SINDA Shoes

SINDA Shoes ဒီဇိုင်းလှပြီး ကွာလတီမြင့် SINDA နဲ့အတူ ခြေလှမ်းသစ်
선공하는 곳으로 데려다드리려고 "신다"가 준비 되어 있다!

SINDA ဖိနပ်တွေ သဘောကျလို့ ထပ်ဆင့်မှာယူအားပေးကြတဲ့ အမာခံလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်။ လတ်တလောမှာ SINDA ကနေ ချစ်တဲ...
03/02/2025

SINDA ဖိနပ်တွေ သဘောကျလို့ ထပ်ဆင့်မှာယူအားပေးကြတဲ့ အမာခံလေးတွေအားလုံးကို ကျေးဇူးတင်ပါတယ်နော်။

လတ်တလောမှာ SINDA ကနေ ချစ်တဲ့အမာခံအားပေးသူလေးတွေအတွက် ပိုကောင်းတဲ့ကွာလတီကိုပေးနိုင်ဖို့ သပ်ရပ်ကျယ်ဝန်းတဲ့ စက်ရုံသစ်ဆီပြောင်းရွှေ့ အခြေချတော့မှာဖြစ်ပါတယ်။ ဒီလိုမျိုး စက်ရုံအပြောင်းအရွှေ့ကာလလေးမှာ SINDA အနေနဲ့ ဖိနပ်အော်ဒါလေးတွေကို ခေတ္တခဏရပ်ထားမှာဖြစ်ပြီး အားလုံးပြီးစီးသွားချိန်မှာတော့ ပုံမှန်အတိုင်း အော်ဒါပြန်လည်လက်ခံပေးသွားမှာမို့ ပေ့ချ်လေးကိုစောင့်ကြည့်ပေးပါဦးနော်။

"Gong Xi Fa Cai ...."မြွေနှစ်သို့ကူးပြောင်းမယ့် တရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးအခါသမယလေးမှာ ပြည်သူအပေါင်းသာယာပျော်ရွှင်ပြ...
29/01/2025

"Gong Xi Fa Cai ...."
မြွေနှစ်သို့ကူးပြောင်းမယ့် တရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကူးအခါသမယလေးမှာ ပြည်သူအပေါင်းသာယာပျော်ရွှင်ပြီး စီးပွားလာဘ်လာဘများတိုးပွားပါစေကြောင်း SINDA မှ ဆုမွန်ကောင်းတောင်းပေးပါတယ်။

28/01/2025

ထူးခြားချက်💎
ဒီဖိနပ်လေးဟာ ဘာကြောင့် သက်​တောင့်သက်သာ ဖြစ်ရတာလဲဆိုတာ ပြောပြမယ်နော်။

Outsoleကို မိမိတို့ရဲ့ ခြေဖဝါးပုံစံအတိုင်း 👣 ထိပ်ပိုင်း အစောင်းလေး ထုတ်လုပ်ထားတာကြောင့် ခြေဖဝါး၊ ခြေချောင်းတွေ နာမှာ လုံးဝ လုံးဝ စိတ်ပူစရာ မလိုတာပါပဲ။

နူးညံ့တဲ့ Leather အစစ်ရယ်၊ Pylon Outsoleဖြစ်လို့ ဖိနပ်စီးထားမှန်းမသိအောင် ပေါ့ပါးစေတဲ့အတွက် "မမ"တို့ အကြိုက်တွေ့စေမှာ အမှန်ပါပဲရှင့်😍




Promotion မရှိတော့ဘူးလားလို့ မေးနေတဲ့ SINDA ချစ်သူလေးတွေအတွက် Chinese New Year Promotion  လာပါပြီ။ 🧧 🏮SINDA ကနေ အသစ်ထုတ်...
25/01/2025

Promotion မရှိတော့ဘူးလားလို့ မေးနေတဲ့ SINDA ချစ်သူလေးတွေအတွက် Chinese New Year Promotion လာပါပြီ။ 🧧 🏮

SINDA ကနေ အသစ်ထုတ်လိုက်တဲ့ SW – A025 Shoes လေးက ဝတ်ရတာ ပေါ့ပါးတဲ့အပြင် ချုပ်ရိုးချုပ်သားတွေကအစ သပ်ရပ်ခိုင်ခံ့လို့ အမျိုးသမီးတွေရဲ့ ခြေဖဝါးလေးတွေကို တိမ်စိုင်လေးတွေပင့်ထားသလို ဖြစ်မှာ အသေအချာပါပဲ။ ☁️

ဇန်နဝါရီလ (24) ရက်ကနေ ဖေဖော်ဝါရီလ (14) ရက်နေ့အထိ မူရင်းဈေး (70,000) ကို (65,000) နဲ့ Promotion ကလည်း ချထားပေးဦးမှာဆိုတော့ အသစ်ကလေးကို တန်တန်လေးနဲ့ စီးလို့ရပြီကွာ။ 😍

အရောင်ကလည်း ရွေးချယ်စရာ နှစ်မျိုးတောင်ရှိတာဆိုတော့ ကြိုက်တဲ့အရောင်လေးကို အခုပဲ ရွေးလိုက်တော့နော်။နှစ်ရောင်လုံးကြိုက်ရင်တော့ နှစ်ရန်လုံးသာ ဝယ်ထားလိုက်တော့။ 😉
Japan Size.. 225 ~ 250

SINDA ကိုကြိုက်နှစ်သက်လို့ မှာယူချင်တယ် ဆိုရင်တော့ Page messenger ကနေမှာယူနိုင်သလို Viber Phone number 09455533342 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

25/01/2025

SINDA ရဲ့ ကိုယ်တိုင် ထုတ်ဖိနပ်လေးတွေမှာ သုံးထားတဲ့ အရည်အသွေးပြည့် ကုန်ကြမ်းများဖြစ်ကြတဲ့ Leather၊ ချုပ်ရိုးချုပ်သား၊ Handmade rubber sole စတာတွေကို သေချာလေး ရိုက်ပြပေးထားပါတယ်ရှင့်။



SINDA ရဲ့ Offices Shoes တွေထဲမှာဆိုရင်🤔ပေါ့ပေါ့ပါးပါးကောက်စီးသွားလို့ရတဲ့ Loafer လေးကိုကြိုက်တာလား…👞ကြိုးလေးချည်ရတာလေးကိ...
17/01/2025

SINDA ရဲ့ Offices Shoes တွေထဲမှာဆိုရင်🤔

ပေါ့ပေါ့ပါးပါးကောက်စီးသွားလို့ရတဲ့ Loafer လေးကိုကြိုက်တာလား…👞

ကြိုးလေးချည်ရတာလေးကိုကြိုက်တာလား…👞

ဘယ်တစ်ခုကိုပဲရွေးရွေး SINDA နဲ့ဆို အချိန်တိုင်းအထာကျနေမှာတော့ အသေအချာပါပဲ။

ကိုယ်က ဘယ် Team ထဲပါလဲဆိုတာတော့ ကွန်းမန့်လေးမှာ ဖြေသွားပေးခဲ့ပါဦး။

ကိုးလတာခရီးစဥ်စကတည်းက ကြီးပြင်းလာသည်ထိ သားသမီးတွေအပေါ် နွေးထွေးကြင်နာမှုသာမက ကိုယ်ရောစိတ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်ပေး...
13/01/2025

ကိုးလတာခရီးစဥ်စကတည်းက ကြီးပြင်းလာသည်ထိ သားသမီးတွေအပေါ် နွေးထွေးကြင်နာမှုသာမက ကိုယ်ရောစိတ်ပါနှစ်ပြီး ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ မေမေ့ကျေးဇူးက မြင့်မိုရ်ထက်မက ကြီးမြတ်လွန်းလှပါတယ်။ ယနေ့ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ မိသားစုတိုင်းရဲ့ ဘုရင်မတစ်ပါးဖြစ်တဲ့ မေမေတွေအားလုံး ကျန်းမာချမ်းသာပါစေကြောင်း SINDA မှ ဆုမွန်ကောင်းတောင်းပေးပါတယ်။

#အမေများနေ့

အခုလို ဆောင်းတွင်းရောက်ပြီဆိုရင် Shoes စီးတဲ့သူတိုင်း အမြဲကြုံရတဲ့ ပြဿနာကတော့ ခြေဆီထွက်တာပါပဲ 🤕။ခြေဆီထွက်တဲ့အခါ ကိုယ်တို...
09/01/2025

အခုလို ဆောင်းတွင်းရောက်ပြီဆိုရင် Shoes စီးတဲ့သူတိုင်း အမြဲကြုံရတဲ့ ပြဿနာကတော့ ခြေဆီထွက်တာပါပဲ 🤕။
ခြေဆီထွက်တဲ့အခါ ကိုယ်တိုင်လည်း ယုံကြည်မှုကျသလို ပတ်ဝန်းကျင်အတွက်လည်း မကောင်းပါဘူး 🤢။ဒါကြောင့် SINDA ကနေ ဆောင်းတွင်းမှာ ခြေဆီထွက်တာ သက်သာစေမယ့် အချက် (၅)ချက်ကို ပြောပြပေးသွားပါမယ်နော် 😃။

1. သံပုရာရည် 🍋‍🟩
သံပုရာသီးတစ်လုံးကို အရည်ညှစ်ပြီး ပျစ်သွားတဲ့အထိ မုန့်ဖုတ်ဆိုဒါနဲ့ ရောမွှေလိုက်ပါ။ပြီးသွားရင် ခြေဖဝါးကို ၁၀ မိနစ်လောက်သုတ်ထားပြီး ရေဆေးချလိုက်ပါ။တစ်နေ့တစ်ခေါက်လုပ်ပေးရုံနဲ့ ခြေဆီထွက်တာ သိသိသာသာ သက်သာလာပါလိမ့်မယ်။

2. အာလူးနဲ့ ပွတ်ပေးပါ။ 🥔
ခြေဆီထွက်တာ သက်သာစေဖို့အတွက်ဆို အာလူးကလည်း အသုံးဝင်ပါတယ်။အာလူးကို ပါးပါးလှီးပြီး ၁၀ မိနစ်လောက် ခြေဖဝါးကို ပွတ်ပေးလိုက်ရင် ခြေဆီထွက်တာကို ထိန်းထားပေးနိုင်ပါလိမ့်မယ်။

3. ရှာလကာရည်စိမ်ပါ။ 💦
ရှာလကာရည် ၁ ဆ၊ ရေ ၇ ဆရောပြီး ၁၀ မိနစ်ကနေ ၁၅မိနစ်ခန့် စိမ်ပေးပါ။ပြီးရင် ရေနဲ့ ဆေးချလိုက်ပါ။နေ့စဥ်လုပ်ပေးခြင်းအားဖြင့် ခြေဆီထွက်ခြင်းကို သက်သာစေပါတယ်။

4. ခရမ်းချဥ်သီးလိမ်းပေးပါ။ 🍅
ခရမ်းချဥ်သီးကို အရည်ညှစ်၊ ၁၅ မိနစ်ခန့် ကြာအောင် လိမ်းပေးပြီး ရေနွေးနဲ့ ဆေးချခြင်းကလည်း ခြေဆီထွက်ခြင်းကို လျော့နည်းစေပါတယ်။

5. ချင်းရည်နဲ့ နှိပ်ပေးပါ။ 🫚
ထောင်းပြီးသားချင်းကို ရေနွေးနဲ့ရော၊ ခြေထောက်ကို ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိ လိမ်းပြီး နှိပ်နယ်ပေးခြင်းက ခြေဆီထွက်တာ သက်သာစေတဲ့အပြင် ကျန်းမာ‌ရေးအတွက်လည်း ပိုမိုကောင်းမွန်စေပါတယ်။

ဒီအချက်လေးတွေကတော့ ဆောင်းတွင်းခြေဆီထွက်တာ သက်သာစေမယ့် အချက်တွေပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ မိတ်ဆွေတွေလည်း ဗဟုသုတတိုးစေဖို့အတွက် Shoes ချစ်သူတွေ ဒီ Post လေးကို Share သွားပေးကြပါဦးနော်။

Business man ဆိုတာ Office shoes ကောင်းကောင်းတစ်ရန်တော့ ရှိမှ ဖြစ်မှာပေါ့။ 👞ဒါကြောင့် Smart ကျပြီး Confidence ရှိတဲ့ အမျိ...
01/01/2025

Business man ဆိုတာ Office shoes ကောင်းကောင်းတစ်ရန်တော့ ရှိမှ ဖြစ်မှာပေါ့။ 👞
ဒါကြောင့် Smart ကျပြီး Confidence ရှိတဲ့ အမျိုးသားတွေ ဖြစ်ဖို့အတွက် SINDA ကနေ SM-A030 Office shoes ကို ထုတ်လုပ်ပေးလိုက်ပါပြီ။

👞 Premium ဆန်တဲ့ Full grain leather
👞 သေသပ်လှပပြီး ခိုင်ခံ့အောင် ချုပ်လုပ်ထားတဲ့ Cutting
👞 သက်သောင့်သက်သာနဲ့ ရေရှည်စီးနိုင်စေမယ့် Rubber handmade sole
👞 တစ်လွှာချင်းစီကို သပ်ရပ်စွာ ကပ်ထားတဲ့ အရည်အသွေးပြည့်ကော်အမျိုးအစား
ဒီလိုအချက်တွေနဲ့ ချုပ်လုပ်ထားတဲ့ SINDA Office shoes ကိုမှ မရွေးရင် ဘာကို ရွေးတော့မလဲ။

ဒါ့အပြင် New arrival promotion အနေနဲ့ ဇန်နဝါရီလ (1) ရက်နေ့ကနေ (14) ရက်နေ့အထိ မူရင်းဈေး (105,000) ကျပ်ကို လျှော့ဈေး (89,999) ကျပ်နဲ့ရောင်းပေးမှာဆိုတော့ မိုက်ပြီးရင်း မိုက်ပဲကွာ။ 🤩

Size မတော်မှာလည်းမပူနဲ့နော်။ပုံတွေတိုင်းမှာ Size chart လေးပါတော့ ကိုယ့်ခြေဖဝါးကိုတိုင်းပြီး ရရှိလာတဲ့ size တိုက်ပြီး ကွက်တိမှာလိုက်ရုံပဲ။
🚨အောက်က Size chartမှာ မိမိရဲ့ ခြေဖဝါးတိုင်းကြည့်ပြီး ရတဲ့ MM သိရမှ EU size လေး ရွေးပေးပါနော်.

SINDA ကိုကြိုက်နှစ်သက်လို့ မှာယူချင်တယ် ဆိုရင်တော့ Page messenger ကနေမှာယူနိုင်သလို Viber Phone number 09455533342 ကိုလည်း ဆက်သွယ်မှာယူနိုင်ပါတယ်နော်။

Address

အမှတ် (1056),ရွှေသံလွင်မြစ်လမ်းနှင့် ရွှေလီလမ်းထောင့်၊ဒဂုံဆိပ်ကမ်းမြို့နယ်၊ရန်ကုန်မြို့။
Yangon
11441

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when SINDA Shoes posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category