17/04/2024
#မြန်မာနှစ်ဆန်းတစ်ရက်နေ့
ကစပြီး
#ပါချုပ်ဆရာတော်ဘုရားကြီး ရဲ့
ရက် (၁၀၀) အဓိဌာန်ပုတီးစိပ်နည်း
အတူပူဇော်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင်...
📿📿📿📿📿📿📿📿📿
🙏🙏🙏
📌 ၁၇.၄.၂၀၂၄ မှ ၂၆.၄.၂၀၂၄ ထိ
(အရဟံ ဂုဏ်တော်)
📌 ၂၇.၄.၂၀၂၄ မှ ၆.၅. ၂၀၂၄ ထိ
( သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်)
📌 ၇.၅.၂၀၂၄ မှ၁၆.၅.၂၀၂၄ ထိ
(ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်)
📌 ၁၇.၅.၂၀၂၄ မှ ၂၆.၅.၂၀၂၄ ထိ
( သုဂတော ဂုဏ်တော်)
📌 ၂၇.၅.၂၀၂၄ မှ ၅.၆.၂၀၂၄ ထိ
(လောကဝိဒူ ဂုဏ်တော်)
📌 ၆.၆.၂၀၂၄ မှ ၁၅.၆.၂၀၂၄ ထိ
(အနုတ္တရော ပုရိသဒမ္မ သာရထိ ဂုဏ်တော်)
📌 ၁၆.၆.၂၀၂၄ မှ ၂၅.၆.၂၀၂၄ ထိ
(သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်)
📌 ၂၆.၆.၂၀၂၄ မှ ၅.၇.၂၀၂၄ ထိ
(ဗုဒ္ဓေါ ဂုဏ်တော်)
📌 ၆.၇.၂၀၂၄ မှ ၁၅.၇.၂၀၂၄ ထိ
( ဘဂဝါ ဂုဏ်တော်)
📌 ၁၆.၇.၂၀၂၄ မှ ၂၅.၇.၂၀၂၄ ထိ
( အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော
လောကဝိဒူ
အနုတ္တရောပုရိသ ဒမ္မသာရထိ
သတ္တာဒေဝ မနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ)
#ဘုရားဂုဏ်တော်၉ပါး (အနက်)
🙏🙏🙏🙏🙏🙏🙏🙏🙏
၁။ #အရဟံ - ပူဇော် အထူးကို ခံယူတော်မူထိုက်သော မြတ်စွာ ဘုရား ။
ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ။
ဆိတ်ကွယ်ရာ အရပ်၌ မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား ။
🙏🙏🙏
၂။ #သမ္မာသမ္ဗုဒ္ဓေါ - သိမြင်စရာအားလုံးတို့ကို အမှန်အတိုင်း ကိုယ်ပိုင် ဥာဏ် ဖြင့် မချွင်းမချန် သိမြင်တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၃။ #ဝိဇ္ဇာစရဏသမ္ပန္နော - ဝိဇ္ဇာတရား ( ၃) ပါး၊ ဝိဇ္ဇာ တရား (၈)ပါး၊ အကျင့်သီလ (၁၅) ပါး တို့နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၄။ #သုဂတော - ကောင်းသောစကား (မှန်ကန်၍ အကျိုးရှိသော စကား)ကိုသာ ပြောဆို တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၅။ #လောကဝိဒူ - လောကသုံးပါးကို သိမြင်တော်မူသော မြတ်စွာဘုရား
(သတ္တလောက ၊ ဩကာသ လောက၊ သင်္ခါရ လောက) ။
၊၊🙏🙏🙏
၆။ #အနုတ္တရောပုရိသဒမ္မသာရထိ - ဆုံးမထိုက်သော သတ္တဝါ တို့ကို အတုမရှိ ဆုံးမတတ်တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၇။ #သတ္ထာဒေဝမနုဿာနံ - နတ် လူ တို့၏ ဆရာတစ်ဆူ ဖြစ်တော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
၈။ #ဗုဒ္ဓေါ- သစ္စာလေးပါးကို
ကိုယ်တော်တိုင်သိတော်မူ၍ သူတစ်ပါးကိုလည်း သိစေတော်မူနိုင်သော မြတ်စွာဘုရား ။
🙏🙏🙏
၉။ #ဘဂဝါ - ဘုန်းတော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား ။
🙏🙏🙏
( ဣဿရိယ ဘုန်းတော် ၊ ဓမ္မ ဘုန်းတော် ၊ ယသ ဘုန်းတော် ၊ သီရိ ဘုန်းတော် ၊ ကာမ ဘုန်းတော် ၊ပယတ္ထ ဘုန်းတော်)
🌹🙏🌹
မေတ္တာ ဖြင့်ပြန်လည်မျှဝေကုသိုလ်ယူပါသည်။
Nyein Chan Zu