MINI - Less Is More

MINI - Less Is More Minimalism In Fashion.

13/07/2026

HAZEL DRESS 🌸✨🍃

လေပြေလေညှင်းလေးနဲ့အတူ နူးညံ့သိမ်မွေ့တဲ့ဂါဝန်လေးတထည်

Product Details •
​
Price • Xs S : 38,500 MMK
• M L XL : 39,500 MMK

Size : XS | S | M | L | XL

Color : Pink & Blue

Preorder Time: 2 Weeks

​💝 Exclusive Privileges:
Mini ရဲ့ Dress လေးတွေကို 3ထည်နဲ့အထက် ဝယ်ယူပြီးတဲ့ ​VIP Members: 5% OFF!
5ထည်နဲ့အထက် ဝယ်ယူပြီးတဲ့ ​VVIP Members: 10% OFF!

🌧️ မိုးရာသီအတွက် အကောင်းဆုံးရွေးချယ်မှု - 100% Cotton 🧺🍃မိုးရာသီဆိုတာ ရာသီဥတုက စိုစွတ်ပြီး အေးစက်စက်ဖြစ်တတ်တာမို့ အဝတ်အစ...
11/07/2026

🌧️ မိုးရာသီအတွက် အကောင်းဆုံးရွေးချယ်မှု - 100% Cotton 🧺🍃

မိုးရာသီဆိုတာ ရာသီဥတုက စိုစွတ်ပြီး အေးစက်စက်ဖြစ်တတ်တာမို့ အဝတ်အစားရွေးချယ်တဲ့အခါမှာ သက်တောင့်သက်သာရှိဖို့က အဓိကပဲဖြစ်ပါတယ်။ ဒါကြောင့် မိန်းကလေးတိုင်း မိုးရာသီမှာ 100% Cotton ကို ဘာကြောင့် ဝတ်ဆင်သင့်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်ရှင်။

🧺 အစိုဓာတ်ကို ကောင်းစွာ စုပ်ယူပေးနိုင်ခြင်း
Cotton အထည်တွေဟာ ချွေးနဲ့ အစိုဓာတ်ကို စုပ်ယူနိုင်စွမ်း အရမ်းမြင့်မားပါတယ်။ မိုးရာသီမှာ လေထုထဲက စိုထိုင်းဆကြောင့် ချွေးထွက်များတာ၊ စေးကပ်တာမျိုး ဖြစ်တတ်ပေမဲ့ 100% Cotton က သင့်အသားအရေကို ခြောက်သွေ့ပြီး သက်တောင့်သက်သာဖြစ်စေပါတယ်။

🧺 လေဝင်လေထွက်ကောင်းခြင်း (Breathable)
လေဝင်လေထွက်ကောင်းတဲ့ Cotton အထည်တွေဟာ အသားအရေမှာ ဘက်တီးရီးယား ပေါက်ဖွားမှုကို လျော့နည်းစေပါတယ်။ မိုးတွင်းမှာ အဝတ်အစားတွေကနေတစ်ဆင့် ဖြစ်တတ်တဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

🧺 အသားအရေကို နူးညံ့စွာ ထိတွေ့ပေးခြင်း
Cotton ဟာ သဘာဝပစ္စည်းကနေ ပြုလုပ်ထားတာမို့ ထိတွေ့လိုက်ရင် နူးညံ့ပြီး အသားအရေကို ယားယံတာမျိုး မဖြစ်စေပါဘူး။ အထူးသဖြင့် အသားအရေထိခိုက်လွယ်တဲ့ မမတို့အတွက် အသင့်တော်ဆုံးပါပဲ။

🧺 အလွယ်တကူ လျှော်ဖွတ်နိုင်ပြီး အမြန်ခြောက်ခြင်း
မိုးတွင်းမှာ အဝတ်လျှော်ရတာ ခက်ခဲတတ်ပေမဲ့ Cotton အထည်တွေကတော့ အခြားပိတ်စအမျိုးအစားတွေထက် အခြောက်မြန်ပြီး ထိန်းသိမ်းရ လွယ်ကူပါတယ်။

မိုးရာသီမှာ သက်တောင့်သက်သာနဲ့ စတိုင်ကျနေဖို့ဆိုရင် Summerdrop Dress လိုမျိုး 100% Cotton နဲ့ ချုပ်လုပ်ထားတဲ့ ဝတ်စုံလေးတွေကို ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ ချစ်စရာကောင်းတဲ့ Girly Vibe လေးနဲ့အတူ တစ်နေ့တာလုံး ပေါ့ပေါ့ပါးပါးနဲ့ လှပနေမှာ အသေချာပါပဲ။ 🤍

⭐️⭐️⭐️⭐️⭐️ “ Review of Romance Leopard Dress “ 🐆💫MINI က dress လေးကို ဝတ်ဆင်ရတာအဆင်ပြေကြောင်း သိခွင့်ရလို့ review လေးအတွက...
07/07/2026

⭐️⭐️⭐️⭐️⭐️

“ Review of Romance Leopard Dress “ 🐆💫

MINI က dress လေးကို ဝတ်ဆင်ရတာအဆင်ပြေကြောင်း သိခွင့်ရလို့ review လေးအတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ နောက်ထပ်လဲ လိုအပ်တာလေးရှိရင် အားပေးပါအုန်းနော် 🤎

Thank you for your support ✨🫶🏻

🌷 "Romance Floral Dress" လေးတွေ အရမ်းရောင်းကောင်းနေလို့ stock တကယ်နည်းသွားပါပြီရှင်! 🌷✨ ဘာလို့ ဒီလောက်တောင် လူကြိုက်များ...
06/07/2026

🌷 "Romance Floral Dress" လေးတွေ အရမ်းရောင်းကောင်းနေလို့ stock တကယ်နည်းသွားပါပြီရှင်! 🌷

✨ ဘာလို့ ဒီလောက်တောင် လူကြိုက်များလဲ သိလား?
💖 Premium Fabric: အရည်အသွေးကောင်းမွန်တဲ့ ပိတ်စနဲ့ ချုပ်လုပ်ထားလို့ ဝတ်လိုက်ရင် အိစက်ပြီး သက်တောင့်သက်သာ ရှိစေတယ်။
👗 Romance Floral Design: လှပတဲ့ ပန်းပွင့်ဒီဇိုင်းလေးတွေက မိန်းကလေးတိုင်းကို ချစ်စရာကောင်းပြီး လန်းဆန်းစေတယ်။
🏷️ Less Is More Style: ရိုးရှင်းပြီး ခေတ်မီတဲ့ ဒီဇိုင်းကြောင့် နေရာတိုင်းမှာ လိုက်ဖက်တယ်။

Romance ရဲ့ အပြာရောင် နဲ့ ပန်းရောင် Floral print နှစ်ရောင်လုံးက stock အနည်းငယ်ပဲ ကျန်တော့တာမို့ ကိုယ်ကြိုက်တဲ့ အရောင်လေးကို လက်ဦးမှုရယူပြီး အမြန်ဆုံးမှာယူဖို့နော်! 🛍️

🌷Price : Xs S - 32,500 MMK
M L XL - 33,500 MMK
🌷Size : Xs S M L XL
🌷Color : blue & pink

⭐️Instock & Preorder!

🦋✨📸 “Hazel” လေးကို ဝတ်ပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာ (၅) ခု 🦋✨📸"Hazel" Dress လေးကိုဝတ်ပြီး ဓာတ်ပုံရိုက်ချင်ပေမယ့် ဘ...
03/07/2026

🦋✨📸 “Hazel” လေးကို ဝတ်ပြီး ဓာတ်ပုံရိုက်လို့ကောင်းတဲ့ နေရာ (၅) ခု 🦋✨📸

"Hazel" Dress လေးကိုဝတ်ပြီး ဓာတ်ပုံရိုက်ချင်ပေမယ့် ဘယ်နေရာမှာ သွားရိုက်ရမှန်းမသိတဲ့ ကောင်မလေးတေအတွက်… Hazel ရဲ့ သဘာဝဆန်တဲ့ ဒီဇိုင်းနဲ့ အရမ်းလိုက်ဖက်တဲ့ နေရာ (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်နော် 🥰

🌟 ၁။ ပန်းခြံများနှင့် Botanical Garden များ (🌳)
သစ်ပင်၊ ပန်းပင်တွေနဲ့ ပြည့်နှက်နေတဲ့ ပန်းခြံတွေဟာ Hazel ဂါဝန်လေးနဲ့ အလွန်လိုက်ဖက်ပါတယ်။ သဘာဝအလင်းရောင်အောက်မှာ ဓာတ်ပုံရိုက်ရတာ အရမ်းလှပစေမှာပါ။

🌟 ၂။ ဥယျာဉ်ပုံစံ ကော်ဖီဆိုင်များ (Garden Café) (☕️)
အပြင်အဆင်မှာ သစ်ပင်၊ ပန်းပင်တွေနဲ့ သစ်သားခုံတွေပါတဲ့ Garden Café လေးတွေဟာ ဒီလိုဂါဝန်မျိုးနဲ့ဆိုရင် အလွန်တရာမှ စတိုင်လ်ကျစေမှာပါ။

🌟 ၃။ ကမ်းခြေ သို့မဟုတ် ရေကန်ဘေး (🏖️)
ကမ်းခြေ ဒါမှမဟုတ် ရေကန်ဘေးမှာ ဝတ်ဆင်သွားမယ်ဆိုရင် ပင်လယ်လေနဲ့အတူ ဂါဝန်လေးက လွင့်ဝဲနေမှာဖြစ်လို့ အလွန်နူးညံ့တဲ့ ပုံစံမျိုးကို ရရှိစေမှာပါ။

🌟 ၄။ ရှေးဟောင်းအဆောက်အဦးများ၏ အပြင်ဘက် (🏛️)
ရှေးဟောင်းပုံစံ ဒါမှမဟုတ် အပြင်အဆင်လှတဲ့ အဆောက်အဦးတွေရဲ့ အပြင်ဘက် ဥယျာဉ်နေရာတွေမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် ဂါဝန်ရဲ့ အေးချမ်းတဲ့အရောင်နဲ့ ပိုပြီး ပေါ်လွင်နေမှာပါ။

🌟 ၅။ ပျော်ပွဲစားထွက်မည့်နေရာများ (Picnic) (🧺)
မြက်ခင်းပြင်ပေါ်မှာ ပျော်ပွဲစားထွက်ရင်း ဓာတ်ပုံရိုက်တာက ဒီဂါဝန်ရဲ့ ခံစားချက်နဲ့ အကိုက်ညီဆုံးပါပဲ။

✨ အကြံပြုချက် ✨
Hazel Dress လေးနဲ့ ဓာတ်ပုံရိုက်တဲ့အခါမှာ နေကာဦးထုပ်လေး ဒါမှမဟုတ် တောင်းလေးတစ်လုံးကို လက်ထဲမှာ ကိုင်ထားခြင်းက ပိုပြီး ပြည့်စုံတဲ့ Look ကို ရရှိစေမှာပါ။

ဒီ post လေးက mini လေးတေအတွက် Idea လေးတေရနိုင်ဖို့ မျှော်လင့်ပါတယ်! Hazel လေးကို ဘယ်နေရာမှာ ဝတ်သွားမလဲဆိုတာ comment မှာ ပြောပြခဲ့ပါဦးနော် 👇💙

🌿✨🧶 PAYDAY SALE! - BRAVE DRESS 🧶✨🌿စောင့်မျှော်နေကြတဲ့ MINI ချစ်သူများအတွက် သတင်းကောင်း! 🥰မင်တို့ရဲ့ Best Seller ဖြစ်တဲ့ ...
01/07/2026

🌿✨🧶 PAYDAY SALE! - BRAVE DRESS 🧶✨🌿

စောင့်မျှော်နေကြတဲ့ MINI ချစ်သူများအတွက် သတင်းကောင်း! 🥰

မင်တို့ရဲ့ Best Seller ဖြစ်တဲ့ "Brave Dress" လေးကို Payday Sale အထူးအစီအစဉ်အဖြစ် 25% Off လျှော့စျေးနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒုတိယပုံလေးမှာ ရွေးချယ်မှာယူနိုင်မယ့် print လေးတေပြပေးထားပါတယ်နော် 💐🌷🌼🌹

ဒီဝတ်စုံလေးက စတိုင်လ်ကျပြီး ပေါ့ပါးတဲ့အတွက် -
👗 Dress အတိုင်းဝတ်မလား
👖 ဒါမှမဟုတ် Pants နဲ့ တွဲဖက်ပြီး စတိုင်လ်ထုတ်မလား (Both dress & dress over pant styling)
ဘယ်လိုပဲ ဝတ်ဝတ် လှပနေစေမှာပါ✨

Brave လေးက တနှစ်မှာ တခါတောင် Sale time ကြုံဖို့မလွယ်တဲ့ Limited Edition ဖြစ်တာကြောင့် လက်မလွတ်ရလေအောင် အမြန်ဆုံး မှာထားလိုက်တော့နော်!

🗓 Promotion ကာလ - 1st July မှ 4th July အထိသာ

🏷️ Sale Price : Xs S - 25,875 MMK
M L XL - 27,375 MMK

Size : Xs S M L XL
Color : 4 colors available
Preorder : 3weeks waiting time!

အထူးတောင်းပန်လွှာ 💌လက်ရှိ MINI- LessIsMore ရဲ့ Production Team ပိုင်းတွင် ဝန်ထမ်းများ ကျန်းမာရေးအရ ခွင့်ယူထားရသဖြင့် Ord...
29/06/2026

အထူးတောင်းပန်လွှာ 💌

လက်ရှိ MINI- LessIsMore ရဲ့ Production Team ပိုင်းတွင် ဝန်ထမ်းများ ကျန်းမာရေးအရ ခွင့်ယူထားရသဖြင့် Order များ ပို့ဆောင်မှု အနည်းငယ် နောက်ကျနေပါသည်ရှင်။

စောင့်ဆိုင်းပေးနေရသည့်အတွက် အထူးပင်တောင်းပန်အပ်ပါတယ်ရှင်။ အမြန်ဆုံး အပြီးသတ်ပေးနိုင်ရန် အကောင်းဆုံး ကြိုးစားဆောင်ရွက်နေပါသဖြင့် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

MINI - LessIsMore

မိုးရာသီရဲ့ အလှပဆုံးနေ့ရက်တေကို အမှတ်ရစေမယ့် “Summerdrop Dress” ☔️🤎မိုးဖွဲဖွဲလေးကျနေတဲ့နေ့မှာပဲ ဖြစ်ဖြစ်၊ မိုးအကုန် ဆောင...
28/06/2026

မိုးရာသီရဲ့ အလှပဆုံးနေ့ရက်တေကို အမှတ်ရစေမယ့် “Summerdrop Dress” ☔️🤎

မိုးဖွဲဖွဲလေးကျနေတဲ့နေ့မှာပဲ ဖြစ်ဖြစ်၊ မိုးအကုန် ဆောင်းအကူး လေအေးအေးလေးတွေ တိုက်ခတ်တဲ့အချိန်မှာပဲ ဖြစ်ဖြစ် Summerdrop Dress လေးက သင့်အတွက် အကောင်းဆုံး Outfit ဖြစ်မှာပါ။🌧️

💐Soft brown floral print လေးက မိုးရာသီရဲ့ မှိုင်းညို့ညို့ အငွေ့အသက်တွေနဲ့ လိုက်ဖက်ပြီး နွေးထွေးတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။

🤎Khaki & Brown Two-tone color က မိုးရာသီနဲ့ အလိုက်ဖက်ဆုံး Earth tone အရောင်မျိုးမို့ သဘာဝဆန်ပြီး ဆွဲဆောင်မှုရှိစေမှာပါ။

🧥အပေါ်ကနေ Cardigan အပါးလေး ဒါမှမဟုတ် Denim Jacket အင်္ကျီအပွလေးနဲ့ တွဲဝတ်လိုက်မယ်ဆိုရင် မိုးရာသီအတွက် စတိုင်ကျတဲ့ Look တစ်ခုကို အလွယ်တကူ ဖန်တီးနိုင်မှာပါ။

👙No bra ready to wear ဖြစ်တဲ့အတွက် အပြင်ထွက်တဲ့အခါ ပေါ့ပါးသွက်လက်ပြီး စိတ်အနှောင့်အယှက်မရှိဘဲ သက်သောင့်သက်သာ ဝတ်ဆင်နိုင်မှာဖြစ်ပါတယ်။

မိုးရာသီရဲ့ အလှတရားတွေကို Mini length လေးနဲ့ ပေါ့ပေါ့ပါးပါးလေးပဲ ခံစားမလား၊ ဒါမှမဟုတ် Midi length နဲ့ ဂန္ထဝင်ဆန်ဆန်ပဲ လှပမလား၊ ကိုယ်နဲ့လိုက်ဖက်တဲ့ Summerdrop Dress ကို အခုပဲ ရွေးချယ်လိုက်ပါ။✨

▪️Product name - SUMMERDROP

▪️Mini Price Xs S : 35,500 MMK
M L XL : 36,500 MMK

▪️Midi Price Xs S : 38,500 MMK
M L XL : 39,500 MMK

▪️With bra cup လေးနဲ့ မှာမယ်ဆိုရင်တော့ +5000Ks ပေါင်းပါတယ်နော်

Size : XS | S | M | L | XL
Colour : ​Tulip white off & Soft brown floral
Preorder Time : 10-14days!

💝 Exclusive Privileges:
Mini ရဲ့ Dress လေးတွေကို 3ထည်နဲ့အထက် ဝယ်ယူပြီးတဲ့ ​VIP Members: 5% OFF!
5ထည်နဲ့အထက် ဝယ်ယူပြီးတဲ့ ​VVIP Members: 10% OFF!

🫧Summerdrop Collection: Effortless Feminine Vibes 🫧မိုးရာသီရဲ့ လေညင်းလေးတွေနဲ့အတူ လှပပြီး ပေါ့ပါးသွက်လက်နေစေဖို့ Summerd...
25/06/2026

🫧Summerdrop Collection: Effortless Feminine Vibes 🫧

မိုးရာသီရဲ့ လေညင်းလေးတွေနဲ့အတူ လှပပြီး ပေါ့ပါးသွက်လက်နေစေဖို့ Summerdrop Collection လေးကအသင့်ရှိနေပါတယ်🍃

ဒီ Collection လေးရဲ့ အထူးခြားဆုံးအချက်တွေကတော့ -
🌸 Fit & Flowy Design: ကိုယ်ခန္ဓာကိုယ်ပုံစံကို လှပစေပြီး ပေါ့ပါးတဲ့ ဒီဇိုင်းဖြစ်လို့ ဝတ်ဆင်လိုက်တာနဲ့ မိန်းကလေးဆန်တဲ့ အလှတရားကို ပိုမိုပေါ်လွင်စေမှာပါ။
☔ Rainy Breeze Ready: ရာသီဥတုပြောင်းလဲမှုတွေကို အံတုနိုင်ပြီး ဘယ်အချိန်ဝတ်ဝတ် စတိုင်ကျကာ အေးမြတဲ့ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။
👗 Front & Back Perfection: ရှေ့ရော နောက်ပါ စွဲမက်ဖွယ်ကောင်းတဲ့ ဒီဇိုင်းလေးနဲ့မို့ ဘယ်ထောင့်ကကြည့်ကြည့် လှပနေမှာ အသေချာပါပဲ။
အမြဲတမ်း ပေါ့ပေါ့ပါးပါးနဲ့ လှပနေချင်တဲ့ မမတို့အတွက် အဆင်ပြေဆုံးဖြစ်စေမယ့် Summerdrop Dress လေးကို အခုပဲ ပိုင်ဆိုင်လိုက်ရအောင်နော်🤍

▫️Product name - SUMMERDROP

▫️Mini Price Xs S : 35,500 MMK
M L XL : 36,500 MMK

▫️Midi Price Xs S : 38,500 MMK
M L XL : 39,500 MMK

▫️With bra cup လေးနဲ့ မှာမယ်ဆိုရင်တော့ +5000Ks ပေါင်းပါတယ်နော်

Size : XS | S | M | L | XL
Colour : ​Tulip white off & Soft brown floral
Preorder Time : 10-14days!

💝 Exclusive Privileges:
Mini ရဲ့ Dress လေးတွေကို 3ထည်နဲ့အထက် ဝယ်ယူပြီးတဲ့ ​VIP Members: 5% OFF!
5ထည်နဲ့အထက် ဝယ်ယူပြီးတဲ့ ​VVIP Members: 10% OFF!

ချစ်ရတဲ့ Mini လေးတို့ရေ.. 💐✨🎀အခုလို Feedback လေးတေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ရှင်။ ဝတ်ထားတာလေးကလည်း အရမ်းလှနေမှာ သေ...
23/06/2026

ချစ်ရတဲ့ Mini လေးတို့ရေ.. 💐✨🎀

အခုလို Feedback လေးတေပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ရှင်။ ဝတ်ထားတာလေးကလည်း အရမ်းလှနေမှာ သေချာပါတယ်။ နောက်ထပ်လည်း လှပတဲ့ Design အသစ်လေးတွေကို MiNi - LessIsMore မှာ စောင့်မျှော်နေပါဦးနော် 🥰

Address

Yangon

Website

Alerts

Be the first to know and let us send you an email when MINI - Less Is More posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share