23/06/2026
မနေ့က မေးခွန်းလေးကို တော်တော်များများ မမှန်ကြပေမဲ့
ဖြေပေးတာကိုပဲ ချစ်နေရတာပါ။
စိတ်ဝင်တစားရှိလို့ဖြေပေးတာလေနော် ။
အဖြေလေးကတော့
မဟာဝိဟာရလှည်းကူးကျောင်းတိုက်က
ကပ္ပိယကြီးတွေ ၉ ဦးအတွက်ပါ ။
ရီစရာနဲ့ကြည်နူးစရာအဖြစ်အပျက်လေးကတော့
တစ်ဦးအတွက် ထပ်လိုသွား သောအခါ
အဲ့နေ့မနက်ကပဲ “ ထွေးထွေး” က
( ချစ်ထိုက်ဆီက အကြွေးနဲ့ဝယ်ထားတဲ့ 😝😝 )
Tangu Choco အိတ်လေးပါ
ထပ်ပြီး လှူခဲ့လိုက်ပါတယ် ။
ထွေးထွေးကိုယ်တိုင်လဲ
Choco ပရိတ်သတ် ဖြစ်ပေမဲ့
သူမရလိုက်ပါဘူး
ကပ္ပိယကြီးတွေ အယောက်စေ့
ကိုင်ဖြစ်သွားအောင်လို့ လှူခဲ့လိုက်ရပါတယ် ။ 😁
ဖြစ်ချင်တော့ Tangu Mixy ၃ လုံးတွဲ
မှာထားတဲ့ customer လေးကလဲ
မဟာဝိဟာရကျောင်းကပဲ ဖြစ်နေတော့
ဒီတစ်ခေါက်မှာ Tangu တွေ တော်တော်များများ
ကျောင်းကို ဘုရားဖူးရောက်ကြပြီးသလိုတောင်
ဖြစ်နေကြပါပြီရှင် ။
ဘာပဲ ဖြစ်ဖြစ် ချစ်ထိုက်တို့အလှူလေးက
ကြီးကြီးမားမားကြီးမဟုတ်လိုက်ပေမဲ့
ပျော်စရာ ပီတိဖြစ်စရာလေးမို့
အားလုံးလဲ ကြည်နူးပီတိဖြစ်ရအောင်
ပြန်မျှဝေပေးလိုက်တာပါရှင် ။
My HeartMade Things Burma အတွက်ရော
အကြွေးမပေးရသေးပဲ
အိတ်တစ်လုံးလှူပေးလိုက်တဲ့ ထွေးထွေးအတွက်ရော
သာဓု ခေါ်သွားပေးပါဦးရှင် 😍။
စိန်တုံးလေးများကို မိသားစုလိုသဘောထားနေပြီမို့
အရေးအသားများ မိသားစုဆန်သွားတာကို
သတိထားမိရင် ပိုချစ်ပေးပါနော်
😍😍😘😘😘