Ko Phyo Business

Ko Phyo Business ရိုးသား ခြင်း က ​အောင်​ မြင်​ မူ လမ်?

 #အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ                  အရိုး●အရိုးတွေ ချောင်လာတယ် ●ဒူးနာတတ်တယ်●ချဉ်ဆီခမ်းလို့ ဒူးချောင်တ...
08/07/2022

#အသက် ၄၅ နဲ့ ၆၀ ကြား ဖြစ်တတ်သောရောဂါ
အရိုး
●အရိုးတွေ ချောင်လာတယ်
●ဒူးနာတတ်တယ်
●ချဉ်ဆီခမ်းလို့ ဒူးချောင်တတ်တယ်
●ခါးဆစ်ရိုးတွေလည်း နာတတ်တယ်
●ချော်မလဲအောင် ဂရုစိုက်ပါ
●ဒူးကို ကွေးလိုက် ဆန့်လိုက် လုပ်ပေးခြင်းဖြင့် တဖြေးဖြေး နာခြင်းသက်သာလာမယ်။

ကြွက်သား

■ကြွက်သား အားမရှိတာ အမျိးသားက ၃ ပုံ ၁ ပုံနဲ့ အမျိုးသမီးက တဝက်လောက်အ
ဖြစ်များတယ် ။
■ ကြွက်သားဆိုတာ လက်မောင်းကြွက်သားနဲ့ ခြေသလုံးကြွက်သား ၂ မျိုးလုံးပါတယ်။
■လေ့ကျင့်ခဏ်း လုပ်ခြင်းဖြင့် ကြွက်သားအားရှိအောင် လုပ်ပေးကြပါ။

အကြော. အဆစ်.

●အကြော အဆစ် နာတတ်တယ်
●ဝတဲ့သူများ ပိုပြီး ဟိုနာ ဒီနားဖြစ်လွယ်တယ်
( အကြောအားဆေး သောက်ပေးပါ)
●ဦးနှောက် အာရုံကြောက ပိုမရေးကြီးတယ်
●အိပ်မပျော်တာများရင် ထိခိုက်သလို ခဏခဏ မေ့လွယ်တတ်တယ်။

အတွင်းကလီစာများ

▪~အသက်ကြီးလာတာနဲ့အမျှ ..
ကိုယ်တွင်းကလီစာတွေက တဖြေးဖြေး အားနည်းလာတယ်။

▪~ နှလုံး. ကျောက်ကပ်. သရက်ရွက်. သည်းခြေ. အသည်း ညဖက်ဆီးခဏခဏ
သွားတာနဲ့ ဆီးမခိုင်တာတွေ ဖြစ်တတ်တယ် ။

▪~ အများအားဖြင့်ယောက်ျားတွေက ၄၅ နှစ်ကျော်နဲ့ အမျိုးသမီးတွေကအသက် ၅၀ ကျော်တွေ အဖြစ်များတယ် ။

▪~ ဝမ်းချုပ်များခြင်း ဝမ်းသွားမကုန်ခြင်းနဲ့ အဆီ. အပူ. အစပ်များစားလို့ အူလမ်းကြောင်းမှ အညစ်အကြေးများရင် အူကင်ဆာ ဖြစ်လွယ်တယ် သတိထားကြပါ။

နှလုံး

နှလုံးစဖြစ်ရင်...
●အသက်ရူမဝခြင်း
●ရင်ဘတ်အောင့်ပြီး တချက် တချက် နာခြင်း
●ဘယ်ဘက်ပုခုံး ထုံကျဉ်နာပြီး ကြောကုန်း အပေါ်ဖက်လည်း ညောင်းပြီး အကြော
တက်တတ်တယ်။
●အိပ်ရာထချိန် ဇက်ကြောတက်တတ် လည်ပင်းညောင်းတတ်တယ်။
●မျက်လုံး ၂ လုံးပေါ် ကန့်လန့်ဖြတ်စင်းတခု ထင်းကနဲ ပေါ်တတ်တယ်။
●နှလုံးမှာ ( အဓိကကြောက်ရတာ) သွေးကြော ၃ ချောင်းရှိ အားလုံးပိတ်ရင် စက်တပ်ရတယ်။
●နှလုံးသွေးကြော စပိတ်တာနဲ့ အဲဒီလက္ခဏာတွေ ပြင်းထန်ရင် ဆေးရုံမှာ check
သွားလုပ်ပါ။
● အဆီတွေလျော့စား လေ့ကျင့်ခန်းလုပ် ရေများများသောက်ကြပါ။

အသည်း

◆အသည်းပြဿနာဖြစ်ရင် ညာဖက် ဗိုက်ခေါက်
အပေါ်ဘက်ကို နာကျင်တယ်
◆ညာခါး အနောက်ဖက် ညောင်းနာမယ်
◆ညာဖက်ပုခုံး ထုံကျင်ညောင်းနာ
◆ ညအိပ်ချိန် ခြေသလုံး ခဏခဏ ကြွက်တက်တတ်တယ်
◆ အသည်းမကောင်းရင် ည ကောင်းကောင်း အိပ်မပျော်ပါ
◆ ပါးစပ်ခါးပြီး သွားတိုက်ရင် သွေးထွက်လွယ်တယ်
◆အစာ အစားချင် / ခံတွင်းပျက်ပြီး နဲနဲလေးစားတာနဲ့ ဗိုက်ပြည့်လွယ်တယ်
◆ လမ်းနည်းနည်းလေးလျှောက်တာနဲ့ ခြေထောက်ညောင်းလွယ်တယ်
◆ တကိုယ်လုံး နူံးပြီးအားမရှိသလို ခံစားရတယ်
◆ ခြေမခိုင်ဘဲ ချော်လဲလွယ်တယ် / ခြေလိမ်တတ်တယ်
◆ အရက်သောက်များသူများက လျော့သောက်တာနဲ့ အရေပြားယားရင်သတိထားပါ
◆ အသည်းရောဂါ ပိုပြင်းထန်ရင် မျက်နှာအရောင် မွဲခြောက်ခြောက်နဲ့ မဲလာတယ်
◆ အရေပြား ခြောက်သွေ့ လာတယ်/ နှာခေါင်းထိပ်နီလာတယ်
◆ အသား. လက်ဖဝါး . မျက်လုံးအိမ်တွေ ဝါလာမယ်
◆ အသည်းစဖြစ်ချိန် တောရုံလက္ခဏာမပြဘူး - ပြတဲ့အချိန်ဆို သိတာနောက်ကျတာ များတယ် ( ခုပြောတာက Taiwan တရုတ်ဆေးနည်းပညာနဲ့ကြည့်နည်းပါ)

ကျောက်ကပ်

¤ ကျောက်ကပ်ပြဿနာကတော့ ခါးနား ကြောနာ မလန်းဆန်းဘူး
¤ ခြေသလုံး ညောင်းလွယ်တယ် အားမရှိဘူး
¤ အသားအရေ ယားယံတတ်တယ်
¤ ဆီးသွားရင် အမြုပ်ထတယ် ဆီးမခိုင်ဘူး
¤ ခြေ လက် အေးတတ်တယ်
¤ ခြေထောက်တွေ ရောင်လာတတ်တယ်
¤ အိပ်မကောင်းဘူး / ခဏခဏနိုးတတ်တယ်
¤ အထိုင်အထ ကြာကြာ မလုပ်နိုင်ဘူး
¤ ခြေသည်းခွံတွေ ကြမ်းလာတယ်
¤ အထူးသဖြင့် ခြေမရဲ့ ခြေသည်းခွံ အရှည်နှေးလာမယ် - ကြမ်းပြီးထူလာတယ်
¤ အထူးသဖြင့် ဆီးချိုသမားတွေ သတိထားပါ - အမြဲဆေးသောက်ပါ - ဆီးချိုချိန်ပါ
¤ ကျောက်ကပ် ပျက်စီးလို့ သွေးအပေါ်မတက်နိုင်ရင်လည်း မူးတတ်တယ်
¤ သွေးပေါင်ကျလည်း မူးတတ်တယ် - ကျောက်ကပ်ကို အထူးဂရုစိုက်ပါ

သရက်ရွက်

◆ သရက်ရွက် မကောင်းရင် ခေါင်းတခြမ်းကိုက်တတ်တယ်
◆လည်ပင်း ဇက်ကြော တက်လွယ်တယ်
◆ဝမ်းချုပ် ဝမ်းလျော ၂ မျိုးလုံးဖြစ်တတ်တယ်
◆အစာချေဖျက်မူ ကောင်းအောင် လုပ်နိုင်ပြီးဝမ်းမှန်ရင် ခေါင်းကိုက် ပျောက်လွယ်တယ်
◆ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး
သိပ်မသောက်ပါနဲ့
◆အကိုက်အခဲပျောက်ဆေးက အသောက်များရင် ကျောက်ကပ်နဲ့ အစာအိမ် အူလမ်း
ကြောင်းကို ထိပြီး သွေးယိုတတ်တယ်
◆ဝမ်းသွား သွေးပါရင် သတိထားပါ
( သွေးရောင်နီတာက လိပ်ခေါင်းကြောင့်ဖြစ်နိုင်
သလို သွေးရောင် မဲညစ်ညစ်ဆို အစာအိမ် အူလမ်းကြောင်းရဲ့ နံရံပါး ( သို့ )ပေါက်ပြီး
ဖြစ်တတ်တယ်။
◆ ကိုယ့်ဝမ်းသွားတိုင်း ကိုယ့်ဝမ်းပုံစံကိုအမြဲကြည့်ပါ
(ရှောကနဲ အဖြောင့်လိုက်သွားပြီး
ဖင်မကပ်ရင်အကောင်းဆုံးပါ - ပြတ်တောင်း ပြတ်တောင်း ဆိတ်ချီးတုံးပုံဆို ဝမ်းမစင်ပါ)
◆တခါတလေ မနက်ရေနွေးသောက်လို့ မနက်ပိုင်း ဝေါကနဲ ပန်းတာမျိုးက အပူတွေ
ထုတ်ပစ်တာ ကြောက်စရာမလို - ကောင်းတယ် -
တရက်လုံးပန်းရင်တော့ဝမ်းလျောပြီ)
◆ အကောင်းဆုံးက နေ့တိုင်း ဝမ်းမှန်အောင်လုပ်ပါ
( စကားပုံရှိပါတယ် ဝမ်းတလုံး
ကောင်းရင် ခေါင်းမခဲဆိုတာ)

အူမကြီး

● အူမကြီးမကောင်းရင်ပါးစပ်ခါးပြီး တချိန်လုံးရေသောက်ချင် ရေငတ်တတ်တယ်
● နှာခေါင်းပိတ်တတ် နှာရည်ယိုတတ်တယ်
● သွားပိုးမစားပဲ သွားကိုက် သွားနာ ဖြစ်တတ်တယ်
● လည်ပင်းရောင် ဖောင်းတတ်တယ်
● တော်ရုံ အနည်းငယ်လေးတာတောင် အလေး မ , မ နိုင်ပါ
● ဝမ်းချုပ်ရင်လည်း သွားကိုက်တတ်တယ်
( အပူများတဲ့သဘော )
● ဝမ်းချုပ်ရင် ခါးလည်း တခါတလေ နာတတ်တယ်
● အူမကြီးက ဝမ်းနဲ့ဆိုင်တယ်
● ခုကမ္ဘာမှာ အူမကြီးကင်ဆာက နံပါတ် ၂ စွဲနေတယ်
● လူတွေက အစာတွေ စုံအာင်စားပြီး ဝမ်းအဖြစ် အညစ်အကြေးတွေကို မထုတ်ပစ်လို့
နဲနဲစီ အူနံရံမှာ ကပ်ပြီး ကြာတော့ အညစ်အကြေးကနေ ကင်ဆာဖြစ်သွားတယ်
●အစာအိမ်ကနေ အူနံရံပါး. အနာဖြစ်.ပြီးသွေးယိုလဲ ကြာရင်ကင်ဆာဖြစ်တတ်တယ်
●အစာအိမ်နဲ့ အူလမ်းကြောင်းက ဆက်နေတယ်
( အစာမခံပဲ ဗိုက်ဆာရင်စားပါ)
● အပိန်ကျင့်ပြီး အစာမစားတာလည်း မလုပ်ပါနဲ့
●အစာအိမ် အချဉ်ပေါက်ပြီး လည်ပြွန်ပေါ် ပြန်တက်တာလဲ အပူအစပ်ရှောင်ပါ
●နည်းနည်းချင်းနဲ့ အကြိမ်အရေအတွက် များများစားပါ
(တခါတည်းအများကြီးမစားပါနဲ့)
●တချို့ကျတော့ ဘယ်လောက်စားစား မဝ ဘူး- ပိန်ပိန်ပဲ
ဒါမျိုးကကျန်းမာရင်ပြဿနာ
မရှိပါ။
●သို့သော် ဘယ်လောက်စားစား (သို့ ) မစားနိုင်ပဲ
ပိန်ပိန်လာပြီး လက်ဆစ်တွေ ငေါ
ထွက်လာရင် ဂေါက်ရောဂါနဲ့ အစာအိမ်က စုပ်ယူအား
မကောင်းတော့ဘူး ဗီတာမင်
မယူနိုင်တော့ဘူး။( ဆရာဝန်နဲ့ သေချာပြပါ )
● ဂေါက်ရောဂါရှိရင် ဘီယာနဲ့မတဲ့ပါ
● ရေချိုးရင် မချော်တတ်တဲ့ဘိနပ်စီးပြီးချိုးပါ
● ခြေထောက်နဲ့ ကျောက်ပြား တိုက်ရိုက်ထိ အေးရင်လည်း အကြောချဉ် ကိုက်တတ်
● ချော်လဲကျလွယ်တယ်
● အသက်ကြီးရင် အရိုးတွေက weak ဖြစ်နေပြီး အရိုးအားဆေးစားပါ
● ချော်မလဲကျပါစေနဲ့

အသက် ၄၀ အရွယ် လုပ်သင့်သည့်အချက်များ

■ နေ့တိုင်း နံနက်စာ မှန်မှန်စားပါ
■ ၆ လလောက် ခန္ဓာကိုယ် သန်စွမ်းတဲ့ လေ့ကျင့်ခန်း လုပ်ပါ -
နောက်ပိုင်းမှန်မှန်လမ်းလျှောက်ပါ။
■ ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီကို မှန်မှန်မှီဝဲပါ
■ စိတ်ဖိစီးမူကို ထိန်းချုပ်တတ်အောင် လေ့ကျင့်သင့်နေပါပြီ
ရောဂ. တရားထိုင်. အသပ်ရူသွင်း/ ထုတ်တဲ့ နည်းများလုပ်ပါ
■ငါး ကြက်သား အခွံမာစေ့များစားပေးရင် လိုအပ်သည့်
ပရိုတင်းဓာတ်ကို ရရှိမယ်
စိတ်ခံစားမူ အဆင့်မြင့်တက်စေ လန်းဆန်းစေတယ်။
■အဖော်နဲ့ ခရီးထွက်ပေးပါ
■သူငယ်ချင်းများနဲ့တွေ့ဆုံပြီး စိတ်ဖိစီးမူလျော့ပါ
■ပုံမှန် ကျန်းမာရး စစ်ဆေးမူကို ခံယူပါ။


အသက်ကြီးသူများလိုက်နာရန်

မျောက်လို လူပ်ရှား
ကြောင်လိုစား
နွားလိုရေသောက်
လိပ်လိုလျှောက်
တုတ်ထောက်မပျင်းနှင့် ..

●မျောက်လိုလူပ်ရှား - အသက်ကြီးလာလျှင် လူပ်လူပ်ရှားရှားနေပါ လူပ်ရှားမူ မရှိပါက
အကြောများဆိုင်း၍ လူမမာဖြစ်တတ်သည်။

●ကြောင်လိုစား - လူကြီးများက နည်းနည်းနဲ့ မကြာခဏအစာကို စားမှ အစာကို ကျေ
ညက်စေနိုင်သည်။ တကြိမ်တည်း များစွာမစားရ။

●နွားလိုရေသောက် - ဆီး ဝမ်းမှန် စေရန်အတွက် ရေကို
များများသောက်ပေးပါ။

●လိပ်လိုလျှောက် - အသက်ကြီးလျှင် အရိုးအဆစ်များ
မသန်မာသည့်အတွက် သွားလာ
လူပ်ရှားလျှင် ချော်လဲ မကျအောင် ဖြေးဖြေးနှေးနှေး
သွားလာပါ။

●တုတ်ထောက်မပျင်းနှင့် - အရိုးအဆစ်များ မသန်မာအသက်ကြီးသူများ တုတ်ကောက်
ဆောင်ခြင်းသည် အားကိုးတခုဖြစ်သည် - မိမိကိုယ်ကို
လဲမကျအောင် တုတ်ကောက်
က အကူရသည်။

credit - original
# ကျန်းမာရေး
mts

ဒူးရင်းသီး အဖိုးဖြစ်သူက ဒူးရင်းသီး ခြင်းလိုက်စားသူ၊ အမေကလည်း ဒူးရင်းသီးအလွန်ကြိုက်သူဖြစ်တာကြောင့် ကျွန်တော်လည်း မျိုးရို...
29/04/2022

ဒူးရင်းသီး

အဖိုးဖြစ်သူက ဒူးရင်းသီး ခြင်းလိုက်စားသူ၊ အမေကလည်း ဒူးရင်းသီးအလွန်ကြိုက်သူဖြစ်တာကြောင့် ကျွန်တော်လည်း မျိုးရိုးလိုက်ပြီး ဒူးရင်းသီး အရမ်းကြိုက်ပါတယ်။ မိတ်ဆွေတွေက ဒူးရင်းသီးအကြောင်းရေးခိုင်းတာကြောင့် ဒူးရင်းသီးနဲ့ ပတ်သတ်တဲ့ ကျန်းမာရေးအကြောင်းသိသလောက်ရေးပေးလိုက်ပါတယ်။

အရှေ့တောင်အာရှမှာ ဒူးရင်းသီးက နာမည်ကြီးပါတယ်။ " အသီးတို့ရဲ့ဘုရင် " လို့တောင် တင်စားကြတယ်။ အနံပြင်းတာကြောင့် ဟိုတယ်အများစုက ဟိုတယ်အတွင်းသို့ ဒူးရင်းသီးယူခွင့်မပြုကြပါ။

ဒူးရင်းသီး အမျိုးအစားအများကြီးရှိပါတယ်။ ဒါကတော့ ဒူးရင်းသီး ရောင်းသူတွေပိုသိပါလိမ့်မည်။

ရုက္ခဗေဒအဆိုအရ လူသိများတဲ့ ဒူးရင်းသီးမျိုးစိတ်က Durio zibethinus ဖြစ်ပါတယ်။ အပူပိုင်းအသီးဖြစ်ပြီး မလေးရှား၊ အင်ဒိုနီးရှား နှင့် ထိုင်းတို့လို အရှေ့တောင်အာရှနိုင်ငံတွေမှာ ဒူးရင်းပင်ပေါက်ပါတယ်။

အခြားအသီးတွေထက် ဒူးရင်းသီးမှာ မြင့်မားတဲ့ အဟာရတွေပါဝင်ပြီး ဒူးရင်းသီးမှာ ဗိုက်တာမင် C ၊ ဗိုက်တာမင် B1 , ဗိုက်တာမင် B6 , ဗိုက်တာမင် B2 ၊ ဖောလိတ်၊ မက်ဂနီဆီယမ်၊ ဗိုက်တာမင် B3 ၊ ကော့ပါး နှင့် ပိုတက်ဆီယမ်တွေပါရှိနေတယ်လို့ရေးပါတယ်။ Antioxidant လို အစွမ်းရှိတဲ့ anthocyanins, carotenoids, polyphenols, နှင့် flavonoids လို ဓာတ်ပေါင်းတွေပါဝင်တာကြောင့် ကျန်းမာရေးအတွက် အတော်လေးကောင်းပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ မြင့်မားတဲ့အဟာရတွေ ကြွယ်ဝတဲ့ antioxidant တွေက ကင်ဆာရောဂါကိုဖြစ်စေသော free radicals တွေကို ချေဖျက်တယ်လို့ရေးတယ်။

ဒူးရင်းသီးက သွယ်ဝိုက်သောနည်းအားဖြင့် ကိုယ်လက်စထရောကိုကျဆင်းစေပါတယ်။ သွေးကြောကျဉ်းခြင်း နှင့် သွေးကြောမာခြင်းကို လျော့ချနိုင်ပြီး နှလုံးကျန်းမာရေးကို အကျိုးပြုပါတယ်။

ဒူးရင်းသီးမှာပါဝင်တဲ့ ဓာတ်ပေါင်းတွေမှာ ပိုးသတ်နိုင်စွမ်း ( antibacterial ) နှင့် မှိုသတ်နိုင်စွမ်း ( anti-yeast ) အစွမ်းရှိတယ်။ ခုခံစွမ်းအားကို မြင့်တက်စေပြီး ခန္ဓာကိုယ်ကို ကျန်းမာစေတယ်။

ဒူးရင်းသီးရဲ့ glycemic index (GI) က 49 ဖြစ်ပါတယ်။ နာနတ်သီးက 82 ၊ သင်္ဘောသီးက 58 ၊ ဖရဲသီးက 55 ဆိုတော့ အပူပိုင်းအသီးတွေထဲမှာ ဒူးရင်းသီးက glycemic index (GI) နိမ့်ပါတယ်။ GI နိမ့်တဲ့အပြင် ဒူးရင်းသီးမှာ အမျှင်ဓာတ်ပါတာကြောင့် ဆီးချိုထိန်းနိုင်သူတွေ အနည်းငယ်စားလို့ ရပါတယ်။

ဒူးရင်းသီးမှာ အမိုင်နိုအက်ဆစ် tryptophan ပါဝင်ပြီး ပျော်ရွှင်စေသော ဟိုမုန်း ဆီလိုတိုနင်ကို ပွားများစေတယ်။ အိပ်ပျော်စေသော ဟိုမုန်း မယ်လတိုနင်ကို မြင့်တက်စေတယ်။

ကိုယ်ဝန်ဆောင်တွေ ဒူးရင်းသီးစားလို့ရပါတယ်။ ဒူးရင်းသီးမှာပါဝင်တဲ့ folate က ကိုယ်ဝန်ဆောင်ချိန်သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး ဒူးရင်းသီးရဲ့ အဖိုးတန်အာဟာရက ကိုယ်ဝန်ကို အကျိုးပြုပါတယ်။

ဒူးရင်းကို အရက်နှင့် အတူမသောက်ရပါ။ ဒူးရင်းသီး နှင့် အရက်အတူသောက်လျှင် ရင်တုန်ခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းတွေ ဖြစ်နိုင်ပါတယ်။

ချစ်ရတဲ့သူတွေကို  ❤❤🍋 ဝင့်ဝါ အကြောင်းလေး သေချာ ရှင်းပြပေးမယ်နော် 🍋တချို့ တလေ သိပ်မသိသေးတဲ့ သူတွေ အတွက်ပေါ့နော် 🍋အဆီချဆေး...
23/04/2022

ချစ်ရတဲ့သူတွေကို ❤❤
🍋 ဝင့်ဝါ အကြောင်းလေး သေချာ ရှင်းပြပေးမယ်နော်
🍋တချို့ တလေ သိပ်မသိသေးတဲ့ သူတွေ အတွက်ပေါ့နော်
🍋အဆီချဆေး အကြောင်းစပြောပြပါမယ်နော်
နိုင်ငံ​ ခြားအ ဆီကျဆေး​ အများစု ဟာ အစာစား ချင်စိတ် မရှိအောင် လုပ်ပီးအဆီကို ချပေးပါတယ် အစာစားချင်စိတ်ထိန်းချုပ်ပေးတာပေါ့နော် (အဲ့လိုတွေ ထိန်းချုပ်မှုရှိမှ အဆီကျစေတာလေ နော်)
🍋တိုင်းဆေးဘက် ကြည့်ပြန်တော့ အူရှင်း စေတယ် ဝမ်းသွား တာ ပေါ့နော် 👍👍
ဆေးကတော့ အမျိုးမျိုး ရှိကြတာပေါ့
🍋 ခုပြောချင် တာက
ဝင့်ဝါထဲမှာ လက်ဖက်ခြောက်ရယ်
မီးဖိုချောင်သုံးပစ္စည်းဖြစ်တဲ့ ဂျင်း သံပုရာ နနွင်း ပျားရည်ရယ်
တိုင်းရင်းဆေးဖြစ်တဲ့ ပွေးကိုင်း ရွက်ရယ် နောက် စမုံနက်စိလှော်နဲ့ သေချာစွာ သန့်သန့် ရှင်းရှင်း နဲ့ ဖော် စပ်ထားပါတယ်
🍋 ဝင့်ဝါသောက်ရင် ဘာဖြစ်မလဲ
👉ဝမ်းသွားမယ် 👉
👉Ready made စာတွေ အစားများရင် အူမသန့်သေးတဲ့ အတွက် အနည်းငယ် ရစ်မယ်
၃ ရက် ၄ ရက် အနည်းငယ်ရစ်မယ် နောက်ပိုင်း မရစ်ဘူးနော် အူသန့်သွားလို့ပါ. သောက်ရတာ အဆင်ပြေသွားမယ်
👉သောက်သောက်ခြင်း လူ တစ်ယောက်နဲ့တစ်ယောက် သွေးသားတည်ဆောက်ပုံမတူတာကြောင့် မလို့ ၅ ခါ အထက် ဝမ်းသွားရင် တစ်ရက် ခြား သောက်ပေးရမယ်နော် ချင့်ချိန်တတ်ရမယ်နော်
ဒီနေရာမှာ မေးစရာရှိတာကအဲ့ လို အမြဲ ဝမ်းသွားတော့မလားပေါ့
မဟုတ်ဘူးနော်
ဝင့်ဝါကို သောက်တာ ကြာလာရင် ၂၀ ရက်ကြာ သို့ ၁လကြာလာရင်ပေါ့ တစ်ရက် ၂ကြိမ် လောက် ပဲ သွားတော့မယ်
အဲ့လိုချိန်မှာ ကိုယ်က အစားလျော့စားနေတယ်ဆို ဝမ်းသွားချင်မှ သွားတော့မှာနော်
အူပါးတာ တို့ မဖြစ်ဘူး နော်
Chemical လုံဝ မပါဝင်ပါဘူး နော်
🍋တိုင်းရင်းဆေး ထဲက အဆီချဆေးတော်တော်များများဟာ အူရှင်း ဝမ်းသွား တဲ့ ပစ္စည်း တွေပါနော်
မယုံရင် လေ့လာကြည့်ပါ .
🍋ဒါကြောင့် မလို့ ဝင့်ဝါလေးဟာ
✴တိုင်းရင်းဆေးကို အခြေ ခံ ထားတာမလို့ ဝမ်းသွားပါတယ်.
အထုပ်သေး ၁၀ ထုပ်ပါ ၁ဗူး - ၅၆၀၀
တလစာ -16800
☎️09799223958


#ဝင့်ဝါ

#ရန်ကုန်
#ဝင့်ဝါအဆီကျလက်ဖက်ခြောက်
#ဒီအထုပ်လေးကိုသောက်ကြည့်ပြီးမှသိမယ်
#ဝင့်ဝါအဆီကျသဘာဝဂျင်းသံပုရာလက်ဖက်ခြောက်
#ဝင့်ဝါ
#ရန်ကုန်

အမှန်တရားကိုရရင်ရ ပြန်မရရင် ချောင်းသာသွားမှာပါ 🎼🎼အာဏာရှင်မောင်းထုတ်ကြမယ် ကလော....ကလောပြည်သူတွေဝိုင်းသွားကြမယ် မေမြို့......
12/04/2022

အမှန်တရားကိုရရင်ရ
ပြန်မရရင် ချောင်းသာသွားမှာပါ 🎼🎼

အာဏာရှင်မောင်းထုတ်ကြမယ် ကလော....ကလော
ပြည်သူတွေဝိုင်းသွားကြမယ် မေမြို့.....တောင်ကြီး

တိမ်ပင်လယ်သွားလို့ရိုက်မယ် TikTok TikTok 😌

ဆန္ဒဖော်ထုတ်ကြမည်.....
ကျိုက်ထီးရိုးမှာ ငါတို့ရပ်တည်မည်.....😌😌😌

ဒို့ပြည်သူတွေညီရဲ့လားဟေ့ …. ပုဂံဟေ့ ပုဂံဟေ့ 🙂
crd

♥️2022နှစ်၊ဖေဖော်ဝါရီလ (13)ရက်နေ့ဟာဆိုရင်  ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့...
13/02/2022

♥️2022နှစ်၊ဖေဖော်ဝါရီလ (13)ရက်နေ့ဟာဆိုရင် ကျွန်ုပ်တို့ မြန်မာနိုင်ငံရဲ့
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့မွေးနေ့ဖြစ်ပါတယ်။လွမ်းဆွတ်သတိရချင်းဖြင့်ဗိုလ်ချုပ်မိန့်ခွန်းနဲ့ဂုဏ်ပြုအပ်ပါတယ်♥️
🌹*ငါတို့ စစ်တပ်ဟာ နိုင်ငံသူ၊နိုင်ငံသား တွေကို ညှဉ်းဖို့မဟုတ်။
🌹လက်နက်အားကိုး တန်ခိုးပြဖို့မဟုတ်။

🌹စစ်တပ်ဟာနိုင်ငံရဲ့ အစေခံဖြစ်ရမယ်
🌹နိုင်ငံဟာစစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။*
#ဗိုလ်ချုပ်အောင်ဆန်း
Crd .. #

28/01/2022

မင်မင်လို six packလေး နဲ့ 2022မှာ လန်းချင်တယ်ဆို
💚ဝင့်ဝါ အဆိချ ဂျင်းလက်ဖက်ခြောက် 💚
ကို သောက်ဖို့လိုအပ်ပြီ.
☕တလစာ 16800
1ရက်စာ 560ပဲ ကုန်ကျမှာနော်😮😮😮
💞ကုန်ကျစရိတ်သက်သာပြီး
ဘေးထွက်ဆိုးကျိုးမရှိပဲ လှချင်တယ်ဆို
ဝင့်ဝါလေးက. အကောင်းဆုံးနော်
☎☎ 09799223958
နော်
စောင့်နေတယ်😁

👉ဗိုက်ပူ ခါးတုတ် တာတွေကို  ပျောက်ချင်ပေမယ့်        အစားကို မဆင်ခြင်  မလျော့ချင်သူများ👉 ခနွာကိုယ် ကျစ်လျစ် လှပချင်သော်လည်...
14/01/2022

👉ဗိုက်ပူ ခါးတုတ် တာတွေကို ပျောက်ချင်ပေမယ့်
အစားကို မဆင်ခြင် မလျော့ချင်သူများ
👉 ခနွာကိုယ် ကျစ်လျစ် လှပချင်သော်လည်း
GYMဆော့ဖို့ ပျင်းနေသူများ
👉ဝမ်းချုပ်နေသူများ

👉ဆိးချိုရှိသူများ
👉ဇတ်ကြောတက် ညောင်းညာမိနေသူများ အတွက်

ဝင့်ဝါ အဆိချ ဂျင်းသံပုရာ လက်ဖက်ခြောက်
လေးက အဆင်ပြေဆုံးပါ 😍😍

ဓာတုဗေဒ လုံးဝမပါပဲ organic သိးသန့် ဖြစ်လို့
ဘေးထွက်ဆိုးကျိုး လုံးဝမရှိပါ.

စားချင်တာစားပြီး လှပတဲ့ ခနွာကိုယ် ပိုင်ဆိုင်ချင်တယ်ဆို ဝင့်ဝါ ကို ယခုပဲ မှာပေးလိုက်တော့😁

☎☎☎
09. 799223958 ကို viberက ဖြစ်စေ
ဖုန်းနဲ့ဖြစ်စေ. CBက ဖြစ်စေ အားပေးနိုင်ပါတယ်

တဘူး ၁၀ထုတ်ပါ 👉5600
1လစာ အတွက် 👉 16800ပါနော်
😘😘😘😘😘😘😘
လက်ကားယူမယ်ဆိုလည်း
သီးသန့်စျေး လေး လုပ်ပေးပါတယ်.

သူလေး ရောက်လာပြီတဲ့😁
28/12/2021

သူလေး ရောက်လာပြီတဲ့😁

02/12/2021

Omicron အတွက် စတင်ပြင်ဆင်သင့်ပါပြီ။

အခုလက်ရှိအခြေအနေအရ omicron က india ကို ရောက်လာပါပြီ။

အိန္ဒိယပြီးနောက် မြန်မာဆီလာတတ်တာကြောင့် omicron မြန်မာပြည်ရောက်လာပါလိမ့်မည်။

ကျွန်တော်ကတော့ ဇန်နဝါရီလလောက်မှန်းပါတယ်။ ( ဇန်နဝါရီလလည်မှာ ကျွန်တော်မြန်မာပြည်မှာ မရှိပေမည့် online က တစ်ဆင့် ဆက်သွယ်ပြီး ကူညီနိုင်အောင် စီစဉ်ကြည့်ပါမည်။ )

အိန္ဒိယကတော့ variant of concern ဖြစ်ပေမည့် not alarming လို့ပြောပါတယ်။

Omicron ကြောင့် အခုချိန်ထိသေဆုံးသူမရှိသေးပါ။

Credit # #ဒေါက်တာဖြိုးမောင်မောင်

📖 ကြက်ဥကပေးသော အဟာရဓာတ်အကျိုးကျေးဇူးများ*******************************************"6 reasons why eggs are the healthies...
04/11/2021

📖 ကြက်ဥကပေးသော အဟာရဓာတ်အကျိုးကျေးဇူးများ
*******************************************
"6 reasons why eggs are the healthiest food on the planet"
ကြက်ဥဟာ ကျန်းမာရေးအတွက်အကောင်းဆုံးအစားအစာပါလို့ ပြောကြား ရခြင်း အချက်၆ချက်။
written by Kris Gunnars, BSC on April 26, 2018.

၁။ ကြက်ဥဟာဆိုရင် ကမ္ဘာ ပေါ်မှာရှိတဲ့ စားစရာတွေထဲမှာ အာဟာရဓာတ်အများဆုံးပါဝင်ပါတယ်။ကြက်ဥအနှစ်ထဲမှာ အာဟာရဓာတ်တွေပါဝင်ပြီး အဖြူရောင်မှာတော့ ပရိုတင်း (protein) ပါဝင်ပါတယ်။

၂။ လေ့လာတွေ့ရှိချက်များကပြောထားတာကတော့ ကြက်ဥဟာအမှန်တကယ်ကို ကိုလက်စရော အဆင့်ကိုတိုးတက်စေပါတယ်။ HDL လိုခေါ်တဲ့ကောင်းတဲ့ cholestrol ကိုတိုးတက်စေပြီး LDL လို့ခေါ်တဲ့မကောင်းတဲ့ကိုလက်စရော (cholestrol အစိုင်အခဲလေးတွေကို တိုးပွားလာစေခြင်းအားဖြင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။

၃။ Vitamin B complex အုပ်စုဝင်ဖြစ်ပြီး လူသိနည်းတဲ့ Choline ဆိုတဲ့ အာဟာရဓာတ်ဟာဆိုရင် လူ့ရဲ့ ကိုယ်ခန္ဓာအတွက်မရှီမဖြစ်လိုအပ်ပေမယ့် လုံလောက်စွာ မရရှိကြပါဘူး။ Choline ဟာ ဦးနှောက်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်ပါ။ Choline ကို ကြက်ဥ အနှစ်ကနေ ရရှိနိုင်ပါတယ်။

၄။ ကြက်ဥဟာ လူကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ ပရိုတင်း (protein) နဲ့ အမီနိုအက်ဆစ် (amino acids) ကိုအချိုးအစားညီညီပေးနိုင်တဲ့ အကောင်းဆုံးသော ရင်းမြစ်ဖြစ်ပါတယ်။

၅။ကြက်ဥမှာ Lutein နဲ့ Zeaxanthin ဆိုတဲ့ antioxidant ၂မျိုးမြင့်မားစွာပါဝင်ပါတယ်။ ဒီ antioxidant တွေဟာ မျက်လုံးကိုနေရောင်ခြည်ကြောင့် ထိခိုက်နိုငိတဲ့အရာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ နောက်ဆုံးအချက်ကတော့....... သင့်ရဲ့မနက်စာကို ကြက်ဥစားပေးရင် calorie စားသုံးမှုကိုလျော့ကျစေတဲ့အပြင် အဆီကိုပါကျစေပါတယ်လို့ လေ့လာတွေ့ရှိချက်တော်တော်များများက ပြောထားကြပါတယ်။

အထက်ပါအချက်တွေသာမကပါဘူး၊ ကြက်ဥကြီးတစ်လုံးမှာ ပါဝင်တဲ့့ အာဟာရဓာတ်တွေကတော့.....
Vitamin B12
Vitamin B2
Vitamin A
Vitamin B5
Selenium

လူရဲ့ကိုယ်ခန္ဓာ အတွက် လိုအပ်တဲ့ vitamin နဲ့ mineral အနည်းငယ်တွေစီပါဝင်ရုံသာမက calcium, iron, potassium, zinc, manganese, vitamin E, folate များလည်းပါဝင်ပါတယ်။

ကြက်ဥ အကြီးတစ်လုံးမှာ-
Calories 77
Protein 6 g
Fat & Carbohydrates 5 g
တို့ပါဝင်ပါတယ်။ အာဟာရဓာတ်တွေကတော့ ကြက်ဥ အနှစ်ထဲမှာပါပြီး၊ ကြက်ဥ အကာ အဖြူရောင်ကတော့ protein ဓာတ်ပါဝင်ပါတယ်။

လူတွေက ကြက်ဥ မစားကြနဲ့လို့ သတိပေးပြောဆိုနေကြခြင်းက တကယ်တော့ ကြက်ဥ မှာပါတဲ့ cholestrol ကြောင့်ပါ။
ဒါပေမယ့် ကြက်ဥကနေရတဲ့ Omega-3 fatty acid ကတော့် နှလုံးရောဂါဖြစ်ဖို့ အကြောင်းတရားဖြစ်တဲ့ triglycerides ကိုလျှော့ချပေးနိုင်ပါတယ်။

Cholesterol ပမာဏ 212 mg ပါဝင်တဲ့အတွက်ကြောင့် အခြားအစားအစာများထက်တော့ cholesterol ပါဝင်မှုများပါတယ်။ လေ့လာတွေ့ရှိချက်တစ်ခုမှာပြောထားတာကတော့ တစ်နေ့ကို ကြက်ဥ ၃လုံးစားပေးရင် Insulin Resistance လို့ခေါ်တဲ့ အင်ဆူလင်ဟော်မုန်းဓာတ်ရဲ့အာနိသင်ဆန့်ကျင်မှုအကြောင်းတရားကို လျော့ကျပေးပြီး ကောင်းသော HDL cholesterol ကိုဖြစ်ပေါ်စေပြီး မကောင်းသော LDL cholesterol အမှုန်လေးတွေရဲ့ အရွယ်အစားကို တိုးပွားလာပေးခြင်းအားဖြင့် နှလုံးရောဂါဖြစ်ဖို့အခြေအနေကို လျော့ကျစေပါတယ်။

လေ့လာတွေ့ရှိချက်များက အခိုင်အမာပြောဆိုထားတာကတော့ တစ်နေ့ကို ကြက်ဥ ၃ လုံးစားခြင်းက safe ဖြစ်ပါတယ်၊ သို့ပေမယ့်လည်း ကြက်ဥ ၃လုံးထက်ပိုစားရင် အန္တရာယ်ရှိတယ်ဆိုတာတော့ သက်သေမရှိပါဘူး။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့ ကြက်ဥဟာ သဘာဝကပေးထားတဲ့ အစားအစာပဲဖြစ်ပါတယ်။ သူ့ကိုချက်ပြုတ်စားရတာလွယ်သလို တော်တော်များများမှာလည်း ထည့်စားလို့ကောင်းပါတယ်။ ဒါ့အပြင် ကျွန်မတို့အတွက်လိုအပ်တဲ့ အရေးအကြီးဆုံး အာဟာရဓာတ်တွေဖြစ်တဲ့ Vitamins၊ Minerals တွေကိုပေးတဲ့ အစားအစာတစ်ခုဖြစ်တယ်ဆိုတာတော့ ငြင်းလို့မရနိုင်ပါဘူး။

🗨 ဒီ post လေးကိုဖတ်ပြီးရင်တော့ Like 👍 and Follow & Share လေးပေးဖို့ မမေ့ပါနဲ့နော်... 🙏🙏🙏
credit

Address

Yangon

Telephone

09.799223958

Website

Alerts

Be the first to know and let us send you an email when Ko Phyo Business posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share