11/04/2025
Attention pls!!
ကျွန်တော်တို့ Thrift by us အနေဖြင့် အရောင်း post များအားရပ်နားခဲ့တာ အချိန်ကာလတစ်ခုကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ယခုဖြစ်ပေါ်သွားခဲ့သော 7.7 mg ရှိသောငလျင်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အခက်အခဲများကျရောက်ခဲ့ပြီးပါပြီ။ သို့သော်လည်း လွမ်းရေးထက် ဝမ်းရေးခက်သောကြောင့်သာ ကျွန်တော်တို့ Thrift by us မှ အရောင်း post များအား ပြန်လည်တင်ပေးမည်ဖြစ်ကြောင်း ညှိုးငယ် လေးစားစွာဖြင့်အသိပေးအပ်ပါတယ်။ ရပ်နီးရပ်ဝေးမိတ်ဆွေများနဲ့ ငလျင်ဒဏ်အားခံခဲ့ရသောဒေသများမှ မိတ်ဆွေများလည်း ပြန်လည်ထူထောင်နိုင်ပါစေလို့ Thrift by us မိသားစုမှ တစ်ခါတည်းဆုတောင်းပေးလိုက်ရပါတယ်။