19/02/2026
ဆီးချိုဝေဒနာကို အမြစ်ပြတ်သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းကောင်းလေးတစ်ခုကို ဝေမျှပေးချင်ပါတယ်။ ဒီနည်းလမ်းကို တစ်ပတ်မှာ (၁) ကြိမ်ကနေ (၃) ကြိမ်ခန့် စားသုံးပြီးနောက် မိမိရဲ့ ဆီးချိုအခြေအနေကို ပြန်လည်စစ်ဆေးကြည့်နိုင်ပါတယ်။
(၆) လခွဲ တိတိ စွဲမြဲစားသုံးပေးမယ်ဆိုရင် အမြစ်ပြတ် ပျောက်ကင်းနိုင်တယ်လို့ (နက္ခတ္တရောင်ခြည်မဂ္ဂဇင်း) မှာ ဖော်ပြထားတဲ့ လက်တွေ့ပျောက်ကင်းသူများရဲ့ ဆေးနည်းကောင်း ဖြစ်ပါတယ်။
လိုအပ်သော ဆေးမယ်များ
ဆီးဖြူသီး - (၁၀) လုံး
ငါးရံ့ - (၁၀) ကျပ်သား
ပြုလုပ်ပုံနည်းလမ်း
အထက်ပါ ဆီးဖြူသီးနဲ့ ငါးရံ့ကို ရောနှော၍ ဟင်းအဖြစ် ချက်ပြုတ်စားသုံးရုံသာ ဖြစ်ပါတယ်။
အထူးသတိပြုရန် -
ဒီဓာတ်စာကို စားသုံးနေစဉ်အတွင်း အချိုရည်မျိုးစုံ၊ အချိုဓာတ်များသော အစားအစာများ၊ အထူးသဖြင့် သရက်သီးမှည့်၊ ပိန္နဲသီး၊ ဒူးရင်းသီး၊ ရှောက်ချိုသီး၊ လိမ္မော်သီး၊ ကျွဲကောသီး၊ ကြက်မောက်သီးနဲ့ ကောက်ညှင်းတို့ကို မဖြစ်မနေ ရှောင်ကြဉ်ရပါမယ်။
Crd to original writer
မိမိကိုယ်ကို ချစ်သလို မိမိရဲ့ မိတ်ဆွေတွေကိုလည်း ကျန်းမာစေချင်တယ်ဆိုရင်တော့ ဒီဆေးနည်းလေးကို ပြန်လည်မျှဝေပေးခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါတယ်။ မိဘပြည်သူများအားလုံး ဘေးကင်းကျန်းမာကြပါစေကြောင်း ShweKhitMedia မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
ShweKhitMedia ကို အမြဲမပြတ်အားပေးနေကြတဲ့ ပရိသတ်ကြီးအတွက် အကျိုးရှိစေမယ့် ကျန်းမာရေးဗဟုသုတတွေကို ဆက်လက်တင်ဆက်ပေးသွားဦးမှာမို့ Like & Follow လုပ်ထားဖို့ မမေ့နဲ့ဦးနော်။
#ဆီးချိုရောဂါ #ကျန်းမာရေးဗဟုသုတ #သဘာဝဆေးနည်း