26/11/2025
"လူဆိုတာ အသက်ကြီးလာရင်
အိုတတ်ဖို့အရေးကြီးတယ်" တဲ့။
သွေးထွက်အောင်မှန်တာပေါ့။
ဒါပေမယ့်
လူတော်တော်များများက မအိုတတ်ကြဘူး။
အတ္တကြီးလွန်းကြပြီး မီးထုပ်တစ်ထုပ်လို
အနားမှာရှိတဲ့သူတွေကို အပူကူးစေတတ်သလို၊ အကုသိုလ်ယူမိအောင်လဲ စွမ်းဆောင်တတ်ကြတယ်
ကိုယ်တွေအသက်ကြီးလာရင် ဆင်ခြင်ရမယ့်အရာတွေပေါ့ ...
အသက်ကြီးလာလို့..
အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ..
ပိုက်ဆံချည်းစုလို့ မရဘူး။
မေတ္တာပါစု ရပါတယ်။
ပိုက်ဆံက..
နေဖို့.. ထိုင်ဖို့.. အိမ်ခြံတိုက်တာ..
စားဖို့.. သွားဖို့.. လာဖို့.. မကျန်းမာရင်ကုသဖို့
လိုတာမှန်ပေမယ့်
အိုလာတဲ့အခါ
ဘေးနားမှာ ကိုယ့်ရဲ့ ဝေယျာဝေစ္စကိုလုပ်ပေးမယ့် မေတ္တာရှိတဲ့သူ လိုလာပါတယ်။
သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိပါ
ခုခေတ်ပိုဆိုးတယ်...
အနားမှာ ဘယ်သူမှ ခဏတဖြုတ် အပြင်
အဖော် မလုပ်ပေးအားကြဘူး။
အဲ့ဒီ တော့
အသက်အရွယ် ရလာတဲ့အခါ...
အိုလာတဲ့အခါ....ဘယ်သူနဲ့ဖြစ်ဖြစ်
ကိုယ့်အနားရောက်လာရင်
#ကျောသားရင်သားမခွဲခြားနဲ့
#စိမ်းတာကျက်တာမခွဲခြားနဲ့
#ဆင်းရဲတာချမ်းသာတာမခွဲခြားနဲ့
#ရာထူးကြီးတာငယ်တာမခွဲခြားနဲ့
#ပေးနိုင်တဲ့သူမပေးနိုင်တဲ့သူမခွဲခြားနဲ့
#ပညာတတ်တာပညာမတတ်တာမခွဲခြားနဲ့
လာသမျှ လူကို တန်းတူထား..
တန်းတူပြော.. တန်းတူကျွေး
ချစ်အောင်နေ..
အေးချမ်းအောင်နေ.. မေတ္တာတာထား
စကားပြောတာ.. ခေါ်တာ..ပြောတာ..က
အစ အေးချမ်းအောင်..
နှစ်လိုဖွယ်ဖြစ်အောင်..
ဘယ်သူ့ကို ဖြစ်ဖြစ် မေတ္တာနဲ့ ဆက်ဆံပြီး
မေတ္တာတွေ စုရပါတယ်။
အဲ့ဒါမှ..
ကိုယ်အိုလာတဲ့အခါ..
လုပ်ပေးမယ့်သူ.. ပြုစုမယ့်သူ.. ပေါပြီး
အိုတဲ့အချိန်ကို
အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာပါ
အိုလာတဲ့ အချိန်မှာ..
ကျန်းမာရေးက
ဘဝကူးတဲ့အချိန်အထိ ကိုယ့်လက်၊ ကိုယ့်ခြေ၊
ကိုယ်သယ်နိုင်တဲ့ အနေအထားဆိုရင်တော့
တော်သေးတာပေါ့..
သူများ အကူအညီလိုလာပြီဆို..
အိုစာမင်းစာ စုလာတာမှာ
ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး..
မေတ္တာတွေပါ လိုလာပါပြီ။
တကယ်တော့… အိုလာတဲ့အချိန်မှာ..
ကျမ အထင်ကတော့..
ပိုက်ဆံထက်တောင်.. မေတ္တာက.. ပို အရေးပါနေမယ်လို့.. ထင်မိပါတယ်… 🙏🩷🙏