12/07/2023
==============================
မိမိနဲ့ ကိုက်ညီတဲ့ shaft length တစ်ခုကိုရွေးချယ်ခြင်း
==============================
မိမိရဲ့ စျေးကြီး တဲ့ ဂေါက်တံတစ်ချောင်းကို ဝယ်တော့မယ်ဆို အလုံးစုံထည့်သွင်း တွက်ချက်ဖို့လိုပါတယ်.. စျေးကြီးပေးဝယ်ပြီး မိမိနဲ့ မကိုက်ညီရင် အချည်းနှီးဖြစ်ရပါတယ်.....ရွေးချယ်တဲ့အခါ shaft length ကို တိတိကျကျ ရွေးချယ်ဖို့လဲ လိုအပ်ပါတယ်... အများစုက brand, flex(club shaft ability)swing လွှဲလိုက်ချိန် ကွေးညွတ်နိုင်စွမ်း နဲ့ degree စသည်လောက်ပဲ ရွေးတာများပါတယ်... length ကို တော့ သိပ်ထည့်မတွက်ချက်ကြပါဘူး.... ဘာလို့ length ကအရေးပါလဲ... ဘယ်အရွယ်အစားက ကိုယ်နဲ့ သင့်တော်လဲ ဆိုတာကို ဒီ post မှာ သိသလောက် မျှဝေပေးသွား မှာ ဖြစ်ပါတယ်ဗျ......
(၁) shaft length ဆိုတာဘာလဲ?
သိကြတဲ့အတိုင်း length ဆိုတာ အရှည်ပေါ့ တစ်နည်းအားဖြင့် ဂေါက်တံရဲ့ အရှည်ပေါ့.....ထုတ်လုပ်တဲ့ စံ shaft length က driver အတွက် ၄၅ လက်မ, iron, wedges နဲ့ putter များ အတွက် ၃၅ လက်မ ဝန်းကျင် ဖြစ်ပါတယ်...ဒါပင်မယ် စံသတ်မှတ်ချက်တိုင်းက ကိုယ်နဲ့ မကိုက်ညီနိုင်တာကို သတိထားဖို့လိုပါတယ်....အရပ် ၆ ပေ နဲ့ အထက် ဆို စံထက် လက်မဝက်မှ တစ်လက်မထိ ပိုလိုအပ်လာသလို ဆန့်ကျင်ဖက် ၅ ပေ ၇ အောက် ဖြစ်နေတယ်ဆို စံထက် လက်မဝက် ကနေ တစ်လက်မ ထိ လျော့လိုအပ်ပါမယ်....
(၂) ဘာလို့ length ကအရေးကြီးတာလဲ?
သက်တောင့်သက်သာရှိမှုကြောင့်ပါပဲ.... ဂေါက် swing လွှဲတဲ့အခါ သက်တောင့်သက်သာရှိဖို့နဲ့ ထိရောက်မှုကောင်းဖို့ အတွက် length က တစ်နေရာကနေ ပံ့ပိုးပေးနေတာကြောင့် ပါ..... မကိုက်ညီတဲ့ length နဲ့ ကစားမိရင် မသိစိတ်က နေ bad habitual action တွေရတတ်ပါတယ်.. ဥပမာ နောက်လှန် မိတာမျိုး....တိုတဲ့တုတ်နဲ့ ရိုက်မိရင် လှည့်ထုတ်နိုင်စွမ်း အားနည်းပီး ပါဝါမရပဲဖြစ်တတ်သလို....ရှည်လွန်းတဲ့ တုတ်နဲ့ ရိုက်မိရင်လည်း လိုတာထက်ပို မတ်ရတဲ့အတွက် body angle တွေပျောက်ပြီး ဘောလုံးကို ထိအောင် ရိုက်ဖို့ လိုအပ်တဲ့ body ထိန်းချုပ်မှု တွေကို မလုပ်နိုင်ပဲ ယိုင်နေနိုင်ပါတယ်....သင့်တော်တဲ့ length တစ်ခုဟာ body control ကို သက်တောင့်သက်သာနဲ့ stance လုပ်နိုင်သလို... swing ကိုလည်း မှန်မှန်ကန်ကန်, ပါဝါအားကောင်းကောင်းနဲ့ control ရစေမှာဖြစ်ပါတယ်...shaft length ကို ရွေးချယ်ဖို့ နှစ်နည်းရှိပါတယ်...အရပ်ပေါ်် မှုတည်ရွေးချယ်ခြင်းနဲ့ လက်ကောက်ဝတ်ကနေ ကြမ်းပြင်အထိ တိုင်းတဲ့နည်း ဖြစ်ပါတယ်...
မိမိအရပ်ပေါ် မှုတည်ပြီး တိုင်းတာကတော့ အလွယ်ဆုံးနည်းဖြစ်ပြီးတော့ ပုံမှာ ဇယားနဲ့ ဖော်ပြပေးထားပါတယ်...
လက်ကောက်ဝတ်ကနေ စတိုင်းတဲ့နည်းကတော့ ပိုမိုတိကျပြီး အသေးစိတ်သွားပါတယ်... အရပ်ပုသော်လည်း လက်တံရှည်တဲ့လူတွေလဲရှိတတ်တာကြောင့်ပါ... လက်ကောက်ဝတ်ကနေတိုင်းဖို့ အတွက် ညီညာတဲ့ ကြမ်းပြင်တစ်ခုပေါ် မှာ လက်နှစ်ဖက်ကို ဘေးကိုချထားပြီး လက်ကောက်ဝတ်ကနေ ကြမ်းပြင်ထိ အမြင့်ကို တိုင်းတာကြည့်ပါ.. သတိထားရမှာက ဂေါက်ဖိနပ်ကိုစီးထားရမှာဖြစ်ပါတယ်...တိုင်းတာလို့ရတဲ့ အမြင့်ကို ပုံပါ ဇယားမှာ နှိုင်းယှဥ်ကြည့် ပြီး shaft length ကို ရွေးချယ် ကြည့်လို့ရပါတယ်...
ဆက်လက်ဖော်ပြပေး သွားပါမည်....
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
****ဂေါက်ရိုက်ခြင်းသည် စိတ်ရှည်သည်းခံမှုနှင့် ဇွဲရှိရန် လိုအပ်သော အားကစားတစ်ခုဖြစ်ကြောင်း သတိရပါ။***
⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️⛳️
T-5