Retro Burma

Retro Burma Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Retro Burma, Yangon.

နှစ်ပေါင်း ၁၀၀ ကျော် နောက်ပြန်ရောက်သွားခဲ့ကြတဲ့ အမျိုးသမီးနှစ်ယောက် 💃💃၁၉၀၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာ အင်္ဂလန်နိုင်ငံက ဆ...
09/07/2026

နှစ်ပေါင်း ၁၀၀ ကျော် နောက်ပြန်ရောက်သွားခဲ့ကြတဲ့ အမျိုးသမီးနှစ်ယောက် 💃💃

၁၉၀၁ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့မှာ အင်္ဂလန်နိုင်ငံက ဆရာမနှစ်ယောက်ဖြစ်တဲ့ Charlotte Anne Moberly နဲ့ Eleanor Jourdain တို့ဟာ ပြင်သစ်နိုင်ငံက Versailles နန်းတော်ကို အလည်သွားခဲ့ကြပါတယ်…

သူတို့ဟာ နန်းတော်အနောက်ဘက် ဥယျာဉ်ထဲကို လမ်းလျှောက်နေခဲ့ချိန်မှာပဲ သူတို့နှစ်ယောက်လုံး ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် ထူးဆန်းသွားတယ်လို့ ပြောပါတယ်။ ။ ။

လေတိုက်သံတွေမရှိတော့ဘူး။
ငှက်သံတွေလည်း ပျောက်သွားတယ်။
ပတ်ဝန်းကျင်တစ်ခုလုံးဟာ အသက်မရှိသလို ငြိမ်သက်နေတယ်။

အဲဒီအချိန်မှာ…

အဝတ်အစားဟောင်းတွေ ဝတ်ထားတဲ့ လူတွေကို တွေ့ခဲ့ကြပါတယ်။

တချို့က ၁၈ ရာစုခေတ် စစ်သားဝတ်စုံတွေ ဝတ်ထားကြပြီး၊ တချို့ကလည်း ထူးဆန်းတဲ့ မျက်နှာအမူအရာတွေနဲ့ သူတို့ကို စိုက်ကြည့်နေကြပါတယ်။

သူတို့နှစ်ယောက်ဟာ ဥယျာဉ်ထဲမှာ အမျိုးသမီးတစ်ယောက်ကိုလည်း တွေ့ခဲ့ပါတယ်။

နောက်ပိုင်း သမိုင်းမှတ်တမ်းတွေနဲ့ နှိုင်းယှဉ်ခန့်မှန်းကြည့်တဲ့အခါ…
အဲဒီအမျိုးသမီးရဲ့ ပုံစံဟာ Marie Antoinette နဲ့ အလွန်တူနေတယ်လို့ ဆိုကြပါတယ်။

ကြောက်လန့်တကြားနဲ့ သူတို့နှစ်ဦး နန်းတော်ကနေ ပြန်ထွက်လိုက်တဲ့ အချိန်မှာတော့…
ပတ်ဝန်းကျင်အားလုံး ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။

ဒီဖြစ်ရပ်ကို နှစ်ယောက်စလုံးက သီးခြားစီ ရေးသားမှတ်တမ်းတင်ခဲ့ပြီး နောက်ပိုင်းမှာ စာအုပ်တစ်အုပ်တောင် ထုတ်ဝေခဲ့ကြပါတယ်။

တချို့က…

သူတို့ဟာ စိတ်ဖိစီးမှုကြောင့် အမြင်မှားခဲ့တာလို့ ယူဆကြပါတယ်။

ဒါပေမယ့်…

တချို့ကတော့ သူတို့နှစ်ယောက်ဟာ အတိတ်ကာလတစ်ခုထဲကို ခဏတာ ရောက်သွားခဲ့တာ လို့တထစ်ချပြောဆိုကြပါတယ်။ ။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Retro Burma posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share