29/10/2025
ဟိုယောင် ဒီယောင် မလုပ်နဲ့
လိုင်း မပူးနဲ့
ဝါဒီ မများနဲ့
ကိုယ့်ရည်မှန်းချက်ကို အာရုံစိုက်
ကိုယ်လုပ်စရာရှိတာ တစိုက်မတ်မတ်လုပ်
ယောင်နေရင် ဘာမှ ဖြစ်လာမှာမဟုတ်ဘူး
ကိုယ်လုပ်စရာရှိတာ လုပ်မှ
ကိုယ်လိုချင်တဲ့ ရလဒ်ရမှာ
ကိုယ့်ကိုယ်ကို အလိုမလိုက်နဲ့
ဆင်ခြေမရှာနဲ့
ဘေးထိုင်ဘုပြောတွေကို လိုက်မခံစားနဲ့
ငပျင်းမလုပ်နဲ့
ကိုယ့်ရဲ့ မကောင်းတဲ့အကျင့်တွေကိုဖျောက်
အမှိုက်ကို အမှိုက်ပုံးထဲပဲ ထား
ဘဝက တစ်ခါပဲရတာ
နောင်တ ဆိုတာ စကားလုံးက ၂ လုံးတည်း
ဒါပေမယ့် တစ်သက်လုံး နာကျင်မှု ပေးနိုင်တယ်
ငပျင်းတွေအတွက် ဆုလာဘ်မရှိဘူး
#မိုင်မိုင်းနမ့်စန်