11/11/2024
ပိုလှအောင်ဘယ်လိုဝတ်မလဲ ?
ကိုယ်ကဝသည်ဖြစ်စေ၊ ပိန်သည်ဖြစ်စေ အဝတ်အစားကိုသာ ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားပေါ်မူတည်ပြီး ရွေးချယ်တတ်ရင် အမြဲတမ်းစတိုင်ကျလှပနေမှာပါ။ ဒီနေ့တော့ မင်မင်က အခြေခံbody shapeတွေနဲ့ ဘယ်လိုဝတ်ရင်ပိုလှမလဲဆိုတာလေးပြောပြပေးပါမယ်နော်။💁🏻♀️
Body shape အမျိုးအစားအကုန်လုံးထပ် ပုံမှန်မြင်တွေ့နေကျဖြစ်တဲ့ body shape တွေအကြောင်းကိုအရင်ပြောပြသွားပါမယ်။🙆🏻♀️
၁) rectangle body (ထောင့်ကျတဲ့ ခန္ဓာကိုယ်) 🟧
ဒီလိုခန္ဓာကိုယ်မျိုးတွေမှာ ပုခုံးဖော်တဲ့ရင်ပြတ်တွေ၊ ခါးနေရာပေါ်စေတဲ့ အင်္ကျီမျိုးတွေ၊ high waist pants တွေ၊ ခါးသိမ်ပြီး အောက်ကိုအနည်းငယ်ကားတဲ့ ဂါဝန်တွေ စကပ်တွေနဲ့လိုက်ဖက်ပါတယ်။
၂) round body (လုံးဝန်းတဲ့ခန္ဓာကိုယ်) 🟠
ဘဲဥပုံစံရှိတဲ့ခန္ဓာကိုယ်၊ လုံးဝန်းတဲ့ ခန္ဓာကိုယ်အမျိူးအစားတွေမှာဆိုရင် ခါးနေရာအသားပေးဖော်တဲ့ အင်္ကျီတွေ ဂါဝန်တွေကိုရှောင်သင့်ပြီးတော့ ပုခုံးကျယ်တဲ့v neck, rectangle neck လိုshapeရှိတဲ့ အင်္ကျီတွေ၊ shirtတွေနဲ့၊ straight pants, cargo pantsနဲ့ အောက်ကားတဲ့ စကပ်တွေဝတ်ရင် ပိုပြီးလိုက်ဖက်ပါတယ်။
၃) hourglass body (သဲနာရီလိုပုံသဏ္ဌာန်ရှိတဲ့ခန္ဓာကိုယ်) ⏳
ပုခုံး၊ရင်နဲ့တင်ကားပြီးတော့ ခါးသေးတဲ့သူတွေအနေနဲ့ ခန္ဓာကိုယ်အချိုးအစားကိုပိုပေါ်စေတဲ့ ခါးစီးအင်္ကျီတွေ fitting topsတွေ ဂါဝန်အတိုတွေနဲ့ body fit, tight skirtတို့လို အဝတ်အစားတွေကို ဝတ်ဆင်တာက ပိုပြီးတော့လှစေပါတယ်။
၄) pear body (သစ်တော်သီးလို ပုံသဏ္ဌာန်ရှိတဲ့ခန္ဓာကိုယ်) 🍐
တင်ပါးကသာမန်ထက်ပိုကားနေတာမျိုး ပုခုံးနဲ့ရင်က တင်ထက်ပိုသေးနေတဲ့ အခြေအနေမျိုးတွေမှာ tight skirtလို tight pants လို ကိုယ်ကျပ်တွေရှောင်သင့်ပါတယ်။ တင်ကိုပိုကားစေတဲ့ ခပ်ဝဲဝဲဂါဝန်တွေကိုလည်းရှောင်သင့်ပါတယ်။ ပုခုံးကိုပိုကျယ်တယ်ထင်ရတဲ့ အင်္ကျီမျိုးတွေ fitဖြစ်တဲ့အဝတ်အစားတွေစာရင် ပုံမှန်shirt size လိုအင်္ကျီမျိုးတွေ ဝတ်ဆင်တာက ပိုပြီးတော့ လှစေမှာပါ။ ခါးသိမ်ပေမယ့် အောက်ကိုပုံမှန်လေးကားသွားတဲ့ စကပ်တွေနဲ့လည်း လိုက်ဖက်ပါတယ်။
၅) inverted triangle body (တြိဂံပြောင်းပြန်ခန္ဓာကိုယ်)🔽
အပေါ်ပိုင်းကြီးပြီး အောက်ပိုင်းရှူးသွားတဲ့ ခန္ဓာကိုယ်ပိုင်ရှင်တွေက အင်္ကျီသိပ်မရွေးပေမယ့် ခါးသိမ်ပြီးအောက်ကားတဲ့ ဘောင်းဘီတွေ၊စကပ်တွေနဲ့ ပိုပြီးတော့လိုက်ဖက်ပါတယ်။ အခုခေတ်မှာခေတ်စားနေတဲ့ အထပ်အထပ်ရှိတဲ့စကပ်အရှည်လေးတွေနဲ့လည်း လိုက်ဖက်ပါတယ်။
ဒီလောက်ဆိုရင်တော့ ကိုယ့်ခန္ဓာကိုယ်အချိုးအစားအလိုက် ဘယ်လိုလေးဝတ်ရင်ပိုလှမလဲဆိုတဲ့ အခြေခံလောက်ကို သိသွားကြလောက်မယ်လို့ထင်ပါတယ်နော်။✨
ဒီလိုfashionနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေနဲ့အတူ အဝတ်အစားလှလှလေးတွေပါ တစ်နေရာတည်းမှာ မှာယူချင်တယ်ဆိုရင်လည်း ဆိုင်ကိုလာရောက်၍ဖြစ်စေ၊ page chat boxကနေပဲဖြစ်စေ မှာယူလို့ရပါတယ်ရှင့်💁🏻♀️
🏠 ရွှေပြည်သာ ငမောက်ဈေး မှတ်တိုင် ရုပ်ရှင်ရုံအနီး ဆုလဲ့မေ အထည်ဆိုင်
☎️ 09253320651
09789370663
09969091844