
  • Home
  • Myanmar
  • Yangon

ကျားညီနောင်သင်္ကန်းတိုက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ကျားညီနောင်သင်္ကန်းတိုက်, Clothing (Brand), Yangon.

ရဟန်းကျင့်ဖွယ်၂၂၇ သွယ် အကျဉ်း °°°°°°°°°°°°°°°°°°°°°°°°°°°°°°°°      {ပါရာဇိက ၄ ပါး }၁ ။ မေထုန်မကျင့်ရ၂ ။ သူတပါးဥစ္စာမခို...
30/12/2025

ရဟန်းကျင့်ဖွယ်၂၂၇ သွယ် အကျဉ်း
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°

{ပါရာဇိက ၄ ပါး }
၁ ။ မေထုန်မကျင့်ရ
၂ ။ သူတပါးဥစ္စာမခိုးရ
၃ ။ လူမသတ်ရ မသတ်ခိုင်းရ
၄ ။ ဈာန်မဂ်ဖိုလ်မရဘဲ ရသည်ဟုမပြောရ ။

{သံဃဒိသိသ် ၁၃ ပါး }
၅ ။ သုတ်မလွှတ်ရ
၆ ။ အမျိုးသမီးဟူသမျှ မကိုင်ရ
၇ ။ အမျိုးသမီးနှင့်ညစ်ညမ်းရုန့်ရင်း စကားမပြောရ
၈ ။ မေထုန် အလှူမခံရ
၉ ။ မအောင်သွယ်ရ
၁၀ ။ သံဃာကို မပန်ကြားဘဲ ပမာဏလွန်သောကျောင်း မဆောက်ရ
၁၁ ။ သံဃာကိုမပန်ကြားဘဲ ကျောင်းကြီးမဆောက်ရ
၁၂ ။ မြင်ခြင်း ကြားခြင်း မရှိပါဘဲ ပါရာဇိကနှင့် မစွပ်စွဲရ
၁၃ ။ ပြစ်မှားလိုသောစိတ်ဖြင့် နာမည်တူပြု၍ ပါရာဇိကနှင့် မစွပ်စွဲရ
၁၄ ။ သံဃာကို သင်းမခွဲရ
၁၅ ။ သင်းခွဲသော သံဃာနောက်ကို မလိုက်ရ
၁၆ ။ ဝိနည်းကံ နှင့်အညီ ဆုံးမသည်ကို လိုက်နာရမည်
၁၇ ။ ဝိနည်းကံနှင့် မညီသော သစ်သီးပေးခြင်း ပန်းပေးခြင်း စသည်တို့ကို မပြုရ ။ ဆုံးမသည်ကို လိုက်နာရမည်။

{ အနိယတ ၂ ပါး (ပါသံစိတ် သံစိတ်) }
၁၈ ။ မျက်ကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်းမနေရ
၁၉ ။ နားကွယ်ရာ၌ ရဟန်းနှင့် မာတုဂါမ နှစ်ဦးတည်း မနေရ

{ နိဿဂ္ဂိပါစိတ် ၃၀ ပါး }
၂၀ ။ သင်္ကန်းကို အဓိဌာန် ဝိကပ္ပနာမပြုဘဲ (၁၀)ရက်မလွန်စေရ။
၂၁ ။ တိစိဝရိတ်သင်္ကန်းနှင့် ညဉ့်ကင်း၍ မနေရ။
၂၂ ။ ကထိန်ခေတ်မှ လွန်၍ရသော သင်္ကန်းကို တစ်လအတွင်းအဓိဌာန်တင်ရမည်။
၂၃ ။ ဆွေမျိုးမတော်သော ရဟန်းမကို သင်္ကန်းမဖွတ်စေရ။
၂၄ ။ ဆွေမျိုးမတော်သော ရဟန်းမ၏သင်္ကန်းကို အလှူမခံရ။
၂၅ ။ ဆွေမျိုးမတော်သောသူကို သင်္ကန်းတောင်းခွင့်မရှိဘဲ မတောင်းရ။
၂၆ ။ သင်္ကန်းတောင်းခွင့်ရှိသော်လည်း နှစ်ထည်ထက် ပိုမတောင်းရ။
၂၇ ။ ဒါယကာတို့ ခန့်မှန်းသည်ထက် သင်္ကန်းဖိုး မစီရင်ရ။
၂၈ ။ ဒါယကာနှစ်ဦး၏ သင်္ကန်းကို ရည်မှတ်သည်ထက် မစီရင်စေရ။
၂၉ ။ သင်္ကန်းဖိုးကို သုံးကြိမ်တောင်း၍ ခြောက်ကြိမ်ထက် ပိုမရပ်ရ။
၃၀ ။ ပိုးနှင့်ချည်ရောလျှင် အခင်းမပြုရ။
၃၁ ။ အမည်း၊ အနက် သိုးမွေးကို အခင်းမပြုရ။
၃၂ ။ သိုးမွေးအမည်းကို လေးဖို့နှစ်ဖို့ထက် မပိုစေရ။
၃၃ ။ သိုးမွေးအခင်းကို သမုတိမရဘဲ (၆)နှစ်အတွင်း မပြုရ။
၃၄ ။ အဆာနှင့် နိသိဒိုင်ကို အခင်းဟောင်းမှ တစ်ထွာမသွင်းဘဲ မပြုရ။
၃၅ ။ သိုးမွေးကို ကပ္ပိယမရှိဘဲ သုံးယူဇနာထက် လွန်၍မယူရ။
၃၆ ။ ဆွေမျိုးမတော်သည့် ရဟန်းမကို သိုးမွေးမဖွတ်ခိုင်းရ။
၃၇ ။ ရွှေ၊ ငွေတို့ကို မကိုင်ခံရ။
၃၈ ။ အရောင်းအဝယ် မပြုရ။
၃၉ ။ အလဲ အလှယ် မပြုရ။
၄၀ ။ အဓိဌာန်မတင်ဘဲ (၁၀)ရက်လွန်သော သပိတ်ကို မသုံးရ။
၄၁ ။ သပိတ်အကွဲ (၅)ကွဲမရှိဘဲ သပိတ်မတောင်းရ။
၄၂ ။ ထောပတ်၊ ဆီ၊ ပျား၊ တင်လဲတို့ကို (၇)ရက်ထက် ပိုမထားရ။
၄၃ ။ မိုးရေခံသင်္ကန်းကို (၄)လထက် ပိုမဆောင်ရ
၄၄ ။ ပေးထားသောသင်္ကန်းကို စိတ်ဆိုး၍ ပြန်မတောင်းရ။
၄၅ ။ ချည်ကိုတောင်း၍ မယက်ခိုင်းရ။
၄၆ ။ အမျိုးတော်ခြင်း ဖိတ်ခြင်းမရှိဘဲ ရည်မှန်းကာမျှ သင်္ကန်းကို ဝင်၍မစီရင်အပ်။
၄၇ ။ သင်္ကန်းကာလကို (၅)ရက်ထက် မလွန်ရ။
၄၈ ။ သမ္မုတိမရဘဲ တိစီဝရိတ်သင်္ကန်းနှင့်(၆) ညဉ့်အကင်းရ။
၄၉ ။ သံဃာညီညွတ်ပြီးသား လာဘ်ကို မိမိသို့ မညွတ်စေရ။

{ သုဒ္ဓပါစိတ် (၉၂)ပါး}
၅၀ ။ မုသားမပြောရ။
၅၁ ။ မဆဲရ။
၅၂ ။ ကုန်းမတိုက်ရ။
၅၃ ။ လူ၊ သာမဏေနှင့် ပုဒ်ပြိုင်စာမချရ။
၅၄ ။ တစ်ကျောင်းတည်း၌လူ၊ သာမဏေနှင့် (၃)ညဉ့်ထက် မအိပ်ရ။
၅၅ ။ မာတုဂါမနှင့် တစ်ကျောင်းတည်းမအိပ်ရ။
၅၆ ။ မာတုဂါမနှင့် နှစ်ယောက်ချင်း(၆) ခွန်းထက် မဟောရ။
၅၇ ။ မိမိရသော စျာန်၊ မဂ်၊ ဖိုလ်ကို လူ၊သာမဏေအား မပြောရ။
၅၈ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်ကို လူ၊ သာမဏေအား မပြောရ။
၅၉ ။ မြေကိုမတူးရ။
၆၀ ။ သစ်ပင်မခုတ်ရ။
၆၁ ။ ရဟန်းတစ်ပါးမေးသည်ကို ပြန်၍မပြောဘဲ မနေရ။
၆၂ ။ သမ္မုတိရသောရဟန်းကို မရှုပ်ချအပ်။
၆၃ ။ သံဃိကညောင်းစောင်းကို အပြင်မှာမထားအပ်။
၆၄ ။ သံဃိကအိပ်ရာကို အထဲမှာမထားဘဲ မသွားရ။
၆၅ ။ သံဃိကကျောင်း၌ အိပ်နေသော ရဟန်းကို နှိုး၍ မအိပ်ရ။
၆၆ ။ သံဃိကကျောင်းမှ အမျက်ထွက်၍ နှင်မထုတ်ရ။
၆၇ ။ စို့မရိုက်သော ညောင်စောင်းကို မထိုင်ရ။
၆၈ ။ စိမ်းစိုသော ကောက်ပဲမရှိရာ၌ အမိုးသုံးဆင့်ထက်ပို၍ အင်္ဂတေ မလိမ်းကျံရ။
၆၉ ။ ပိုးရှိသော ရေကို မြေပေါ်၊ မြက်ပေါ်သို့ မသွန်ရ။
၇၀ ။ သမ္မုတိမရဘဲနှင့် ရဟန်းမအား မဆုံးမရ။
၇၁ ။ သမ္မုတိရသော်လည်း နေဝင်လျှင် မဆုံးမရ။
၇၂ ။ မနာဖျားဘဲ ရဟန်းမတို့၏ ကျောင်းသို့ သွား၍ မဆုံးမအပ်။
၇၃ ။ ရဟန်းမများအား ဆုံးမသော မထေရ်ကြီးများကို မကဲ့ရဲ့အပ်။
၇၄ ။ ရဟန်းမကို သင်္ကန်းမပေးအပ်။
၇၅ ။ ရဟန်းမကို သင်္ကန်းချုပ်မပေးရ။
၇၆ ။ ရဟန်းမနှင့်တိုင်ပင်၍ ခရီးမသွားရ။
၇၇ ။ ရဟန်းမနှင့်တိုင်ပင်၍ လှေမစီးရ။
၇၈ ။ ရဟန်းမ စီစဉ်သောဆွမ်း မစားရ။
၇၉ ။ အမျိုးသမီးနှင့်နှစ်ယောက်ချင်း မနေရ။
၈၀ ။ ဧည့်သည်အတွက်ဆွမ်းကို တစ်ကြိမ်ထက်ပို၍မစားရ။
၈၁ ။ ရဟန်း(၄)ပါး ထိုင်နေသည့်အခါ၌ ထမင်းစားဖိတ်လျှင် မစားရ။
၈၂ ။ ရှေးဦးဒါယကာ၏ ဆွမ်းကို မစားဘဲ နောက်ဆွမ်းကို မစားရ။
၈၃ ။ လက်ဆောင်မုန့်များ သုံးသပိတ်ထက် ပိုအလှူမခံရ။
၈၄ ။ စားနေတုန်း ဆွမ်း၊ ခဲဖွယ်ဘောဇဉ်တို့ကို ပယ်လျှင် နောက်ထပ်မစားရ။
၈၅ ။ ပဝါရိတ်သင့်သော ရဟန်းအား စွပ်စွဲလို၍ ဆွမ်းစားမဖိတ်ရ။
၈၆ ။ နေလွဲသောအခါ ညစာမစားရ။
၈၇ ။ သိုမှီးထား၍ ဘောဇဉ်ကို မစားရ။
၈၈ ။ မနာမဖျားဘဲ မွန်မြတ်သောဘောဇဉ်ကို တောင်းမစားရ။
၈၉ ။ အကပ္မခံဘဲ ဘာကိုမျွမစားရ။
၉၀ ။ ပရိဗိုရ်ကို ဘောဇဉ်မပေးရ။
၉၁ ။ ဆွမ်းခံရာ၌ မာတုဂါမနှင့် စကားပြောလို၍ အဖော်ရဟန်းကို ပြန်မလွှတ်ရ။
၉၂ ။ အကြင်လင်မယား အခန်း၌ မနေရ။
၉၃ ။ မျက်စိကွယ်ရာ၌ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၄ ။ နားကွယ်ရာမှ မိန်းမနှင့် နှစ်ယောက်ချင်း မနေရ။
၉၅ ။ ဆွမ်းစားပင့်ဖိတ်သော အိမ်မှတပါး အခြားအိမ်သို့ မလှည့်ရ။
၉၆ ။ ဆေးပစ္စည်းကို ဖိတ်ကြားထားသည်ထက် လွန်၍ မတောင်းရ။
၉၇ ။ အဂါင်္(၄)ပါးရှိသော စစ်ဒရိန်းပြရာသို့ သွား၍ မကြည့်ရ။
၉၈ ။ အကြောင်းရှိ၍ စစ်မြေပြင်သို့ သွားသော် (၇)ရက်ထက် မလွန်ရ။
၉၉ ။ စစ်ဆင်ရာအရပ်သို့ မသွားရ။
၁၀၀ ။ ယစ်မျိုးငါးပါး မသောက်ရ။
၁၀၁ ။ ရဟန်းချင်း ချိုင်းထိုး မကျီစားရ။
၁၀၂ ။ ရေထဲမှာ မကစားရ။
၁၀၃ ။ သိက္ခာကြီး၊ ဝါတော်ကြီးကို မရိုမသေမနေရ။
၁၀၄ ။ ရဟန်းချင်း မလှန့် မခြောက်ရ။
၁၀၅ ။ ရဟန်းသည် မနာမဖျားဘဲ မီးမမွေးရ။
၁၀၆ ။ မဇ္ဈိမဒေသ၌နေသော ရဟန်းသည်(၁၅)ရက်တစ်ကြိမ် ရေချိုးရမည်။
၁၀၇ ။ ဗိန္ဓုမထိုးဘဲ သင်္ကန်းမဝတ်ရ။
၁၀၈ ။ ဝိကပ္ပနာပြုသည့် သင်္ကန်းကို ဝိကပ္ပနာမပြန်ဘဲ မသုံးရ။
၁၀၉ ။ ပရိက္ခရာရှစ်ပါးကို မဝှက်ရ၊ မကျီစားရ။
၁၁၀ ။ ပိုး၊ တိရစ္ဆာန်တို့ကို မသတ်ရ။
၁၁၁ ။ ပိုးရှိသော ရေကို မသောက်ရ။
၁၁၂ ။ ငြိမ်းအေးပြီးသော အဓိကရုဏ်းကို မချောက်ချားစေရ။
၁၁၃ ။ ရဟန်းတစ်ပါး၏ သံဃဒိသိသ်အာပတ်ကို မဖုံးကွယ်ရ။
၁၁၄ ။ အသက်(၂၀)မပြည့်သောသူအား ရဟန်းမခံစေရ။
၁၁၅ ။ ခိုးသား၊ ဓားပြနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၆ ။ အမျိုးသမီးများနှင့် တိုင်ပင်၍ ခရီးမသွားရ။
၁၁၇ ။ မိစဆွာဒိဌိဝါဒမှားကို မယူရ။
၁၁၈ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သောရဟန်းနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၁၉ ။ မိစ္ဆာဒိဌိဝါဒကိုမစွန့်၍ နှင်ထုတ်အပ်သော သာမဏေနှင့် ဓမ္မသမ္ဘောဂ၊ အာဝါသ,သမ္ဘောဂ မပြုရ။
၁၂၀ ။ ဝိမည်းဓိုရ်များ၏ စကားကို ရိုသေစွာ နားထောင်ရမည်။
၁၂၁ ။ သိက္ခာပုဒ်များကို မကဲ့ရဲ့ရ။
၁၂၂ ။ ပါတိမောက်ပြရာ၌ ပြောင်လှောင်မှုမပြုရ။
၁၂၃ ။ ရဟန်းချင်း မရိုက်နှက်ရ။
၁၂၄ ။ ရဟန်းကို လက်ဖြင့်မရွယ်ရ။
၁၂၅ ။ လူ၊ သာမဏေတို့ကိုလည်း မရိုက်နှက်ရ။
၁၂၆ ။ ရဟန်းကို နှလုံးမသာအောင်မပြောရ။
၁၂၇ ။ ရဟန်းချင်း ရန်ဖြစ်နေသည်ကိုချောင်း၍ နားမထောင်ရ။
၁၂၈ ။ ဆန္ဒမဲပေးပြီး မကဲ့ရဲ့ရ။
၁၂၉ ။ ဝိနည်းကံကို ဆန္ဒမပေးဘဲ မသွားရ။
၁၃၀ ။ တိုင်ပင်၍ သင်္ကန်းပေးပြီးမှ မကဲ့ရဲ့ရ။
၁၃၁ ။ သံဃာအား ညီညွတ်ပြီးသောလာဘ်ကို ပုဂ္ဂိုလ်သို့ မညွတ်စေရ။
၁၃၂ ။ မင်း၊ မိဖုရား အိပ်ခန်းထဲသို့ မဝင်ရ။
၁၃၃ ။ကျောင်းအရံအပြင်ဘက် ရတနာကို မကောက်ရ။
၁၃၄ ။ ထင်ရှားရှိသောရဟန်းကို မပန်ကြားဘဲ နေလွဲ ရွာဝင် မသွားရ။
၁၃၅ ။ ဆင်စွယ်ကို အပ်ကျည်မလုပ်ရ။
၁၃၆ ။ တစ်တောင့်ထွာထက်ပိုမြင့်သော ညောင်စောင်း၌ မအိပ်ရ။
၁၃၇ ။ ညောင်စောင်းထဲမှာ လဲထည့်၍ မလုပ်ရ။
၁၃၈ ။ အလျားနှစ်ထွာ၊ အနံတစ်ထွာခွဲ၊ အဆာတစ်ထွာထက်ပို၍ နိသိဒိုင် မပြုလုပ်ရ။
၁၃၉ ။ အမာလွှမ်းသင်္ကန်းကို အလျား(၄)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၀ ။ မိုးရေခံ သင်္ကန်းကို အလျား (၆)ထွာ ၊ အနံ (၂)ထွာထက် မပိုရ။
၁၄၁ ။ ဘုရားသင်္ကန်း ပမာဏကို မပြုရ။

{ပါဋိဒေသနီ(၄)ပါး }
၁၄၂ ။ ရဟန်းမ၏ ဘောဇဉ်ကို မိမိလက်ဖြင့် မယူရ။
၁၄၃ ။ ဒါယကာများ ဆွမ်းကျွေးရာ ရဟန်းမများ ဝင်၍စီစဉ်လျှင် မောင်းမဲတားမြစ်ရမည်။
၁၄၄ ။ သမ္မုတိရသော သေက္ခအိမ်ကို ဆွမ်းမခံရ။
၁၄၅ ။ ဘေးရန်ရှိသည်ကို မပြောကြားဘဲ အရံတွင်း၌ မိမိလက်ဖြင့် ဘောဇဉ်မခံယူအပ်။

{သေခိယ (၇၅)ပါး}
၁၄၆ ။ သင်္ကန်းကို ညီညီဝတ်ရမည်။
၁၄၇ ။ သင်္ကန်းကို ညီညီရုံရမည်။
၁၄၈ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲသွားရမည်။
၁၄၉ ။ လည်၊ လက်ကောက်ဝတ်ဖုံးလျက် ရွာထဲမှာနေရမည်။
၁၅၀ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာ သွားရမည်။
၁၅၁ ။ မျက်စိဣနြေ္ဒစောင့်၍ ရွာထဲမှာနေရမည်။
၁၅၂ ။ မျက်လွှာချ၍ ရွာထဲမှာသွားရမည်။
၁၅၃ ။ မျက်လွှာချ၍ ရွာထဲမှာ နေရမည်။
၁၅၄ ။ သင်္ကန်းကိုပင့်၍ ရွာထဲမှာ မနေရ။
၁၅၅ ။ သင်္ကန်းကို ပင့်၍ ရွာထဲမှာ မသွားရ။
၁၅၆ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မသွားရ။
၁၅၇ ။ ရွာထဲမှာ ကျယ်ကျယ်ရယ်၍ မနေရ။
၁၅၈ ။ ရွာထဲမှာ ကျယ်ကျယ် စကားပြော၍ မသွားရ။
၁၅၉ ။ ရွာထဲမှာ ကျယ်ကျယ်စကားပြော၍ မနေရ။
၁၆၀ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မသွားရ။
၁၆၁ ။ ရွာထဲမှာ ကိုယ်ကို လှုပ်၍ မနေရ။
၁၆၂ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မသွားရ။
၁၆၃ ။ ရွာထဲမှာ လက်ရုံးကိုလှုပ်၍ မနေရ။
၁၆၄ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မသွားရ။
၁၆၅ ။ ရွာထဲမှာ ဦးခေါင်းကိုလှုပ်၍ မနေရ။
၁၆၆ ။ ရွာထဲမှာ ခါးထောက်လျက် မသွားရ။
၁၆၇ ။ ရွာထဲမှာ ခါးထောက်လျက် မနေရ။
၁၆၈ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မသွားရ။
၁၆၉ ။ ရွာထဲမှာ ခေါင်းမြီးခြုံ၍ မနေရ။
၁၇၀ ။ ရွာထဲမှာ ခြေဖျားထောက်၍ မသွားရ။
၁၇၁ ။ ရွာထဲမှာ လက်ဖြင့် ဒူးကိုပိုက်၍၎င်း၊ သင်္ကန်းပတ်၍၎င်း မနေရ။
၁၇၂ ။ မရိုမသေ ဆွမ်းမခံရ။
၁၇၃ ။ သပိတ်၌ အမှတ်ထား၍ ဆွမ်းခံရမည်။
၁၇၄ ။ လေးပုံတစ်ပုံ ထက်ပို၍ ဆွမ်းဟင်းမခံရ။
၁၇၅ ။ သပိတ်အနားရေးထက်ပို၍ ဆွမ်းမခံရ။
၁၇၆ ။ ဆွမ်းကိုရိုသေစွာ စားရမည်။
၁၇၇ ။ သပိတ်ထဲ၌ အမှတ်မထားဘဲ မထားရ။
၁၇၈ ။ ဆွမ်းကို အစဉ်လိုက် စားရမည်။
၁၇၉ ။ ဆွမ်း၏ လေးပုံတစ်ပုံထက်ပို၍ ဆွမ်းဟင်းကို မစားရ။
၁၈၀ ။ ဆွမ်းဦးကို နှိပ်၍ မစားရ။
၁၈၁ ။ ဟင်းလျာများကို ဆွမ်းနှင့်ဖုံး၍ မစားရ။
၁၈၂ ။ မနာဖျားဘဲ ဟင်းလျာတောင်း၍ မစားရ။
၁၈၃ ။ ကဲ့ရဲ့လို၍ သူတစ်ပါးသပိတ်ကို မကြည့်ရ။
၁၈၄ ။ ဆွမ်းလုတ်ပမာဏထက် မလွန်ရ။
၁၈၅ ။ ဆွမ်းလုတ်ကို အဝန်းညီအောင်ပြု၍ စားရမည်။
၁၈၆ ။ ဆွမ်းမရောက်ခင် ခံတွင်းမဖွင့်ရ။
၁၈၇ ။ ဆွမ်းစားလျက် ခံတွင်းဖွင့်ထားခြင်း မပြုရ။
၁၈၈ ။ ဆွမ်းစားလျက် စကားပြောခြင်း မပြုရ။
၁၈၉ ။ ဆွမ်းလုတ်ကို မြောက်၍မစားရ။
၁၉၀ ။ ဆွမ်းလုတ်ကို ဖြတ်၍မစားရ။
၁၉၁ ။ ပါးစောင်၌ ဆွမ်းလုတ်ငုံ၍ မစားရ။
၁၉၂ ။ ဆွမ်းစားရင်း လက်မခါရ။
၁၉၃ ။ ဆွမ်းလုံးကို ကြဲ၍ မစားရ။
၁၉၄ ။ လျှာထုတ်၍ ဆွမ်းစားခြင်း မပြုရ။
၁၉၅ ။ ပျတ်ပျတ်မြည်အောင် ဆွမ်းမစားရ။
၁၉၆ ။ ရှုပ်ရှုပ်မြည်အောင် ဆွမ်းမစားရ။
၁၉၇ ။ လက်ကိုလျှက်၍ ဆွမ်းမစားရ။
၁၉၈ ။ သပိတ်ကိုခြစ်၍ ဆွမ်းမစားရ။
၁၉၉ ။ နှုတ်ခမ်းကိုလျက်၍ ဆွမ်းမစားရ။
၂၀၀ ။ ဆွမ်းလုံးပေကျံသောလက်နှင့် ရေခွက်ကို မကိုင်ရ။
၂၀၁ ။ သပိတ်ဆေးရေကို ရွာထဲမှာ မသွန်ရ။
၂၀၂ ။ ထီး လက်၌ရှိသောသူကို တရားမဟောရ။
၂၀၃ ။ တုတ်လက်၌ရှိသောသူကို တရားမဟောရ။
၂၀၄ ။ ဓား လက်၌ရှိသောသူကို တရားမဟောရ။
၂၀၅ ။ လေး လက်၌ရှိသောသူကို တရားမဟောရ။
၂၀၆ ။ ခြေနင်းစီးထားသောသူကို တရားမဟောရ။
၂၀၇ ။ ဖိနပ်စီးထားသောသူကို တရားမဟောရ။
၂၀၈ ။ ယာဉ်စီး၍နေသောသူကို တရားမဟောရ။
၂၀၉ ။ အိပ်ရာနေရာ၌ နေသောသူကို တရားမဟောရ။
၂၁၀ ။ အာယောဂပတ်ဖွဲ့သူကို တရားမဟောရ။
၂၁၁ ။ ဦးရစ်ခေါင်းပေါင်းထားသူကို တရားမဟောရ။
၂၁၂ ။ အိပ်ရာနေရာထက်၌ နေသောသူကို တရားမဟောရ။
၂၁၃ ။ ခေါင်းမြီးခြုံထားသူကို တရားမဟောရ။
၂၁၄ ။ နိမ့်ရာကနေ၍ မြင့်ရာ၌ နေသောသူကို တရားမဟောရ။
၂၁၅ ။ ရပ်လျက် ထိုင်နေသောသူကို တရားမဟောရ။
၂၁၆ ။ ရှေ့ကသွားသောသူကို နောက်ကလိုက်၍ တရားမဟောရ။
၂၁၇ ။ လမ်းကိုသွားသောသူကို လမ်းမဟုတ်ရာက တရားမဟောရ။
၂၁၈ ။ မတ်တတ်ရပ်လျက် ကျင်ကြီး၊ ကျင်ငယ် မစွန့်ရ။
၂၁၉ ။ မြက်၊သစ်ပင်ရှိရာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။
၂၂၀။ ရေထဲမှာ ကျင်ကြီး၊ ကျင်ငယ်၊ နှပ်၊ တံတွေး မစွန့်ရ။(နာဖျားသော ပုဂ္ဂိုလ်တို့ကိုမူ ဟောပြောတရားပြခြင်း၊ နာဖျားချိန်၌ ကျင်ကြီး၊ ကျင်ငယ်၊ တံတွေး စွန့်ပစ်ခြင်းတို့ကို ခွင့်ပြုပါသည်။)

{အဓိကရဏ သမထ(၇) ပါး}
၂၂၁ ။ သံဃာဝတ္ထု၏ ဟုတ်မှန်ခြင်း၊ ဓမ္မဝိနည်း ပုဂ္ဂိုလ်တို့၏ မျက်မှောက်ရှိသည်၏ အဖြစ်ဟူသော သမ္မုခါဝိနည်း။
၂၂၂ ။ ရဟန္တာပုဂ္ဂိုလ်အား ပေးအပ်သော သတိဝိနည်း။
၂၂၃ ။ ရူးသောရဟန်းအား ပေးအပ်သော အမူဠဝိနည်း။
၂၂၄ ။ ဝန်ခံသဖြင့် ငြိမ်းစေအပ်သော ပဋိညာတကာရေတဗ္ဗဝိနည်း။
၂၂၅ ။ ဓမ္မဝါဒီ ရဟန်းများရာသို့လိုက်၍ ပြုအပ်သော ယေဘုယျဝိနည်း။
၂၂၆ ။ ယုတ်မာသောရဟန်းအား ပေးအပ်သော တဿပါပိယသိကဝိနည်း။
၂၂၇ ။ မစင်ကို မြက်ဖြင့် ဖုံးလွှမ်းသကဲ့သို့သော တိဏဝတ္တာရကဝိနည်း။

ကျမ်းမှီး
၁ ။ ဘုရားဥပဒေတော်ကြီး၊ "အရှင်ဇနကာဘိဝံသ"။
၂ ။ ပါတိမောက်ဘာသာဋီကာ၊ "အရှင်ဇနကာဘိဝံသ"။
၃ ။ နိဗ္ဗာန်လမ်းညွှန်ကျမ်း၊ "ဘဒ္ဒန္တပညာသာရ"။
၄ ။ ဝိနည်းတော် ဥပဒေတော်ကြီး၊
"အရှင်ဩဘာသ"။
၅ ။ ဖားအောက်တောရ ဆရာတော်ကြီး၏ ဝိနည်းဥပဒေဆိုင်ရာ ဟောကြားတိတ်ခွေများ။
ဓမ္မဒါန ......မှ ကူးယူဖော်ပြပါသည်။

ဝိနည်းတော်ထဲ မပါဘဲ ဒေဝဒတ်၏ ဘုရားထံ တောင်းဆိုသော ဥပဒေများကို အောက်တွင်ဖော်ပြလိုက်ပါသည်။

ဒေဝဒတ် တောင်းဆိုသော အချက် ၅ ချက်
၁ ။ သံဃာတော်များ အားလုံး ကပ်လှူဆွမ်းအစား တသက်လုံး ဆွမ်းခံသာစားရန်။
၂ ။ သံဃာတော်များ အားလုံး လှူသင်္ကန်းအစား တသက်လုံး ပံ့သကူသာဝတ်ရန်။
၃ ။ သံဃာတော်များ အားလုံး ကျောင်းတိုက်အစား တသက်လုံး သစ်ဝါးရိပ်တွင်သာ သီတင်းသုံးရန်။
၄ ။ သံဃာတော်များ အားလုံး တသက်လုံး သင်္ကန်းသုံးထည်ထက်ပို မထားရန်။
၅ ။ သံဃာတော်များ အားလုံး တသက်လုံး သက်သတ်လွတ် ဆွမ်းဟင်းများသာ စားရန်။
ဒီအကွက်မှာ အထူး သတိထားရမှာက သံဃာအားလုံးရယ် တသက်လုံးရယ်လို့
အဲဒီ နှစ်ခုကြောင်သာ ခွင်မပြုတာပါ။

အချိုတွေက သံဃာအားလုံး ဝါးဟရ မထည် မရေ
တသက်လုံး မပါတော့ အချိုအချို သူတော်ကောင်းတွေကို ပြစ်မှားကြတယ်။
ဒါကြောင် စာရေတဲ့ အခါ အဓိပ္ပါယ်ပေါ်လွင်ဖို့ လိုအပ်လာပါတယ်။

ဘုရားက အသားကြီး ဆယ်မျိုးနှင့် ရွေစူးသား
ရွေစူသားမှာ မြင်သား၊ ကြားသား၊ ယုံမှား သံသယသားလို သုံးမျိုးရှိပါတယ်။
ပံသုကု အသားဆိုတာ ဘုရားဟော အမှန် ပံသုကု အသားက သူ့အလို့လို သေနေသော အသားဖြစ်ရမယ်။

သိုမဟုတ် ကျားတို့ ခြင်္သေ့တို့ ကိုက်သက်စားပြီး ကျန်နေတဲ့ အသားမျိုးတွေ ဖြစ်ပါတယ်။

ယနေခေတ်မှာ အချို တရားဟော မပြတ်သားတာရယ်
အသားလွတ် သုံးကြတာကို မနာလို့သော အချို ပုဂ္ဂိုလ်တွေက

အစွန်ရောက် ဝါဒကို ဟောပြောကြတယ်
အသေရှာ မရှင်ပြကြပါဘူး
အသားလွတ် သုံးကြတိုင် အစွန်ရောက် ဝါဒလို မပြောမီဖို့ လိုပါတယ်
ဘာစိတ်နဲ့ ဘယ်လို နှလုံးသွင်းပြီး သုံးတဲ့ ဆိုတာ သိမှာ အဖြေရတာပါ။

အချိုသူ့တော်ကောင်းတွေက မီမီအတွက်ကြောင့် သူ့တစ်ပါး အသက်နဲ့ခန္ဓာ မပျက်စီးပါစေနဲ့
ဆိုတဲ့ မေတ္တာစိတ်ကြောင့် မစားသုံးတာဖြစ်တယ်
သနားလို မစားတာ ဖြစ်တယ်
အမျိုးမျိုးရှိပါတယ်။
📕📙📗

ဒေဝဒတ်၏ တောင်းဆိုချက် ၅ မျိုး
*********************************

၁။ ရဟန်းအားလုံး အသက်ထက်ဆုံး (တောကျောင်း၌သာ နေထိုင်သီတင်းသုံးရသော) အာရညကင်ဓုတင် ဆောက်တည်စေ၍ ရွာနီးကျောင်း (မြို့ကျောင်း) ၌ မနေစေရန် တောင်းဆိုခြင်း၊

၂။ ရဟန်းတော်များ အသက်ထက်ဆုံး အိမ်စဉ် လှည့်လည်၍ ဆွမ်းခံစားရသော ပိဏ္ဍပါတ်ဓုတင်ကို ဆောက်တည်စေ၍ ပင့်ဖိတ်ကျွေးသော ဆွမ်း (နိမန္တနဘတ်) ကို လက်မခံစေရန် တောင်းဆိုခြင်း၊

၃။ ရဟန်းတော်များ အသက်ထက်ဆုံး ပံသုကူဓုတင်ကို ဆောက်တည်စေလျက် ပံသုကူသင်္ကန်းကိုသာ ဝတ်ရုံသုံးဆောင်၍ လူဒါယကာတို့ လှူဒါန်းသော အဝတ်သင်္ကန်းကို လက်မခံစေရန် တောင်းဆိုခြင်း၊

၄။ ရဟန်း တော်များ အသက်ထက်ဆုံး သစ်ပင်ရင်း၌သာ နေထိုင်ရသော ရုက္ခမူဓုတင်ကို ဆောက်တည် စေလျက် အမိုးအကာရှိသော ကျောင်း၌ မနေစေရန် တောင်းဆိုခြင်း၊

၅။ ရဟန်းတော်များ အသက်ထက်ဆုံး အမဲသား ငါးကို မစားစေရန် တောင်းဆိုခြင်း။

(ဝိ၊၁။၂၆၃။) (ဝိ၊၄။၃၅၉။) (ဓမ္မ၊ဋ္ဌ၊၁။၉၁။) (ဝိ၊မြန်၊၁။၂၇၈။)(ဝိ၊မြန်၊၄၊၃၆၄။)

📕📙📗

✍✍✍✍✍

စိုးမဲ့ကျီး

အရှင်ဝိသုတ

#မူရင်းရေးသားသူကိုဂါရဝပြုပြန်လည်ပူ‌ဇော်ကုသိုလ်ယူပါသည်ရှင်

22/08/2024
လွန်ခဲ့သော(၂၀၀၇)နှစ်ခန့်အချိန်က ကျွန်တော်မောင်သူရမျိုး၊ကိုယ်ပိုင် ကျားညီနောင်သင်္ကန်းတိုက်(လှိုင်)ဆိုင်ခွဲ မဖွင့်နိုင်သေ...
04/07/2024

လွန်ခဲ့သော(၂၀၀၇)နှစ်ခန့်အချိန်က ကျွန်တော်မောင်သူရမျိုး၊ကိုယ်ပိုင် ကျားညီနောင်သင်္ကန်းတိုက်(လှိုင်)ဆိုင်ခွဲ မဖွင့်နိုင်သေးမှီတုန်းကတည်းက စ၍ယနေ့ (၂၀၂၄)အထိ (၁၇)နှစ်တိုင်အောက် စဉ်ဆက်မပြတ် ဝယ်ယူအားပေး လှူဒါန်းမှုပြုခဲ့ကြတဲ့ ဗဟိုရ်စည် အိမ်ယာ မိသားစုများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။
ကျားညီနောင်သင်္ကန်းတိုက်မိသားစု

15/11/2022
🙏🙏🙏ဘုန်းဘုန်းကျန်းမာပါစေ🙏🙏🙏
20/10/2022

🙏🙏🙏ဘုန်းဘုန်းကျန်းမာပါစေ🙏🙏🙏

🙏ကထိန်မြတ်သင်ကန်းကပ်လှူရန်အတွက်🌻ဆွမ်းအုပ်မာတင်သင်ကန်းများ ထပ်မံဝယ်ယူပေးပါသော🏡IGCSE GICမှ💐 Tr.YeWar👍ကိုကျေးဇူးအများကြီးတင...
20/10/2022

🙏ကထိန်မြတ်သင်ကန်းကပ်လှူရန်အတွက်
🌻ဆွမ်းအုပ်မာတင်သင်ကန်းများ ထပ်မံဝယ်ယူပေးပါသော
🏡IGCSE GICမှ💐 Tr.YeWar👍
ကိုကျေးဇူးအများကြီးတင်ပါတယ်။🙏🙏🙏
Trတို့🏠🏠GIC ကျောင်းကြီးလဲ🏠🏠
ဒီ့ထက်မကအောင်မြင်ပြီး ပညာတတ်များ၊ များများမွေးထုတ်ပေးနိုင်ပါစေ🙏🙏🙏👍။နောင်လဲအားပေးပါ🌻🌻🌻

ကထိန်မြတ်သင်ကန်းကပ်လှူရန်အတွက်တကူးတကလာရောက်အားပေးပါသော🏡IGCSE GICမှ💐 Tr.YeWarကိုကျေးဇူးအများကြီးတင်ပါတယ်။🙏🙏🙏Trတို့GIC ကျေ...
07/10/2022

ကထိန်မြတ်သင်ကန်းကပ်လှူရန်အတွက်တကူးတကလာရောက်အားပေးပါသော
🏡IGCSE GICမှ💐 Tr.YeWar
ကိုကျေးဇူးအများကြီးတင်ပါတယ်။🙏🙏🙏
Trတို့GIC ကျောင်းကြီးလဲ
ဒီ့ထက်မကအောင်မြင်ပြီး ပညာတတ်များ၊ များများမွေးထုတ်ပေးနိုင်ပါစေ🙏🙏🙏👍။နောင်လဲအားပေးပါနော်၊၊👍

🌻ကထိန်အဖွင့်လှလှလေးပါ🌻ကထိန်သင်ကန်းကြီးနှင့်ပင့်သံဃာ၁၅ပါးအတွက် လိပ်ပြာမာတင်(Royal Martin)သင်ကန်းများ ဝယ်ယူအားပေးသောအလှူရှ...
27/09/2022

🌻ကထိန်အဖွင့်လှလှလေးပါ🌻
ကထိန်သင်ကန်းကြီးနှင့်ပင့်သံဃာ၁၅ပါးအတွက် လိပ်ပြာမာတင်(Royal Martin)သင်ကန်းများ ဝယ်ယူအားပေးသောအလှူရှင်မိသားစု ကျန်းမာပျော်ရွှင်ပါစေ။၊🙏🙏🙏
အလှူကြီးများများပေးနိုင်ပါစေ၊၊🙏🙏🙏
နောက်လဲဝယ်ယူအားပေးပါ‌ေနာ်၊💐💐💐
🏠ကျားညီနောင် သင်္ကန်းတိုက်၊🏠 တွင်ဝယ်ယူရန်မိတ်ဆက်၊ဆက်သွယ်ပေးသော😍 Ma Ohnmar Pyi Hla Mg၊😍 အားကျေးဇူးအထူးပါ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when ကျားညီနောင်သင်္ကန်းတိုက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကျားညီနောင်သင်္ကန်းတိုက်:

Shortcuts

Share