20/08/2026
ကိုယ်က ကျန်းမာရေးအတွက် နေ့စဉ် ပုံမှန်ပေါ့ပေါ့ပါးပါး ပြေးမယ်ဆိုရင် Running shoe အရွေးမမှားဖို့ ဒီအချက် (၃) ချက်ကို သိထားသင့်ပါတယ်။ 🏃👟
1. Balanced Cushioning
Running shoe တစ်ရံအတွက် အသက်ဖြစ်တဲ့ cushioning ဟာ နေ့စဉ်ပြေးဖို့အတွက်ဆို Balanced ဖြစ်နေဖို့ လိုပါတယ်။ ဆိုလိုတာက အရမ်းနူးညံ့အိစက်လွန်းနေတဲ့ Cushioning ဟာ ခြေကျင်းဝတ်ကို မတည်ငြိမ်ဖြစ်စေပြီး မာဆတ်ဆတ်ဖြစ်လွန်းတဲ့ Cushioning ကလည်း ဒူးအဆစ်တွေကို ရိုက်ခတ်မှုဒဏ် တိုက်ရိုက်ရောက်စေပါတယ်။ ဒါကြောင့် နေ့စဉ်ပြေးဖို့အတွက် Everyday Running အတွက်ဆို shock ကို ကောင်းကောင်းစုပ်ယူနိုင်ပြီးတော့ တော်သင့်ရုံ အိစက်မှုရှိတဲ့ Midsole ကို ရွေးချယ်ရပါမယ်။
2. Outsole Durability & Traction
Daily Runner တွေဟာ မတူညီတဲ့လမ်းတွေပေါ်မှာ နေ့စဉ်ပြေးလွှားနေရတာပါ။ Outsole ရဲ့ အရေးပါမှုကလည်း ဒီနေရာမှာ စကားပြောပါတယ်။ ဒါကြောင့် Outsole က ပွတ်တိုက်မှုဒဏ်ကို ခံနိုင်ရည်ရှိရမယ့်အပြင် ချော်မလဲအောင် ထိန်းပေးနိုင်တဲ့ Grip ကောင်းကောင်း ရှိဖို့လိုပါတယ်။
3. Breathability & Upper Fit
ပြေးတဲ့အခါမှာ ခြေထောက်က ချွေးထွက်တတ်တာကြောင့် လှောင်ပိတ်မနေဖို့ကလည်း အရေးကြီးပါတယ်။ Running shoe မှာ သုံးထားတဲ့ Upper Material က လေဝင်လေထွက်ကောင်းဖို့လည်း လိုပါတယ်။ Upper ကို Mesh လို လေဝင်လေထွက်ကောင်းတဲ့ Material မျိုးကို သုံးထားတာမျိုးကို ရွေးသင့်ပါတယ်။ ဒါမှသာ အရည်ကြည်ဖု ထတာတွေ၊ အနံ့ဆိုးထွက်တာတွေကို ကာကွယ်ပေးနိုင်မှာပါ။
ဒီအချက် (၃) ချက်လုံးနဲ့ ပြည့်စုံနေတာကတော့ adidas Runfalcon 5 running shoe ပါ။
☁️ Cloudfoam Midsole
Runfalcon 5 မှာ သုံးထားတဲ့ Cloudfoam midsole က ခြေလှမ်းတိုင်းမှာ ပြန်လာတဲ့ shock ကို balanced ဖြစ်ဖြစ် စုပ်ယူနိုင်တဲ့အတွက်ကြောင့် ဒူးနဲ့ ခြေကျင်းဝတ်အပေါ် ဖိအားမရောက်စေဘဲ ပြေးပြီးနောက်ပိုင်း ခြေထောက် ညောင်းညာပင်ပန်းမှုကို သိသိသာသာ သက်သာစေပါတယ်။
🛡 Durable Rubber Outsole
ဖိနပ်တစ်ရံရဲ့ Midsole က သက်သောင့်သက်သာရှိမှုကို ပေးစွမ်းတဲ့ Cushion ဖြစ်ရင်၊ Outsole ကတော့ ဖိနပ်ကို မပျက်စီးအောင် ကာကွယ်ပေးထားတဲ့ Armor ပါပဲ။ Runfalcon 5 မှာက ပွတ်တိုက်မှုဒဏ် ခံနိုင်ရည်မြင့်တဲ့ Adiwear Outsole ကို သုံးထားပါတယ်။
🌬 Breathable Mesh Design
ပေါ့ပါးကျစ်လစ်သည့် Mesh Upper ကြောင့် ပြေးလွှားနေစဉ်အတွင်း လေဝင်လေထွက် အမြဲကောင်းမွန်နေပြီး ခြေထောက်ကို အမြဲတမ်း ခြောက်သွေ့ဆန်းသစ်နေစေပါသည်။
ကျန်းမာရေးအတွက် နေ့စဉ် ပုံမှန်ပြေးလေ့ရှိသူတွေအနေနဲ့ Tech Specs တွေအတွက် ပိုက်ဆံပိုပေးစရာမလိုဘဲ running အတွက် တကယ်လိုအပ်တဲ့ အခြေခံအချက်တွေ ပြည့်စုံနေတဲ့ adidas Runfalcon 5 ကို Running shoe တစ်ရံအနေနဲ့ ရွေးချယ်ဖို့ အကြံပြုချင်ပါတယ်။
Adidas Runfalcon 5 ကို Page Messenger ကနေလည်း မှာယူနိုင်သလို အောက်ပါ link ကနေလည်း ဝယ်ယူနိုင်ပါတယ်။
Shop Now: https://khitzay.com.mm/collections/adidas-wings-arent-just-for-the-sky-collection-aug-2026