MylifeinJapan : Won

MylifeinJapan : Won • Tips for Japan’s scholarships
• Working lifestyle in Tokyo

ပိတ်ရက်မှာ စာလုပ်လေ့ရှိတဲ့ သူတွေအတွက် ဝန်း အမြဲတမ်းသုံးတဲ့ application ၂ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။စာလုပ်ရင်ဆို တခါ...
17/07/2026

ပိတ်ရက်မှာ စာလုပ်လေ့ရှိတဲ့ သူတွေအတွက် ဝန်း အမြဲတမ်းသုံးတဲ့ application ၂ခုအကြောင်းကို မျှဝေပေးချင်ပါတယ်။

စာလုပ်ရင်ဆို တခါတလေ
ဖုန်းကို ခဏခဏကိုင်မိတယ်။
Social Media ဖွင့်မိတယ်။
၅ မိနစ်နားမယ်ဆိုပြီး ၁ နာရီကုန်သွားတာတွေလည်းရှိတယ်။🥲

အဲ့တာကြောင့် ဒီ application တခုခုကို ဖွင့်ပြီးအတူတူစာလုပ်ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို Commitment ပေးထားသလို ခံစားရတဲ့အပြင် Session တစ်ခုပြီးတိုင်း ရလာတဲ့ Achievement တွေ၊ Progress တွေကို မြင်ရတာကြောင့် “နောက်တစ် Session ထပ်လုပ်မယ်” ဆိုတဲ့ စိတ်ကိုဖြစ်ပေါ်စေတယ်။

1. FocusTraveller

ဒီ App က Study Timer တမျိုးဖြစ်ပြီး ကိုယ့်ရဲ့ Character ကို ကိုယ်စာလုပ်နေတဲ့အချိန်မှာ ကမ္ဘာအနှံ့ ခရီးသွားခိုင်းတာ ဖြစ်ပါတယ်။

Session တစ်ခုပြီးတိုင်း နေရာအသစ်တွေ Unlock ဖြစ်လာတာမလို့ Game ကစားသလို စိတ်ဝင်စားစရာကောင်းပြီး Motivation ကို ဖြစ်စေတယ်။

2. Focustown

ဒီ App က တစ်ယောက်တည်း စာလုပ်တာပျင်းတဲ့သူတွေ၊ Body Doubling Effect ရချင်တဲ့သူတွေအတွက် အရမ်းသင့်တော်ပါတယ်။

သူငယ်ချင်းနဲ့ အတူတူ Focus Session လုပ်လို့ရသလို၊ သူငယ်ချင်းမရှိရင်လည်း ကမ္ဘာတစ်ဝှမ်းက စာလုပ်နေတဲ့သူတွေနဲ့ Virtual Study Room ထဲမှာ အတူတူ စာလုပ်နိုင်ပါတယ်။

Cafe မှာ စာလုပ်ရတာကြိုက်တဲ့သူတွေ သဘောကျမယ်လို့ထင်ပါတယ်။

စာလုပ်တာစိတ်မပါတဲ့အချိန်မျိုးဆိုရင် ဒီ application ကိုသုံးပြီးစာလုပ်ဖြစ်ပါတယ်။

ကိုယ့်ရဲ့ character အတွက် session တခုပြီးတိုင်း ရတဲ့အမှတ်တွေကနေ ပစ္စည်းတွေဝယ်လို့ရတယ်။

တခြားသုံးလို့ကောင်းတဲ့ application တွေရှိရင်လည်း မျှဝေပေးသွားကြပါအုံးရှင်🌸

27/06/2026

ဒီနေ့လည်း နည်းနည်းစီ။

အများကြီး မဟုတ်ရင်တောင်
မရပ်လိုက်တာကိုပဲ ကျေနပ်ပါတယ်။ ☕📚

ဂျပန်နိုင်ငံရဲ့ 国家資格ဖြစ်တဲ့ 技術士ရဲ့ ပထမအဆင့် 一次試験ဖောင် စဖွင့်နေပြီနော်6 လပိုင်း 24 ရက်နေ့ ဖောင်ပိတ်မှာမလို့ ဒီနှစ်ထဲ စာမေ...
18/06/2026

ဂျပန်နိုင်ငံရဲ့ 国家資格ဖြစ်တဲ့ 技術士ရဲ့ ပထမအဆင့် 一次試験ဖောင် စဖွင့်နေပြီနော်

6 လပိုင်း 24 ရက်နေ့ ဖောင်ပိတ်မှာမလို့

ဒီနှစ်ထဲ စာမေးပွဲ ဖြေမယ်လို့ စဉ်းစားထားတဲ့သူတွေ ဖောင်တင်ဖို့ မမေ့ကြနဲ့အုံးနော်

技術士一次試験 က ဂျပန်မှာ JABEE (Japan Accreditation Board for Engineering Education) အသိအမှတ်ပြု Engineering Program ကနေ undergraduate ဘွဲ့ရထားတဲ့သူတွေက 技術士第一次試験 ကို ဖြေစရာမလိုဘဲ ပထမအဆင့်ကို ဖြတ်ပြီးသားအဖြစ် သတ်မှတ်ပေးပါတယ်။

ဒါကြောင့် ဂျပန်တက္ကသိုလ်တချို့က Engineering ကျောင်းသားတွေဟာ ဘွဲ့ရပြီးတာနဲ့ ဒီအဆင့်ကို ကျော်ပြီးသား ဖြစ်နေပါတယ်။

📌 ဒါဆို ဘယ်သူတွေ ဖြေကြတာလဲ?

* ဂျပန်မဟုတ်တဲ့ နိုင်ငံခြားမှာ undergraduate ပြီးပြီး Engineering ဘွဲ့ရထားသူတွေ
* JABEE Program မဟုတ်တဲ့ ကျောင်းက ဘွဲ့ရထားသူတွေ
* 技術士 Qualification လမ်းကြောင်းကို ဆက်သွားချင်တဲ့ Engineer တွေ

က အဓိက ဖြေဆိုကြပါတယ်။

技術士 နဲ့ 1級土木施工管理技士 ဘာကွာလဲနဲ့ ကိုယ်သွားချင်တဲ့ career ပေါ်မူတည်ပြီး ဘာကိုအရင်ဖြေသင့်လဲဆိုတာကို နောက်ပို့စ်တွေမှာ မျှဝေပေးသွားပါမယ်။

ဂျပန်မှာ အလုပ်မဝင်ခင် ၁ နှစ်လောက်အလို ကျောင်းတက်နေစဉ်ကတည်းက အလုပ်ရှာရပါတယ်။မြန်မာနိုင်ငံမှာတော့ ကျောင်းပြီးခါနီးမှ CV ပိ...
12/06/2026

ဂျပန်မှာ အလုပ်မဝင်ခင် ၁ နှစ်လောက်အလို ကျောင်းတက်နေစဉ်ကတည်းက အလုပ်ရှာရပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျောင်းပြီးခါနီးမှ CV ပို့ပြီး အလုပ်ရှာကြတာ များပါတယ်။

ဒါပေမယ့် ဂျပန်မှာတော့ ပုံစံနည်းနည်း ကွာပါတယ်။

ကျောင်းသားအများစုက ဘွဲ့မရခင် ၁ နှစ်လောက်အလိုကတည်းက Job Hunting (就職活動) ကို စတင်ကြပါတယ်။

ဝန်းက 2024 ခုနှစ် မတ်လမှာ Master ဘွဲ့ရခဲ့တာဖြစ်ပေမယ့် အလုပ်ရှာတာကိုတော့ 2022 ခုနှစ် ဇူလိုင်လလောက်ကတည်းက စခဲ့ပါတယ်။

အဲ့ဒီအချိန်မှာ အလုပ်မလျှောက်သေးပါဘူး။
အရင်ဆုံး လုပ်ခဲ့တာက Company တွေကို လေ့လာတာပါ။
Civil Engineering Field ထဲမှာ ဘယ်လို Company မျိုးတွေ ရှိလဲ။

General Contractor လား?
Consultant လား?
Research ဘက်လား?

ဘယ်လို အလုပ်အမျိုးအစားတွေ ရှိလဲ ဆိုတာတွေကို Seminar တွေ တက်ရင်း လေ့လာခဲ့ပါတယ်။
Job Hunting မှာ Company ရွေးတာက အလုပ်လျှောက်တာထက်တောင် ပိုအရေးကြီးတယ်လို့ ဝန်းထင်ပါတယ်။

Company တစ်ခုကို ရွေးပြီးရင်တော့ Entry Sheet တင်ရတယ်။
Interview တွေ ဖြေရတယ်။
SPI စာမေးပွဲ ဖြေရတယ်။
Company ပေါ်မူတည်ပြီး Technical Test တွေလည်း ရှိတတ်ပါတယ်။

ဝန်း ဝင်ခဲ့တဲ့ Company မှာတော့

✔️ Entry Sheet

✔️ First Interview

✔️ SPI Exam

✔️ Second Interview

✔️ Final Interview + Technical Exam

ဆိုပြီး အဆင့်ဆင့် ဖြတ်သန်းခဲ့ရပါတယ်။

Entry Sheet တင်ပြီး Result သိရတဲ့အထိ ၁ လလောက်ပဲ ကြာခဲ့ပေမယ့် အဲ့ဒီ ၁ လအတွက် ပြင်ဆင်ခဲ့ရတာက လပေါင်းများစွာ ဖြစ်ပါတယ်။

ဂျပန်စာအပြင်
Communication Skill
Interview Skill
Industry Knowledge
တွေကိုလည်း တပြိုင်တည်း ပြင်ဆင်ထားဖို့ လိုပါတယ်။

ဝန်းရဲ့ Timeline ကတော့ ဒီလိုပါ။

📌 2022 ဇူလိုင် ~ 2023 ဖေဖော်ဝါရီ

* Seminar တွေတက်ရောက်
* Company Research လုပ်
*internship တွေလိုက်ဆင်း

📌 2023 ဖေဖော်ဝါရီ ~ မတ်

* Entry Sheet တွေတင်
* Interview တွေဖြေ
* Job Offer (内定) ရ

📌 2023 အောက်တိုဘာ

* 内定式 တက်ရောက်

📌 2024 မတ်

* Master ဘွဲ့ရ

📌 2024 ဧပြီ

* အလုပ်စဝင်

ဂျပန်မှာ အလုပ်ရတာလွယ်တယ်လို့ ပြောတဲ့သူတွေတွေ့ရင် ဘယ်လိုလွယ်တာလဲသိချင်မိတယ်။
ဝန်း အတွက်ကတော့မလွယ်ခဲ့ပါဘူး။
မာစတာ တတ်ရင်းပြင်ရတာဖြစ်တဲ့အတွက် ကြားထဲမှာ research လည်းလုပ်ရတယ်၊ဂျပန်စာလည်းလေ့လာရတယ်၊ part-time ကလည်း လုပ်ရသေးတယ်။
ပြီးရင်ဆို job hunting စပြီဆိုတာနဲ့ နယ်ပယ်တူတဲ့ company တွေက ရှေ့နောက်ဘဲကွာတယ်၊ interview process တွေက တချိန်တည်းစတာပါ။
company တခုထဲကိုဘဲ လျှောက်တာမဟုတ်တဲ့အတွက် company 2ခု 3ခုကို တပြိုင်တည်းပြင်ရပါတယ်။

ကိုယ်စိတ်ဝင်စားတဲ့ company ပေါ်လိုက်ပြီး entry sheet ကိုပြောင်းရေးနိုင်ဖို့ အလွန်အရေးကြီးပါတယ်။

တခြားသိချင်တာများရှိရင် comment မှာမန့်ပေးပါရှင်။

အားလုံးဘဲလိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေ~

အသက် ၂၅ ကျော်မှ ဂျပန်မှာ Master တက်ရင် နောက်ကျသွားပြီလား?👩🏻‍🎓ဝန်းကို လာပြောကြတဲ့ မောင်ငယ်တွေ ညီမငယ်တွေအထဲမှာ“အခုမှ ဂျပန်...
11/06/2026

အသက် ၂၅ ကျော်မှ ဂျပန်မှာ Master တက်ရင် နောက်ကျသွားပြီလား?👩🏻‍🎓

ဝန်းကို လာပြောကြတဲ့ မောင်ငယ်တွေ ညီမငယ်တွေအထဲမှာ
“အခုမှ ဂျပန်စာ စသင်နေတာ မာစတာဆက်တက်ရမလား”
“အခုမှ Bachelor ပြီးတာ မာစတာ ဆက်တက်သင့်/မသင့်”
“အလုပ်လုပ်နေတာ နှစ်အနည်းငယ်ရှိပြီ မာစတာပြန်တက်ချင်လို့”
“အသက် ၂၇၊ ၂၈၊ ၃၀ ဖြစ်နေပြီ Master တက်ဖို့ နောက်ကျသွားပြီလား?” လို့ စိုးရိမ်နေကြတာတွေ ခဏခဏ တွေ့ရပါတယ်။

ဝန်းက အသက် ၂၅ နှစ်မှာ ဂျပန်ကို စရောက်ပြီး Master စတက်ခဲ့ပါတယ်။
ကိုယ်နဲ့အတူ စာသင်ရတဲ့ ဂျပန်ကျောင်းသားအများစုကတော့ ၂၃ နှစ်ဝန်းကျင်တွေ ဖြစ်ကြတယ်။
နိုင်ငံခြားသားကျောင်းသားတွေထဲမှာတော့ အသက် ၂၅ နှစ်ကနေ ၃၂ နှစ်အထိ အရွယ်စုံရှိကြတယ်။
တော်တော်များများကလည်း ကိုယ့်နိုင်ငံမှာ အလုပ်လုပ်ပြီးမှ Master ပြန်တက်ကြတာဖြစ်တယ်။

Master တက်တာက အသက်အရွယ်ထက် ကိုယ့်ရည်မှန်းချက်နဲ့ ပိုဆိုင်တယ်လို့ထင်ပါတယ်။
၂ နှစ်တာ အချိန်ပေးရမှာဖြစ်တဲ့အတွက် ကိုယ်တကယ် စိတ်ဝင်စားတဲ့ ဘာသာရပ်ဖြစ်ဖို့ လိုပါတယ်။
အဲ့၂နှစ်ထဲမှာ ကိုယ်တယောက်တည်း စာတမ်းတွေဖတ်ရမယ်၊ Research လုပ်ရမယ်၊ Professor နဲ့ ဆွေးနွေးရမယ်။
ကိုယ်စိတ်မဝင်စားတဲ့ အကြောင်းအရာဆိုရင် အဲ့ဒီ ၂ နှစ်ကို ဖြတ်သန်းဖို့ မလွယ်ပါဘူး။

ဝန်းကတော့ Geotechnical Engineering အပိုင်းကို Research လုပ်ပြီး Master ပြီးခဲ့တာပါ။Undergraduate တုန်းက သင်ခဲ့တာထက် ပိုပြီးနက်နက်နဲနဲ သိချင်လို့ Master တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့်
Master တက်နေတဲ့အချိန်မှာရော၊ ပြီးသွားတဲ့နောက်မှာပါ
“Master မတက်ဘဲ အလုပ်စောစောဝင်ခဲ့ရင်ရော…”
လို့ တွေးမိတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။
အဲ့လိုတွေးမိတဲ့ အကြောင်းရင်းကတော့ ပိုက်ဆံပါပဲ။

ဂျပန်မှာ Undergraduate ပြီးတာနဲ့ အလုပ်ဝင်တဲ့သူဆိုရင် အသက် ၂၃နှစ်ကတည်းက လစာရနေပြီ။
ဝန်းကတော့ Master ၂ နှစ်တက်ပြီး အသက် ၂၇ နှစ်မှ အလုပ်စဝင်ခဲ့တာမို့အသက်တူတဲ့သူတစ်ယောက်နဲ့ ယှဉ်ရင် အလုပ်အတွေ့အကြုံ ၄နှစ်၊ ငွေစုဆောင်းထားတဲ့ ၄နှစ် ဆိုတဲ့ ကွာခြားချက်ကြီးရှိတာပေါ့နော်။

ဒါပေမဲ့လည်း ဝန်းကနိုင်ငံခြားမှာ မာစတာဘွဲ့ရချင်တာကအိမ်မက်ဖြစ်မဲ့တာမလို့ မာစတာတက်ဖြစ်ခဲ့တာ အပျော်ဆုံးပါဘဲ။
မာစတာတက်လို့ ရခဲ့တဲ့ သူငယ်ချင်းတွေ connections အသိုင်းအဝိုင်းတွေကလည်း တန်ဖိုးမဖြတ်နိုင်တဲ့အရာတွေပါ။
ပြီးရင်ဆို Master တက်ခြင်းကနေ ရခဲ့တဲ့ ပညာ၊ Research Experience နဲ့ Career Opportunity တွေလည်း ရှိပါတယ်။

ဒါကြောင့် Pros ရှိသလို Cons လည်း ရှိတယ်။

အရေးကြီးတာက “ဘယ်ဟာမှန်လဲ” မဟုတ်ဘဲ “ဘယ်ဟာက ကိုယ့်အတွက် သင့်တော်လဲ” ဆိုတာပါ။

ကိုယ်တိုင် စဉ်းစားပြီး ရွေးချယ်ထားတဲ့ လမ်းက အခက်အခဲတွေ ကြုံလာတဲ့အခါ ပိုပြီး တောင့်ခံနိုင်ပါတယ်။

အားလုံးဘဲ လိုရာပန်းတိုင်ကို လျှောက်လှမ်းနိုင်ကြပါစေ~

YouTube ကနေချက်ပုံချက်နည်းတွေကြည့်လိုအပ်တဲ့ အမယ်တွေကို ဟိုစုဒီစုနဲ့  ချက်ထားတဲ့မာလာဟင်း😍🤤
10/06/2026

YouTube ကနေချက်ပုံချက်နည်းတွေကြည့်

လိုအပ်တဲ့ အမယ်တွေကို ဟိုစုဒီစုနဲ့ ချက်ထားတဲ့

မာလာဟင်း😍🤤

⚠️ ဂျပန်ကို ရောက်ခါစသူတွေကို သတိပေးချင်တာက ဖုန်းထဲကို ဝင်လာတဲ့ Message တွေကို သတိထားကြပါ။နေတာကြာတဲ့သူတွေကတော့ ခဏခဏကြုံဖူ...
10/06/2026

⚠️ ဂျပန်ကို ရောက်ခါစသူတွေကို သတိပေးချင်တာက ဖုန်းထဲကို ဝင်လာတဲ့ Message တွေကို သတိထားကြပါ။

နေတာကြာတဲ့သူတွေကတော့ ခဏခဏကြုံဖူးမယ်လို့ထင်ပါတယ်။

မိမိရဲ့ ဖုန်းနံပါတ်ကို မသိတဲ့နံပါတ်တွေက Message တွေ ခဏခဏ ဝင်လာတတ်ပါတယ်။

စာရဲ့ ပုံစံကတော့

“ဒီ Link ကို နှိပ်ပြီး စစ်ဆေးပါ”

“အခုချက်ချင်းငွေပေးချေဖို့လိုအပ်ပါတယ်”

“ရေဖိုး မီးဖိုး မပေးဆောင်ရသေးပါဘူး။ ချက်ချင်းမပေးဆောင်ရင် ဖြတ်လိုက်ပါမယ်။”

“အကောင့်ကို အတည်ပြုပါ”

“အရေးကြီးတဲ့ အကြောင်းကြားစာ ရှိပါတယ်”

ဆိုတဲ့ ပုံစံမျိုးတွေနဲ့ Link တစ်ခုကို နှိပ်ကြည့်ဖို့ တိုက်တွန်းထားတာ များပါတယ်။

ဝန်းဆီကိုလည်း အဲ့လို Message တွေ ခဏခဏ ဝင်လာဖူးပါတယ်။
ပြထားတဲ့ပုံတွေကတော့ ရောက်လာတဲ့ message အချို့တွေပါ။
အဲ့လို message ကနေပို့လာတဲ့ Link တွေဆို တခါမှ မနှိပ်ကြည့်ပါဘူး။

ဘာလို့လဲဆိုတော့ Link တစ်ခုကို မှားပြီး နှိပ်လိုက်တာနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေါက်ကြားသွားနိုင်သလို လိမ်လည်သူတွေရဲ့ ပစ်မှတ်ဖြစ်သွားနိုင်လို့ပါ။

တချို့ Message တွေဆိုရင် တကယ်အရေးကြီးတဲ့ အကြောင်းအရာလိုမျိုး ရေးထားတာကြောင့် မသိလိုက်ဘဲ နှိပ်မိနိုင်ပါတယ်။

ဒါကြောင့် Message တစ်စောင် ဝင်လာတိုင်း

✅ ပေးပို့သူရဲ့ နာမည်

✅ ဖုန်းနံပါတ်

✅ စာထဲက အကြောင်းအရာ

တွေကို သေချာစစ်ဆေးကြည့်ပါ။

မသင်္ကာဘူးလို့ ထင်ရင် Link ကို မနှိပ်ဘဲ ဖျက်ပစ်လိုက်တာဖြစ်ဖြစ်၊ Block လုပ်လိုက်တာဖြစ်ဖြစ် အကောင်းဆုံးပါပဲ။

ကိုယ်တိုင် သတိထားနိုင်သလို မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း သတိပေးထားကြပါနော် 🙏

ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။ကြောက်လို့ မလုပ်တာနဲ့လုပ်ပြီးမှ ကြုံရတဲ့ ပြဿနာတွေကို နှိုင်းယှဉ်ကြည့်ရင်လူအများစုက ပထ...
09/06/2026

ဘာမှမလုပ်ရင် ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ကြောက်လို့ မလုပ်တာနဲ့
လုပ်ပြီးမှ ကြုံရတဲ့ ပြဿနာတွေကို နှိုင်းယှဉ်ကြည့်ရင်
လူအများစုက ပထမတစ်ခုမှာပဲ အချိန်ကုန်နေကြတယ်။

တကယ်တော့…
ကိုယ်စိုးရိမ်နေတဲ့အရာတော်တော်များများက
ဖြစ်မလာတတ်ပါဘူး။

တွေးနေတာကို ခဏရပ်ပြီး စလုပ်ကြည့်ပါ။ ✨

ဘဝက ပြောင်းလဲသွားတာ စဉ်းစားနေလို့ မဟုတ်ဘဲ
စတင်လုပ်ဆောင်လိုက်တဲ့အချိန်ကစတာပါ။

🎓 ဂျပန်မှာ Master Degree တက်တာ အလုပ်ရဖို့ တကယ်အကျိုးရှိလား?“Master တက်ရင် အလုပ်ရဖို့ ပိုလွယ်သွားလား?” ဆိုပြီး ဝန်းကို မက...
09/06/2026

🎓 ဂျပန်မှာ Master Degree တက်တာ အလုပ်ရဖို့ တကယ်အကျိုးရှိလား?

“Master တက်ရင် အလုပ်ရဖို့ ပိုလွယ်သွားလား?” ဆိုပြီး ဝန်းကို မကြာခဏ မေးကြပါတယ်။

ဝန်းရဲ့ အတွေ့အကြုံအရ ပြောရရင်…
ဂျပန်မှာ Master Degree ပြီးထားမှ အလုပ်ကောင်းရမယ်ဆိုတာ မဟုတ်ပါဘူး။
Bachelor Degree ပြီးထားရင်လည်း Company ကောင်းတွေမှာ အလုပ်ရနိုင်ပါတယ်။

ဒါပေမယ့် တခုရှိတာက Working Experience မရှိသေးတဲ့ Fresh Graduate တွေအတွက်ကတော့ ဂျပန်မှာ ပညာသင်ပြီးထားတဲ့သူတွေကို ကုမ္ပဏီတွေက ပိုပြီး အခွင့်အရေးပေးတတ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ သူတို့က ဂျပန်ပညာရေးစနစ်၊ ဂျပန်ယဉ်ကျေးမှုနဲ့ Communication Style ကို နားလည်ပြီးသား ဖြစ်နေတတ်လို့ပါ။

အဲ့ကြောင့် အခုနောက်ပိုင်း ဂျပန်မှာ မာစတာ ဒါမှမဟုတ် တက္ကသိုလ်တက်ပြီးမှ အလုပ်ဝင်ဖို့ စဉ်းစားတဲ့သူတွေများလာတာလည်းဖြစ်ပါတယ်။
အခုဆိုရင် ဂျပန်မှာ ပညာလာသင်နေတဲ့ မြန်မာကျောင်းသားဦးရေကလည်း တိုးလာနေပါတယ်။

JASSO ရဲ့ 2025 စာရင်းအရ ဂျပန်မှာ ပညာသင်နေတဲ့ မြန်မာကျောင်းသားဦးရေ 29,413 ယောက်ရှိပြီး အရင်နှစ်ထက် 43.6% တိုးလာခဲ့ပါတယ်။

ဒါက အခွင့်အလမ်းတွေ များလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်တစ်ခု ဖြစ်သလို Competition တွေလည်း ပိုများလာနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

ဂျပန်စာ၊ Academic Skill၊ Career Plan စတာတွေကို ကြိုတင်ပြင်ဆင်ထားတဲ့သူတွေက ပိုပြီး အခွင့်အလမ်းရနိုင်ပါတယ်။ အဲ့တာကြောင့် ဂျပန်မှာ ကျောင်းပြီးရင် ဘာလုပ်မယ်ဆိုတဲ့ ကိုယ်ရဲ့ career plan ကိုပါ ကြိုတင်စဉ်းစားထားစေချင်ပါတယ်။

ဝန်း Master တက်ခဲ့တဲ့အချိန်နဲ့ နှိုင်းယှဉ်ရင် အခု Generation က အများကြီး ကံကောင်းပါတယ်။

အဲ့ဒီတုန်းက AI Tools တွေ မရှိသေးဘူး။

Scholarship Application ရေးနည်း၊ Motivation Letter ရေးနည်း၊ Interview ဖြေနည်းတွေကို Senior အကိုအမတွေ ပြောပြတာကို မှတ်သားပြီး ကိုယ့်ဘာသာ ကြိုးစားခဲ့ရတာပါ။

အခုတော့ Information တွေလည်း ပိုများလာတယ်။ AI Tools တွေလည်း ရှိလာတယ်။

ဒါပေမယ့် အရေးကြီးဆုံးကတော့ Tool တွေရှိတာတင်မဟုတ်ဘဲ ကိုယ်တိုင်အစွမ်းအစကိုသုံးပြီး ပြင်ဆင်ဖို့လိုပါတယ်။

ဝန်းအတွက်တော့ Master တက်ခဲ့တဲ့ ကာလဟာ Degree တစ်ခုရဖို့ထက်…

အလုပ်ရဖို့ လိုအပ်တဲ့ Skill တွေကို သင်ယူတည်ဆောက်နိုင်ခဲ့သလို၊ ဂျပန်မှာ ကိုယ်တကယ်လိုချင်တဲ့ ဘဝပုံစံကိုလည်း ပိုပြီး ရှင်းရှင်းလင်းလင်း မြင်လာစေခဲ့ပါတယ်။

အဲ့ဒီအချိန်ကာလဟာ ကိုယ်လိုချင်တဲ့ အနာဂတ်ဆီ တစ်လှမ်းချင်း လျှောက်လှမ်းနိုင်ဖို့ တွန်းအားပေးခဲ့တဲ့ အရေးကြီးတဲ့ အချိန်ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။

အားလုံးဘဲ လိုချင်တဲ့ပန်းတိုင်ကိုလျှောက်လှမ်းနိုင်ကြပါစေ~

ဒီကိစ္စကလေ ရဲစခန်းကနေ အလိမ်ခံရကြောင်းထောက်ခံစာယူပြီး Paypay ဘက်ကိုတင်ပြလိုက်တော့ ကိုယ်လွဲခဲ့တဲ့ ငွေ ပမာဏအတိုင်း ပြန်ရလို...
09/06/2026

ဒီကိစ္စကလေ ရဲစခန်းကနေ အလိမ်ခံရကြောင်းထောက်ခံစာယူပြီး Paypay ဘက်ကိုတင်ပြလိုက်တော့ ကိုယ်လွဲခဲ့တဲ့ ငွေ ပမာဏအတိုင်း ပြန်ရလိုက်တယ်။

ဂျပန်မှာ online ကနေ လိမ်တာတွေ တော်တော်များပါတယ်။

လိမ်လို့ လိမ်နေမှန်း မသိရဘဲ ပိုက်ဆံပါသွားမှ လိမ်ခံရပါလားလို့ သိရတာမျိုး အကွက်သေချာဆင်ပြီး လိမ်ကြပါတယ်။

ဝန်း ဒီတခေါက် ကြုံလိုက်ရတာက ပမာဏအများကြီး မဟုတ်ပေမဲ့ အားလုံး သတိထားနိုင်အောင် ပြောပြပေးပါမယ်။

Online ကနေ 食洗機အတွက်လိုအပ်တဲ့ ရေသွင်းရေထုတ် ပိုက်ကို golden week အစမှာ မှာလိုက်ပါတယ်။ ဂျပန်ငွေ 6500ကျသင့်ပြီး weekday 5 ရက်အတွင်း ပို့ပေးမယ်လို့ ရေးထားပေမဲ့ ရောက်မလာခဲ့ပါဘူး။

Company အတိအကျနဲ့ website အတိအကျနဲ့ ရောင်းနေတာမို့ အလိမ်လို့ သတိမထားခဲ့မိဘူး။
ဒီနေ့မနက်ရောက်တော့ ပစ္စည်းပြတ်နေလို့ မပို့နိုင်ကြောင်း စာလာပါတယ်။

ပိုက်ဆံပြန်အမ်းပေးမှာမလို့ Line ကနေ ဆက်သွယ်ပေးပါဆိုပြီး Line account ကိုပါ ပေးပို့လာပါတယ်။ Line ကနေဆက်သွယ်တော့ Paypay ကနေ ငွေပြန်အမ်းပေးနိုင်တာမလို့ Paypay ကနေ ငွေတောင်းခံလွှာ link ကို ပို့ခိုင်းပါတယ်။

ပို့ပြီးတဲ့ အချိန်မှာ ဝန်း ရဲ့ Paypay account က လက်ခံရမဲ့ ပမာဏ limit ရှိနေတာမလို့ ပို့လို့မရကြောင်း screenshot ပို့လာပြီး ပြောလာပါတယ်။
တဆက်တည်းမှာဘဲ တခြား ငွေပြန်အမ်းလို့ရမဲ့ နည်းလမ်းပြောပြမယ်ဆိုပြီး line ကနေ ဖုန်းနဲ့ ဆက်သွယ်ရှင်းပြပါတယ်။

တဖက်က လူမျိုးက Tရုတ်လူမျိုးဖြစ်ကြောင်း ဖုန်းစပြောတဲ့ အချိန်ကစပြီး သိလိုက်ပါတယ်။
ဝန်း ရဲ့ Paypay account က error ဖြစ်နေတာမလို့ bank ကနေ ငွေလွဲပေးပါမယ်၊ ဒါပေမဲ့ သူပြောတဲ့ bank account ကို ဝန်းရဲ့ bank account ကနေ security code ထည့်ပေးရမယ်လို့ ပြောပါတယ်။

Bank account ကနေ ငွေလွဲတဲ့နေရာမှာ ငွေပမာဏ ဖြည့်တဲ့နေရာကလွဲပြီး security code ကို တဖက်လူကပြောပြပြီး ထည့်တယ်ဆိုကတည်းက အဓိပ္ပာယ်မရှိတော့တာပါ။
ပြီးတော့ သူဖြည့်ခိုင်းတဲ့ ကွက်လပ်နေရာက လွဲရမဲ့ ပိုက်ဆံ amount နေရာကြီး🥲
ပြောတဲ့ security code က 48325
ဂျပန်ငွေ ၄သိန်းကျော်တောင် ယူချင်တာ တာကောတို့က☺️

အဲ့တာနဲ့ “မဟုတ်သေးဘူး ငါ Paypay ကိုဘဲ error အရင်ဖြည်မယ်” လို့ပြောတော့
သူတို့ဘက်က ပြန်လွဲပေးလို့ရတဲ့ အချိန် limit ရှိတယ်လို့ ပြောရော
အခုမဟုတ်ရင်ဆို နင် 6500 ပြန်မရတော့ဘဲနဲ့ နောက်မှဆိုရင် 4000 ဘဲပြန်ရမယ်ဆိုပြီး စပြောတယ်။
ရတယ်… 4000ဆိုလည်း ကိစ္စမရှိဘူး ငါ Paypay ကနေဘဲ error ဖြည်ပြီး ပြန်ဆက်သွယ်မယ် လို့ပြောလိုက်တော့ တာကောကြီး စိတ်ညစ်သွားတယ်

また連絡してくださいဆိုပြီး ဖုန်းချသွားတယ်။

Paypay service center ကို အကြောင်းစုံပြောပြပြီး မေးကြည့်တော့ တဖက်လူက ကိုယ့်အကော့ဒ် 制限かかってる limit ရှိကြောင်းကို မသိနိုင်ကြောင်းနဲ့ တခါတည်းမှာ ဝန်းရဲ့ account ကလည်း အဲ့လို error ဖြစ်မနေကြောင်းကို ပြောပြပါတယ်။

တာကောနဲ့ ဖုန်းပြောတုန်း အသံသွင်းထားတာရယ် Paypay service centre ရဲ့ အဖြေကို အသံသွင်းထားတာရယ်နဲ့ အခု ရဲစခန်းမှာ သွားအကြောင်းကြားထားလိုက်ပါပြီ။

လိမ်တဲ့သူကလိမ်နေမှန်း လုံးဝ မခံစားရအောင်လုပ်ပြီး
တဖက်လူကို pressure ပေး အကျပ်ရိုက်ပြီး သူပြောတဲ့အတိုင်း လိုက်လုပ်အောင် စေခိုင်းတာကို ခံစားမိတယ်။

နည်းနည်းလေးဘဲဖြစ်ဖြစ် မင်္သကာဘူးထင်တာနဲ့ စဉ်းစားအုံးမယ်လို့ ပြောပြီး ရှောင်ထွက်လိုက်ပါ။

Address

Tokyo
Yangon

Website

Alerts

Be the first to know and let us send you an email when MylifeinJapan : Won posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MylifeinJapan : Won:

Share