Cherry Myat

Cherry Myat ဟင်းချက်နည်းမျိုးစုံ၊ အအေးဖျော်နည်းများ၊ မုန့်လုပ်နည်းများ များကို နေ့စဥ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်

07/10/2024
အရသာရှိပြီး စားချင်စိတ်တွေဖြစ်ပေါ်လာမယ့် ကြက်ကြော်နည်းလေးမျှဝေပေးပါမယ်ရှင့်🔥🔥ပါဝင်ပစ္စည်းများ- ကြက်ရင်အုံ - ကြက်သွန်မြိတ...
07/10/2024

အရသာရှိပြီး စားချင်စိတ်တွေဖြစ်ပေါ်လာမယ့် ကြက်ကြော်နည်းလေးမျှဝေပေးပါမယ်ရှင့်🔥🔥

ပါဝင်ပစ္စည်းများ
- ကြက်ရင်အုံ
- ကြက်သွန်မြိတ်၊ နှမ်းဆီ
- ဟင်းချက်ဝိုင်၊ ပဲငံပြာရည်၊ ဆား၊ ငရုတ်ကောင်း၊ သကြား၊ ပြောင်းဖူးမှုန့်

ချက်ပြုတ်နည်း
၁။ အရင်ဦးဆုံး သန့်စင်ထားသော ကြက်ရင်အုံကို အပိုင်းပိုင်းဖြတ်ထားပါမယ်။ ဟင်းချက်ဝိုင် ၁ဇွန်း ၊ ငရုတ်ကောင်းအနည်းငယ်၊ ဆား၊ ပြောင်းမှုန့် ၁ ဇွန်းတို့ကို ရောမွှေပြီး မိနစ် ၂၀ ခန့် ကြက်သားကို နှပ်ထားလိုက်ပါမယ်။ ကြက်သွန်မြိတ်ကို ရေဆေးပြီး ပါးပါးလှီးထားပါမယ်။
၂။ ပဲငံပြာရည် ၂ ဇွန်း ၊ နှမ်းဆီ ၁ ဇွန်း ၊သကြား ၁ ဇွန်း ရောမွှေပြီး ဆော့စ်ပြုလုပ်ထားပါမယ်။
၃။ ရွှေရောင်သန်းလာသည်အထိ ဆီပူလာလျှင် နှပ်ထားသော ကြက်ရင်ပုံများကို ထည့် ကြော်ပါမယ်။ ရောစပ်ပြီးသားဆော့စ်နှင့် ပါးပါးလှီးထားသော ကြက်သွန်မြိတ်ထည့်ကာ သေချာ မွှေပေးပါ။ အဖုံးဖုံးပြီး 2 မိနစ်ခန့် မီးအပူပေးထားပါ။ ထို့နောက် အရသာရှိလှတဲ့ ကြက်ကြော်လေးကို ထမင်းပူပူလေးနဲ့တဲွဖက် စားသုံးနိုင်ပါပြီရှင်🤍

Address

Yangon

Telephone

09772983130

Website

Alerts

Be the first to know and let us send you an email when Cherry Myat posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share