Ei phyu

Ei phyu Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ei phyu, Design & Fashion, အမှတ်/129 ဦးဗဟန်လမ်းသွယ် မရမ်းကုန်းမြို့နယ်, Yangon.

09/07/2020
ရှမ်းမလေးလက်ရာ
22/02/2020

ရှမ်းမလေးလက်ရာ

09/09/2019

စကပ်သီးသန့်(4)မျိုးရက်တိုတန်းခွဲ
လူဦးရေကန့်သတ်ထားပါသည်
(3)လွှာစကပ်
(4)လွှာစကပ်
ပတ်ထမီ
ချိတ်ထမီ

သင်တန်းကြေး(50,000)
သင်တန်းကာလ(3)ရက်
သင်တန်းချိန် 10နာရီမှ1နာရီထိ

Japanစင်တီမီတာနည်းဖြင့်
pattern,cutting,sewingပိုင်းများကိုစနစ်တကျအာမခံဖြင့်သင်ကြားပေးသောသင်တန်းဖြစ်ပါတယ်
#တဦးချင်းစီကိုစက်တလုံးစီဖြင့်သင်တန်းတွင်ကိုယ်​တိုင်ချုပ်လုပ်ခွင့်ပေးပါသည်

မရမ်းကုန်းမြို့နယ်သမိုင်းလမ်းဆုံအနီး
အမှတ်၁၂၉မြေညီခြေရင်း
09766575724/09682084181

28/08/2019
23/08/2019
12/08/2019

ဓားတိုနေရင်​ဓားရှည်​မတောင့်​တနဲ့ရှေ့တစ်​လှမ်းတိုးခုတ်​ပါ
★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★ ★

"အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ"

ဆင်တွေထဲမှာ
အစွယ်နှစ်ချောင်းပါတဲ့ဆင်ကို
စွယ်စုံဆင်လို့ခေါ်တယ်
အစွယ်မပါတဲ့ဆင်ကို ဟိုင်းဆင်လို့ခေါ်တယ်
ဟိုင်းဆင်ကအစွယ်မပါတော့
ဘာလုပ်ရလဲဆိုတော့
နှာမောင်းကိုသန်အောင်လုပ်ရတယ်
သူ့မှာနှာမောင်းပဲ အားကိုစရာရှိတော့တာကိုး
တောထဲမှာ
စွယ်စုံဆင်နဲ့ဟိုင်းဆင်နဲ့တွေ့ရင်
စွယ်စုံဆင်က ဟိုင်းဆင်ကို
အစွယ်နဲ့ပြေးထိုးတယ်
အဲ့ဒီမှာ ဟိုင်းဆင်က စွယ်စုံဆင်ရဲ့အစွယ်ကို
နှာမောင်းနဲ့လိမ်ချိုးပစ်လိုက်တယ်
သစ်လုပ်သားတွေကပြောဖူးတယ်
တောထဲမှာ အဲ့ဒီဟိုင်းဆင်တွေနဲ့တွေ့ရင်
ကျွန်တော်တို့ဆင်တွေကပြေးတာပေါ့
ပြေးတာမလွတ်လို့ အရိုက်ခံရရင်
အရိုးတောင်ထင်တယ်တဲ့
ဆင်ကိုအရိုးထင်အောင်ရိုက်နိုင်တယ်ဆိုမှတော့
သူ့ရဲ့နှာမောင်းအားကို ခန့်မှန်းသာကြည့်

ပြောချင်တာက
မင်းတို့မှာ ဘာချို့ယွင်းချက်ပဲရှိရှိ အားမငယ်နဲ့
တစ်ဖက်မှာအားနည်းရင်
တစ်ဖက်ဖက်မှာအားသာလာအောင်ကြိုးစားကြ ။

အထက်ပါစကားသည်
ဆရာကြီးဦးအောင်သင်း၏သြဝါဒဖြစ်သည်။..................&...........................

အားနည်းချက်တွေရှိပေမယ့်
လောကကြီးရဲ့ ဘုရင်တစ်ဆူဖြစ်ခဲ့သူတွေအများကြီးပါ
အနည်းငယ် ထုတ်ပြချင်ပါတယ်...

မီးသီးကိုစတင်တီထွင်ခဲ့တဲ့
သောမတ်အက်ဒီဆင်ဟာ
ကျောင်းစာအရမ်းညံ့တယ်
ဆရာတွေကတောင် ညဏ်တုံးတဲ့သူလို့သတ်မှတ်ခံခဲ့ရတယ်
နောက်ဆုံးမှာ
စာလည်းမလိုက်နိုင်တာကတစ်ကြောင်း၊
ကျောင်းကဆရာတွေရဲ့ဖိအားတွေကတစ်ကြောင်းနဲ့
သူကျောင်းမလိုက်ချင်တာနဲ့ထွက်လိုက်တယ်...

အသက်ဆယ်နှစ်ကျော်မှာ နားပါထိုင်းသွားတယ်
ဒါပေမယ့်
သူဝါသနာထုံတဲ့ တီထွင်မှုကို
တစ်စိုက်မတ်မတ်ကြိုးစားအားထုတ်ရင်း
သိပ္ပံလောကရဲ့ဆရာတစ်ဆူဖြစ်ခဲ့တယ်..

နီကိုလပ်စ်ဂျိမ်းဗျူဂျက်ဆစ်
သူကမွေးကတည်းက
ခြေလက်လေးဘက်စလုံးမပါဘူး
လူစင်မမှီတဲ့ခြေထောက်အတိုလေးပါတယ်
အဲ့ခြေထောက်နဲ့ ကွန်ပြူတာကိုင်တယ်
စာရေးတယ်
အသက် ၂၁မှာ
စီးပွားရေးကုန်သွယ်ဘွဲ့ကိုရတယ်
စာအုပ် ၇အုပ်တိတိလည်းရေးသားထုတ်ဝေခဲ့တယ်
လူငယ်တွေအတွက်လည်း
ဟောပြောပွဲတွေမှာ ဟောပြောမှုတွေလုပ်ခဲ့တယ်...

ဘုရားဇီးသမ္မတဟောင်း
လူလာဒါဆီလ်ဗား
သူများဖိနပ်ကိုအငှါးတိုက်ပေးတဲ့ကလေးဘဝကနေ
သမ္မတဖြစ်ခဲ့တယ်...

အမေရိကန်နိုင်ငံသူ ဂျက်ဆီကာလော့ပ်ဟာ
လက်နှစ်ဖက်မပါဘူး
သူရဲ့အားထုတ်မှုကြောင့်
ခြေထောက်နှစ်ဖက်ကလက်နှစ်ဖက်လိုပဲ
အသုံးပြုလို့ရခဲ့တယ်...

သိပ္ပံဘွဲ့ရတယ်
အံ့အားသင့်စရာအကောင်းဆုံးက
လေယဉ်မှုးဖြစ်သွားတာပဲ
လက်မပါတဲ့လေယဉ်မှူးတဲ့ဗျာ
သူဘယ်လောက်တောင် အားထုတ်ခဲ့သလဲ
ပြေတီဦးစကားငှါးပြောရရင်
ရူးတောင်သွားဦးမယ်...

လွယ်လွယ်နဲ့တော့ စံပါယ်မပွင့်နိုင်ဘူး
လူတွေရဲ့တံတွေးခွက်ထဲကနေ
သူတို့တွေကြိုးစားခဲ့ရပုံတွေကတော့
သူတို့တွေရဲ့ အထုပ္ပတ္တိသာဖတ်ကြည့်ပါ...

ကျွန်တော်ပြောချင်တာက
အားနည်းချက်ကိုယ်စီရှိပေမယ့်
ပြည့်စုံတဲ့ဘဝကိုတည်ဆောက်ခဲ့သူတွေ
လောကကြီးမှအများကြီးပါပဲ...

လွယ်လွယ်နဲ့မရပါဘူး
သူများခြေတစ်လှမ်း လှမ်းရင်
သူတို့နှစ်လှမ်းလှမ်းရတယ်
အားနည်းချက်၊ ချို့ယွင်းချက်ကြောင့်
စိတ်ပျက်အားငယ်နေမယ်ဆိုရင်
အင်အားချိနဲ့နေယုံပဲရှိမှာပါ
အစွယ်မပါနဲ့ဟိုင်းဆင်ဟာ
အားကိုးစရာအစွယ်မရှိပေမယ့်
နှာမောင်းကိုသန်အောင်လုပ်ရသလို
ခင်ဗျား အားနည်းချက်ဆိုတာမေ့ထားပြီး
ကြိုးစားကြည့်ပါ
ခင်ဗျားအတွက်နေရာကောင်းတစ်ခုရှိပါတယ်...

"အားနည်းချက်က အင်အားကိုမချိနဲ့စေဘူး
အားငယ်စိတ်ကသာ အားနည်းစေတာပါ"

"ပြဿနာကပြဿနာမဟုတ်ဘူး
ပြဿနာကိုမဖြေရှင်းတတ်တာ
ဖြေရှင်းနိုင်မယ့်နည်းလမ်းမရှာတာက
ပြဿနာအစစ်ပါ"

ထိပ်တန်းကိုရောက်နေသူတိုင်းဟာ
ဥုံဖွဆိုပြီးဖြစ်လာတာမဟုတ်ဘူး
သူတို့လည်းအခက်အခဲတွေကြားက
ကုန်းရုန်းထခဲ့တဲ့သူတွေချည်းပါပဲ
ဘဝမှာအောင်မြင်သူဖြစ်ချင်ရင်
ရိုးရိုးကန်မရရင် ရုန်း၍သာကန်ပစ်လိုက်ပါ
ခင်ဗျားအောင်မြင်မှာပါ..။

ခင်ဗျားရဲ့ဘဝကို
ဘယ်သူကမှ အဆုံးအဖြတ်မပေးနိုင်ဘူး
ပွဲတစ်ပွဲရဲ့အဖြေဟာ
ခင်ဗျားလက်ထဲမှာပဲရှိတယ်ဆိုတာယုံပါ..။

စကားတစ်ခွန်းလက်ဆောင်ပေးခဲ့ချင်တယ်
" ဓားတိုနေလျှင် ဓားရှည်မတောင့်တနဲ့
ရှေ့တစ်လှမ်းတိုးခုတ်ပါ "

©®ᗬ.ခရီးသည်
🇼 🇪 🇱 🇨 🇴 🇲 🇪
➡➡ Myo Gyi ⬅⬅

Credit " အရောင်များအကြောင်း "(၁) မူလအရောင်(၂) ဒုတိယအရောင်(၃) တတိယအရောင်(၄) အပူရောင်(၅) အအေးရောင်(၆) ကြားရောင်(၇) မိတ်ဖက်...
25/06/2019

Credit
" အရောင်များအကြောင်း "
(၁) မူလအရောင်
(၂) ဒုတိယအရောင်
(၃) တတိယအရောင်
(၄) အပူရောင်
(၅) အအေးရောင်
(၆) ကြားရောင်
(၇) မိတ်ဖက်ရောင်
(၈) ရန်ဘက်(သို့မဟုတ်)ဆန့်ကျင်ဘက်အရောင်
လောကတွင်သဘာဝအလျောက်ဖြစ်ပေါ်နေသော
အရောင်များနှင့် လူတို့ဖန်တီး၍ ဖြစ်ပေါ်လာသော
အရောင်များဟူ၍ အရောင်အမျိုးမျိုးရှိကြသည်။
အရောင်များသည် မရေမတွက်နိုင်အောင်ရှိကြသော်
်လည်း မူလအရောင်အနေဖြင့်(၃) ရောင်သာရှိသည်။
ထို(၃) ရောင်ကို ဆင့်ကဲဆင့်ကဲ ရောစပ်ခြင်းဖြင့်
မရေမတွက်နိုင်သော အရောင်များဖြစ်လာသည်။
မူလအရောင်(၃) ရောင်ကို နဂိုကတည်းက အထူးစီမံ
ဖော်စပ်ထားရသည်။
(၁) မူလအရောင်
အဝါ၊ အပြာ၊ အနီ

(၂) ဒုတိယအရောင်
မူလအရောင်အချင်းချင်း ရောစပ်လျှင် ဒုတိယ
အရောင်ကိုရသည်။
အဝါ + အပြာ = အစိမ်း
အပြာ+ အနီ = မရမ်း
အနီ + အဝါ = လိမ္မော်

(၃) တတိယအရောင်
မူလအရောင်နှင့် ဒုတိယအရောင်ကို ရောစပ်
လျှင် တတိယအရောင်ကိုရသည်။
အဝါ + အစိမ်း = စိမ်းဝါ
အစိမ်း+ အပြာ = စိမ်းပြာ
အပြာ + မရမ်း = မရမ်းပြာ
မရမ်း + အနီ = မရမ်းနီ
အနီ + လိမ္မော် = လိမ္မော်နီ
လိမ္မော်+ အဝါ = လိမ္မော်ဝါ

(၄) အပူရောင်
မီးရောင်၊ နေရောင်ကိုကြည့်လျှင် ပူသော
ခံစား မှုကို ဖြစ်ပေါ်စေသည်။မီးရောင်၊ နေရောင်
ထဲတွင် အနီ၊ လိမ္မော်၊အဝါတို့ ပါဝင်ကြသည်။၎င်း
အရောင်များပါဝင်သော အုပ်စုကို အပူရောင်ဟု
ခေါ်သည်။ အပူရောင်များမှာ အနီ၊ လိမ္မော်နီ၊
လိမ္မော်၊ လိမ္မော်ဝါ၊ အဝါတို့ဖြစ်ကြသည်။

(၅) အအေးရောင်
သစ်ပင်၊တောတောင်၊မြက်ခင်းပြင်တို့သည်
လူ၏စိတ်ကို အေးမြစေနိုင်သည်။ သစ်ပင်၊
တောတောင်၊မြက်ခင်းပြင်တို့တွင် အစိမ်း၊စိမ်းပြာ၊
အပြာတို့ပါဝင်ကြသည်။ ထို့ကြောင့် ၄င်းအရောင်
များပါဝင်သောအုပ်စုကို အအေးရောင်ဟုခေါ်
သည်။ အအေးရောင်များမှာ အစိမ်း၊ စိမ်းပြာ၊
အပြာ၊ မရမ်းပြာ၊မရမ်းတို့်ဖြစ်ကြသည်။

(၆)ကြားရောင်
စိမ်းဝါနှင့် မရမ်းနီတို့သည် ကြားရောင်များ
ဖြစ်ကြသည်။၎င်းတို့သည် ပတ်ဝန်းကျင်ရှိအရောင်
အင်အားပေါ်မူတည်၍ ပူခြင်း၊အေးခြင်းသဘောကို
ဆောင်သည်။ ပတ်ဝန်းကျင်တွင် အပူရောင်များ
ဝန်းရံနေပါက အေးသွားပြီး၊ အအေးရောင်များဝန်း
ရံနေပါက ပူသောသဘောကို ဆောင်သည်။ဥပမာ
ငုပင်ပေါ်ရှိ စိမ်းဝါရောင် ငုပန်းသည် သစ်ရွက်စိမ်း
များကြားတွင်ရှိ၍ အအေးရောင်များ ဝန်းရံနေသော
ကြောင့် ထိုငုပန်းသည် အပူသဘောကိုဆောင်
သည်။ထိုငုပန်းကိုပင် ခူး၍ ပန်းအိုးတစ်လုံးအတွင်း
စိန်ပန်းနီများနှင့်ရောနှောကာ စိုက်ထည့်ထားပါ။
ငုပန်း၏ ပတ်ဝန်းကျင်တွင် အပူရောင်များ ဝန်းရံ
နေသောကြောင့် ထိုငုပန်းသည် အအေးသဘော
ကိုဆောင်သည်။ မရမ်းနီသည်လည်း ဤနည်း
အတိုင်းပင်ဖြစ်သည်။

(၇) မိတ်ဖက်အရောင်
အရောင်များတွင် ယှဉ်တွဲကြည့်ရှု၍ပြေပြစ်
သောအရောင်၊ လိုက်ဖက်ညီသောအရောင်ကို
ခေါ်သည်။မိတ်ဖက်အရောင်အချင်းချင်း ယှဉ်တွဲ
အသုံးပြုပါက ကြာရှည်အကြည့်ခံသည်။စိတ်ဝင်
စားဖွယ်ကောင်းသည်။ အရောင်စက်ဝိုင်း၏
စက်ဝန်းပတ်လည်တစ်လျှောက် ဘေးခြင်းယှဉ်တွဲ
လျက်ရှိသောအရောင်များသည် မိတ်ဖက်အရောင်
များဖြစ်သည်။

(၈) ဆန့်ကျင်ဘက်(သို့မဟုတ်) ရန်ဘက်အရောင်
ယှဉ်တွဲကြည့်ရှု၍ မပြေပြစ်သောအရောင်၊
လိုက်ဖက်မညီသော အရောင်ကိုခေါ်သည်။ ရန်
ဘက်အရောင်အချင်းချင်း ယှဉ်တွဲအသုံးပြုပါက
ထူးခြားစွာပေါ်လွင်သည်။ မျက်စိကို ဆွဲဆောင်
နိုင်စွမ်းရှိသည်။သို့သော် ကြာရှည်အကြည့်မခံပေ။
ထို့ကြောင့် အဝေးမှ စူးစိုက်စေလိုသော ဆိုင်း
ဘုတ်များ၊ကြော်ငြာပိုစတာများတွင် ရန်ဘက်အ
ရောင်များကို အသုံးပြုကြရသည်။ လူအများကြား
တွင် ပေါ်လွင်ထင်ရှားလိုပါက ရန်ဘက်အရောင်
ကို ဝတ်ဆင်ရသည်။ ရန်ဘက်အရောင်များမှာ
အစိမ်းနှင့်အနီ၊ စိမ်းပြာနှင့်လိမ္မော်နီ၊ အပြာ နှင့်
လိမ္မော်၊ မရမ်းပြာနှင့်လိမ္မော်ဝါ၊ မရမ်းနှင့်အဝါတို့
ဖြစ်သည်။

သင်တန်းသူတွေလက်ရာလေးတွေကြည့်ပီးပီတိဖြစ်နေမကောင်းလို့ခွင့်ယူထားတဲ့သူတွေကိုလဲသတိရပါတယ်လို့
14/06/2019

သင်တန်းသူတွေလက်ရာလေးတွေကြည့်ပီးပီတိဖြစ်
နေမကောင်းလို့ခွင့်ယူထားတဲ့သူတွေကိုလဲသတိရပါတယ်လို့

Address

အမှတ်/129 ဦးဗဟန်လမ်းသွယ် မရမ်းကုန်းမြို့နယ်
Yangon
056331

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959682084181

Website

Alerts

Be the first to know and let us send you an email when Ei phyu posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share