Pyae Diary

Pyae Diary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Pyae Diary, Clothing (Brand), Hlaing Township, Yangon.

မင်းက...ရာသီဥတုလေးနဲ့ တူတယ်ဒီနေ့နဲ့ မနက်ဖြန်တူချင်မှ တူတာလေ ...နွေးထွေးချင်တဲ့အချိန်အရမ်းနွေးထွေးတတ်ပြီးအေးစက်သွားတဲ့အခါ...
20/10/2025

မင်းက...
ရာသီဥတုလေးနဲ့ တူတယ်

ဒီနေ့နဲ့ မနက်ဖြန်
တူချင်မှ တူတာလေ ...

နွေးထွေးချင်တဲ့အချိန်
အရမ်းနွေးထွေးတတ်ပြီး
အေးစက်သွားတဲ့အခါကျ
သူများနဲ့မတူ တိတ်ဆိတ်နေတတ်တာလေ

ဒီနေ့ ...
အရမ်းပျော်စရာကောင်းလို့
မနက်ဖြန် ...
ပျော်ရမယ်လို့
တရားသေ တွက်ထားလို့လဲ ရမနေဘူး

ဒီနေ့ ...
အရမ်းချွဲပြီးကပ်နေလို့
သိပ်ချစ်တာပဲဆိုပြီးတွေးနေလဲ
နောက်တစ်နေ့ကျ ...
စကားတစ်လုံးမှ မပြောပဲ
တစ်နေ့လုံး
ပျောက်ချင်ပျောက်နေတတ်တာလေ ။

မင်းက ...
ရာသီဥတုလေးနဲ့တူတယ်
မင်း စိတ်မှာ ဖြစ်တဲ့အတိုင်းနေတယ်
မင်းကိုယ်တိုင်လဲ အစိုးမရသလို
ကိုယ်လဲ ချယ်လှယ်လို့မရဘူး

တချို့ရက်တွေက
မင်းက သိပ်ချစ်စရာကောင်းသလောက်
တချို့ရက်တွေက
မင်းက ...
သိပ်မုန်းချင်စရာကောင်းလောက်အောင်
ကိုယ့်ကို အဖက်မလုပ်တာလေ ။

ဒါပေမယ့်
မင်းကို ချစ်တယ် ။

ျေးကို

ယောက်ျား တစ်ယောက် -ထကြွလုံ့လမရှိခြင်းဟာ ထမင်းငတ်ဖို့အကြောင်းတရားပဲ သမီး !-အေးအေးဆေးဆေးနေတယ် တဲ့ -ချောင်ထဲတိုးပြီး ဖုန်းပ...
20/10/2025

ယောက်ျား တစ်ယောက် -
ထကြွလုံ့လမရှိခြင်းဟာ ထမင်းငတ်ဖို့
အကြောင်းတရားပဲ သမီး !
-
အေးအေးဆေးဆေးနေတယ် တဲ့ -
ချောင်ထဲတိုးပြီး ဖုန်းပွတ်နေတဲ့
ယောက်ျားဟာ ဘာမှသုံးစားမရဘူး ...
-
အေးအေးနေချင်ရင် -
တစ်ယောက်တည်းနေလေ...-
-
အိမ်ထောင်ပြုပြီးပြီဆိုရင်တော့
အေးအေးနေချင်နေလို့မရဘူး...
-
ပြေးနေလွှားနေရတော့မယ်..
မိသားစုတာဝန်တွေက ရှိလာပြီ
မဟုတ်လား...
-
ယောက်ျားတစ်ယောက်ဟာ
အနေအထိုင်အေးဆေး
တည်ငြိမ်လှတယ်ဆိုပြီး
-
တယ်ဟုတ်ပါလား..!!
-
ငါ့ယောက်ျားက -
အိန္ဒြေရတယ် ဆိုပြီး မာန်တက်မနေနဲ့...
-
တချို့ယောက်ျားတွေ
အေးဆေးတည်ငြိမ်တယ်ဆိုတာ
လှုပ်ရမှာကိုပျင်းနေတာမျိုးတွေ...
-
သောက်ပျင်းထူတဲ့ယောက်ျားတွေဟာ
လှုပ်ရမှာပျင်းလို့ ငြိမ်နေကြရာကနေ
တည်ငြိမ်ခန့်ညားတဲ့ပုံပေါက်သွားတာ သမီးရဲ့...
-
တကယ်တော့
အဲ့တာ တည်ငြိမ်တာမဟုတ်ဘူး...
-
ဘာသောက်လုပ်မှမလုပ်ဘဲ အချိန်တိုင်း
ကျောခင်းနေချင်ကြတာ...
-
တချို့ယောက်ျားတွေရှိသေးတယ်...
-
လူမှုရေးအရမ်းကောင်းတာ...
နေရာတကာတိုင်းမှာ သဘောကောင်းတယ်...
ကူညီတယ်...ရိုင်းပင်းတယ်...
လူတကာနဲ့တည့်တယ်...
-
ဒါပေမဲ့ - -
ကိုယ့်အိမ်မှာတော့ ဘာမှအသုံးမကျဘူး...
-
တလောကလုံးကို ကူညီလုပ်ကိုင်ပေးပြီး
ကိုယ့်အိမ် ရောက်တော့ မောမောနဲ့အိပ်ပျော်သွားရော...
-
လူတကာကိုကူညီနေပေမယ့်
ကိုယ့်အိမ်ကလူတွေ
ပင်ပန်းနေသလားဆိုတာလောက်တောင်
သတိထားရကောင်းမှန်းမသိတဲ့
-
" ပရဟိတ ကိုကို " တွေပေါ့...
အထူးသတိထားပါ သမီး...
-
လင်ယောက်ျားအရွေးမှားတာဟာ -
ဘဝပျက်တာနဲ့အတူတူပဲ သမီးရဲ့....!

-စာပေ
#စာပေ #တွေးပြီးမှတင်ပါ

16/10/2025

Pyae Diary Birthday is today.....
Happy birthday to me😍🎂

Address

Hlaing Township
Yangon

Website

Alerts

Be the first to know and let us send you an email when Pyae Diary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share