JUE's POP STORE

JUE's POP STORE Bringing you closer to your bias - one unofficial goodie at a time! 🍥💭

GMMTV က official doll လေးတွေ မှာထားတာ ဒီလ 22 ရက်နေ့က ထိုင်းပစ္စည်းလက်ခံတဲ့ ဂိုဒေါင် ရောက်ပါပြီတဲ့ ။အစ်မအရင်ရက်က မေးကြည့်...
28/11/2025

GMMTV က official doll လေးတွေ မှာထားတာ ဒီလ 22 ရက်နေ့က ထိုင်းပစ္စည်းလက်ခံတဲ့ ဂိုဒေါင် ရောက်ပါပြီတဲ့ ။
အစ်မအရင်ရက်က မေးကြည့်တော့ မရောက်သေးတာနဲ့ လာမေးတဲ့သူတွေကို မရောက်သေးဘူးပြောထားလို့လာပြောပေးတာပါနော်။

ဒါလေးတွေက ကြတော့ အစ်မ တစ်ခြားလမ်းရှာပြီး သယ်ပေးလို့မရသေးတာတွေပါ။ စဝယ်တုန်းက အဲ့တာလေးတွေက July အကုန် or August အစလောက်ဖြစ်မယ်ထင်တယ် GMMTV က ပို့မယ့်ရက်နဲ့ တိုက်လိုက်ရင် 11,12 လပိုင်းအထိတော့ လမ်းမကြပ်လောက်ဘူးထင်လို့ အစ်မလည်း သူတို့သယ်လိုက်တာ။ သူတို့က သူတို့ဂိုဒေါင်‌ေရာက်ပြီးသားဆို တခြားကို ပြန်လွှဲ မပေးဘူး မြန်မာအထိအရောက်ပဲသယ်ပေးတာမျိုးပါ။
အစ်မ ပြောတော့ပြောထားတယ် ချိန်းပေးလို့ရရင် တခြားဟာနဲ့ချိန်းသယ်ပေးမယ်နော်။

ဒါကလည်း ပစ္စည်းတွေကြာတဲ့အကြောင်းတွေထဲကတစ်ခုပါ။🥹

ကိုယ်ရွေးလိုက်တဲ့ cargo က ခွဲသယ်တာတွေ ချိန်းသယ်တာတွေ မလုပ်ပေးရင် သူတို့ သယ်ပေးတဲ့အထိ စောင့်ရတာမျိုးပါ။ 🥹🩵

26/10/2025

ပစ္စည်းလေးတွေ ကြာတာနဲ့ပတ်သက်ပြီး အစ်မပြောပြချင်တာလေးရှိလို့ပါ။ page မှာဒါမျိုးတွေတင်ပြီး ဖတ်ရတဲ့သူတွေ ကိုပါ စိတ်ကသိကအောက်ဖြစ်မှာစိုးလို့ အစ်မသိပ်မတင်တာပါ။

ကြာတာကို စောင့်ရတာက အစ်မဆီကမှာမှ ‌ပထမဆုံး ကြာဖူးတဲ့သူလည်းရှိသလို တခြားကမှာကတည်းက စောင့်ရဖူးတဲ့သူလည်းရှိမှာပါ။
ငွေလည်းကြိုလွှဲရပြီး ချိန်းတဲ့ ရက်ထက်နောက်ကျရင် ဝယ်ရတဲ့ cus တွေလည်း စောင့်သာစောင့်ရတယ် စိတ်ကတော့ ကြည်မယ်မဟုတ်ဘူးဆိုတာကို နားလည်ပါတယ်။

အဲ့တာကြောင့်မို့ အဆင်မပြေတာ တစ်ခုခုရှိရင် အစ်မဆီမှာထားရင်ပြောလို့ရပါတယ် ။ ဒါကဒီလိုလား မရောက်သေးရင် ဘယ်လိုလုပ်ချင်တယ်အစ်မရေ အဲ့လို အေးအေးဆေးဆေး ပြောရင် အစ်မဖက်ကလည်းအဆင်ပြေအောင်လိုက်ညှိပေးမှာပါ။
Cancel ရင် no refund လို့ပဲပြောထားတာ ဘယ်သူ့ကိုမှ မယူချင်နေ ငွေတော့ ပြန်မအမ်းဘူးဆိုတဲ့ အချိုးမချိုးပါဘူး။

စလာကတည်းက အထက်စီးကပြောလာရင် အစ်မလည်းလူဆိုတော့ စိတ်အဆင်မပြေတာနဲ့‌ေတွ့ရင် အေး" ဆေး" မဟုတ်ပဲ ဒေါသပါပြီး ပြောမိတတ်ပါတယ်။အဲ့လိုဆို နှစ်ဖက်လုံးအတွက် ကောင်းစရာ တစ်ခုမှ မရှိပါဘူး။

ကြုံဖူးတာလည်း ရှိသလို၊ လုံးဝမသိတဲ့ သူလည်းရှိမှာပါ။
လမ်းအခြေအနေမကောင်းရင် နောက်ကျနိုင်တယ်ဆိုတာ တမင်ထည့်ပြောတာမဟုတ်ပါဘူး ထုခွန်။ ဒီခေတ်အခြေအနေနဲ့ ကိုယ်ပြည်တွင်းတောင် ပို့ချင်တိုင်းပို့ ၊သယ်ချင်တိုင်းသယ်လို့ မရတဲ့အနေအထားပါ။
ပိတ်မိ order ဆိုတာလည်း အစ်မမှ ကွက်ဖြစ်တာမဟုတ်ပါဘူး။ လမ်း ၊ပိတ်မိတာကို ပြန်သယ်ချင်ရင် သယ်လို့ ရတဲ့လမ်းရှိဦးမှပါ ၊၊ လမ်းရှိတောင် ပြန်ခွဲ သယ်ဖို့ဆိုရင် သယ်ပေးတဲ့သူက ပစ္စည်းကို ပြန်ခွဲထုတ်ပေးနိုင်မှ သယ်လို့ရတာပါ။မဟုတ်ရင် အဲ့လမ်းဖွင့်တဲ့အထိ သွားလို့ရတဲ့အထိ စောင့်ရတာကလွဲပြီး ဘာမှ လုပ်မရပါဘူး။

သယ်လို့ရပြီဆိုလို့ အရဲစွန့်သယ်ရင်လည်း အဖမ်းခံရရင် ဘာမှ ပြန်ရဖို့ လမ်းစမရှိတာမို့ ပစ္စည်းတွေ safe ဖြစ်ဖို့ ပထမဦးစားပေးထားရတာပါ။

မဟုတ်ရင် အစ်မလည်း စိတ်ရှုပ်ခံပြီး ရက်တွေချိန်း၊ စောင့်ပေးတာမျိုးတွေ လုပ်ခိုင်းမနေပါဘူးရှင်။ အရင်ကလည်းပြောဖူးသလိုပဲ cus ကလည်း မှာထားတာမရောက်လို့ စိတ်ညစ်ရသလို အစ်မက ဝယ်ထားသမျှအကုန် လမ်းမှာသောင်တင်နေတာမို့ cus တွေ စိတ်ညစ်ရတာထက် မပိုရင်တောင် မလျော့ပါဘူး။
ရက်ချိန်းတယ်ဆိုတာလည်းအဆင်ပြေ‌ေလာက်မလားလို့ သယ်ကြည့်ပြီး အဆင်မပြေလို့ ထပ်ကြာတော့ပြောတဲ့ရက်ထက်နောက် ကျတာမ်ျုးပါ။

ပစ္စည်းချင်းတူရင်တောင် ရောင်းတဲ့ဈေးက ‌10 ယောက်ရောင်း 10ယောက် မတူနိုင်သလို၊ ပေးတဲ့ service ချင်းလည်းမတူကြပါဘူးနော်။အဲ့တာကြောင့်မို့ ဘယ်သူ့ဆီက ရပြီ ဒီမှာက မရသေးတာတော့ မလုပ်ကြပါနဲ့ရှင်။

သယ်လို့ရတာဆို ကိုယ့်အိတ်ထဲကစိုက်သယ်ပေးတာပါ။

စတုန်းက ကိုယ်တိုင်တောင် အဆင်ပြေလောက်မယ်ထင်လို့ လာမှာတာကို အဆင်‌မပြေတော့မှ ပိုက်ဆံလည်းကြိုယူသေးတယ် ရက်ကလည်း ကြာသေးတယ်ပြောတော့ ဆိုတော့ အစ်မလည်း အဆင်မပြေဘူးလေ။
အစကတည်းက preorder ရောင်းတာ half or full prepaid ယူတာ ကို သိထားပြီး မဟုတ်ဘူးလား။ ဒါက အစ်မအပြစ်မဟုတ်ဘူးထင်တာပဲနော်။

အဲ့တာကြောင့်မို့ အဆင်မပြေရင် မပြေတာကိုပြောပြီး အဆင်ပြေအောင်လုပ်လို့ရပါတယ်။ စကားပြောရင် အထက်စီးက မဟုတ်ပဲ အေးအေးသက်သာ ပြောကြဖို့ မေတ္တာရပ်ခံပါတယ်။🙇🏻

ပိုက်ဆံရချင်လို့ပဲဈေးရောင်းတာပါ ။ ကိုယ်နဲ့အဆင်မပြေတဲ့သူများချင်လို့ ရောင်းတာမဟုတ်မို့ အစ်မဘယ်သူနဲ့ထပ်ပြီး ‌စကားပြောရင် ဒေါသနဲ့ တကယ်မပြောချင်တာပါ။
Cus တစ်ယောက်လောက်နဲ့ အဲ့လို အဆင်မပြေတာတွေပြောလိုက်ရရင် အစ်မလည်း တော်တော်နေလို့အဆင်မပြေတာပါ။
Cus တွေ လည်းစိတ်ရှုပ်ရမှာပါပဲ။

အဲ့တာကြောင့်
အေးဆေးသာပြော ထုခွန်တို့အဆင်ပြေအောင်အကုန်လိုက်ညှိပေးမှာပါ။🩵

Hello 🩵အစ်မစာပြန်တာကြာနေရင် ဖုန်းဆက်မေးလို့ရသလိုhttps://t.me/juespopstore ( tele acc )အဲ့မှာမေးလို့ရပါတယ်ရှင့်နယ်ရောက်နေ...
19/10/2025

Hello 🩵
အစ်မစာပြန်တာကြာနေရင် ဖုန်းဆက်မေးလို့ရသလို
https://t.me/juespopstore
( tele acc )အဲ့မှာမေးလို့ရပါတယ်ရှင့်
နယ်ရောက်နေတာမို့ VPN ကသိပ်အဆင်မပြေလို့ တစ်ခါတစ်ရံအစ်မနောက်ကျတတ်လို့ပါရှင့်။
ပြီးတော့ May လမှာ order နည်း" ကျန်နေတာရှိတယ်ရယ်
အဲ့တာလေးတွေ မစောင့်ချင်တော့ရင် မေလက မှာတာဆို အစ်မဆီ refund ယူလို့ရပါတယ်။
စောင့်ပေးရင်တော့အကောင်းဆုံးပေါ့နော်🥹🩵

အရင်ဟာတွေ မရောက်သေးတာမို့ အသစ်ကတော့ သိပ်ပြီးတင်ဖြစ်မှာ မဟုတ်သေးပါဘူးရှင့် ။
တင်ဖြစ်ရင်တောင် telegram မှာပဲတင်ဖြစ်ဖို့များပါတယ် ဒီရက်ကတော့။🩵🌱

စောင့်နေပေးကြတဲ့ တစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်🥹🩵

ဝေ့ဝေ့တို့အရုပ်လေးတွေက 6 ရက်နေ့တချို့တစ်ဝက်အထိပဲပါတာမို့ အစ်မအဲ့တာတွေ အကုန်ဒလီအပ်ပြီးပါပြီရှင့်။‌မနေ့ကရယ်၊ ဒီနေ့ရယ် တစ်ယ...
24/09/2025

ဝေ့ဝေ့တို့အရုပ်လေးတွေက 6 ရက်နေ့တချို့တစ်ဝက်အထိပဲပါတာမို့ အစ်မအဲ့တာတွေ အကုန်ဒလီအပ်ပြီးပါပြီရှင့်။
‌မနေ့ကရယ်၊ ဒီနေ့ရယ် တစ်ယောက်ချင်းလိုက်ပြောပေးထားပါတယ်ရှင့်။
အရုပ်ကအစ်မဆီ 30 ကျော်လောက် ကျန်သေးတယ်ပေါ့နော်။ ဘာလို့ကျန်လဲဆို တချို့မှာတဲ့ကလေးတွေက တခြားမှာထားတဲ့ပစ္စည်းနဲ့မှ ပေါင်းယူကြမယ်ဆိုလို့ သူတို့ orderတွေကို အရုပ်သီးသန့်မှာထားတဲ့သူတွေဆီ အစားထိုးပို့ပေးပါမယ်ရှင့်။

အဲ့တာတွေကို 26 ရက်နေ့တစ်ခါထပ် deli အပ်ပေးပါမယ်။
August အစလောက်ထိ order တွေက 10 လပိုင်း ဒုတိယပတ်ကုန်လောက်ဆို ရောက်ပါမယ်ရှင့်။

ပုံထဲကအရုပ်လေးတွေကတော့ ပိန်လာတာလေးတွေပါ၊ ပင့်ခု နှစ်ရုပ်လည်းရှိသေးတယ် ။ ပြားပြီး ခန္ဓာပျက်လာတယ်။ အမြတ်တွေ"🥹🫴🏻

20/09/2025

ပြူးနေရော မျက်လုံးက🥹🫶🏻

ဝေ့ဝေ့တို့အရုပ်တွေ 100ကျော်ရောက်ပါတယ်🥹🫶🏻ကီးချိန်းမပါပါ DMကနေ စာတွေ လာမပို့‌ေသးဘဲ စာ‌ေလးအရင်ဖတ်ပေးကြပါဦး‌ေနော်ဒါလေးတွေ မင...
20/09/2025

ဝေ့ဝေ့တို့အရုပ်တွေ 100ကျော်ရောက်ပါတယ်🥹🫶🏻
ကီးချိန်းမပါပါ
DMကနေ စာတွေ လာမပို့‌ေသးဘဲ စာ‌ေလးအရင်ဖတ်ပေးကြပါဦး‌ေနော်
ဒါလေးတွေ မင်စိုက်ပြီး Air နဲ့သယ်တာပါ ၊ Air cargo ချိန်းသယ်ဖို့ ငွေလွှဲထားသူတွေ၊ အစ်မဖက်က air cargo confirm ပေးထားတဲ့သူတွေ တချက်ပြန်ဟိုင်းပေးပါနော်။

တခြားသူတွေကစရောင်းကတည်းကနေပြီး order အစဉ်လိုက်ပို့ပေးမှာပါရှင့်။

Total orderက 400နီးပါးမို့ အခုက 100ကျော်ပဲပါတော့ မှာထားသူတွေရဲ့ လေးပုံတစ်ပုံလောက်ပဲရဦးမှာပါ🥺

ကျန်တာရယ် ကီးချိန်းရယ် နောက်လအစထဲရောက်မယ်နော်
ဘယ်ရက်ကနေ ဘယ်ရက်အထိပါလဲဆိုတာ မင်ညကျ တင်ပေးပါမယ်ရှင့်။
စောင့်ပေးကြလို့ ကျေးဇူးအများကြီးတင်ပါတယ်🥹🫶🏻

"Happy birthday joy"ဒီစာလေးနဲ့ JUMMO OFFICIAL T-shirt လေး လာမှာပေးသွားပါတယ်ရှင့်။🤍Happy birthday ပါရှင့်။cb လာပေးပါဦးနော...
12/09/2025

"Happy birthday joy"

ဒီစာလေးနဲ့ JUMMO OFFICIAL T-shirt လေး လာမှာပေးသွားပါတယ်ရှင့်။🤍

Happy birthday ပါရှင့်။cb လာပေးပါဦးနော်။🤍

Finally!!
07/09/2025

Finally!!

DECEMBER, 2025

#엑소

Finally the wait is over !! 🔥Image preview ကတော့လှလှလေး‌ထွက်လာပါပြီ !!
05/09/2025

Finally the wait is over !! 🔥
Image preview ကတော့လှလှလေး‌ထွက်လာပါပြီ !!

02/09/2025

Fancon ရှိတာဆိုတော့ permpoom က ver အသစ်ထပ်ထွက်ဦးမယ်ထင်တယ်နော်ရချင်တဲ့သူတွေ ပိုက်ဆံစုထားကြပါ🥹🫶🏻

Address

Yangon

Website

Alerts

Be the first to know and let us send you an email when JUE's POP STORE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category