve ပေးမှာမဟုတ်ပါဖူး ……
အဲ့ခါကျ staff က approve ပေးလည်း ရုံးချုပ်က level ပြန်ချပေးမှာပါနော်
( အခု level 2ကနေ 1ကျသွားတဲ့လူတွေက အဲ့လိုအချက်တွေကြောင့်ပါ)
Level 1.5 တနေ့ကို အများဆုံး ၁၀ သိန်းထိထုတိလို့ရပါတယ်
ATM / Bank acc ချိတ်ဆက်လို့မရပါ။
⚠️Level 2 တန်းမြှင့်ချင်ရင်လွယ်ပါတယ်
နီးစပ်ရာဘဏ် သို့မဟုတ် agent partner board ထောင်ထားတဲ့ဆိုင်တဆိုင်သွားပါ
မှတ်ပုံတင်ပါရင်ရပါတယ်
Level တန်းမြှင့်ခိုင်းလို့ရပါတယ်
ATM / bank acc ချိတ်ဆက်ပီးသုံးနိုင်ပါတယ်
Level 2က နောက်ဆုံး update ပါ
⚠️Level 1.5 နဲ့ 2 နဲ့ ကွာခြားချက် တခုပဲရှိပါတယ်
ATM / bank acc ချိတ်ဆက်လို့ရတာနဲ့ မရတာပဲကွာတာပါ
ကျန်တဲ့ functions , limits and charges အကုန်အတူတူပါပဲ
Level 1.5 ကနေ 2 ကိုမြှင့်ချင်ရင်
KBZ staff or Agent partner ဆိုင်သွားပါ
မှတ်ပုံတင်ပေးပီး level မြှင့်ချင်တယိပြောလိုက်ရင်ရပါပီ
KBZ staffs ဆိုတာနဲ့ မန်နေဂျာအစ security/ facilities crew အဆုံး level မြှင့်ပေးလို့ရပါတယ်
အဲ့ဒါကြောင့် ATM ထုတ်ရင်းနဲ့လည်း security တွေဆီမှာ level မြှင့်ခိုင်းသွားလို့ရပါတယ်နော် ✌🏻😌
❌မှတ်ပုံတင်မိတ္တူ လိုင်စင်မိတ္တူ လုံးဝမရပါ
⚠️ဖုန်းထဲမှာ မူရင်းပုံ ရှေ့ နောက် ရိုက်ထားတာရှိရင်တော့ စမ်းခိုင်းကြည့်ပါ
ကြည်လင်ပြတ်သားတယ်ဆိုရင်တော့ ရမှာပါနော 🙏
🏧နောက်ဆုံးအနေနဲ့
Card ညပ်သွားတာ(စက်ထဲမှာကဒ်ကျန်ခဲ့တာ) တို့
ထွက်လာတဲ့ပိုက်ဆံ မကိုက်တာမျိုး(ဖြစ်ခဲပါတယ်) တို့ဆိုရင်
ပြေစာယူထားပါ
ထုတ်တဲ့အချိန် ထုတ်တဲ့စက်(ထုတ်တဲ့နေရာ) မှတ်ထားပေးပါ။
KBZ call center 📞09 951018555
KBZPay call center 📞09 969963211
တို့ကိုဆက်ပီး မေးမြန်း အကူညီရယူနိုင်ပါတယ်
သိသလောက်ရေးထားတာဖြစ်တဲ့အတွက်
မှားနေတာရှိရင် ပြင်သွားဖို့နဲ့
နောက်ထပ်သိချင်တာတွေရှိရင်လာမေးလို့ရပါတယ်
အဆင်ပြေကြပါစေ ♥️🙏
Credit-Poe Thinzar ( KBZ staff )