Her Craft Books & Gifts

Her Craft Books & Gifts စာအုပ်များ၊ သပ်ရပ်သော စာရေးကိရိယာများနှင့် Premium Gift Box များ စုစည်းရာ နေရာလေးပါ။ ✨

📚 နောက်တစ်ကြိမ် ပြန်ရှာဖို့ ခဲယဉ်းမယ့် ရှားပါးစာအုပ်ကောင်း... "မျောက်မင်းစွင်းဝုခုန်း(အနောက်သို့ ခရီးသွားမှတ်တမ်း)" 📚​ကမ...
17/07/2026

📚 နောက်တစ်ကြိမ် ပြန်ရှာဖို့ ခဲယဉ်းမယ့် ရှားပါးစာအုပ်ကောင်း... "မျောက်မင်းစွင်းဝုခုန်း(အနောက်သို့ ခရီးသွားမှတ်တမ်း)" 📚

​ကမ္ဘာ့ဂန္ထဝင်စာပေတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ "Journey to the West" ကို ဆရာမ ကြည်ကြည်မာ က တရုတ်ဘာသာမှ တိုက်ရိုက် မြန်မာပြန်ဆိုထားတဲ့ "မျောက်မင်းစွင်းဝုခုန်း (အနောက်သို့ ခရီးသွားမှတ်တမ်း)" အစအဆုံး စာအုပ်ကို Her Craft မှာ ရယူနိုင်ပါပြီရှင်။

​စာအုပ်ဟောင်းလေးတွေရဲ့ တန်ဖိုးက အချိန်ကြာလေ ပိုပြီးတန်ဖိုးတက်လေပါပဲ။ ယခင်ခေတ်က အကောင်းဆုံး ဘာသာပြန်ဆိုမှုတွေ၊ သမိုင်းဝင် အရေးအသားတွေနဲ့ မူရင်းအငွေ့အသက် မပျက်တဲ့ ဒီလိုစာအုပ်မျိုးက ပြန်လည်ထုတ်ဝေခြင်း မရှိတော့တဲ့အတွက် နောက်တစ်ခါ ပြန်ပိုင်ဆိုင်နိုင်ဖို့ဆိုတာ တော်တော်လေးကို ခက်ခဲသွားပါပြီ။

​စာပေမြတ်နိုးသူတွေနဲ့ ရှားပါးစာအုပ် စုဆောင်းသူ (Book Collectors) တွေအတွက် စာအုပ်စင်မှာ မဖြစ်မနေ သိမ်းဆည်းထားသင့်တဲ့ အဖိုးတန် စုဆောင်းမှုတစ်ခုပါ။

​💰 ဈေးနှုန်း - (၁၈,၀၀၀) ကျပ်

​လက်ကျန် (၁) အုပ်တည်းသာ ရှိတာမို့ တကယ့်ကို တန်ဖိုးထား မြတ်နိုးသူတစ်ဦးဆီကိုပဲ ထိုက်ထိုက်တန်တန် ရောက်ရှိသွားစေချင်ပါတယ်။

​🚚 အထူး Delivery အစီအစဉ်

​ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း မြို့နယ်များအတွက် Free Delivery ဖြင့် အိမ်အရောက် ပို့ဆောင်ပေးသွားပါမည်။

​အခြားမြို့နယ်များနှင့် နယ်မှ မှာယူသူများအတွက်လည်း အိမ်တိုင်ရာရောက် (သို့မဟုတ်) ကားဂိတ်မှတစ်ဆင့် စိတ်ချယုံကြည်စွာ ချိတ်ဆက်ပို့ဆောင်ပေးပါသည်။

​ဒီလို နောက်ပြန်ရှာမရနိုင်တော့မယ့် အခွင့်အရေးကို လက်မလွှတ်ရအောင် အခုပဲ Her Craft ရဲ့ Page Messenger (CB) ကနေ အမြန်ဆုံး ဆက်သွယ်မှာယူလိုက်ပါရှင်။

ကြိုက်တာယူ တစ်အုပ် (၂၀,၀၀၀) ကျပ်  Hard Cover (အဖုံးမာ) အထူ၊ စာအုပ်ကောင်း စာအုပ်သန့်ကြီးတွေကိုမှ  အသစ်အတိုင်း ဖတ်ချင်သူတွ...
15/07/2026

ကြိုက်တာယူ တစ်အုပ် (၂၀,၀၀၀) ကျပ်
Hard Cover (အဖုံးမာ) အထူ၊ စာအုပ်ကောင်း စာအုပ်သန့်ကြီးတွေကိုမှ အသစ်အတိုင်း ဖတ်ချင်သူတွေအတွက်ပါ။ ကျောဖုံးချုပ်ရိုးတွေကအစ ခိုင်ခံ့ပြီး စာအုပ်စင်မှာ သိမ်းထားရင်လည်း အရမ်းလှတဲ့ စာအုပ်သန့်ကြီးတွေကို စုဆောင်းပေးထားပါတယ်ရှင်။

ပုံထဲမှာ ပြထားတဲ့အတိုင်း ဖတ်ရတာလည်း အားရစရာကောင်းတဲ့ မှော်ဆရာမှတ်တမ်း ပေါင်းချုပ်၊ Dracula၊ Jackie Chan အတ္ထုပ္ပတ္တိနဲ့ မြကျွန်းညိုမှ လိပ်ပြာဝှက်တမ်း စတဲ့ နာမည်ကြီးစာအုပ်ကောင်းတွေကို -
ဈေးနှုန်း - တစ်အုပ်ကို (၂၀,၀၀၀) ကျပ်တည်းပါပဲရှင်။
ဒီဈေးနဲ့ Hard Cover သန့်သန့်ကြီးတွေ ရဖို့ဆိုတာ တကယ်တန်လွန်းလို့ လက်မလွှတ်သင့်ပါဘူးနော်။

အထူးအစီအစဉ် - [စမ်းချောင်း၊ ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ အလုံ] စတဲ့ သတ်မှတ်ထားတဲ့ မြို့နယ်တွေဆိုရင် Delivery ခ (လုံးဝ) အခမဲ့ နဲ့ အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ နယ်မှမှာယူသူများအတွက်လည်း အမြန်ချောပို့နဲ့ ပို့ပေးပါတယ်ရှင်။

တစ်အုပ်စီပဲရှိတာမို့ ကိုယ်ကြိုက်တဲ့ စာအုပ်လေး လက်မလွှတ်ရအောင် အခုပဲ Chat Box ကနေ ဆက်သွယ်မှာယူလိုက်ပါရှင်။
AmJackieChan

ဂန္ဓဝင်ထဲက ဂန္ဓဝင်အဆန်ဆုံး ဝတ္ထုရှည်တစ်ပုဒ် "လေရူးသုန်သုန်"အမေရိကန် စာရေးဆရာမ Margaret Mitchell ရဲ့ Gone with the wind 🍃...
14/07/2026

ဂန္ဓဝင်ထဲက ဂန္ဓဝင်အဆန်ဆုံး ဝတ္ထုရှည်တစ်ပုဒ် "လေရူးသုန်သုန်"

အမေရိကန် စာရေးဆရာမ Margaret Mitchell ရဲ့ Gone with the wind 🍃 ဝတ္ထုကို ဘာသာပြန်ထားသော ဆရာမြသန်းတင့်၏ ဂန္ဒဝင် ဝတ္ထုရှည်တစ်ပုဒ်ပဲ ဖြစ်ပါတယ် 📖

စစ်ပွဲကြားက မဖြစ်နိုင်တဲ့ ချစ်ခြင်းတစ်ခုနဲ့ မိန်းကလေးတစ်ယောက်ရဲ့ အချစ်ရေးကံကြမ္မာ အကြောင်းကို အမေရိကန် ပြည်တွင်းစစ်ကို နောက်ခံကျောရိုးထားပြီး ယနေ့ထက်တိုင် မရိုးအီနိုင်တဲ့ ဒိုင်ယာလော့များ၊ အောက်မေ့ငြိတွယ်ဖွယ် ဇာတ်လမ်း ဇာတ်အိမ်များနဲ့ လွမ်းဆွတ်ဖွယ် ရေးသားထားသော ဝတ္ထုကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

ခေါင်းမာပြီး ဇွဲကြီးတဲ့ စကားလက်နဲ့ ရဲတင်း လွတ်လပ်ပြီး အမြော်အမြင်ရှိတဲ့ ဘတ်တလာတို့ရဲ့ ချစ်ခြင်းပဋိပက္ခတွေကို ကြည်နူးဖွယ်၊ ရင်နင့်ဖွယ်၊ လွမ်းဆွတ်ဖွယ် ခံစားမှုများနဲ့ ဖတ်ရှုရမှာပဲဖြစ်ပါတယ်

စာမျက်နှာတိုင်းက ရသမျိုးစုံနဲ့ နောက်ဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့ ဝတ္ထုမျိုးဖြစ်လို့ ဒီလိုစာအုပ်မျိုးကိုတော့ လုံးဝမဖတ်ဘဲနေလို့ မဖြစ်ဘူးနော် 📚

# BookLovers #မြသန်းတင့် #လေရူးသုန်သုန်

- 📚 ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ... တစ်အုပ်ကို (၁၀,၀၀၀) ကျပ်တည်းနဲ့ ရမယ့် စာအုပ်ကောင်း (၆) အုပ် 📚​Her Craft ကနေ စာချစ်သ...
12/07/2026

- 📚 ကြိုက်နှစ်သက်ရာကို ရွေးချယ်ပါ... တစ်အုပ်ကို (၁၀,၀၀၀) ကျပ်တည်းနဲ့ ရမယ့် စာအုပ်ကောင်း (၆) အုပ် 📚

​Her Craft ကနေ စာချစ်သူတို့အတွက် ဖတ်စရာ စာအုပ်ကောင်းလေးတွေကို အရမ်းတန်တဲ့ ဈေးနှုန်းလေးနဲ့ စုစည်းတင်ဆက်ပေးလိုက်ပါတယ်ရှင်။

​ဒီ Post မှာ ပြထားတဲ့ ဆရာမ ပုညခင်၊ ဆရာမ ဂျူး၊ ဆရာ သိုးဆောင်း၊ ဆရာ လင်းခါး နဲ့ ဆရာ လင်းခန့် တို့ရဲ့ စာအုပ် (၆) အုပ်ထဲကနေ မိမိနှစ်သက်ရာ ဘယ်စာအုပ်ကိုမဆို တစ်အုပ်ကို (၁၀,၀၀၀) ကျပ်တည်းနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

​⏳ အမြန်လေးတော့ လိုမယ်နော်...

စာအုပ်တစ်အုပ်ချင်းစီတိုင်းမှာ လက်ကျန် (၁) အုပ်စီသာ ရှိတာဖြစ်လို့ ကိုယ်ဖတ်ချင်တဲ့ စာအုပ်လေးကို တခြားသူ လက်မဦးသွားအောင် အမြန်ဆုံး လာရောက်ရွေးချယ်ဖို့တော့ တိုက်တွန်းချင်ပါတယ်ရှင်။ (First come, first served ပါနော်)

​🚚 အထူး Free Deli အစီအစဉ်

ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း မြို့နယ်များကို ပို့ဆောင်ခ လုံးဝ ပေးစရာမလိုဘဲ (Free Delivery) ဖြင့် အိမ်အရောက် ပို့ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

​ကိုယ်လိုချင်တဲ့ စာအုပ်လေးကို ရွေးချယ်ပြီးပြီဆိုရင်တော့ Her Craft ရဲ့ Page Messenger (CB) ကို အခုပဲ ဆက်သွယ်မှာယူလိုက်ပါရှင်။

စာဖတ်ရင်း သီချင်းနားထောင်တတ်တဲ့သူတွေ ရှိလား 🎧စာဖတ်ရင်း သီချင်းနားထောင်တာက ဦးနှောက်ကို ပိုငြိမ်သက်စေပြီး အာရုံစူးစိုက်မှု...
08/07/2026

စာဖတ်ရင်း သီချင်းနားထောင်တတ်တဲ့သူတွေ ရှိလား 🎧

စာဖတ်ရင်း သီချင်းနားထောင်တာက ဦးနှောက်ကို ပိုငြိမ်သက်စေပြီး အာရုံစူးစိုက်မှု ပိုအားကောင်းစေတယ်ဆိုတာရော သိပြီးပြီလားနော်💡

ဒီနေ့မှာတော့ ဂီတသံစဉ်လေးတွေက စာဖတ်ခြင်းကို ဘယ်လောက်ထိအထောက်အကူပြုနိုင်လဲဆိုတာကို စာချစ်သူတို့အတွက် မျှဝေပေးလိုက်ရပါတယ်ရှင်။

•စည်းချက်မှန်တဲ့ တေးဂီတတွေက ဦးနှောက်ကနေ စိတ်ပျော်ရွှင် အပန်းပြေစေတဲ့ Dopamine ဓာတ်ကို ထွက်ရှိစေပြီး စိတ်ဖိဆီးမှုတွေကို လျှော့ချပေးပါတယ် 🧠

•ပြင်ပက ဆူညံသံတွေအတွက် perfect shield တစ်ခုဖြစ်တာကြောင့် 100% အာရုံစူးစိုက်မှု ရရှိစေနိုင်ပါတယ်။

•သင့်တော်တဲ့ နောက်ခံတေးဂီတက ဦးနှောက်ရဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းကို ပိုမိုလှုံ့ဆော်ပေးနိုင်ပါတယ် 🪄

ဒါဆိုရင် ဘယ်လို ဂီတမျိုးက စာဖတ်ရင်းနားထောင်ဖို့ အသင့်တော်ဆုံးလဲ ❓

ကိုယ်နားလည်တဲ့ ဘာသာစကားနဲ့ သီချင်းစာသား‌တွေပါတဲ့ သီချင်းဂီတအမျိုးအစားတွေကိုတော့ မရွေးချယ်သင့်ပါဘူး ❗

စာသားမပါတဲ့ Lofi Hip-Hop, Instrumental, Classical music, Nature sounds လေးတွေက‌ အရွေးချယ်သင့်ဆုံးပဲ ဖြစ်ပါတယ်✅

မင်မင်ကတော့ ကော်ဖီဆိုင်ရဲ့
ထောင့်တစ်နေရာမှာ classical music လေးနားထောင်ရင်း စာအုပ်ဖတ်ရတဲ့ vibe လေးကို အရမ်းကိုမှ သဘောကျပါတယ် 📚
စာချစ်သူတို့ရော စာဖတ်ရင်း ဘယ်လို playlist မျိုးလေးတွေ နားထောင်လေ့ရှိလဲဆိုတာ comment မှာ ပြောပြပေးခဲ့ပါဦးနော် 👇🏻

# BookLovers

တွက်ပီ ဇာတ်ကောင် ဘယ်နှစ်ကောင်လောက် မှတ်မိကြသေးလဲ? 🤩​ငယ်ငယ်က စာအုပ်အငှားဆိုင်မှာ အလုအယက် ငှားဖတ်ခဲ့ရတဲ့ ဆရာဆွေမင်း (ဓနုဖြ...
05/07/2026

တွက်ပီ ဇာတ်ကောင် ဘယ်နှစ်ကောင်လောက် မှတ်မိကြသေးလဲ? 🤩

​ငယ်ငယ်က စာအုပ်အငှားဆိုင်မှာ အလုအယက် ငှားဖတ်ခဲ့ရတဲ့ ဆရာဆွေမင်း (ဓနုဖြူ) ရဲ့ နာမည်ကြီး "တွက်ပီ" ကာတွန်းလေးကို မှတ်မိကြသေးလားရှင်?

​တောပစ်ထွက်တိုင်း အလွဲလွဲအချော်ချော်တွေချည်း လုပ်တတ်တဲ့ မုဆိုးကြီး တွက်ပီ၊ ခက်ထန်ပေမယ့် ရယ်ရတဲ့ ဒေါ်ဒေါ်၊ တောထဲက တိရစ္ဆာန်လေးတွေနဲ့ ရွာထဲက ထူးခြားတဲ့ ဇာတ်ကောင်တွေ အကုန်လုံး စုံစုံလင်လင်ပါတဲ့ ဒီပုံလေးကို မြင်လိုက်တာနဲ့ ငယ်ဘဝရဲ့ ပျော်စရာအချိန်လေးတွေဆီ ချက်ချင်း ပြန်ရောက်သွားစေမှာ အသေအချာပါပဲ။

​စာချစ်သူတို့ရော ဒီပုံထဲမှာပါတဲ့ ဇာတ်ကောင်တွေထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ? ငယ်ငယ်က တွက်ပီကာတွန်းတွေ ဖတ်ပြီး အူတက်မတတ် ရယ်ခဲ့ရတဲ့ အမှတ်တရလေးတွေ ရှိရင် Comment မှာ ဝင်ရောက်ဆွေးနွေး မျှဝေပေးသွားကြပါဦးရှင်။ 👇

​(Her Craft မှာလည်း ဒီလို လွမ်းမောဖွယ် ငယ်ဘဝအမှတ်တရ စာအုပ်ကောင်းလေးတွေကို ဆက်လက် ရှာဖွေတင်ဆက်ပေးသွားမှာမို့ Page လေးကို Like & Follow လုပ်ထားဖို့ မမေ့နဲ့နော်)

​ #တွက်ပီ #ဆွေမင်းဓနုဖြူ

စာအုပ်ချစ်သူတိုင်း သိထားသင့်တဲ့ စာအုပ်ထိန်းသိမ်းနည်း အချက် (၅) ချက် 📚✨​ကိုယ့်ရဲ့ တန်ဖိုးထားရတဲ့ စာအုပ်လေးတွေ အချိန်ကြာလာ...
04/07/2026

စာအုပ်ချစ်သူတိုင်း သိထားသင့်တဲ့ စာအုပ်ထိန်းသိမ်းနည်း အချက် (၅) ချက် 📚✨

​ကိုယ့်ရဲ့ တန်ဖိုးထားရတဲ့ စာအုပ်လေးတွေ အချိန်ကြာလာတဲ့အထိ အသစ်တိုင်းလေး ဖတ်ချင်ကြတယ်မလား? အထူးသဖြင့် အခုလို မိုးရာသီ စိုထိုင်းဆများတဲ့ အချိန်မျိုးမှာ စာအုပ်လေးတွေ မှိုမတက်အောင်၊ စာရွက်တွေ မဝါသွားအောင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

​စာအုပ်လေးတွေ ရေရှည်ခံပြီး မပျက်စီးအောင် ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို Her Craft ကနေ မျှဝေပေးလိုက်ပါတယ်ရှင်။

​၁။ နေရောင်ခြည် တိုက်ရိုက်မထိပါစေနဲ့

စာအုပ်တွေကို ပြတင်းပေါက်နား နေရောင် တိုက်ရိုက်ကျတဲ့ နေရာမျိုးမှာ မထားပါနဲ့။ နေရောင်ကြောင့် စာအုပ်မျက်နှာဖုံး အရောင်လွင့်တာ၊ စာရွက်တွေ ကြွပ်ဆတ်ပြီး ဝါသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

​၂။ စိုထိုင်းဆကို သတိထားပါ

မိုးတွင်းမှာ နံရံတွေ စိုစွတ်နေတတ်လို့ စာအုပ်စင်ကို နံရံနဲ့ အနည်းငယ် ခွာထားပေးပါ။ စာအုပ်စင်ထဲမှာ Silica Gel (စိုထိုင်းဆစုပ် အထုပ်လေးတွေ) ထည့်ထားပေးတာက မှိုတက်ခြင်းနဲ့ စာအုပ်ပိုးကောင် (Silverfish) တွေ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ပါတယ်။

​၃။ လေဝင်လေထွက် ကောင်းပါစေ

စာအုပ်တွေကို စင်ပေါ်တင်တဲ့အခါ အရမ်းကျပ်နေအောင် သိပ်မထည့်ဘဲ လေဝင်လေထွက်ရအောင် ခပ်ချောင်ချောင်လေး ထားပေးပါ။ စာအုပ်တွေကို မတ်မတ်ထားတာက စာအုပ်ချုပ်ရိုး (Spine) ပုံမပျက်အောင် ကူညီပေးပါတယ်။

​၄။ စာညှပ် (Bookmark) လေးတွေ သုံးပါ

စာဖတ်ရင်း ခဏရပ်တဲ့အခါ စာရွက်ထောင့်လေးတွေ ခေါက်တာမျိုး၊ စာအုပ်ကို မှောက်လျက် မှောက်ထားတာမျိုးကို အထူးရှောင်ကြဉ်ပါ။ စာအုပ်ကျောရိုး ကျိုးတာတွေ၊ စာရွက်ခေါက်ရာထင်တာတွေ မဖြစ်အောင် Bookmark လေးတွေ အသုံးပြုပေးပါ။

​၅။ ပုံမှန် သန့်ရှင်းရေး လုပ်ပေးပါ

စာအုပ်တွေမှာ ဖုန်တက်လာရင် ပိုးကောင်လေးတွေ ခိုအောင်းတတ်ပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါလောက် ဖုန်မွှေးစုတ်တံလေး ဒါမှမဟုတ် အဝတ်ခြောက်လေးနဲ့ စာအုပ်စင်ကို အပေါ်ယံ သန့်ရှင်းရေး လုပ်ပေးပါ။

​ဒီအချက်လေးတွေကို သေချာလိုက်နာရင် ကိုယ်မြတ်နိုးရတဲ့ စာအုပ်လေးတွေက နှစ်ပေါင်းများစွာတိုင်အောင် အသစ်အတိုင်း လက်ဆင့်ကမ်း ဖတ်ရှုနိုင်မှာ သေချာပါတယ်ရှင်။

​စာချစ်သူတို့ရော ကိုယ့်ရဲ့ စာအုပ်လေးတွေကို ဘယ်လိုနည်းလမ်းလေးတွေနဲ့ အဓိက ထိန်းသိမ်းဖြစ်လဲဆိုတာ Comment မှာ မျှဝေပေးသွားကြပါဦးနော်။

တနင်္လာကနေ တနင်္ဂနွေအထိ... နေ့ရက်တိုင်းမှာ အချစ်တွေနဲ့ ပြည့်နှက်နေဖို့ 💖​TikTok မှာ ပွတ်ရင်းနဲ့ အရမ်းချစ်စရာကောင်းပြီး R...
02/07/2026

တနင်္လာကနေ တနင်္ဂနွေအထိ... နေ့ရက်တိုင်းမှာ အချစ်တွေနဲ့ ပြည့်နှက်နေဖို့ 💖

​TikTok မှာ ပွတ်ရင်းနဲ့ အရမ်းချစ်စရာကောင်းပြီး Ro တဲ့ "အချစ် နှင့် ရက်သတ္တပတ်" ကဗျာလေးတွေကို သွားတွေ့လို့ သဘောကျလွန်းတာနဲ့ Her Craft ရဲ့ စာချစ်သူလေးတွေလည်း ဖတ်ရအောင် Save လုပ်ပြီး ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ (Credit: Original Creator)

​တစ်ပတ်လုံးရဲ့ နေ့ရက်တိုင်းမှာ ချစ်ရသူနဲ့ ပတ်သက်ပြီး တွေးနေတတ်တဲ့ ခံစားချက်လေးတွေကို ရိုးရိုးရှင်းရှင်းနဲ့ အရမ်းချစ်စရာကောင်းအောင် ရေးဖွဲ့ထားတာလေးပါ။ ကိုယ်ချစ်ရတဲ့သူကို ဒီ Post အောက်မှာ Mention ခေါ်ပြီးဖြစ်ဖြစ်၊ Share ပေးပြီးဖြစ်ဖြစ် ရင်ခုန်အောင် လုပ်လိုက်ကြရအောင် 🥰

​ဒါနဲ့... ဒီလိုမျိုး ရင်ထဲကို နွေးထွေးသွားစေမယ့်၊ ဖတ်လိုက်တိုင်း ပြုံးရစေမယ့် Ro တဲ့ ကဗျာစာအုပ်လေးတွေ၊ Romance Novel (အချစ်ဝတ္ထု) လေးတွေ ဖတ်ချင်တယ်ဆိုရင်တော့ Her Craft မှာ အချိန်မရွေး လာရောက်ရွေးချယ် ဝယ်ယူနိုင်ပါတယ်ရှင်။

​ကိုယ်တိုင်ဖတ်ဖို့ပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ရတဲ့သူကို Surprise တိုက်ပြီး လက်ဆောင်ပေးဖို့ပဲဖြစ်ဖြစ် အသင့်တော်ဆုံးဖြစ်မယ့် စာအုပ်ကောင်းလေးတွေကို ဆိုင်မှာ သေချာရွေးချယ် စုဆောင်းပေးထားပါတယ်။

​ကိုယ့်ရဲ့ စိတ်ကူးထဲက ဇာတ်လမ်းလေးတွေနဲ့ တူညီမယ့် စာအုပ်လေးတွေ ရှာဖွေဖို့ အခုပဲ Her Craft ရဲ့ Page Messenger (CB) ကို လာရောက်ဆက်သွယ် စုံစမ်းလိုက်တော့နော်။

ဒီလို ရိုးရှင်းပြီး အေးချမ်းတဲ့ ငယ်ဘဝရဲ့ အမှတ်တရလေးတွေကို ပြန်လည်ခံစားနိုင်ဖို့အတွက် Her Craft ကနေ အခုလို ချစ်စရာကောင်းတ...
28/06/2026

ဒီလို ရိုးရှင်းပြီး အေးချမ်းတဲ့ ငယ်ဘဝရဲ့ အမှတ်တရလေးတွေကို ပြန်လည်ခံစားနိုင်ဖို့အတွက် Her Craft ကနေ အခုလို ချစ်စရာကောင်းတဲ့ အမှတ်တရ ပုံရိပ်လေးတွေ၊ ကဗျာလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။

​စာချစ်သူတို့ရော ငယ်ငယ်က ဒီကဗျာလေးကို ဆိုခဲ့ဖူးလား? ရင်ထဲမှာ အမှတ်ရနေဆဲဖြစ်တဲ့ တခြား ငယ်ဘဝ ကဗျာလေးတွေ ရှိရင်လည်း Comment မှာ မျှဝေပေးသွားကြပါဦးနော်။
​ #ငယ်ဘဝအမှတ်တရများ #ဖိုးလမင်းသား

ငယ်ငယ်က စာအုပ်အငှားဆိုင်လေးတွေမှာ စာအုပ်သွားငှားဖတ်ခဲ့ရတဲ့ အချိန်တွေကို လွမ်းနေကြပြီလား?အခုဆိုရင် ဆရာမ ပုညခင်ရဲ့ ပရိသတ်တ...
26/06/2026

ငယ်ငယ်က စာအုပ်အငှားဆိုင်လေးတွေမှာ စာအုပ်သွားငှားဖတ်ခဲ့ရတဲ့ အချိန်တွေကို လွမ်းနေကြပြီလား?

အခုဆိုရင် ဆရာမ ပုညခင်ရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းကောင်းလေးတစ်ခု ရှိနေပါပြီ။ ဆရာမက "စာအုပ်အငှားဆိုင်ရွှေခေတ် အမှတ်တရ" ဆိုတဲ့ အစီအစဉ်လေးနဲ့ သူမရဲ့ နာမည်ကြီး ငယ်လက်ရာတွေကို ပြန်လည်ထုတ်ဝေသွားတော့မှာပါ။

ဒီစာအုပ်တွေတိုင်းမှာ ဆရာစောမင်းဝေ အထူးရေးဆွဲပေးထားတဲ့ အငှားဆိုင်ခေတ်ကို လွမ်းဆွတ်စရာ ပန်းချီကားလေးကိုလည်း ထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။

ပထမဆုံးအနေနဲ့ ပရိသတ်တွေ အရမ်းကြိုက်ခဲ့ကြတဲ့ "ပျားရည်မြစ်ထဲမှာ"၊ "ယုံကြည်ခြင်းနှင်းဆီ" နဲ့ "လျှို့ဝှက်တိတ်ဆိတ်သော" ဆိုတဲ့ ဝတ္ထု ၃ အုပ်ကို စတင်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
Her Craft က စာချစ်သူတွေထဲမှာရော ဆရာမရဲ့ ဘယ်စာအုပ်လေးတွေကို ပြန်ထွက်စေချင်လဲ? ဆရာမရဲ့ Page မှာလည်း ပြန်လည်ထုတ်ဝေစေလိုတဲ့ စာအုပ်တွေကို အကြံပြုလို့ရတယ်လို့ ဆိုထားတာမို့ သွားရောက် အကြံပြုပေးလို့ ရပါတယ်နော်။

ဒီစာအုပ်လေးတွေ ထွက်လာရင်လည်း Her Craft မှာ အလွယ်တကူ ဝယ်ယူရရှိနိုင်အောင် စီစဉ်ပေးသွားမှာမို့ စောင့်မျှော်ပေးကြပါဦးရှင်။

#ပုညခင် #စာအုပ်အငှါးဆိုင်ရွှေခေတ်အမှတ်တရအစီအစဉ်

Address

Yangon

Telephone

+959793886790

Website

Alerts

Be the first to know and let us send you an email when Her Craft Books & Gifts posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share