28/04/2025
မပေါ့ဆသင့်သော ခွေးရူးပြန်ရောဂါ
Exorcism လို သရဲကားတွေ၊ Dracula လို သွေးစုပ်ဖုတ်ကောင်ကားတွေ၊ Warewolf လို သမန်းဝံပုလွေကားတွေ ကြည့်ရတော့ ဟိုရှေးယခင်က ခွေးရူးပြန်ရောဂါကို သိပ္ပံနည်းကျ မသိခင်မှာ ပုံစံအမျိုးမျိုး မှတ်ယူခဲ့တယ်။ တစ်ဆင့်စကား တစ်ဆင့်နားနဲ့ ဇာတ်လမ်းပေါင်းများစွာ ဖြစ်လာခဲ့တယ်လို့ ယူဆမိပါတယ် (မိမိယူဆချက်)။ ရောဂါပိုးကို ရှာဖွေသိရှိပြီးပြန်ပေမည့် ကာကွယ်မည့် နည်းလမ်းကို မတွေ့ခင်တစ်ချိန်ကဆို ခွေးရူးကိုက်ခံရပြီးရင် su***de လုပ်တဲ့သူတွေပါ ရှိခဲ့ပါတယ်။ ခွေးရူးဖြစ်တဲ့သူကိုလဲ ယခုထက်တိုင် ကုသနည်းမရှိသေးလို့ ဆေးရုံမှ ပေးပြန်လိုက်ရပြီး အပမှီတယ်ဆိုကာ အထက်လမ်း၊ အောက်လမ်းဆရာများနဲ့ ပြသ၍ ရိုက်နှက်ခံရ၊ အနှိပ်စက်ခံရကာ အတွင်းကောအပြင်ပါ ဝေဒနာခံစား၍ အသက်ဆုံးရှုံးကြရပါတယ်။ ယခုအခါ ခွေးရူးကာကွယ်ဆေး vaccines အပြင် အဆိပ်ချပိုးသတ်ဆေး immunoglobulin ပါ ရှိနေပြီဖြစ်ပေမည့် ကျန်းမာရေးအသိပညာနည်းပါးခြင်း၊ ဆေးပစ္စည်းများ လက်လှန်းမမှီနိုင်ခြင်းနှင့် ကုန်ကျစရိတ်များ မတတ်နိုင်ခြင်းတို့ကြောင့် ခွေးရူးရောဂါလူနာတွေကို ရံဖန်ရံခါ တွေ့နေရဆဲဖြစ်ပါတယ်။ တကမ္ဘာလုံးအရဆို တစ်နှစ်ကို လူ ၅၉,၀၀၀ သေဆုံးပါတယ်။ အဖြစ်အများဆုံးကတော့ အာရှနဲ့ အာဖရိက နိုင်ငံတွေမှာပါ။
🐶🐱🐺🐯ခွေးရူးပြန်ရောဂါဆိုတာ🐻🐹🐭🐰
Rabies virus လို့ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်ခုပါ။ သူက ခွေး၊ ကြောင်၊ ကြွက်၊ လင်းနို့၊ ယုန်၊ ပူး စတဲ့ နို့တိုက်သတ္တဝါတွေမှာ ဖြစ်ပွားပြီး လူကို ကိုက်ခံရ၊ ကုတ်ခံရတဲ့ ဒဏ်ရာမှတဆင့်ဖြစ်စေ၊ ပေါက်ပြဲနေသော အရေပြားပေါ် ပိုးပါသော တံထွေး ထိတွေ့ခြင်းမှဖြစ်စေ၊ ပိုးရှိသော လင်းနို့၏ အညစ်အကျေးများဖြင့် မွန်ထူသော လေထုကို ရှူမိခြင်းမှဖြစ်စေ ကူးစက်ပါတယ်။ ပိုးရှိသူရဲ့ ခန္ဓာကိုယ်အစိပ်အပိုင်းတစ်ခုခုကို အစားထိုးကုသရာမှလဲ ကူးစက်ခံရတတ်ပါတယ်။ (ဥပမာ မျက်ကြည်လွှာ အစားထိုးကုသခြင်း)
🐺🐶🐱🐯ဘယ်လို့ပြန့်ပွားလဲ၊ ဘယ်လိုလက္ခဏာပြလဲ🦝🦊🐰🐭
အကိုက်ခံရသော ဒဏ်ရာမှ အာရုံကြောထဲကိုဝင်ရောက်တယ်၊ ဦးနှောက်ထိတက်ပြီးပွားတယ်၊ ဦနှောက်ယောင်ရောဂါရတယ်၊ အာရုံကြောငယ်ကနေ ပြန်ဆင်းတယ် တံထွေးဂလင်းမှာပွားတယ်၊ နောက်ထပ်ကိုက်ခံရသူတွေကို ထပ်ကူးပါတယ်။
လက္ခဏာတွေကတော့ ရောဂါအဆင့်ပေါ်မှုတည်ပါတယ်။ incubation period ရောဂါလက္ခဏာမပြဘဲ ခန္ဓာကိုယ်ထဲမှာ ပိုးပွားချိန်ဟာ ကိုက်ခံရသောနေရာ၊ ဒဏ်ရာအကြီးအသေး၊ ခုခံအားပေါ် မှီခိုပြီး ရက်ပိုင်းမှ နှစ်ပိုင်းထိ ကြာတတ်ပါတယ်။ ကိုက်ခါစမှာ ဒဏ်ရာက ထုံကြင်ယားယံတာ ရှိတတ်ပါတယ်။ Prodromal period ရောဂါလက္ခဏာပြစမှာ သာမန်ဖျားနာသလို ဖြစ်ပါတယ်။ ပြီးရင်တော့ encephalitis ဦးနှောက်ရောင်တဲ့ အဆင့်ရောက်ပါပြီ။ ဒီအဆင့်မှာ သုံးမျိုးဖြစ်နိုင်ပါတယ်။ Furious rabies ပြင်းထန်ခွေးရူးဆိုရင်တော့ အစာရေမြိုကြွက်သားတွေ ကြွက်တက်သလိုဖြစ်လို့ ရေမြင်ရင် ဖြစ်စေ၊ ရေသံကြားရင်ဖြစ်စေ တက်သလိုဖြစ်ပါတယ်။ ယတ်ခတ်ရင်လဲ လေကိုမခံနိုင်ပဲ တက်သလိုဖြစ်ပါတယ်။ တံထွေးတွေ မြိုမချနိုင်လို့ အမြှုတ်တစီစီဖြစ်ပါတယ်။ ရေငတ်အစာငတ်လို့ ရန်လိုနေပါတော့တယ်။ နောက်ဆုံး ကိုမားဝင်ပြီး အသက်ဆုံးရှုံးရပါတယ်။ Dumb rabies ထုံထိုင်းခွေးရူးဆိုရင်တော့ အကြောတွေထုံထိုင်းကာ သွက်ချာပါဒ ခြေလက်မသယ်နိုင် လေဖြန်းသလို ဖြစ်ပါတယ်။ သူလဲပဲ တဖြည်းဖြည်း ရောဂါဆိုးလာကာ အသက်ဆုံးရှုံးရတတ်ပါတယ်။ Atypical rabies မှာတော့ ဘာမှ ရောဂါလက္ခဏာ ရေရေရာရာမပြပေမည့် ပိုးကူးစက်ခံနေရပါတယ်။
ခွေးရူးပြန်ရောဂါဟာ သေဆုံးနိုင်မှု အမြင့်ဆုံးပါ။ ရောဂါဖြစ်ရင် ၁၀၀% ရာနှုန်းပြည့် သေပါတယ်။ တကမ္ဘာလုံး ကုဖို့ကျိုးစားတာ တစ်ယောက်ပဲ ရှင်ဖူးပါတယ်။ Jeanna Gieseဆိုတဲ့ အမျိုးသမီးပါ။
🐺🐶🐱🐯ကာကွယ်ခြင်းသာ တစ်ခုထဲသော ကုသမှုပါ။🐻❄️🐼🐯🐱
ရောဂါကူးစက်ခံရနိုင်ချေမြင့်မားသော အလုပ်အကိုင်တွေ လုပ်ကိုင်နေကြတဲ့ တိရိစ္ဆာန်ကုဆရာဝန်တွေ၊ တောတွင်းတိရိစ္ဆာန် လေ့လာရေးပညာရှင်တွေ၊ မွေးမြူရေးလုပ်ကိုင်သူတွေအနေဖြင့် ကြိုတင်ကာကွယ်ဆေး pre-exposure prophylaxis vaccines ထိုးထားသင့်ပါတယ်။ (၃လုံးထိုးရပါတယ်) ဒါမှသာ ထိရောက်စွာ ကာကွယ်နိုင်မှာပါ။
ကိုက်ခံရရင်တော့ ဒဏ်ရာပြင်းထန်မှု World Health Organization wound category ပေါ်မူတည်ပြီး ဆုံးဖြတ်ရပါတယ်။
ပေါက်ပြဲမှုမရှိ၊ ကျန်းမာသောအရေပြားကို လျှာနဲ့ယက်မိ၊ ငုံခဲကာ အရေပြားမပေါက်ရင် Category 1ဖြစ်ပြီး သေခြာ ရေ၊ ဆပ်ပြာနဲ့ ဆေးရင် ရပါတယ်။
အကယ်၍ ကုတ်ခြစ်ခံရပြီး သွေးမထွက်ပါက Category 2ဖြစ်ကာ သေခြာ ရေ၊ ဆပ်ပြာ၊ အိုင်အိုဒင်းဆေးရည်နဲ့ ဆေးရပါတယ်။ ပြီးရင် ကာကွယ်ဆေး vaccine ထိုးရပါတယ်။ ၄-၅လုံး ထိုးရပါတယ်။
အကယ်၍ အရေပြားစုပ်ပြဲ သွေးထွက်တယ်၊ ပါးစပ်၊ မျက်စိနဲ့ အနာထဲကို တိရိစ္ဆာန်ရဲ့ တံထွေးဝင်တယ်ဆို category 3ဖြစ်ကာ ကာကွယ်ဆေး vaccine (၄-၅လုံးထိုးရပါတယ်) ကော အဆိပ်ချပိုးသတ်ဆေး immunoglobulin ပါ ထိုးရပါတယ်။ (၁-၂လုံးထိုးရပါတယ်)။
Vaccine ကို အရေပြားထဲ intradermal ထိုးရင်တော့ ဆေးပမာဏနဲပေမည့် ခွဲထိုးရတဲ့အတွက် လူလေးငါးယောက် စုပြုံထိုးမှ သင့်တော်ပါတယ်။
Credit Klean Cin