FYK - For Your Kitchen

Call

FYK - For Your Kitchen Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from FYK - For Your Kitchen, Yankin, Yangon.

03/09/2026

🍗 ကြက်သားနဲ့ ကြက်ဟင်းခါးသီး ချက်စားကြည့်

ကြက်ဟင်းခါးသီးဆိုရင်…
“ခါးလို့ မကြိုက်ဘူး” ဆိုပြီး
မစားတဲ့သူတွေ ရှိတယ်မလား? 😏

ဒါပေမယ့် ဒီတစ်ခါတော့
ကြက်သားနဲ့ ရောပြီး ချက်စားကြည့်ပါဦး။

စချက်ကြတော့မယ် ဆိုရင် မဖြစ်မနေ လုပ်ရမယ့် ၂ ချက်ရှိတယ်။ ကြက်ဟင်းခါးသီးကို ခပ်ပါးပါးလှီး၊ ဆားနဲ့နယ်၊ ရေအနည်းငယ်နဲ့ (အခါးကြိုက်သူက ၅ မိနစ်/အခါးကို သိပ်မကြိုက်သူက ၁၀ မိနစ် ခန့်) စိမ်ထားပါ။

ကြက်သွန်ဖြူ၊ ကြက်သွန်နီကို ဆီသတ်ပြီး အနံ့မွှေးလာတဲ့အချိန် အရသာစိတ်ကြိုက်နယ်ထားတဲ့ ကြက်သားထည့်ပြီး အရသာဝင်အောင် ချက်ထားပါ။

ရေနှင့် ၂ ကြိမ် စင်အောင်ဆေးထားတဲ့ ကြက်ဟင်းခါးသီးတွေကို ဟင်းအိုးထဲမထည့်ခင် ကြက်သွန်ဖြူနဲ့ ဆီနည်းနည်းထည့်ပြီး အရင်ဆုံး (၃ မိနစ်ခန့်) လှော်ပေးထားဖို့လည်း လိုပါမယ်👌

အဲ့ဒီနောက် ကြက်သားနဲ့အတူ ရောချက်ပြီး နူးအိလာတဲ့အထိ တည်လိုက်ရုံပဲ။

စားကြည့်လိုက်တဲ့အချိန်မှာတော့

ကြက်သားရဲ့ နုနုချိုချို အရသာနောက်မှာ ကြက်ဟင်းခါးသီးရဲ့ သူမတူတဲ့ ခါးစိမ့်စိမ့် အရသာလေးက ဝင်လာပြီး အဆီအရသာကို ဖြတ်တောက်ခါ ခံတွင်းကိုပါ ရှင်းသွားစေတာပါပဲ။ 🤤

အိမ်ချက် အရသာအဆန်းအပြား ကြိုက်ကြတဲ့သူတွေအနေနဲ့ မဖြစ်မနေ စမ်းကြည့်သင့်တဲ့ ဟင်းတစ်ခွက်လို့ အကြံပေးချင်ပါတယ်။

FYK ရဲ့ ပထမဆုံး Content လေးဖြစ်လို့—
“အိမ်မှာ လွယ်လွယ်ကူကူ ချက်စားကြမယ်” ဆိုရင် FYK နဲ့အတူ နောက်ထပ်လာမယ့် ဟင်းပွဲတွေကိုလည်း ဆက်ကြည့်ပေးဦးနော်။ ❤️

#မြန်မာအိမ်ချက် #ကြက်သားကြက်ဟင်းခါးသီးချက်

Address

Yankin
Yangon

Telephone

+959442228884

Website

Alerts

Be the first to know and let us send you an email when FYK - For Your Kitchen posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share