18/06/2025
ဂျင်းချစ်သူတွေအတွက် မိုးရာသီမှာ ကိုယ့်ရဲ့ဂျင်းအင်္ကျီတွေကို အစိုဓာတ်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတဲ့ Tips လေးတွေကို မျှဝေပေးချင်ပါတယ်။
မိုးရာသီသည် အေးမြပြီးချစ်စရာကောင်းသလို ကိုယ်ရဲ့ဖက်ရှင်ကိုလည်း မိုးစက်တွေနဲ့အတူ နွေးထွေးစေဖို့ ဂျင်းအကျီများကိုလည်းဝတ်ဆင်ရန်လိုအပ်ပါတယ်။ ဒါပေမယ့် မိုးရာသီမှာ ဂျင်းအကျီတွေကို သေချာထိန်းသိမ်းဖို့လည်း လိုအပ်ပါသည်။
👖ဂျင်းအင်္ကျီများကို မိုးရာသီအတွင်း စိုထိုင်းမှုမှ ကင်းဝေးအောင် ပြုစုနည်းများ
1. ပေါ့ပါးသော denim blends ရွေးချယ်ပါ
Spandex သို့မဟုတ် Lyocell ပါဝင်သော breathable denim များသည် မိုးရာသီနဲ့ အထူးသင့်တော်ပါတယ်။ အလှတရားနဲ့တပြေးညီ အစိုပြန်ခြင်းကိုလည်းကာကွယ်နိုင်ပါတယ်။
2. Waterproof layering ဝတ်ဆင်ခြင်း
Nylon trench coat, vinyl rain slicker, သို့မဟုတ် PVC overlay တစ်စုံဖြင့် denim ကို မိုးလွတ်အောင် ကာကွယ်လိုက်ပါ။ အလှအပမပျက်ပဲ fashion-forward ဖြစ်နေပါလိမ့်မည်။
3. လေဝင်လေထွက်ကောင်းသောနေရာတွင်ခြောက်သွေ့အောင်ထားပါ
မိုးလေလွင်ပြင်လျှောက်ပြီးတိုင်း နေရောင်တိုက်ရိုက်ထိသောနေရာ မဟုတ်ဘဲ အေး၍ခြောက်သွေ့သော နေရာတွင်ထားပါ။ ဂျင်းအရောင်ပျောက်စေခြင်းမှကင်းကွာစေပါသည်။
4. Moisture-wicking innerwear ဝတ်ဆင်ခြင်း
Bamboo fiber အစရှိသော အရေပြားကို ကာကွယ်နိုင်သော inner layers များကို ဝတ်ဆင်ခြင်းဖြင့် စိုစွတ်မှုကို လျှော့ချပေးနိုင်သည်။
5. ရနံ့သင်းသော fabric spray
Lavender သို့မဟုတ် eucalyptus စသည်ဖြင့် essential oil ပါသော denim mist spray များဖြင့် ကိုယ့်ရဲ့ ဂျင်းဝတ်စုံတွေကို ရနံ့သင်းသင်းထားနိုင်သည်။ မိုးအေးအေးတွင်လည်း စိုထိုင်းတဲ့ အနံ့ဆိုးကင်းဝေးပြီး အနံ့သင်းသင်းလေး ဖြစ်နေပါလိမ့်မည်။
6. comfortable ဖြစ်စေရန်ပုံစံလေးများဖြင့်ချောမွေ့စွာထားပါ
အသုံးမပြုချိန်တွင် silica gel သို့မဟုတ် charcoal sachets များနှင့်အတူ sandalwood သို့မဟုတ် lemongrass နံ့ရနံ့သာများထည့်ပြီး ချောချောမွေ့မွေ့ သန့်စင်စွာ သိမ်းဆည်းထားနိုင်ပါတယ်။
မိုးရာသီမှာ ကိုယ့်ဝတ်စုံလေးတွေကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာလေးတွေ သိသွားပြီဆိုတော့ ဂျင်းဝတ်စုံလေးတွေဝတ်ပြီး ရှိုးထုတ်ချင်တယ်ဆိုရင် Modaloom Myanmar က Chiang Rai Designer Made Jean ဝတ်စုံလေးတွေ လာရောက်ဝယ်ယူနိုင်ပါတယ်။