Mo Mo - Baby Mart

Mo Mo - Baby Mart Love Your Baby's Needs

🦟 ကလေးများအတွက် မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာ - မိုးရာသီရောက်လာတာနဲ့အမျှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပ...
10/07/2026

🦟 ကလေးများအတွက် မိုးရာသီသွေးလွန်တုပ်ကွေးရောဂါ အကြောင်းသိကောင်းစရာ -

မိုးရာသီရောက်လာတာနဲ့အမျှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုများလာနိုင်ပါတယ်။ မွေးကင်းစမှ ၃ နှစ်အရွယ် ကလေးငယ်များသည် မကျန်းမာကြောင်းကို ပြောမပြနိုင်သေးသဖြင့် မိဘများအနေနဲ့ လက္ခဏာများကို အနီးကပ်သတိထားစောင့်ကြည့်ဖို့ အရေးကြီးပါတယ်။

🌡️ သတိထားရမည့် လက္ခဏာများ

* အဖျားကြီးခြင်း (ရုတ်တရက်အဖျားတက်ခြင်း)
* နို့မစို့ချင်ခြင်း၊ အစာမစားချင်ခြင်း
* အန်ခြင်း
* ငိုယိုနေခြင်း၊ ဂနာမငြိမ်ဖြစ်ခြင်း
* အိပ်ငိုက်လွန်းခြင်း၊ ကစားလိုစိတ်မရှိခြင်း
* ကိုယ်လက်ပူပြီး မျက်နှာနီခြင်း
* အရေပြားပေါ် အနီစက်များ သို့မဟုတ် သွေးယိုသည့် လက္ခဏာများ

🚨 အရေးပေါ် ဆေးရုံသို့ ချက်ချင်းသွားသင့်သော လက္ခဏာများ

* အဖျားမကျဘဲ ဆက်တိုက်မြင့်နေခြင်း
* နို့ သို့မဟုတ် အရည်လုံးဝမသောက်နိုင်ခြင်း
* အန်တာမရပ်ခြင်း
* ဗိုက်အရမ်းနာခြင်း
* သွေးအန်ခြင်း၊ သွေးဝမ်းသွားခြင်း
* နှာခေါင်းသွေးယို၊ သွားဖုံးသွေးယိုခြင်း
* လက်ခြေအေးခြင်း၊ မျက်နှာဖျော့ခြင်း
* ဆီးနည်းလာခြင်း
* အလွန်ငိုက်နေခြင်း၊ တုံ့ပြန်မှုနည်းခြင်း၊ တက်ခြင်း

🩺 အဖျားတက်ရင် ဘာလုပ်သင့်လဲ?

* ကလေး၏ ကိုယ်အလေးချိန်အလိုက် Paracetamol ကိုသာ အသုံးပြုပါ။
* မကြာခဏ နို့၊ ရေ၊ ORS (ဆရာဝန်ညွှန်ကြားပါက) သို့မဟုတ် အသက်အရွယ်နှင့် သင့်တော်သော အရည်များ တိုက်ပေးပါ။
* Aspirin၊ Ibuprofen၊ Diclofenac ကဲ့သို့သော ဆေးများကို မတိုက်သင့်ပါ။
* ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ပဋိဇီဝဆေး (Antibiotics) မသုံးပါနှင့်။

🦟 ဘယ်လိုကာကွယ်မလဲ?

* နေ့ဘက်ရော ညဘက်ပါ ခြင်ထောင်အသုံးပြု၍ အိပ်စေပါ။
* လက်ရှည်၊ ဘောင်းဘီရှည် ဝတ်ဆင်ပေးပါ။
* အိမ်ပတ်ဝန်းကျင်ရှိ ရေတင်နေသော ပုံး၊ ခွက်၊ ပန်းအိုး၊ တာယာဟောင်းများကို အပတ်စဉ် ရှင်းလင်းပါ။
* ပြတင်းပေါက်နှင့် တံခါးများတွင် ခြင်ကာဇကာများ တပ်ဆင်ထားပါ။
* အသက်အရွယ်နှင့် သင့်တော်သော ခြင်နှင်ဆေး အသုံးပြုမှုကို ဆရာဝန်နှင့် တိုင်ပင်ပါ။

💙 မိဘများအတွက် အရေးကြီးသော သတိပေးချက်

အထူးသဖြင့် အသက် ၃ လအောက် ကလေးတွင် ၃၈°C နှင့်အထက် အဖျားရှိပါက သွေးလွန်တုပ်ကွေးဖြစ်သည်ဖြစ်စေ၊ အခြားရောဂါဖြစ်သည်ဖြစ်စေ ဆေးရုံသို့ အမြန်ဆုံးပြသသင့်ပါသည်။

သွေးလွန်တုပ်ကွေးရောဂါတွင် အဖျားကျသွားခြင်းက ရောဂါပျောက်သွားသည်ဟု မဆိုလိုပါ။ အဖျားကျပြီးနောက် ၂၄–၄၈ နာရီအတွင်း ရောဂါပိုမိုပြင်းထန်လာနိုင်သောကြောင့် ကလေး၏အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီး လိုအပ်ပါက ဆေးရုံသို့ ချက်ချင်းပြသပါ။

“ခြင်မပေါက်ဖွားစေခြင်း၊ ခြင်မကိုက်စေခြင်းနှင့် အချိန်မီဆေးကုသမှုခံယူခြင်း” သည် သွေးလွန်တုပ်ကွေးရောဂါကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။

#သွေးလွန်တုပ်ကွေးအန္တရာယ်

မင်မင်တို့ ဆီမှာ Merries 2xl ​လေး​တွေ  ပြန်ဝင်ပါပီရှင့်🥰 Price - 75000ks
07/07/2026

မင်မင်တို့ ဆီမှာ Merries 2xl ​လေး​တွေ ပြန်ဝင်ပါပီရှင့်🥰
Price - 75000ks

❤️❤️❤️❤️❤️  မေ​မေတို့​ရေ                🌧🌧🌧🌧🌧  ဒီလိုရာသီဥတု အကူးအပြောင်းကာလတွေမှာ ​ဘေဘီလေးတွေ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ဖြ...
07/07/2026

❤️❤️❤️❤️❤️ မေ​မေတို့​ရေ

🌧🌧🌧🌧🌧 ဒီလိုရာသီဥတု အကူးအပြောင်းကာလတွေမှာ ​ဘေဘီလေးတွေ ဝမ်းပျက်ဝမ်း‌လျှောရောဂါ ဖြစ်တတ်ကြပါတယ်။ ​ဘေဘီလေး​တွေ ဝမ်းအရည်အ​နေနဲ့ အကြိမ်ရေ များများသွားတာကို ဝမ်းပျက်​နေတယ်လို့​ ပြောလို့ရပါတယ်။​ ဘေဘီ​လေး​တွေ ၂၄နာရီအတွင်းမှာ အရေအတွက် ၃ ကြိမ်နဲ့ အထက် ဝမ်းအရည်​တွေ သွားရင် ဝမ်းပျက်တယ်လို့ သတ်မှတ်နိုင်ပါတယ်။

​ဘေဘီလေး​တွေ ဝမ်းပျက်ရတဲ့အကြောင်းအရင်း​တွေကအများကြီးရှိပါတယ်။ ​ဘေဘီ​လေး​တွေ ၀မ်းပျက်ဝမ်းလျှောဖြစ်​စေတဲ့ အဓိကအ​ကြောင်းအရင်းတခုက Rota virus – ရိုတာဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပါတယ်။ အခြားအ​ကြောင်းအရင်းဖြစ်တဲ့ ဘက်တီးရီးယား ၊ ကပ်ပါးကောင်တွေကြောင့် ဖြစ်တတ်ပါတယ် ။ 🪱🪱​🪱🪱​🪱

ဝမ်း​လျှော၀မ်းပျက်ရောဂါပိုးဟာ မသန့်တဲ့ အစားအစာ​တွေကနေ တဆင့်ကူးစက်တာမျိုး​ကြောင့်လည်း ဖြစ်တတ်ပါတယ်။ 🍲🍲🍲🍲🍲

၀မ်းပျက်ဝမ်းလျှောရောဂါမှာ ‌​ရောဂါလက္ခဏာအလိုက် ရေဓာတ်ဆုံးရှုံးမှု​တွေလည်း ဖြစ်တတ်ပါတယ်။ ရေဓာတ်ဆုံးရှံးမှုမရှိ​သေးတဲ့အ​ခြေအ​နေ​မှာဆိိုရင်​တော့ ​ဆေးရုံသွားစရာမလိုဘဲ ရေဓါတ်မကုန်ခမ်း​အောင် အရည်များများတိုက်ပေးရပါမယ်။ 🍶🍶🍶🍶🍶

မိခင်နို့တိုက်​နေတဲ့ ​ဘေဘီလေးတွေဖြစ်​​နေရင်လည်းမိခင်နို့ဆက်တိုက်​ပေးလို့ရပါတယ်။ 🍼🍼🍼🍼🍼

ဆန်ပြုတ်၊ စွပ်ပြုတ်ရည်စသဖြင့် ရေဓာတ်ပြန်ဖြည့်​ပေးနိုင်တဲ့အရည်​တွေကိုလည်း နည်းနည်းနဲ့ မကြာခဏ အကြိမ်ကြိမ်တိုက်​ပေးသင့်ပါတယ်။ ဓာတ်ဆားရည် တိုက်​ပေးခြင်းက ဝမ်းပျက်ဝမ်းလျှော ဖြစ်ခြင်း​ကြောင့် ကုန်ဆုံးသွားတဲ့​​ရေဓာတ်နှင့် ဓာတ်ဆားတွေကိိုပြန်လည်ဖြည့်တင်း​ပေးနိုင်ပါတယ်။ 🍵🍵🍵🍵🍵🍵

​မေ​မေတို့အ​နေနဲ့ ​ဘေဘီ​လေး​တွေအတွက် ဓာတ်ဆားဖျော်တဲ့အခါမှာ သတိထားရမယ့်အရာက​တော့ ဓာတ်ဆားတစ်ထုပ်လုံးကို ရေသန့် 1000ml မှာ တခါတည်း ထည့်​ဖျော်ရမှာဖြစ်ပါတယ်။ ​ဖျော်ထားပြီး၂၄နာရီအတွင်းသာ ​ဘေဘီ​လေး​တွေကို တိုက်ရမှာဖြစ်ပါတယ်။ ၂၄နာရီကျော်သွားရင်​တော့ ​ဖျော်ထားပြီး ဓာတ်ဆားရည်​တွေကို ​ဘေဘီ​​လေး တိုက်​​ပေးလို့ မရ​တော့ပါဖူး။ ဓာတ်ဆားရည်တိုက်ပြီး ပြန်အန်တတ်တဲ့​ဘေဘီ​လေး​တွေကို​တော့ အန်ပြီး ၁၀မိနစ် ၁၅ မိနစ် ​နေပြီးမှ နည်းနည်းချင်းစီနဲ့ တဖြည်းဖြည်းချင်း ပြန်တိုက်​ပေးပါ​နော်။ 💧💧💧💧💧

၆လအောက်​ဘေဘီ​လေး​တွေဝမ်း​လျှောဝမ်းပျက် ဖြစ်ခဲ့တယ်ဆိုရင်​တော့ ​ဆရာဝန်ဆီပြပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာပြုစု​ပေးခြင်းက အသင့်​တော်ဆုံးနှင့် အ​​ကောင်းဆုံး ဖြစ်ပါတယ်။🥼🥼🥼🥼🥼

ဝမ်းပျက်ဝမ်း​လျှောနေတဲ့ ​ဘေဘီ​လေး​တွေဟာ စိတ်မကြည်မလင်ဖြစ်ကာဂဏာမငြိမ်ဖြစ်လာခြင်း၊ ဗိုက်အောင့်ပြီးငိုခြင်း၊ ငယ်ထိပ်ချိုင့်ခြင်း၊ နို့ကောင်းကောင်းမစို့​တော့ဘဲ မှိန်းနေခြင်း၊ ခြေဖျားလက်ဖျားအေးစက်လာခြင်း၊ အဖျားတတ်လာခြင်း၊ အရည်လုံးဝမဝင်​တော့ဘဲဎ ကော်ဖီရောင်၊အညိုရောင်၊ စိမ်းဝါရောင်များကဲ့သို့ ပုံမှန်မဟုတ်​သော အ​ရောင်များအန်၍ နုံး​ခွေ​နေခြင်း စတဲ့ လက္ခဏာ​တွေ ဖြစ်လာရင်တော့ အမြန်ဆုံး​ ဆေးရုံဆေးခန်းသွားဖို့ လိုအပ်​နေပါပီရှင်။ 🏥🏥🏥🏥🏥

​မေ​မေတို့အ​နေနှင့် ​ဘေဘီ​လေး​တွေ အခုလို ရာသီအကူးအ​​ပြောင်းမှာ ၀မ်း​လျှောဝမ်းပျက် မဖြစ်ရ​လေအောင် ​အောက်ပါ အချက်​​လေးတွေကို လိုက်နာဖို့ အ​ရေးကြီးပါတယ် ...........

📌​ မွေးစမှ အသက် ၆ လအထိ မိခင်နို့တစ်မျိုးတည်းပဲ တိုက်ရပါမယ်။

📌 နို့ဘူးသောက်တဲ့​ ဘေဘီ​လေးတွေမှာ နို့ဘူးကိုအသုံးမပြုခင်မှာ သေချာသန့်ဆေးကြော​သန့်စင် ​ပိုးသတ်ပေးဖို့ အထူးလိုအပ်ပါတယ်။

📌 ဘေဘီ​လေး​တွေကို တကိုယ်ရည်သန့်ရှင်းမှုရှိ​အောင်နှင့် ​ဘေဘီ​လေး​တွေရဲ့ တကိုယ်ရည်သုံး ပစ္စည်း​လေး​တွေကို သန့်ရှင်းမှုရှိ​အောင် ဂရုစိုက်​ပေးရပါမယ်။

📌 ဘေဘီလေး​တွေက လက်ကိုပါးစပ်ထဲ ထည့်တတ်တဲ့အချိန်​တွေရှိတာမို့ ​ဘေဘီ​လေး​တွေရဲ့ လက်က​လေး​တွေကိုလည်း အမြဲသန့်စင်​​အောင် သန့်ရှင်းထား​ပေးရပါမယ်။

📌 အသက် ၆ လကျော်မှသာ သင့်​တော်​​သော ဖြည့်စွက်စာကို နည်းနည်းကစ တဖြည်းဖြည်းချင်း သင့်​တော်တဲ့ပမာဏကို ကျွေး​ပေးရပါမယ်။

📌 ​ဘေဘီ​လေး​တွေ အသက်အရွယ်အလိုက် ပုံမှန်ထိုး​ပေးရမယ့် ကာကွယ်ဆေး​တွေကို အချိန်မှန်မှန် မပျက်မကွက် ထိုး​ပေးရပါမယ်။

📌 အိမ်မှာ အသုံးပြုတဲ့ ​သောက်​ရေ၊ သုံး​ရေ နှင့် ချက်ပြုတ်တဲ့အခါမှာ သန့်စင်​သော ​ရေသန့်ကို အသုံးပြုရပါမယ်။

📌​ ဘေဘီ​လေး​တွေ အစားအစာမစားခင်နဲ့ အစားအစာစားပြီးချိန်၊ အိမ်သာအသုံးပြုပြီးချိန်တွေမှာ လက်ကိုဆပ်ပြာနဲ့ ဆေးဖို့ ​သေချာ​လေ့ကျင့် ဂရုစိုက်​ပေးရပါမယ်။

📌 အရာဝတ္ထု၊ မည်သည့်ပစ္စည်းကိုမဆို ကိုင်တွယ်ပြီးတိုင်းမှာ လက်​ဆေးဖို့ကို အကျင့်လုပ်​ပေးရပါမယ်။

📌 အစားအစာ​တွေကို ယင်ကောင်တွေ ပိုး​ကောင်​လေး​တွေ မနားစေဖို့ အမြဲဖုံးအုပ်ထား​ပေးရပါမယ်။

📌 အစားအစာ​တွေကို ချက်ပြုတ်စား​သောက်တဲ့အခါမှာ သင့်​တော့​သော အပူချိန်ဖြင့် ကျက်အောင် သတိပြု ချက်ပြုတ်စား​သောက် ရပါမယ်။

📌 မိမိရဲ့အိမ် ၊မိမိရဲ့ပတ်ဝန်းကျင်မှာ ယင်လုံအိမ်သာ အသုံးပြုရပါမယ်။

❤️ ❤️❤️ မင်မင် ချစ်ရတဲ့ ​ဘေဘီ​လေး​တွေ ​​ရောဂါကင်းကင်းနှင့် ကျန်းမာ​ပျော်ရွှင်ကြပြီး ​​ဖေ​ဖေ​မေ​မေတို့လည်း စိတ်ချမ်းသာကိုယ်ကျန်းမာ ရှိကြပါ​စေလို့ မင်မင် ဆု​တောင်း​ပေးလိုက်ပါတယ် 😘😘😘😘😘

Post အမြဲမတင်ဖြစ်​ပေမဲ့ Cb မှာလာ​မေးပြီး အား​ပေးကြတဲ့တဦးတ​ယောက်ချင်းဆီတိုင်းကို ​ကျေးဇူးတင်ပါတယ် 🙏🙏🙏
18/06/2026

Post အမြဲမတင်ဖြစ်​ပေမဲ့ Cb မှာလာ​မေးပြီး အား​ပေးကြတဲ့တဦးတ​ယောက်ချင်းဆီတိုင်းကို ​ကျေးဇူးတင်ပါတယ် 🙏🙏🙏

မေမေတို့ရေ.... ❤️🇯🇵Japan Merries Diaper ( u series) Size အစုံ Instock ရှိပါတယ်။🔺 Merries "U" series 🔺✅ Diper အသားလေးနူးည...
25/02/2026

မေမေတို့ရေ.... ❤️

🇯🇵Japan Merries Diaper ( u series) Size အစုံ Instock ရှိပါတယ်။

🔺 Merries "U" series 🔺

✅ Diper အသားလေးနူးညံ့ပြီး စုပ်ယူမှု အားကောင်းတာကြောင့် ဘေဘီလေးတွေအတွက် နွေရာသီမှာ ခြောက်သွေ့ပြီးသက်သောင့်သက်သာရှိစေမှာပါ။ Merries diaper လေး ကတော့ ဂျပန်ပြည်တွင်းသုံး Quality လေးဖြစ်တာကြောင့် နွေရာသီမှာ diaper လောင်တာမျိုး လုံးဝ လုံးဝ မဖြစ်စေပါဘူး။

✅လျှင်မြန်စွာစုပ်ယူမှုအားကောင်းတဲ့ Gel Type ဖြစ်ပြီး ခြောက်သွေ့မှုမြန်ဆန်ပါတယ်။

✅ Diperအသားကနူးညံ့လွန်းတာကြောင့် အသားအရေနီမြန်းယားယံမှုတွေမရှိတဲ့အပြင် သားသားမီးမီးတို့ သေးပူလောင်တာ၊ ပေါင်ပွန်းတာမျိုးမဖြစ်ပါဘူး။

✅ သားသားမီးမီးတို့ ဘယ်လောက်လှုပ်ရှားလှုပ်ရှား ယိုစိမ့်ခြင်းမရှိအောင် ဘေးဘက်နဲ့ အနောက်ဘက်မှာလည်း ယိုစီးမှုကို ထိန်းပေးထားပါသေးတယ်။

✅ နူးညံ့တဲ့ ချုပ်ရိုးချုပ်သားလေးတွေကြောင့် သားသားမီးမီးတို့အတွက် စူးတာ တင်းတာ အရာထင်တာမျိုးမဖြစ်ပါဘူး။

✅ Cutting လေးကောင်းမွန်တဲ့အပြင် အညစ်အကြေးတွေစုပ်ယူပြီးရင်တောင်မှ အထဲက ဂွမ်းတွေကပွလာတာ၊ လုံးသွားတာမျိုး မဖြစ်တာကြောငိ့ ဘေဘီလေးအတွက် သက်တောင့်သက်သာရှိစေပါတယ်။

✅ Diaper ပတ်ပတ်လည် လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားတာမို့ အစိုဓာတ်နဲ့ အပူဓာတ်ကို လျှော့ချပေးသေးတယ်နော်။

✅ အနူးညံ့ဆုံးပစ္စည်းတွေနဲ့ အသုံးပြုထားလို့ သာမာန် Diaper တွေထက် ၂ ဆ ပိုနူးညံ့တယ်။

✅ လေဝင်ပေါက်လေးတွေပါတာကြောင့် 100% လေဝင်လေထွက်ကောင်းလို့ ဘေဘီလေးအတွက် ခြောက်သွေ့ပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

✅ယိုစီးမှုမဖြစ်အောင်လဲ ဘေးဘက်နဲ့ အနောက်ဘက်မှာ သေချာအထိန်းလေးထည့်ပေးထားလို့ဘယ်လောက်ပဲလှုပ်ရှားနေပါစေယိုစီးမှုအတွက်မေမေတို့စိုးရိမ်စရာမလိုတော့ဘူးပေါ့။

✅ စုပ်ယူမှုအားလည်းကောင်း ယိုစိမ့်မှုလည်းမဖြစ်‌တော့ မေမေတို့ရောဘေဘီတို့ပါညဘက်တွေမှာစိတ်ချလက်ချနဲ့အိပ်ရေးဝဝအိပ်နိူင်ပါတယ်။

✅ Colour Changing Technology ပါဝင်လို့ Diaper လဲပေးရမယ့်အချိန်ကိုလည်း အလွယ်တကူ သိနိုင်ပါတယ်။

✅ (U series) လေးမှာက Jumbo Pack အတိုင်း Diaper အခုရေလေးတွေပါ အပိုပါလို့ မေမေတို့အတွက် တွကိချေကိုက် အဆင်ပြေပါတယ်ရှင်။😍😍

🧮မေ​မေတို့​ရွေးချယ်ဝယ်ယူလို့​ရ​အောင် Diper Type, တထုပ်မှာပါဝင်တဲ့ Diper Quantity, Baby weight ကိုလည်း kg​ ​နဲ့ရော lb နဲ့ပါ ​ဖော်ပြ​ပေးထားပါတယ်။

👶 Merries U series New Born (Tape)
(0kg ~ 5kg )( မွေးစကနေ 10lb)
📦96 pcs

👶 Merries U series Small (Tape)
(4kg ~ 8kg )(9lb ~ 18lb)
📦74 Pcs

👶 Merries U series Medium (Pant)
(6kg ~ 11kg )(14lb ~ 25lb)
📦52 Pcs

👶 Merries U series Large (Pant)
(9kg ~ 14kg )(20lb ~ 31lb)
📦44+2 Pcs

👶 Merries U series XL (Pant)
(12kg ~ 22kg )(27lb ~ 49lb)
📦38+2 Pcs

👶 Merries U series XXL (Pant)
(15kg ~ 28kg )(33lb ~ 62lb)
📦24+2 Pcs

🇯🇵Japan KAO official website မှဖြစ်တာ​​ကြောင့်Quality နှင့် Brand ကို seeယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်။

📦 တစ်ထုတ်မှာ ပါဝင်သည့်အခုအရေအတွက်၊ Size နှင့်Type တို့ကို တပုံခြင်းစီအောက်မှာ ​ဖော်ပြ​ပေးထားပါတယ်ရှင့် ။

📆 Manufacturing Date တွေကလည်း fresh date ဖြစ်ကြောင်းလေးကိုလည်း နောက်ဆုံးပုံလေးမှာပြပေးထားပါတယ်။

👉 လက်ကား​စျေးသီးသန့်ရှိပါတယ်။

💸 📦 ရန်ကုန်မြို့တွင်း Cash on Deli ရပါမယ်။ နယ်မြို့များကို ​ငွေလွှဲဝင်တာနဲ့ ကားဂိတ်ပို့​ပေးပါတယ်။

Page Cb (သို့မဟုတ်) ဖုန်း 📲 09794214583,09421032231,09795370229 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ 😘

Stock ဝင်ထားတာလေးတွေပို့နေပါပီနော်Order ပေးပြီး စိတ်ရှည်ရှည်စောင့်ပေးကြတဲ့ Customer တိုင်းကို ကျေးဇူးတင်ပါတယ် 😍😍😍
07/01/2026

Stock ဝင်ထားတာလေးတွေပို့နေပါပီနော်
Order ပေးပြီး စိတ်ရှည်ရှည်စောင့်ပေးကြတဲ့ Customer တိုင်းကို ကျေးဇူးတင်ပါတယ် 😍😍😍

🇯🇵 Mo Mo - Baby Mart မှာ ဂျပန်မှ တိုက်ရိုက်တင်သွင်း​ထား​သော Japan Merries Diaper ( u series) , First Premium , Instock ရ...
20/11/2025

🇯🇵 Mo Mo - Baby Mart မှာ ဂျပန်မှ တိုက်ရိုက်တင်သွင်း​ထား​သော Japan Merries Diaper ( u series) , First Premium , Instock ရနိုင်တဲ့ size လေးတွေပါ 🥰

🔺 Merries "U" series (Jambo Pack) 🔺

👶Merries U series New Born (Tape)
(0kg ~ 5kg )( မွေးစကနေ 10lb)
96Pcs Price = 72000 Ks (Jumbo Pack)

👶Merries U series Small (Tape)
(4kg ~ 8kg )(9lb ~ 18lb)
74Pcs Price = 72000 Ks (Jumbo Pack)

👶Merries U series Medium (Tape)
(6kg ~ 11kg )(14lb ~ 25lb)
52Pcs Price = 72000 Ks (Original)

🔺 Merries First Premium 🔺

👶 Merries First Premium New Born (Tape)
(0kg ~ 3kg) (မွေးစကနေ 7lb)
66pcs Price = 70000 ks

👶 Merries First Premium Small (Tape)
(4kg ~ 8kg) (9lb ~ 18lb)
60pcs Price = 70000 ks

💯%Made in Japan

🇯🇵 Japan Kao official website မှ ဖြစ်တာ​​ကြောင့် Quality နှင့် Brand ကို ယုံကြည်စိတ်ချစွာမှာယူနိုင်ပါတယ်။

📦 တစ်ထုတ်မှာ ပါဝင်သည့်အခုအရေအတွက်၊ Size နှင့် Type တို့ကို ​စျေးနှုန်းများနှင့်တကွ တပုံခြင်းစီအောက်မှာ ​ဖော်ပြ​ပေးထားပါတယ်ရှင့် ❤️

👉 လက်ကား​စျေးသီးသန့်ရှိပါတယ်။

💸 📦 ရန်ကုန်မြို့တွင်း Cash on Deli ရပါမယ်။ နယ်မြို့များကို ​ငွေလွှဲဝင်တာနဲ့ ကားဂိတ်ပို့​ပေးပါတယ်။

Page Cb (သို့မဟုတ်) ဖုန်း 📲 09794214583 ကို ဆက်သွယ်မှာယူနိုင်ပါတယ်။ 😘

ဘေဘီ​လေး အတွက် ဖြည့်စွက်စာ
21/10/2025

ဘေဘီ​လေး အတွက် ဖြည့်စွက်စာ

🕯🕯🕯2025 ခုနှစ်၊  ​အောက်တိုဘာလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော် ဒီပါဝလီနေ့လ...
20/10/2025

🕯🕯🕯2025 ခုနှစ်၊ ​အောက်တိုဘာလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ဟိန္ဒူဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ မီးထွန်းပွဲတော် ဒီပါဝလီနေ့လေးမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေလို့ Mo Mo - Baby Mart မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏

Address

The Atrium Condominium, Corner Of Upper Pansodan Road And Bo Min Kaung St, Mingalar Taung Nyunt Tsp
Yangon

Website

Alerts

Be the first to know and let us send you an email when Mo Mo - Baby Mart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share