Peachy Baby Shop

Peachy Baby Shop Baby and Children Clothing Shop

09/09/2025

#ကလေးတွေတုပ်ကွေးမဖြစ်စေဖို့ဘယ်လိုကာကွယ်မလဲ

ဘယ်ရောဂါမဆို မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ အခုလို ပူလိုက်၊ အေးလိုက်ဖြစ်နေတဲ့ ရာသီဥတုမှာ ကလေးတွေ တင်မကပါဘူး။ လူကြီးတွေလည်း မကြာခဏ အအေးမိဖျားနာဖြစ်လိုက်၊ နှာစေးချောင်းဆိုးလိုက်နဲ့ ဝေဒနာတွေကို ခံစားနေကြရတာပါ။
တုပ်ကွေး ရောဂါဟာ ဗိုင်းရပ်စ်ပိုးကနေတစ်ဆင့် အများဆုံး ကူးစက်ပြီး ရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ ပိုးတွေ ပွားလာတဲ့အခါမှာ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်း၊ မျက်ရည်ပူကျခြင်း စတဲ့ ရောဂါလက္ခဏာတွေအပြင် အပြင်းဖျားတာ၊ ကြွက်သား နာကျင်ကိုက်ခဲလာတဲ့အထိ ပြင်းထန်နိုင်ပါတယ်။

ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်မလဲ။
အသက်ငယ်တဲ့ ကလေးတွေမှာ ကိုယ်ခံအားနည်းတဲ့အတွက် လူကြီးတွေထက် ပိုပြီး ဖျားနာနိုင်ခြေ၊ ရောဂါပိုးကူးစက်နိုင်ခြေ ပိုများပါတယ်။ အရွယ်ငယ်သေးတဲ့ ကလေးတွေ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးတွေမှာ တုပ်ကွေး ကူးစက်နိုင်ခြေ မြင့်တဲ့အပြင် သေဆုံးနိုင်သည်အထိ ရောဂါလက္ခဏာ ပြင်းထန်နိုင်ပါတယ်။ ဒါကြောင့် ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ ဘယ်လိုကာကွယ်ပေးလို့ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

#တုပ်ကွေးကာကွယ်ဆေးထိုးပေးပါ
အသက် ၆လနဲ့ အထက် ကလေးတိုင်းကို တုပ်ကွေးကာကွယ်ဆေး နှစ်စဉ် ထိုးပေးဖို့ လိုအပ်ပါတယ်။ တုပ်ကွေးကနေ တစ်ဆင့် ပိုပြင်းထန်တဲ့ ရောဂါတွေ ဖြစ်လာနိုင်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေးကို မပျက်မကွက် ထိုးပေးရပါမယ်။

အသက် ၆လ မပြည့်သေးတဲ့ ကလေးတွေကိုတော့ တုပ်ကွေးကာကွယ်ဆေး ထိုးပေးလို့ မရသေးတဲ့အတွက် မိဘတွေ၊ ကလေးကို ပြုစုစောင့်ရှောက်တဲ့ အုပ်ထိန်းသူတွေ၊ အနီးအနားမှာရှိနေတဲ့ မိသားစုဝင်တွေက ထိုးထားဖို့ လိုအပ်ပါတယ်။ ကိုယ့်မှာ တုပ်ကွေး ဖြစ်နေတယ်လို့ သံသယရှိရင်တော့ ကလေးနဲ့ နီးနီးကပ်ကပ်နေတာမျိုး မလုပ်သင့်ပါဘူး။

#လက်ကိုသေချာဆေးကြောပါ
လက်ဆေးတဲ့ အလေ့အကျင့်ဟာ ကလေးတွေကို အအေးမိဖျားနာ ကူးစက်နိုင်ခြေကို အများအပြား လျှော့ချပေးနိုင်ပါတယ်။ ကလေးတွေဟာ အရာဝတ္ထုတွေကိုင်တွယ်ပြီး၊ လူတွေနဲ့ ထိတွေ့ပြီး လက်သေချာဆေးဖို့ မေ့တတ်ပါတယ်။ မသန့်ရှင်းတဲ့လက်နဲ့ ပါးစပ်၊ နှာခေါင်းထဲ ထည့်မိတဲ့အခါ၊ ထမင်းစားမိတဲ့အခါမှာ လက်မှာရှိတဲ့ ရောဂါပိုးမွှားတွေက ဗိုက်ထဲကို ဝင်ပြီး ဖျားနာတာ၊ ဗိုက်အောင့်တာတွေ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့် ကလေးတွေကို ငယ်စဉ်ကတည်းက လက်သေချာဆေးဖို့ အလေ့အကျင့်လုပ်ပေးထားပါ။
လက်ဆေးတဲ့အခါမှာ ရေအေး ဒါမှမဟုတ် ရေနွေးနဲ့ လက်ကို အရင်စိုစွတ်အောင် လုပ်ပါ။
ပြီးရင် ရေပိတ်ပြီး ဆပ်ပြာတိုက်ပါ။
ဆပ်ပြာတိုက်တဲ့အခါမှာ အမြှုပ်ထအောင် တိုက်ဖို့ အရေးကြီးပါတယ်။ လက်ချောင်းကြား၊ လက်သည်းကြား၊ လက်ဖမိုး နေရာအနှံ့ကို ဆပ်ပြာနဲ့ နှံ့စပ်အောင် တိုက်ပေးပါ။
အနည်းဆုံး စက္ကန့် ၂၀လောက် တိုက်ပြီးသွားပြီဆိုတော့မှ ရေနဲ့ ဆပ်ပြာတွေ ပြောင်စင်အောင် ဆေးကြောပါ။
သန့်ရှင်းတဲ့ လက်သုတ်ပဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပါ။

#လက်သန့်စင်ဆေးရည်ကိုဆောင်ထားပါ
အလွယ်တကူ လက်ဆေးလို့ မရတဲ့ နေရာကို ရောက်နေတဲ့အခါမှာ လက်သန့်စင်ဆေးရည်တွေဟာ အသုံးဝင်ပါတယ်။ လက်ပေါ်က ဘက်တီးရီးယားပိုးတွေကို သေစေဖို့ အနံ့သိပ်မပြင်းတဲ့ လက်သန့်စင်ဆေးရည်တွေကို အသုံးပြုလို့ ရပါတယ်။

အယ်လ်ကိုဟောလ် အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်တဲ့ လက်သန့်စင်ဆေးရည်မျိုးတွေကို ဝယ်ထားပြီး ကလေးတွေ အိတ်ထဲမှာ ဆောင်ပေးထားပါ။ သတိထားရမှာကတော့ လက်သန့်စင်ဆေးရည်တွေဟာ လက်အတွက် သီးသန့်အသုံးပြုရတာ ဖြစ်ပြီး ပါးစပ်ထဲကို ဝင်တဲ့အခါ အဆိပ်အတောက်ဖြစ်စေတတ်တယ်ဆိုတာကို ကလေးတွေ မှာထားပေးဖို့ လိုပါတယ်။

#လက်ကိုင်ပဝါကိုအသုံးပြုပြီးချောင်းဆိုးပါ

လက်ကိုင်ပဝါနဲ့ ပါးစပ်အုပ်ပြီး ချောင်းဆိုး၊ နှာချေတဲ့အခါမှာ ကိုယ့်မှာ ရှိတဲ့ရောဂါပိုးတွေကို သူများတွေဆီ မကူးစက်နိုင်တော့ပါဘူး။ ဒါကြောင့် ကလေးတွေကို ချောင်းဆိုး၊ နှာချေတဲ့အခါ လက်ကိုင်ပဝါ ဒါမှမဟုတ် တစ်သျှူးနဲ့ ပါးစပ်ကို အုပ်တဲ့ အလေ့အကျင့်ကို လုပ်ပေးထားပါ။

#ကျန်းမာရေးကိုဂရုစိုက်ပါ

အဓိကအနေနဲ့ အိပ်ချိန်မှန်ရပါမယ်။ အိပ်ချိန်မှန်မှ ကိုယ်ခံအားကောင်းပြီး ဝင်လာမယ့် ရောဂါပိုးတွေကို ကောင်းကောင်းခုခံနိုင်မှာပါ။ ကလေးတွေအတွက် ဗီတာမင်ဓာတ်ပေါကြွယ်ဝပြီး အာဟာရလည်းရှိတဲ့ အစားအစာတွေကို ကိုယ်တိုင်ချက်ပြုတ်ပေးပါ။

သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသား၊ ငါး၊ ပဲ၊ ဥ၊ အစေ့အဆန် အစရှိသဖြင့် အမျိုးအစားစုံလင်အောင် ချက်ပြုတ်ကျွေးမွေးဖို့ အရေးကြီးပါတယ်။

လူကြီးတွေအနေနဲ့ ဘာတွေ လုပ်ပေးလို့ ရမလဲ။
တုပ်ကွေးကာကွယ်ဆေးကို လူကြီးတွေလည်း နှစ်စဉ် ထိုးပေးရပါမယ်။ အထူးသဖြင့် အရွယ်ငယ်သေးတဲ့ ကလေးတွေကို အုပ်ထိန်းနေရတဲ့ လူကြီးတွေဆိုရင် ပိုပြီးတောင် ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးဖို့ လိုပါတယ်။ လူထူထပ်တဲ့နေရာတွေ သွားတဲ့အခါ ကလေးတွေကို ခေါ်သွားတာမျိုး တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။

တုပ်ကွေးဟာ အလွယ်တကူ ကူးစက်နိုင်တဲ့အတွက် မိသားစုဝင်တွေမှာ တုပ်ကွေးဖြစ်နေပြီဆိုရင် ကိုယ့်ကလေးနဲ့ နီးနီးကပ်ကပ် မနေသင့်ပါဘူး။ ကိုယ့်ရဲ့ ကလေး ဖျားနေတယ်လို့ သံသယရှိပြီဆိုရင် နီးစပ်ရာဆေးခန်းကို သွားပြီး တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ ကိုယ့်ရဲ့ ကလေး ကျန်းမာရေးအခြေအနေကို သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ကလေးတွေ တုပ်ကွေးမဖြစ်စေဖို့ အခုလို နည်းလမ်းလေးတွေနဲ့ သေချာလေး ဂရုစိုက် ကာကွယ်ပေးနိုင်ပါတယ်။
Credit to Owner

#တုပ်ကွေး
#ကလေးကျန်းမာရေး

Mamy Poko Baby Diaper Size စုံ ပြန်ရပါပြီ
04/09/2025

Mamy Poko Baby Diaper Size စုံ ပြန်ရပါပြီ

 ဘေဘီလေးကနေ အရွယ်ရောက်လာအောင် မွေးမြူရတာက သိပ်တော့ လွယ်လှတယ် မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေး တစ်ယောက် ရောက်ရှိလာချိန်မ...
03/09/2025

ဘေဘီလေးကနေ အရွယ်ရောက်လာအောင် မွေးမြူရတာက သိပ်တော့ လွယ်လှတယ် မဟုတ်ပါဘူး။ ကိုယ့်ဘဝထဲကို ဘေဘီလေး တစ်ယောက် ရောက်ရှိလာချိန်မှာ မိဘဆိုတဲ့ စိတ်အတိုင်း အကောင်းဆုံးတွေကိုပဲ ပေးချင်တဲ့ စိတ်ကူးရှိနေမှာပါ။ ဒီလိုအကောင်းဆုံးတွေကိုပဲ ပေးတဲ့ထဲမှာ အစာအာဟာရတင်မဟုတ်ဘဲ အသုံးအဆောင်တွေပါ ပါနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို ကိုယ်တိုင်ဂရုမစိုက်နိုင်သေးတဲ့ ဘေဘီလေးအတွက် Diaper(သေးခံ) ကိုရွေးချယ်တဲ့အခါ သတိထားသင့်တဲ့ အချက်အချို့အကြောင်း ပြောပြပေးချင်ပါတယ်။

#အရည်အသွေး

ဘေဘီလေးက အရမ်းနုနယ်သေးတာကြောင့် အရည်အသွေး ကောင်းတဲ့ အရာမျိုးကိုသာ အဓိက ထားသင့်ပါတယ်။ အကြောင်းကတော့ အရည်အသွေး မပြည့်ဝတဲ့ ပစ္စည်းတွေကြောင့် ဘေဘီလေးကို ထိခိုက်တာမျိုး မဖြစ်စေဖို့ပါ။

#အရွယ်အစား

ဘေဘီလေးအတွက် Diaperမှာ Size အမျိုးမျိုး ရှိနေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးအတွက် Diaper ရွေးချယ်တဲ့အခါ အသက်အရွယ်၊ ဘေဘီလေးရဲ့ ကိုယ်အလေးချိန်နဲ့ သင့်တော်မယ့် Diaper မျိုးကို ရွေးစေချင်ပါတယ်။

#ဝတ်ပေးရတာအဆင်ပြေမပြေ

အလုပ်တာဝန်တွေ များလွန်းတာကြောင့် ဘေဘီလေးလည်း အဆင်ပြေ၊ မေမေဖေဖေတို့လည်း အလုပ်ရှုပ် သက်သာစေဖို့ ရွေးချယ်တဲ့ Baby Diaper က အလုပ်မပိုစေဖို့တော့ လိုမှာပါ။ ဒါကြောင့် Diaper ရွေးချယ်တဲ့အခါ ဝတ်ဆင်ပေးရတာ အဆင်ပြေတဲ့ Diaper မျိုးကို ရွေးချယ်ပေးပါ။

#ကလေးအသားကိုမထိခိုက်စေတာမျိုး

အချို့သော Baby Diaperတွေမှာ ပါဝင်နေတဲ့ ဓာတုပစ္စည်းတွေက ဘေဘီလေးရဲ့ အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို Diaper ဝတ်ပေးပြီး လဲပေးတဲ့အခါတိုင်း တင်ပါးလေးတွေမှာ အနီရောင် အဖုအပိမ့်လေးတွေ ထနေလား၊ ပုံမှန်မဟုတ်တဲ့ အသားအရေပြဿနာ တစ်ခုခု ရှိနေလားဆိုတာကို ဆန်းစစ်ပါ။

#ကလေးရဲ့အသက်အရွယ်

ဘေဘီလေးအတွက် Diaperဝယ်တဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တစ်ခုပါ။ ကလေးကို မွေးစအရွယ်မှာ ဝတ်ပေးတဲ့ Diaper ကို အသက်ကြီးတဲ့အထိ ဝတ်ပေးဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဘေဘီလေးရဲ့ အသက်အရွယ်ကို လိုက်ပြီး သင့်တော်မယ့် သေးခံကို ရွေးချယ်ပေးဖို့ လိုအပ်ပါမယ်။

#ဘေဘီလေးအတွက်သက်သောင့်သက်သာဖြစ်ရဲ့လား

အဆင်ပြေစေဖို့ ရွေးချယ်ပေးတဲ့ ဘေဘီလေးရဲ့ သေးခံက သူတို့လေးတွေအတွက် သက်သောင့်သက်သာဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် အရမ်းကျပ်နေတာမျိုး မဖြစ်သင့်သလို အရမ်းချောင်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ဘေဘီလေး လှုပ်ရှားမှုတိုင်းအတွက် အဆင်ပြေနေတာမျိုး ဖြစ်ဖို့ သတိထားပေးဖို့ လိုပါမယ်။

#လေဝင်လေထွက်ကောင်းရဲ့လား

ဒါကလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့် အချက်တစ်ခုပေါ့။ ဘေဘီလေး သေးခံလောင်တာကြောင့် အရေပြားပွန်းတာ၊ လောင်တာမျိုး မဖြစ်စေဖို့အတွက်လေဝင်လေထွက် ကောင်းတာမျိုးကို သတိထား ရွေးချယ်ပေးဖို့ လိုပါမယ်။ ဒါမှ မလိုအပ်ဘဲ ပိုးတွေ ပေါက်ဖွားမှုကနေ ကာကွယ်နိုင်မှာပါ။

#အနံ့မပါတာ
ဘေဘီလေးအတွက် Diaperရွေးချယ်တဲ့အခါ အမွှေးနံ့တွေ မပါတာမျိုးကို သတိထား ရွေးစေချင်ပါတယ်။ အမွှေးနံ့ပါတဲ့ သေးခံတွေက ဓာတုပစ္စည်း ပါဝင်နိုင်ခြေပိုများနေသလို ဘေဘီလေးကို ဓာတ်မတည့်ဖြစ်စေနိုင်ခြေလည်း တော်တော်လေး များနေတာပါ။ ဒါကြောင့် အနံ့ မပါတာမျိုးကိုပဲ အဓိကထား ရွေးစေချင်ပါတယ်။

#အန္တရာယ်ဖြစ်စေနိုင်တဲ့ဓာတုပစ္စည်းတွေ

ဘေဘီလေးအတွက် Diaperရွေးချယ်တဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို ဟော်မုန်းပြဿနာတွေနဲ့ ဓါတုပစ္စည်း လောင်တာမျိုးကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ဖြစ်ကြတဲ့ Dioxin နဲ့ sodium polyacrylate တို့ ပါဝင်နေလားဆိုတာကို သေချာလေး စစ်ဆေးကြည့်စေချင်ပါတယ်။ ဒီပစ္စည်းတွေ ပါဝင်နေမယ် ဆိုရင် ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့်ပါ။

Baby Ken Company ကပဲထုတ်လုပ်ထားတဲ့ "ဗလာမပါ ကံစမ်းမဲ ပါတဲ့ Ri Ri Diaper🇩🇪 𝐆𝐞𝐫𝐦𝐚𝐧𝐲  နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ 𝐑𝐢 𝐑𝐢 𝐆𝐞𝐥 𝐃𝐢...
02/09/2025

Baby Ken Company ကပဲ
ထုတ်လုပ်ထားတဲ့ "ဗလာမပါ ကံစမ်းမဲ ပါတဲ့ Ri Ri Diaper

🇩🇪 𝐆𝐞𝐫𝐦𝐚𝐧𝐲 နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ 𝐑𝐢 𝐑𝐢 𝐆𝐞𝐥 𝐃𝐢𝐚𝐩𝐞𝐫

❣️ခြောက်သွေ့မှုမြန်ဆန်တယ်
❣️စုပ်ယူမှုအားကောင်းတယ်
❣️ပါးလွှာတဲ့ဒီဇိုင်းလေးနဲ့မို့ ဘေဘီလေးတို့အတွက် လေဝင်လေထွက်ကောင်းမွန်ပြီး သက်သောင့်သက်သာရှိစေပါတယ်

👇👇👇

❤️Jumbo အထုပ်ကြီး 1ထုပ် - 20500 ကျပ်

❤️အထုပ်ကြီး 10ထုပ်ယူ 1ထုပ် - 20000ကျပ်

‼️ရန်ကုန်တမြို့လုံး အိမ်ရောက်ငွေချေပို့ပါသည် ‼️

  is not about blood. It's about who is willing to hold your hand when you need it the most.
31/08/2025

is not about blood. It's about who is willing to hold your hand when you need it the most.

31/08/2025

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ

မေမေတို့ သိထားပြီးတဲ့ အကြောင်းအရာတစ်ခုကို ထပ်ပြောရရင် ၆လအောက် ကလေးတွေအတွက် မိခင်နို့ကသာ အကောင်းဆုံးပါ။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် မိခင်နို့ မတိုက်နိုင်တဲ့ မေမေတွေလည်း ရှိပါတယ်။ မိခင်နို့ လည်း မတိုက်နိုင်၊ တခြားနို့တွေ၊ နို့မှုန့်တွေထဲမှာလည်း ဘယ်ဟာကို တိုက်လို့တိုက်ရမှန်း မသိကြတဲ့အခါ ကလေးက ကြားထဲကနေ ဝမ်းလျှောတာ၊ အာဟာရချို့တဲ့နိုင်လို့ မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ ဆိုတာလေး ပြောပြပေးပါမယ်။

*မိခင်နို့သည်သာ အကောင်းဆုံးပါ
မွေးစကလေးတွေအတွက် မိခင်နို့က အာဟာရအပြည့်ဝဆုံးနဲ့ အကောင်းဆုံးပါ။ ရေတောင် ထပ်တိုက်စရာမလိုဘဲ သူ့တစ်မျိုးတည်းနဲ့တင်ကို ကလေးအတွက် လုံလောက်တဲ့ အာဟာရပေးနိုင်ပါတယ်။ ဒါကြောင့် မွေးစကနေ အနည်းဆုံး၆လအထိ မိခင်နို့တစ်မျိုးတည်းကို စွဲစွဲမြဲမြဲ တိုက်ဖို့ ပြောတာပါ။ ဖြစ်နိုင်ရင် ကလေးအသက် ၂နှစ်လောက်အထိ တိုက်သင့်ပါတယ်။

မိခင်နို့ တိုက်ကျွေးတာက ကလေးအတွက်ဆိုရင်

မကြာခဏ ဖျားနာတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ခဏခဏ ဝမ်းမလျှောအောင် ကာကွယ်ပေးပါတယ်။
အသက်တစ်နှစ်အောက်မှာ ရုတ်တရက်သေဆုံးတာတွေကို လျော့ကျစေပါတယ်။
ကြီးလာတဲ့အခါ အဝလွန်တာနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ နည်းစေပါတယ်။

မိခင်အတွက် ကောင်းကျိုးတွေကတော့

ရင်သားကင်ဆာ
သားဥအိမ်ကင်ဆာ
အရိုးပွ‌ရောဂါ
နှလုံးရောဂါ
အဝလွန်တာတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။

မိခင်နို့သည်သာ အကောင်းဆုံးပါ

ad icon
ကြော်ငြာ

မိခင်နို့ တိုက်ကျွေးတာက ကလေးအတွက်ဆိုရင်

မကြာခဏ ဖျားနာတာတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။
ခဏခဏ ဝမ်းမလျှောအောင် ကာကွယ်ပေးပါတယ်။
အသက်တစ်နှစ်အောက်မှာ ရုတ်တရက်သေဆုံးတာတွေကို လျော့ကျစေပါတယ်။
ကြီးလာတဲ့အခါ အဝလွန်တာနဲ့ နှလုံးရောဂါတွေ ဖြစ်နိုင်ခြေ နည်းစေပါတယ်။
မိခင်အတွက် ကောင်းကျိုးတွေကတော့

ရင်သားကင်ဆာ
သားဥအိမ်ကင်ဆာ
အရိုးပွ‌ရောဂါ
နှလုံးရောဂါ
အဝလွန်တာတွေကို ဖြစ်နိုင်ခြေ နည်းစေပါတယ်။

ဘယ်လိုအခြေအနေတွေဆို မိခင်နို့ တိုက်လို့ မရဘူးလဲ
မိခင်နို့ တိုက်လို့ မရဘူးဆိုတဲ့ နေရာမှာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို လုံးဝတိုက်လို့ မရတာလား။ ဒါမှမဟုတ် မိခင်နို့ကို မိခင်ဆီက စို့လို့ မရပေမယ့် ညှစ်တိုက်မယ်ဆိုရင်တော့ ရတာလား (ဥပမာ မိခင်နဲ့ အနီးကပ်နေတဲ့အခါ ရောဂါပိုး ကူးနိုင်ခြေ ရှိတာမျိုးပေါ့။) ဒါမှမဟုတ် လတ်တလောမှာ မိခင်ရဲ့ ကျန်းမာရေးပြဿနာကြောင့် အခိုက်အတန့် နို့တိုက်တာကို ရှောင်ထားရပြီး မိခင်နေပြန်ကောင်းလာရင် ပြန်တိုက်နိုင်တာမျိုးလား စသဖြင့် အမျိုးမျိုးရှိပါတယ်။

မိခင်နို့ကို လုံးဝတိုက်လို့ မရတဲ့ အခြေအနေတွေကတော့

ကလေးမှာ classic galactosemia လို့ခေါ်တဲ့ galactose 1-phosphate uridyltransferase အင်ဇိုင်း ချို့တဲ့နေရာ
မိခင်မှာ brucellosisရောဂါရှိနေပြီး ကုသမထားတာ
အီဘိုလာ ကူးစက်ခံထားရတာ
မိခင်က ကိုကင်းလိုမျိုး မူးယစ်ဆေးတွေ အသုံးပြုနေတာ စတာတွေပဲ ဖြစ်ပါတယ်။
မိခင်ဆီက နို့ကို စို့လို့ မရပေမယ့် ညှစ်တိုက်မယ်ဆိုရင် ရတဲ့ အခြေအနေတွေကတော့

အမေက လက်ရှိမှာ တီဘီရောဂါ ရှိနေတာ (တီဘီဆေးသောက်ပြီး ၂ပတ်လောက်ဆို ကလေးနား ပြန်ကပ်လို့ ရပါပြီ)
အမေက ရေကျောက်ပေါက်နေတာ စတာတွေပါ။
လတ်တလောမှာ မိခင်နို့တိုက်တာကို ခဏတဖြုတ်နားထားသင့်တာကတော့ ဆေးဝါးတချို့ကို သောက်သုံးနေရင်ပါ။ ဆေးတွေ သောက်ပြီးလို့ ဆေးတွေ သွေးထဲမှာ မရှိလောက်တော့တဲ့ အချိန်ရောက်ရင် ပြန်တိုက်လို့ ရပါတယ်။

အထူးသဖြင့် မိခင်နို့ကို ညှစ်တိုက်လို့တောင် မရတဲ့ အခြေအနေမျိုးဆိုရင်တော့ ကလေးကို ကြားထဲမှာ ဖြည့်စွက်အာဟာရတစ်ခုခုနဲ့ အာဟာရပြည့်ဝအောင် ကူထားပေးဖို့ လိုပါတယ်။

မိခင်နို့ မတိုက်ဖြစ်တဲ့ ၆လအောက်ကလေးတွေကို ဘာတိုက်နိုင်သလဲ
မိခင်နို့က အစားထိုးစရာမရှိဘူးဆိုပေမယ့် မိခင်နို့ တိုက်လို့ မရတဲ့ အချိန်မှာတော့ မိခင်နို့နီးပါး ကောင်းတဲ့တစ်ခုခုကို တိုက်ပေးရမှာပါ။ ၆လအောက်တွေအတွက် ဖော်မြူလာနို့ အများစုက နွားနို့ကို အခြေခံပြီး ထုတ်ထားတာ များပါတယ်။ နွားနို့ကတော့ ကလေးအသက် ၁နှစ်ကျော်မှ တိုက်ရမှာဆိုပေမယ့် နွားနို့ကို အခြေခံပြီး ထုတ်ထားတဲ့ ဖော်မြူလာနို့တွေကိုတော့ တိုက်လို့ ရပါတယ်။

တိုက်လို့ရတာတွေကတော့

First infant formula (မွေးစကလေး ဖော်မြူလာ)
နွာနို့ကို အခြေခံထုတ်ထားတာဖြစ်ပြီး whey ပရိုတင်းပါဝင်ပါတယ်။ ဒါကြောင့် အစာခြေဖျက်ရ လွယ်ပါတယ်။ ကလေးအသက် ၆လ၊ ၁နှစ်လောက်ထိ တိုက်လို့ ရပါတယ်။

ဆိတ်နို့ကို အခြေခံထားတဲ့ ဖော်မြူလာ
နွားနို့လိုပဲ ဆိတ်နို့ကလည်း ကလေးအသက် ၁နှစ်ကျော်မှ တိုက်ရမှာပါ။ ဒီအရွယ်မှာတော့ သူ့ကို အခြေခံထားတဲ့ ဖော်မြူလာပဲ တိုက်လို့ ရပါတယ်။ သတိထားရမှာက နွားနို့ကို အခြေခံထားတဲ့ ဖော်မြူလာနဲ့ မတည့်တဲ့ ကလေးတွေက ဆိတ်နို့ကို အခြေခံထားတဲ့ ဖော်မြူလာနဲ့လည်း မတည့်တာ များပါတယ်။ သူတို့မှာ ပါဝင်တဲ့ ‌ပရိုတင်းချင်း တူနေလို့ပါ။

Hungrier baby formula (အဆာခံတဲ့ ဖော်မြူလာ)
Whey ပရိုတင်းအစား caseinပါဝင်ပြီး သူက အစာခြေရခက်တာကြောင့် ပိုပြီး အဆာခံစေပါတယ်။

Comfort formula
Comfort formulaမှာတော့ နွားနို့မှာပါတဲ့ ပရိုတင်းကို ကလေးတွေ ခြေဖျက်ရလွယ်အောင် partially hydrolysed လုပ်ထားတဲ့အတွက် စုပ်ယူရလွယ်ကူပြီး ဝမ်းချုပ်တာ၊ လေပွတာတွေ အဖြစ်နည်းစေနိုင်ပါတယ်။

Lactose-free formula
နို့သကြား မချေဖျက်နိုင်တဲ့ ကလေးတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Hypoallergenic formula
Comfort formulaနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကတော့ နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေပါ သောက်သုံးနိုင်ပါတယ်။

ဖော်မြူလာနို့တွေက အမျိုးမျိုးရှိတဲ့အတွက် ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိကလေးနဲ့ သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။ ခုခေတ် ဖော်မြူလာနို့တွေက ပရိုတင်းတင် ပါတာမဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးဖို့ ဖက်တီးအက်စစ် (DHA)၊ သံဓာတ်၊ ပရိုဘိုင်အိုတစ် စတာတွေကိုပါ ဖြည့်စွက်ထုတ်လုပ်လာတာကြောင့် ကလေးမှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေမှာပါ။

ဘယ်လိုနို့တွေကို ရှောင်ရမလဲ
နွားနို့၊ ဆိတ်နို့၊ ပဲနို့ စတာတွေကိုတော့ ကလေးအသက်တစ်နှစ်ပြည့်မှ စတိုက်ပါ။ ၆လပြည့်လို့ ကလေးကို မုန့်လုပ်ကျွေးတဲ့အခါ ထည့်ချက်ကျွေးနိုင်ပေမယ့် နို့အနေနဲ့ကတော့ တစ်နှစ်ကျော်မှ တိုက်ရပါမယ်။

အိမ်သုံး ကော်ဖီဖျော်နို့မှုန့်တွေ၊ နို့ဆီကို ဖျော်တိုက်တာတွေ၊ ကလေးအတွက် ဖော်မြူလာကိုက်ပြီး ထုတ်ထားတာ မဟုတ်တဲ့ သာမန်နို့မှုန့်တွေက ကလေးအတွက် အာဟာရမပြည့်ဝစေသလို အခန့်မသင့်ရင် အန္တရာယ်ရှိနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

မိခင်နို့က အကောင်းဆုံးဆိုပေမယ့် မိခင်နို့ တိုက်လို့ မရတဲ့ အခြေအနေမှာဆိုရင်တော့ အာဟာရမချို့တဲ့အောင်၊ ကျန်းမာအောင် ကလေးအတွက် စနစ်တကျ ဖော်စပ်ထားတဲ့ ဖော်မြူလာတွေကို အစားထိုးပြီး တိုက်နိုင်ပါတယ်။ ဘယ်ဖော်မြူလာက ကိုယ့်ကလေးနဲ့ အသင့်တော်ဆုံးလဲဆိုတာကိုတော့ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်သင့်ပါတယ်။

Credit to Owner

'စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ"""နေရာတကာ အလိုက်သိတာကကောင်းတယ်ဆိုပေမဲ့"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ...
28/08/2025

'စိတ်ချမ်းသာချင်ရင်မသိချင်ယောင်ဆောင်လိုက်ပါ""

"နေရာတကာ အလိုက်သိတာက

ကောင်းတယ်ဆိုပေမဲ့

"တချို့အရာတွေက မသိချင်ယောင်ဆောင်တတ်ရတယ်

ဒါမှ စိတ်ချမ်းသာရမှာပါ ။

"သင်မရှိရင် မဖြစ်ဘူးဆိုတာ လောကမှာမရှိဘူး

"နေအလင်းရောင် တစ်ခုတည်းနဲ့ ကမ္ဘာကြီးလင်းနေရင်

"ညဆိုတာ ဖြစ်လာမှာမဟုတ်ဘူးလေ ။

"ဘဝမှာ နေရာတကာ လိုက်ပြီးတွေးပေးနေရင်

ကိုယ်ပဲပင်ပန်းရလိမ့်မယ်၊

"လွှတ်ချသင့်တဲ့အရာတွေကို

"လွှတ်ချတတ်အောင်သင်ယူပါ၊

"ဆွဲထားသမျှ ပူလောင်နေရင်

အဲ့ဒီရပ်ဝန်းမှာ ကြာကြာမနေနဲ့ မလိုအပ်တော့ဘူးဆိုရင် သိသာစွာပြောင်းလဲတတ်တာ လူ့သဘာဝပါ ။

"ဒါကြောင့်မှန်နေရင်တောင် မငြင်းနဲ့ တိတ်ဆိတ်နေခြင်းက ပညာပါ၊ မြင်နေရင်တောင် မပြောပဲနေရမဲ့အနေအထားဆို

ရင်

မသိချင်ယောင်ဆောင်ထားလိုက်ပါ

"တချို့တွေက

စေတနာရဲ့ တန်ဖိုးကို နားလည်မှာမဟုတ်ဘူး ။

"ဘဝမှာအများကြီးပေးလို့ အများကြီးပြန်ရတာဆိုလို့ မေတ္တာပဲရှိတယ်

"ဒါပေမဲ့ မေတ္တာနဲ့ မထိုက်တန်တဲ့သူကိုပေးမိတဲ့အခါ

"ပြန်ရတာက နောင်တဆိုရင် အဲ့ဒီနောင်တအပေါ် ဒေါသ ဖြစ်ခြင်းကြောင့်

ပေးသမျှမေတ္တာတွေက ဒဏ်ရာအဖြစ်ပြန်ရမဲ့အတူတူ

"မသိချင် ယောင်ဆောင်လိုက်တာက ပိုအေးချမ်းပါတယ်။🍀🍀🍀

t

27/08/2025

#အသက်နှစ်နှစ်နောက်ပိုင်းမှာအာဟာရပြည့်ဝမျှတဖို့အရေးကြီးသလား
အာဟာရ ပြည့်ဝမျှတဖို့အတွက်က ကလေးတစ်ယောက်ရဲ့ ဘယ်အသက်အရွယ်မှာ မဆို အရေးပါတဲ့ အချက်တစ်ခုဆိုပေမယ့် အသက်နှစ်နှစ်နောက်ပိုင်းမှာတော့ ပိုလို့ အရေးကြီးပါတယ်။ အကြောင်းကတော့ ကလေးတွေက အသက် ၂ နှစ်ကျော်ပြီဆိုရင် တစ်ချိန်လုံး အာဟာရအဖြစ် မှီဝဲခဲ့တဲ့ မိခင်နို့ကို ဆက်မသောက်ဖြစ် တော့တာကြောင့်ပါ။

ဒါကြောင့် ကလေးက အသက် ၂ နှစ်ကျော်လာချိန်မှာ ကလေးရဲ့ နေ့စဉ် စားသုံးမှုမှာ ထမင်း၊ အသီးအရွက်၊ အသား၊ ငါး စတာတွေကို မျှတအောင် ပြင်ဆင်ပေးဖို့ လိုသလို နို့နဲ့ နို့ထွက်ပစ္စည်း၊ သစ်သီးစတာတွေကိုလည်း အလျဉ်းသင့်သလို ပြင်ဆင်ပေးဖို့ လိုပါမယ်။

ဒီလိုမှလည်း အရှိန်အမြင့်ဆုံးနှုန်းနဲ့ ကြီးထွားဖွံ့ဖြိုးနေတဲ့ အသက်နှစ်နှစ်နောက်ပိုင်းမှာ ထိခိုက်မှု ကင်းကင်းနဲ့ လိုအပ်တဲ့ အာဟာရကို ပြည့်ပြည့်ဝဝ ရရှိမှာပါ။

#ကလေးဆိုတာကလည်းပြင်ပေးတိုင်းမစားတတ်ကြပါဘူး
ကလေးက အသက်နှစ်နှစ်နောက်ပိုင်းမှာ အာဟာရ လိုအပ်ချက် မြင့်မားတာကြောင့် မိခင်တွေအနေနဲ့ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတယ် ဆိုပေမယ့်လည်း ကလေးက အကုန်လုံးကို ကြိုက်မယ်၊ စားမယ်လို့လည်း တထစ်ချ ဆိုလို့ မရသေးပြန်ပါဘူး။
ကလေးက အိမ်ချက်တွေထက် အပြင်စာတွေကို ပိုနှစ်သက်တာ၊ တစ်နေ့တာမှာ လုံလောက်အောင် မစားတာ၊ အစားရွေးတာ၊ အစားမစားချင်ဘဲ အမြဲလိုလို အစားစားဖို့ကို ရှောင်ပြေးနေတာမျိုး ဆိုရင်တော့ မေမေတို့အတွက် အခက်တွေ့တော့တာပါပဲ။
ကလေးက မေမေပြင်ဆင်ပေးတဲ့ အာဟာရအုပ်စုတွေကို စုံလင်အောင် ကျွေးရခက်မယ်၊ ဥပမာ နို့နဲ့ နို့ထွက် ပစ္စည်းကို မကြိုက်တာမျိုး ဖြစ်ဖြစ်၊ ငါးမစားချင်တာ၊ အသီးအရွက် မကြိုက်တာမျိုးတွေကလည်း ရှိနိုင်ပါတယ်။

ဒါကြောင့် ဒီလို အခြေအနေတွေကြောင့် ကလေးတွေမှာ အာဟာရ ချို့တဲ့တာမျိုး မဖြစ်စေဖို့ ကြိုတင်ပြင်ဆင် ထားရမယ့် တာဝန်ကလည်း မေမေတို့မှာ ရှိသေးတာကိုး ဒီတော့ ဒီပြဿနာတွေကို ဖြေရှင်းနိုင်ပြီး ကလေးကို လိုအပ်တဲ့ အာဟာရ ပြည့်ဝအောင် ရရှိစေမယ့် နည်းလမ်း မရှိတော့ဘူးလားဆိုပြီး တွေးနေပြီလား! ဒါဆိုရင်တော့ အဖြေလေးက ရှိပါတယ်။ ဒါကတော့ …….

အသက် ၂ နှစ်ကျော်ပြီးချိန်မှာ ကောင်းစွာဖွံ့ဖြိုးစေဖို့ဆိုရင် အာဟာရပြည့်ဝစေဖို့ မျှတတဲ့ အစားအစာတွေနဲ့အတူ ဖြည့်စွက်ပြင်ဆင်ပေးသင့်တာလေး တစ်ခုကို ပြောပြပေးလိုက်ပါတယ်။ ဒါကတော့

#ကလေးတွေရဲ့အသက်အရွယ်အလိုက်တိုက်ပေးရတဲ့ဖော်မြူလာနို့တိုက်ပေးတာပါ။

ကလေးကို နေ့စဉ် စားသုံးမှုမှာ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်မယ့် အစားအစာတွေဖြစ်ကြတဲ့ ထမင်း၊ အသား၊၊ ငါး၊ အသီးအရွက် အမျိုးမျိုး၊ သစ်သီးတွေနဲ့ နှံစားသီးနှံတွေ၊ နို့နဲ့ နို့ထွက်ပစ္စည်း၊ ဥအမျိုးမျိုး စတာတွေကို ပြင်ဆင်ပေးတာနဲ့အတူ ဖော်မြူလာနို့ တစ်ခွက်ကိုပါ ထည့်သွင်း ပြင်ဆင်ပေးလိုက်ပါ။

ဒီလို ပြင်ဆင်ပေးတာက ကလေးက အစားနည်းလို့၊ အစားရွေးလို့၊ အစားရှောင်လို့ အာဟာရ မပြည့်ဝမှုကို ကာမိပြီးသား ဖြစ်စေမှာပါ။ ဖော်မြူလာနို့ဆိုတာက ကလေးတိုင်း ကြိုက်တဲ့ သောက်စရာ တစ်ခုဖြစ်တာကြောင့် ကလေးကို ဖိအားပေးစရာ မလိုဘဲ သောက်မှာ ဖြစ်သလို မေမေတို့ စိတ်ပူနေတဲ့ အာဟာရ လိုအပ်ချက် ရှိနေမှာကိုလည်း ဖြည့်ပြီးသား ဖြစ်စေမှာပါ။

ဒီနေရာမှာ တစ်ခု သတိပေးချင်တာကတော့ ကလေးရဲ့ အာဟာရ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ ဖော်မြူလာနို့ ရွေးချယ်တဲ့အခါ ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ကူပေးနိုင်ပြီး ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုကိုပါ ထောက်ကူပေးမယ့် အာဟာရဓာတ်တွေ နဲ့ ကလေးတွေမှာ အဖြစ်များတဲ့ အစာခြေစနစ် ပြဿနာတွေကို ကင်းစေမယ့် အာဟာရဓာတ်တွေ ပါဝင်ဖို့ပါ။

ဘယ်လို အာဟာရဓာတ်တွေလည်း ဆိုတော့ ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရပ်ရှည်စေဖို့က ဗီတာမင် သတ္တုဓာတ်တွေနဲ့ ကိုယ်ခံစွမ်းအားအတွက် သံဓာတ် စတာတွေပေါ့။ ဉာဏ်ရည်ဖွံ့ဖြိုးဖို့ကတော့ ဦးနှောက်ဖွံ့ဖြိုးမှုကို ထောက်ကူပေးတယ်လို့ ဖေဖေမေမေတိုင်း သိပြီးဖြစ်တဲ့ DHA နဲ့ အစာခြေစနစ် ကျန်းမာပြီး စားတိုင်း အာဟာရတွေကို အူနံရံတွေက ပြည့်ပြည့်ဝဝ စုပ်ယူနိုင်ဖို့ Dual Fiber နဲ့ ကိုယ်ခံအား ကောင်းပြီး အရိုးနဲ့ ကြွက်သားတွေ ကောင်းစွာ ဖွံ့ဖြိုးစေဖို့ ပရိုတင်း စတာတွေ ပါဝင်နေဖို့ပါ။

ဒါကြောင့် အာဟာရ လိုအပ်ချက်ကို ဖြည့်ချင်တယ်။ ကလေးကို အာဟာရ ပြည့်ဝစွာနဲ့ ကြီးပြင်းအရွယ်ရောက်လာ စေချင်ဆိုရင်တော့ အာဟာရ ပြည့်ဝအောင် ပြင်ဆင်ပေးတာ၊ ဖော်မြူလာနို့ ပြင်ဆင်ပေးတာနဲ့အတူ အိပ်စက်ချိန် ပြည့်ဝစေဖို့ရော ကိုယ်လက်လှုပ်ရှားမှု ရှိစေဖို့ပါ သေချာလေး ဂရုစိုက်ပေးပါနော် မေမေတို့ရေ …..
Credit to Owner

 #မိခင်နို့မတိုက်ဖြစ်တဲ့၆လအောက်ကလေးတွေကိုဘာတိုက်နိုင်သလဲ??မိခင်နို့ တိုက်လို့ မရဘူးဆိုတဲ့ နေရာမှာ အမျိုးမျိုး ဖြစ်နိုင်ပ...
26/08/2025

#မိခင်နို့မတိုက်ဖြစ်တဲ့၆လအောက်ကလေးတွေကိုဘာတိုက်နိုင်သလဲ??

မိခင်နို့ တိုက်လို့ မရဘူးဆိုတဲ့ နေရာမှာ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။ မိခင်နို့ကို လုံးဝတိုက်လို့ မရတာလား။ ဒါမှမဟုတ် မိခင်နို့ကို မိခင်ဆီက စို့လို့ မရပေမယ့် ညှစ်တိုက်မယ်ဆိုရင်တော့ ရတာလား (ဥပမာ မိခင်နဲ့ အနီးကပ်နေတဲ့အခါ ရောဂါပိုး ကူးနိုင်ခြေ ရှိတာမျိုးပေါ့။) ဒါမှမဟုတ် လတ်တလောမှာ မိခင်ရဲ့ ကျန်းမာရေးပြဿနာကြောင့် အခိုက်အတန့် နို့တိုက်တာကို ရှောင်ထားရပြီး မိခင်နေပြန်ကောင်းလာရင် ပြန်တိုက်နိုင်တာမျိုးလား စသဖြင့် အမျိုးမျိုးရှိပါတယ်။

မိခင်နို့ကို လုံးဝတိုက်လို့ မရတဲ့ အခြေအနေတွေကတော့

ကလေးမှာ classic galactosemia လို့ခေါ်တဲ့ galactose 1-phosphate uridyltransferase အင်ဇိုင်း ချို့တဲ့နေရာ
မိခင်မှာ brucellosisရောဂါရှိနေပြီး ကုသမထားတာ
အီဘိုလာ ကူးစက်ခံထားရတာ
မိခင်က ကိုကင်းလိုမျိုး မူးယစ်ဆေးတွေ အသုံးပြုနေတာ စတာတွေပဲ ဖြစ်ပါတယ်။
မိခင်ဆီက နို့ကို စို့လို့ မရပေမယ့် ညှစ်တိုက်မယ်ဆိုရင် ရတဲ့ အခြေအနေတွေကတော့

အမေက လက်ရှိမှာ တီဘီရောဂါ ရှိနေတာ (တီဘီဆေးသောက်ပြီး ၂ပတ်လောက်ဆို ကလေးနား ပြန်ကပ်လို့ ရပါပြီ)
အမေက ရေကျောက်ပေါက်နေတာ စတာတွေပါ။
လတ်တလောမှာ မိခင်နို့တိုက်တာကို ခဏတဖြုတ်နားထားသင့်တာကတော့ ဆေးဝါးတချို့ကို သောက်သုံးနေရင်ပါ။ ဆေးတွေ သောက်ပြီးလို့ ဆေးတွေ သွေးထဲမှာ မရှိလောက်တော့တဲ့ အချိန်ရောက်ရင် ပြန်တိုက်လို့ ရပါတယ်။
မိခင်နို့က အစားထိုးစရာမရှိဘူးဆိုပေမယ့် မိခင်နို့ တိုက်လို့ မရတဲ့ အချိန်မှာတော့ မိခင်နို့နီးပါး ကောင်းတဲ့တစ်ခုခုကို တိုက်ပေးရမှာပါ။ ၆လအောက်တွေအတွက် ဖော်မြူလာနို့ အများစုက နွားနို့ကို အခြေခံပြီး ထုတ်ထားတာ များပါတယ်။ နွားနို့ကတော့ ကလေးအသက် ၁နှစ်ကျော်မှ တိုက်ရမှာဆိုပေမယ့် နွားနို့ကို အခြေခံပြီး ထုတ်ထားတဲ့ ဖော်မြူလာနို့တွေကိုတော့ တိုက်လို့ ရပါတယ်။

တိုက်လို့ရတာတွေကတော့

First infant formula (မွေးစကလေး ဖော်မြူလာ)
နွာနို့ကို အခြေခံထုတ်ထားတာဖြစ်ပြီး whey ပရိုတင်းပါဝင်ပါတယ်။ ဒါကြောင့် အစာခြေဖျက်ရ လွယ်ပါတယ်။ ကလေးအသက် ၆လ၊ ၁နှစ်လောက်ထိ တိုက်လို့ ရပါတယ်။

ဆိတ်နို့ကို အခြေခံထားတဲ့ ဖော်မြူလာ
နွားနို့လိုပဲ ဆိတ်နို့ကလည်း ကလေးအသက် ၁နှစ်ကျော်မှ တိုက်ရမှာပါ။ ဒီအရွယ်မှာတော့ သူ့ကို အခြေခံထားတဲ့ ဖော်မြူလာပဲ တိုက်လို့ ရပါတယ်။ သတိထားရမှာက နွားနို့ကို အခြေခံထားတဲ့ ဖော်မြူလာနဲ့ မတည့်တဲ့ ကလေးတွေက ဆိတ်နို့ကို အခြေခံထားတဲ့ ဖော်မြူလာနဲ့လည်း မတည့်တာ များပါတယ်။ သူတို့မှာ ပါဝင်တဲ့ ‌ပရိုတင်းချင်း တူနေလို့ပါ။

Hungrier baby formula (အဆာခံတဲ့ ဖော်မြူလာ)
Whey ပရိုတင်းအစား caseinပါဝင်ပြီး သူက အစာခြေရခက်တာကြောင့် ပိုပြီး အဆာခံစေပါတယ်။

Comfort formula
Comfort formulaမှာတော့ နွားနို့မှာပါတဲ့ ပရိုတင်းကို ကလေးတွေ ခြေဖျက်ရလွယ်အောင် partially hydrolysed လုပ်ထားတဲ့အတွက် စုပ်ယူရလွယ်ကူပြီး ဝမ်းချုပ်တာ၊ လေပွတာတွေ အဖြစ်နည်းစေနိုင်ပါတယ်။

Lactose-free formula
နို့သကြား မချေဖျက်နိုင်တဲ့ ကလေးတွေအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

Hypoallergenic formula
Comfort formulaနဲ့ အတူတူပဲ ဖြစ်ပါတယ်။ ဒါကတော့ နွားနို့နဲ့ ဓာတ်မတည့်တဲ့ ကလေးတွေပါ သောက်သုံးနိုင်ပါတယ်။

ဖော်မြူလာနို့တွေက အမျိုးမျိုးရှိတဲ့အတွက် ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီး မိမိကလေးနဲ့ သင့်တော်တာကို ရွေးချယ်နိုင်ပါတယ်။ ခုခေတ် ဖော်မြူလာနို့တွေက ပရိုတင်းတင် ပါတာမဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးဖို့ ဖက်တီးအက်စစ် (DHA)၊ သံဓာတ်၊ ပရိုဘိုင်အိုတစ် စတာတွေကိုပါ ဖြည့်စွက်ထုတ်လုပ်လာတာကြောင့် ကလေးမှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝစေမှာပါ။

ဘယ်လိုနို့တွေကို ရှောင်ရမလဲ
နွားနို့၊ ဆိတ်နို့၊ ပဲနို့ စတာတွေကိုတော့ ကလေးအသက်တစ်နှစ်ပြည့်မှ စတိုက်ပါ။ ၆လပြည့်လို့ ကလေးကို မုန့်လုပ်ကျွေးတဲ့အခါ ထည့်ချက်ကျွေးနိုင်ပေမယ့် နို့အနေနဲ့ကတော့ တစ်နှစ်ကျော်မှ တိုက်ရပါမယ်။

အိမ်သုံး ကော်ဖီဖျော်နို့မှုန့်တွေ၊ နို့ဆီကို ဖျော်တိုက်တာတွေ၊ ကလေးအတွက် ဖော်မြူလာကိုက်ပြီး ထုတ်ထားတာ မဟုတ်တဲ့ သာမန်နို့မှုန့်တွေက ကလေးအတွက် အာဟာရမပြည့်ဝစေသလို အခန့်မသင့်ရင် အန္တရာယ်ရှိနိုင်တာကြောင့် ရှောင်သင့်ပါတယ်။

မိခင်နို့က အကောင်းဆုံးဆိုပေမယ့် မိခင်နို့ တိုက်လို့ မရတဲ့ အခြေအနေမှာဆိုရင်တော့ အာဟာရမချို့တဲ့အောင်၊ ကျန်းမာအောင် ကလေးအတွက် စနစ်တကျ ဖော်စပ်ထားတဲ့ ဖော်မြူလာတွေကို အစားထိုးပြီး တိုက်နိုင်ပါတယ်။ ဘယ်ဖော်မြူလာက ကိုယ့်ကလေးနဲ့ အသင့်တော်ဆုံးလဲဆိုတာကိုတော့ ကလေးဆရာဝန် ဒါမှမဟုတ် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပြီးမှ တိုက်သင့်ပါတယ်။

Credit to Owner

 #ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်...
26/08/2025

#ကလေးကျန်းမာရေး ဆိုတာက ကလေးတစ်ယောက် သန္ဓေတည်တဲ့ အချိန်ကနေစပြီး ဆယ်ကျော်သက်အရွယ်ရောက်လာသည်အထိ မိဘတွေဘက်က ဂရုစိုက် စောင့်ကြည့်ပေးရမယ့် အရာပါ။
ကလေးကျန်းမာရေး က ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှု အပေါ် သက်ရောက်နေသလို ကလေးတစ်ယောက် ကျန်းမာကြံ့ခိုင်သူ တစ်ယောက် အနေနဲ့ အရွယ်ရောက်လာစေဖို့ အများကြီး အထောက်အကူ ပြုပေးနိုင်ပါတယ်။

ကလေးအရွယ်မှာ ကျန်းမာအောင် ဂရုစိုက် စောင့်ရှောက်ပေးတာက ကလေးကို ကျန်းမာသန်စွမ်းစွာနဲ့ အရွယ်ရောက်လာစေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။

ဒါကြောင့် သားသားမီးမီးလေးတွေကို ကျန်းမာပျော်ရွှင်စွာ အရွယ်ရောက်လာစေချင်တယ်ဆိုရင် ကလေးကို ငယ်စဉ်ကတည်းက ကျန်းမာရေးကို စောင့်ရှောက်ပေးဖို့ လိုပါမယ်။
ကလေးကျန်းမာရေးလို့ ဆိုတဲ့နေရာမှာ မပါမဖြစ် ထည့်သွင်းစဉ်းစားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒါတွေကတော့

#ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှု
ကလေးတစ်ယောက်ရဲ့ ကြီးထွားဖွံ့ဖြိုးမှုဆိုတာက မွေးဖွား မလာခင် မိခင်ဝမ်းထဲမှာ သန္ဓေတည်ကတည်းက စတင်ခဲ့တာပါ။ ဒီဖွံ့ဖြိုးမှုက သန္ဓေတည်ချိန်ကနေစပြီး မမွေးဖွားခင်အထိ မေမေတစ်ယောက်အနေနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အပြည့်အဝ ခံယူရပါတယ်။ အာဟာရ ပြည့်ဝအောင် စားသောာက်မှုနဲ့အတူ နေထိုင်သွားလာမှုကအစ ဂရုစိုက်ရတာပါ။

ဒါတင် မကသေးပါဘူး။ ကျန်းမာတဲ့ ဘေဘီလေး မွေးဖွားလာစေဖို့အတွက် မေမေ့အနေနဲ့ လိုအပ်မယ့် ကာကွယ်ဆေးတွေကိုလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ထိုးနှံရပါသေးတယ်။

ဘေဘီလေးကို မွေးဖွားလာပြီဆိုရင်လည်း မွေးကင်းစ ကလေးငယ်ကို စောင့်ရှောက်တာကစလို့ မိခင်နို့တိုက်ကျွေးတာကအစ အိပ်စက်မှုကအဆုံး အားလုံးကို သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ ပြီးရင် ထပ်ဂရုစိုက်ရမှာက မွေးကင်းစ ကလေးကို လုပ်ပေးရမယ့် screening testတွေကို လုပ်ပေးဖို့ပါ။ ဘေဘီလေး အရွယ်ကတည်းက ရောဂါတွေက ဝင်ရောက်နိုင်တာကိုး။
ဘေဘီလေးကို ငယ်စ​ဉ်ကတည်းက လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေး စောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုသလို ကာကွယ်ဆေးထိုးနှံတာတွေကိုလည်း အသက်အရွယ်အလိုက် သေချာလေး ဂရုတစိုက် ထိုးဖို့ လိုအပ်ပါမယ်။
ဒီလိုကနေ ဘေဘီလေးက အသက် ၆ လလောက်ရောက်လာပြီဆိုရင် ကလေးကို ရေတိုက်တာကအစ solid food ကျွေးတာ အပါအဝင် နောက်ဖေးသွားတဲ့ အလေ့အထကိုပါ သေချာ ဂရုစိုက် လေ့ကျင့်ပေးရပါမယ်။နောက်ထပ် ဂရုစိုက်ပေးရမှာက ဘေဘီလေးရဲ့ သွားနဲ့ခံတွင်း ကျန်းမာရေးပါ။

ကလေးတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာများ
ကလေးက ကျန်းမာတယ်ဆိုရင်တောင်မှ အခန့်မသင့်ရင် ဖျားနာတာမျိုး ရှိနိုင်ပါတယ်။ ကလေးအရွယ်မှာ ဖြစ်တတ်တဲ့ နာမကျန်းမှုတွေက အလုံးစုံ ကာကွယ်လို့ မရတာတော့ မဟုတ်ပါဘူး။ အချို့သော နာမကျန်းဖြစ်မှုတွေက ကာကွယ်လို့ရပါတယ်။

ကလေးအရွယ်မှာ နားပိုးဝင်ကူးစက်တာ၊ အာသီးရောင်တာလိုမျိုး ကျန်းမာရေးပြဿနာတွေက ရှောင်လွှဲလို့ မရနိုင်ပေမယ့် အချို့သော ရောဂါဆိုးတွေက ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရပါတယ်။

နောက်ထပ် ကလေးတွေမှာ အဖြစ်များတဲ့ သွားပိုးစားတဲ့ ပြဿနာကိုလည်း သွားနဲ့ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်တာ သွားဆရာဝန်နဲ့ ပြသပေးတာတွေ လုပ်ပြီး ကာကွယ်လို့ ရပါတယ်။

ကလေးက မွေးရာပါ ကျန်းမာရေး ပြဿနာတွေ ပါလာမယ်ဆိုရင်တော့ ဆရာဝန်တွေရဲ့ ညွှန်ကြားချက်အတိုင်း သေချာ လိုက်နာပြီး ဂရုစိုက်စောင့်ရှောက်ဖို့ လိုပါမယ်။

#ကလေးတွေမှာဖြစ်နိုင်တဲ့ထိခိုက်ဒဏ်ရာတွေ
ကလေးတွေမှာ ဖြစ်လာနိုင်တဲ့ မွေးရာပါ ကျန်းမာရေးပြဿနာတွေနဲ့ နာမကျန်းဖြစ်မှုတွေကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ကလေးတွေကို မတော်တဆထိခိုက်ဒဏ်ရာရမှုတွေ၊ ပြတ်ရှတာ၊ အပူလောင်တာနဲ့ မတော်တဆ အဆိပ်သင့်မှုတွေကနေတော့ ကာကွယ်ပေးလို့ ရပါတယ်။

ကလေးကို ထိခိုက်မိစေနိုင်တဲ့ အရာတွေနဲ့ ခပ်ဝေးဝေးထားတာ၊ ဘေးကင်းလုံခြုံရေးကို သေချာ ဂရုစိုက်တာတွေကို လုပ်ပေးလို့ ရပါတယ်။ ကလေးရဲ့ နေထိုင်ရာ ပတ်ဝန်းကျင်ကို ဘေးကင်းစိတ်ချရအောင် လုပ်ဆောင်ပေးတာမျိုးတွေ လုပ်ပေးရင်း ကလေးကို မတော်တဆ ထိခိုက်မှုတွေကနေ ကာကွယ်ပေးလို့ ရပါတယ်။ ကလေးကို အမြဲမပြတ် စောင့်ကြည့်နေဖို့လည်း လိုပါမယ်။

#ကလေးအတွက်အာဟာရ
ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်ပြီး ဉာဏ်ရည်ထက်မြက်စွာနဲ့ ကြီးပြင်းလာဖို့က အာဟာရ ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် မိခင်နို့ တိုက်ကျွေးချိန်မှာ မေမေက အာဟာရ ပြည့်ဝအောင် စားသောက်ဖို့ လိုအပ်သလို ကလေးက အစားစစားနိုင်တဲ့ အရွယ်ကို ရောက်လာချိန်မှာ လုံလောက်တဲ့ အာဟာရ ပြည့်ဝမျှတစွာ ရရှိစေဖို့အတွက် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။

ဒါကြောင့် ကလေးက အစားစစားပြီဆိုတဲ့ အရွယ်မှာ အိမ်မှာ ကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တဲ့ အစားအစာတွေကို သေချာလေး ကျွေးမွေးဖို့ လိုပါမယ်။ ဒါမှ ကလေးက ခန္ဓာကိုယ် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးပြီး ဦးနှောက်နဲ့ ဉာဏ်ရည်လည်း ဖွံ့ဖြိုးမှာပါ။

အာဟာရ ပြည့်ဝမှုက ကိုယ်ခံအားကို ကောင်းစေပြီး ရောဂါကင်းစင်လို့ ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာစေမှာပါ။

#ကလေးရဲ့အပြုအမူပိုင်းဆိုင်ရာဖွံ့ဖြိုးမှု

ကလေးတစ်ယောက် ကျန်းမာစေဖို့အတွက် ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာက အရေးကြီးပါတယ်။ မေမေတို့အနေနဲ့ ဒီအချက်တွေအပြင် အခြား ဂရုစိုက်ပေးရမယ့် အချက်က ကလေးရဲ့ အပြုအမူပိုင်းဆိုင်ရာ နဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုပါ။

ဒါကြောင့် ကလေးကို ငယ်စဉ်ကတည်းက အပြုအမူပိုင်းအပေါ် သက်ရောက်နိုင်မယ့် အပြုအမူတွေ၊ ရုပ်ရှင်တွေကို မကြည့်မိစေဖို့ ဂရုစိုက်ပေးဖို့ လိုပါမယ်။ ကလေးကို ငယ်စဉ်ကတည်းက အကြောက်တရားဖြစ်စေမယ့်အရာတွေကို ပြောပြီး ကြောက်အောင် ခြောက်တာမျိုး မလုပ်ဖို့ လိုသလို မိဘတွေကိုယ်တိုင်က ကလေးရှေ့မှာ အော်ငေါက်တာ၊ ရန်ဖြစ်တာ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေကို မလုပ်မိဖို့လည်း လိုပါမယ်။

ဗီဒီယိုဂိမ်း ဆော့တဲ့အရွယ် ရောက်လာပြီ ဆိုရင်လည်း ကြမ်းတမ်းတဲ့ ဂိမ်းမျိုးတွေ မဆော့စေဖို့ ဂရုစိုက်ဖို့ လိုပါမယ်။
ကလေးရဲ့ ကျန်းမာရေးကို ဂရုစိုက်ပေးတဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ စိတ်ခံစားမှုပိုင်းနဲ့ အပြုအမူပိုင်းဆိုင်ရာကိုပါ သေချာ ဂရုစိုက်ဖို့ လိုမယ့်အပြင် မိဘတွေ ကိုယ်တိုင်ကလည်း ကလေးရဲ့ နမူနာကောင်းများ ဖြစ်အောင် နေထိုင်ဖို့ လိုပါမယ်။

Credit to Owner

Address

Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959778574747

Website

Alerts

Be the first to know and let us send you an email when Peachy Baby Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Peachy Baby Shop:

Share