Hsu Pyae Sone Baby Accessories Online Store

Hsu Pyae Sone Baby Accessories Online Store Baby Diapers and Accessories များကို စျေးနှုန်းမှန်ကန်စွာဖြင့်ရောင်းချပေးနေပါတယ်ရှင်💞

မင်မင့်ဆီမှာ instockရှိနေတဲ့ က​လေးdiaper လေးတွေပါရှင်🥰အသုံးလိုပါက အားပေးကြပါအုံးနော် မေမေတို့ရေ🥰ကလေးdiaperခရမ်းထိုး Grad...
27/04/2026

မင်မင့်ဆီမှာ instockရှိနေတဲ့ က​လေးdiaper လေးတွေပါရှင်🥰

အသုံးလိုပါက အားပေးကြပါအုံးနော် မေမေတို့ရေ🥰

ကလေးdiaper

ခရမ်းထိုး Grade A အလွတ်(50ပါ)⭐

M size >>> 25000ks

XL size >>> 25500ks

2XL size >>> 25500ks

3XL size >>> 25500ks

4XL size >>> 25500ks

Top Nurse (Tape Type)❄

XL size >>> 6000ks(14ခုပါ)

Wasuka🌸

3XL size >>> 24000ks

Bunnie 🐰

2XL size >>> 25000ks

4XL size >>> 25000ks

မင်မင်က ရန်ကုန်မြောက်ဒဂုံကပါ 💛
အိမ်မှာလာဝယ်လို့လဲရပါတယ်ရှင်💛

မှာယူလိုပါက cb or ph no :09250283320 (viber)ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 📞

Delivery service ရသောမြို့နယ်တိုင်းကို အိမ်အရောက်ငွေချေ နဲ့ ပို့ပေးပါတယ်ရှင်🚚



#အလွတ်diaper
#ခရမ်းထိုး
#ခရမ်းထိုးဒိုက်ဘာ


#ကလေးဒိုက်ဘာ
#ကလေးအသုံးအဆောင်
#ဒိုက်ဘာ


#အိမ်အရောက်ငွေချေ

25/04/2026

မေမေ တကယ်ပင်ပန်းနေပြီဆိုတာ သိတာပေါ့။

အဲ့ဒါက ရိုးရိုးလေး အိပ်ချင်တယ် ဆိုတဲ့ ပင်ပန်းမှုမျိုး မဟုတ်ဘူးနော်။

အရိုးထဲထိအောင် ကိုက်ခဲညောင်းညာနေတဲ့ ပင်ပန်းမှု၊
ဦးနှောက်ထဲမှာ အတွေးတွေရှုပ်ထွေးပြီး လူက တကယ်ပဲ အားကုန်နေတဲ့ ပင်ပန်းမှု၊ စိတ်ခံစားချက်တွေ တစ်နေ့လုံး အစွန်းရောက်အောင် အသုံးချလိုက်ရလို့ ခမ်းခြောက်သွားတဲ့ ပင်ပန်းမှုမျိုးပါ။

ဒီနေ့တစ်နေ့လုံးမှာ မေမေ ရှိသမျှ အားအင်တွေအကုန် ပေးဆပ်ခဲ့ပြီးပြီ။
မေမေ့ရဲ့ သည်းခံနိုင်စွမ်းတွေ၊ ခွန်အားတွေတင်မကဘူး၊ ကိုယ့်အတွက်လို့တောင် မချန်ထားနိုင်ဘဲ နောက်ဆုံးလက်ကျန် အင်အားလေးအထိ ပေးဆပ်ခဲ့တာပါ။

ပြီးတော့ မနက်ဖြန် မိုးလင်းတာနဲ့ ဒီအလုပ်တွေကိုပဲ မေမေ ပြန်လုပ်ဦးမှာ။
ဒါဟာ လွယ်ကူလို့ မဟုတ်ပါဘူး။
ရင်သွေးလေးတွေက မေမေ့အတွက် တန်ဖိုးရှိလွန်းလို့ မေမေ လုပ်ပေးနေတာပါ။

ဒါပေမဲ့ မေမေရေ ဒါလေးတော့ မမေ့ပါနဲ့နော်

ကလေးတွေက မေမေ့အတွက် တန်ဖိုးရှိသလိုပဲ၊ အခုလို ပေးဆပ်နေတဲ့ မေမေကိုယ်တိုင်ကလည်း တကယ့်ကို တန်ဖိုးရှိတဲ့သူပါ။

ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ချစ်ဖို့ မမေ့ပါနဲ့ဦးနော်။
ဒီညတော့ ကောင်းကောင်းလေး အနားယူလိုက်ပါဦး။ မေမေဟာ တကယ့်ကို အံ့သြစရာကောင်းတဲ့ လူသားတစ်ယောက်ပါ။

ချစ်တဲ့
#မေမေဖူး (Ozzie & Ori Family)

(ဘာသာပြန်ရေးသားသည်။)

အလွတ်ခရမ်းထိုးdiaper လေးတွေ မင်မင့်ဆီမှာ XL to 4XL sizeအထိရပါမယ်နော်🥰XL to 4XL size >>> 25500ks ပါရှင်💵သုံးဖူးတဲ့မေမေတို...
24/04/2026

အလွတ်ခရမ်းထိုးdiaper လေးတွေ မင်မင့်ဆီမှာ XL to 4XL sizeအထိရပါမယ်နော်🥰

XL to 4XL size >>> 25500ks ပါရှင်💵

သုံးဖူးတဲ့မေမေတိုင်း ထပ်ထပ်မှာကြတဲ့ Grade A quality အလွတ်diaperလေးတွေပါရှင် 🤗

🥰
18/04/2026

🥰

ကလေးက ဆော့လွန်းလို့ဆိုပြီး စိတ်မညစ်ပါနဲ့… တကယ်တော့ ဆော့တဲ့ကလေးကမှ ကျန်းမာတဲ့ကလေးပါ 👶💪🧠💛
မိဘဆိုတာ တစ်ခါတလေ ပင်ပန်းလွန်းတဲ့အခါ စိတ်တိုမိတာ သဘာဝပါပဲ။
ကိုယ့်ကိုယ်ကိုတောင် မသိလိုက်ဘဲ ငါ့ကလေးက ဘာလို့ ဒီလောက်တောင် ဆိုးနေရတာလဲ လို့ ညည်းမိတဲ့ အခိုက်အတန့်တွေလည်း ရှိမှာပေါ့။
ခဏလေးတောင် ငြိမ်ငြိမ်မနေဘူး၊ လက်ကလည်း ဟိုကိုင် ဒီကိုင်၊ ဟိုနားတက် ဒီနားတက်နဲ့ တစ်နေ့ကုန် အားအင်တွေ ဘယ်ကထွက်လာမှန်းမသိအောင် အော်လိုက်၊ ရယ်လိုက်၊ ငိုလိုက်နဲ့ပေါ့။

ဒါပေမဲ့ မေမေတို့ ဖေဖေတို့ရေ... ဒီအချက်လေးကို သတိရပေးပါ။

သူတို့လေးတွေက ကျွန်မတို့ကို ဒုက္ခပေးချင်လို့ ဆိုး နေတာ မဟုတ်ပါဘူး။
စကားနားမထောင်ဘဲ အရွဲ့တိုက်နေတာလည်း မဟုတ်ပါဘူး။

တကယ်တော့ သူတို့လေးတွေက စူးစမ်းနေကြတာ ပါ။
လေ့လာနေကြတာ ပါ။ တစ်နေ့တခြား ကြီးထွားလာနေတာပါ။

ကလေးက မနားတမ်း လှုပ်ရှားနေတာဟာ သူ့ရဲ့ ကြွက်သားတွေ သန်မာဖို့အတွက် အားကစားလုပ်နေတာနဲ့ တူတူပါပဲ။

ပစ္စည်းတွေကို ကိုင်ကြည့်၊ လွှင့်ပစ်ကြည့်တာဟာ ဒီလောကကြီးက ဘယ်လိုရှိသလဲ ဆိုတာကို သူတို့နည်းသူတို့ဟန်နဲ့ ရှာဖွေနေတာပါ။

ငိုတာ၊ ရယ်တာ၊ အသံကျယ်ကျယ်တွေ ထွက်တာဟာ သူတို့ရဲ့ ခံစားချက်ကို ဘယ်လိုထုတ်ပြောရမလဲဆိုတာ သင်ယူနေတာပါ။

ဒီလို ဆော့လွန်းတယ် ဆိုတဲ့ အပြုအမူတွေဟာ သူတို့ရဲ့ ဦးနှောက်လေးတွေ ဖွံ့ဖြိုးနေတယ်၊ ခန္ဓာကိုယ်က သန်မာနေတယ်၊ ပြီးတော့ စူးစမ်းလိုစိတ်တွေ တက်ကြွနေတယ် ဆိုတဲ့ အကောင်းဆုံး လက္ခဏာတွေပဲ ဖြစ်ပါတယ်။ 🧠✨

ဟုတ်ပါတယ်... တကယ်ပင်ပန်းပါတယ်။
အိမ်ထဲမှာ ခဏလေးဖြစ်ဖြစ် တိတ်တိတ်ဆိတ်ဆိတ် နေချင်တဲ့စိတ် ပေါက်တာလည်း မမှားပါဘူး။

ဒါပေမဲ့ တစ်နေ့ကျရင်...
ဒီဆူညံသံတွေကို ကျွန်မတို့ လွမ်းနေမိမှာပါ။
ကိုယ့်နောက်ကို တကောက်ကောက် လိုက်နေတဲ့ ခြေသံသေးသေးလေးတွေကို တောင့်တမိမှာပါ။
ကလေးဆော့ထားလို့ ရှုပ်ပွနေတဲ့ အိမ်လေးကိုတောင် ပြန်မြင်ချင်နေမိမှာပါ။

အဲ့ဒါကြောင့် ဘာလို့ ဒီလောက်ဆိုးတာလဲ လို့ ဆူမယ့်အစား...
စိတ်ကို ခဏလေးလျှော့ပြီး ဒီလိုလေး တွေးပေးကြည့်ရအောင်နော်…

ငါ့ကလေးလေးက ကျန်းမာပြီး ဉာဏ်ကောင်းလို့ ဒီလောက်တောင် စပ်စုနေတာပဲ ဆိုပြီးတော့ပေါ့။ 💛

သူတို့ကို စနစ်တကျ လမ်းပြပေးပါ။
စိတ်ရှည်ပေးပါ။
သူတို့လေးတွေနဲ့အတူ အချိန်ပေးပြီး ဆော့ကစားပေးပါ။

ဘာဖြစ်လို့လဲဆိုတော့... ဆိုးတယ် လို့ ထင်ရတဲ့ အခိုက်အတန့်တိုင်းရဲ့ နောက်ကွယ်မှာ၊ ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုရှင်သန်ရမလဲဆိုတာကို ကြိုးစားသင်ယူနေတဲ့ ကလေးငယ်လေးတစ်ယောက် ရှိနေလို့ပါပဲရှင်။

ချစ်တဲ့
#မေမေဖူး (Ozzie & Ori Family)

မြန်မာတို့ရဲ့ နှစ်သစ်မဂ်လာ ​အခါသမာယလေးမှာ အားလုံးပဲ ဘေးဘယာတွေဝေးကွာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ မင်မင်က ဆုတောင်းပေး...
13/04/2026

မြန်မာတို့ရဲ့ နှစ်သစ်မဂ်လာ ​အခါသမာယလေးမှာ အားလုံးပဲ ဘေးဘယာတွေဝေးကွာပြီး ရွှင်လန်းချမ်းမြေ့ကြပါစေလို့ မင်မင်က ဆုတောင်းပေးလိုက်ပါတယ်ရှင်🥰🙏🙏

🐰💚 Bunnie Baby Pants Diaper 💚🐰မိမိရဲ့ baby လေးအတွက် နူးညံ့ပြီး သက်တောင့်သက်သာဖြစ်စေမယ့် diaper ရှာနေပြီလား?✨ 3D soft lay...
10/04/2026

🐰💚 Bunnie Baby Pants Diaper 💚🐰

မိမိရဲ့ baby လေးအတွက် နူးညံ့ပြီး သက်တောင့်သက်သာဖြစ်စေမယ့် diaper ရှာနေပြီလား?

✨ 3D soft layer – နူးညံ့ပြီး အသားအရေကို မထိခိုက်စေပါဘူး

✨စုပ်ယူမှုကောင်း – ယိုစိမ့်မှုမရှိ 💧

✨ လေဝင်လေထွက်ကောင်း – diaper rash မဖြစ်စေဘူး

✨ ပေါ့ပါးပြီး babyလေး လွတ်လပ်စွာ လှုပ်ရှားလို့ကောင်းစေတဲ့ Q shaper diaperလေး

📏 Available Size – 2XL / 3XL / 4XL

💰 Price – 25,000 Ks

👶 Baby လေးကို အမြဲသက်တောင့်သက်သာနဲ့ ပျော်ရွှင်နေစေဖို့အခုဘဲ order တင်လိုက်တော့နော် မေမေတို့ရေ 📩



#ကလေးဒိုက်ဘာ

#ကလေးအသုံးအဆောင်



#အိမ်အရောက်ငွေချေ

09/04/2026

ကြားရတာ ခက်ခဲပါလိမ့်မယ်။ တကယ်လည်း ခက်ခဲပါတယ်။

ဘာလို့လဲဆိုတော့ ကိုယ့်စိတ်ကို ပြန်ပြုပြင်ရတဲ့အလုပ်က သိပ်တော့ မချိုသာဘူး။ ကိုယ်ကိုယ်တိုင်တောင် အသိအမှတ်မပြုချင်ဘဲ လျစ်လျူရှုထားတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေကို ပြန်ကြည့်ခိုင်းတာမျိုးကိုး။

ခဏခဏ ထိန်းမရအောင် ထွက်လာတတ်တဲ့ ဒေါသတွေ၊ တစ်ခုခုကို ကြောက်စိတ်ဝင်လာရင် ပတ်ဝန်းကျင်ကို လိုက်ချုပ်ကိုင်ချင်တဲ့စိတ်တွေ၊
ငယ်ငယ်ကတည်းက အသက်ဆက်ဖို့အတွက် သင်ယူခဲ့ရတဲ့ နှုတ်ဆိတ်နေတတ်တဲ့ အကျင့်တွေ၊
ပြီးတော့... ငယ်စဉ်ကတည်းက ရခဲ့တဲ့ စိတ်ဒဏ်ရာတွေပေါ့။

ဒါတွေကို ကျော်လွှားနိုင်ဖို့ဆိုရင် အပြစ်တင်တာ၊ မုန်းတီးတာမျိုးမဟုတ်ဘဲ ရိုးရိုးသားသား ရင်ဆိုင်ဖို့ လိုပါတယ်။ မရင်ဆိုင်ဘဲ ထားလိုက်မယ်ဆိုရင် သူတို့က ပျောက်ကွယ်မသွားပါဘူး။

သားသမီးကို စကားပြောတဲ့ လေသံ၊ ကိုယ့်ရဲ့ တုံ့ပြန်မှုတွေနဲ့ သားသမီးအပေါ် ကြည့်တဲ့ အမြင်တွေထဲမှာ ဒီစိတ်ဒဏ်ရာတွေက ပုံစံပြောင်းပြီး ပါလာပါလိမ့်မယ်။

ကလေးဆိုတာ သင့်ရဲ့ အပြုံး တစ်ခုတည်းကိုပဲ အမွေဆက်ခံတာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့ အပြုအမူအလေ့အကျင့်တွေ၊
ကိုယ့်ရဲ့ ကြောက်စိတ်တွေနဲ့
ကိုယ်တိုင် မဖြေရှင်းရသေးတဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ အမွေဆက်ခံကြတာပါ။

ဒါကြောင့်ပဲ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်တဲ့ ဒီအလုပ်က အရမ်းအရေးကြီးတာပေါ့။

ပြီးပြည့်စုံတဲ့သူ ဖြစ်သွားဖို့လည်း မဟုတ်ပါဘူး၊ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် Fix လုပ်ဖို့လည်း မဟုတ်ပါဘူး။
ခဏလောက် ရပ်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ပါ။ ဒါ ငါ့ဆီကပဲ ရပ်တန့်သွားမှာလား? ဒါမှမဟုတ် ငါ့ကလေးဆီကိုပါ ထပ်ပြီး လက်ဆင့်ကမ်းမိတော့မှာလား? ဆိုတာကိုပေါ့။

ကိုယ့်ရဲ့ နာကျင်မှုကို ရိုးရိုးသားသား ရင်ဆိုင်ရဲတဲ့နေ့မှာ ကိုယ့်ကလေးက တန်ဖိုးရှိတဲ့အရာတစ်ခု ရပါလိမ့်မယ်...

သူတို့က အလိုအလျောက် တုံ့ပြန်တတ်တဲ့ မိဘမျိုးထက် သတိနဲ့ ဆင်ခြင်တတ်တဲ့ မိဘမျိုးကို ရလာမယ်။
ခံစားချက်တွေကို ဖုံးကွယ်မထားဘဲ ပွင့်ပွင့်လင်းလင်း ခံစားခွင့်ရှိတဲ့ "အိမ်" လေးကို ရလာမယ်။
နာကျင်မှုတွေကို လက်ဆင့်မကမ်းတော့တဲ့ မျိုးဆက်သစ် အမွေကောင်းတစ်ခုကို ရလာပါလိမ့်မယ်။

ဆိုတော့... ကျွန်မတို့တွေက အပြစ်ဆိုစရာ မရှိအောင် တော်နေဖို့ မလိုပါဘူး။
ဒါပေမဲ့ သတ္တိရှိဖို့တော့ လိုပါတယ်။

ကျွန်မတို့ ရှောင်လွှဲခဲ့တဲ့ အရာတွေက...
သူ့အလိုလို ပျောက်မသွားဘဲ နောက်မျိုးဆက်ဆီပဲ ရောက်သွားတတ်လို့ပါ။

တကယ်တော့ ကျွန်မတို့ရဲ့ သားသမီးတွေဟာ ဒီထက်သာလွန်ကောင်းမွန်တဲ့ ဘဝနဲ့ ထိုက်တန်ပါတယ်။

သူတို့ဟာ...
စိတ်ဓာတ်ခိုင်မာပြီး၊ သတိတရားရှိတဲ့၊ အမြဲတမ်း တိုးတက်ပြောင်းလဲနေတဲ့ မိဘမျိုးနဲ့ ထိုက်တန်ပါတယ်။

သတိရှိရှိနဲ့ တစ်လှမ်းချင်း စတင်ကြည့်ကြရအောင်ရှင်။

ချစ်တဲ့
#မေမေဖူး (Ozzie & Ori Family)

04/04/2026

"မေမေတို့ ကလေးအနှီးလဲပေးတဲ့အခါ ခြေထောက်နှစ်ဖက်ကို အပေါ်ကို မြှောက်ပြီး မ (Ankle Lift) လေ့ရှိသလား? 🙅‍♀️❌

တကယ်တော့ ဒါဟာ ကလေးရဲ့ ခါးရိုးနဲ့ တင်ပါးဆုံရိုးကို ထိခိုက်စေနိုင်တဲ့အပြင် ဗိုက်ကို ဖိမိသလိုဖြစ်လို့ နို့ပြန်အန်တာမျိုး (Spit-ups) တောင် ဖြစ်စေနိုင်ပါတယ်။ ကလေးရဲ့ အရိုးအဆစ် ကျန်းမာရေးအတွက် မှန်ကန်တဲ့ နည်းလမ်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်နော်။

✅ မှန်ကန်တဲ့ နည်းလမ်း (၂) မျိုး:
၁။ Log Roll Method: ကလေးရဲ့ တစ်ကိုယ်လုံးကို တုံးလုံးလေး လှိမ့်သလိုမျိုး ဘေးတစောင်းလေး လှည့်ပြီး အနှီးလဲပေးပါ။

၂။ Frog Lift Method: ခြေမျက်စိကနေ မမပါနဲ့။ ပေါင်တံလေးတွေကို ကိုင်ပြီး ဒူးလေးကွေးကာ ဖားလေးလိုမျိုး ညင်ညင်သာသာလေး မပေးပါ။

ဒီနည်းလမ်းလေးတွေက ကလေးရဲ့ ကျောရိုးကို ကာကွယ်ပေးပြီး ပိုပြီးလည်: သက်သောင့်သက်သာ ဖြစ်စေပါတယ်ရှင်။ ✨

မင်မင်ပို့နေကျ Myanmar Fast Deli က ဒီနေ့ကစပြီး deliခလေးတွေ 1000ksစီ စျေးတက်သွားပါတယ် မေမေတို့ရေကြုံတွေ့နေရတဲ့ ဆီအခက်အခဲက...
03/04/2026

မင်မင်ပို့နေကျ Myanmar Fast Deli က ဒီနေ့ကစပြီး deliခလေးတွေ 1000ksစီ စျေးတက်သွားပါတယ် မေမေတို့ရေ

ကြုံတွေ့နေရတဲ့ ဆီအခက်အခဲကြောင့် Ninjavan ကလဲ pickupလာယူတဲ့ရက်ကြာတာနဲ့ 360express ကလဲ deliခစျေးတက်တာရယ် packing sizeသေးပဲ လက်ခံတော့တာရယ် ကြောင့် Myanmar Fastနဲ့ပဲဒိုင်ခံ ပို့ပေးနေတာပါရှင်

😣😵😴
28/03/2026

😣😵😴

Superwoman ဆိုတာ တခြားသူမဟုတ်ဘူး... အိပ်ရေးပျက်ခံပြီး မိသားစုကို ပြုစုနေတဲ့ မေမေတို့ပဲ 🥰

Merrypo Diaper လေးတွေက ​မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် Premium Quality ကိုမှ ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိနိုင်မယ့် အ...
24/03/2026

Merrypo Diaper လေးတွေက ​မေမေတို့ရဲ့ ရင်သွေးငယ်လေးတွေအတွက် Premium Quality ကိုမှ ဈေးနှုန်းချိုချိုသာသာနဲ့ ရရှိနိုင်မယ့် အကောင်းဆုံးရွေးချယ်မှုပါပဲ 🌟

​သားသားမီးမီးတို့ တစ်ညလုံး နှစ်ခြိုက်စွာ အိပ်ပျော်စေဖို့ Merrypo ရှိတယ်နော်... 🌙✨

​ကလေးငယ်လေးတွေရဲ့ နုနယ်တဲ့ အသားအရေအတွက် အထူးထုတ်လုပ်ထားတဲ့ Merrypo Diaper လေးတွေ ရှိနေပြီမို့ မေမေတို့ စိတ်အေးရပြီပေါ့🥰

​✅ ဘာလို့ Merrypo ကို ရွေးချယ်သင့်တာလဲ?

​၁၂ နာရီကြာ အစိုဓာတ်ကို ထိန်းပေးနိုင်လို့ တစ်ညလုံး လဲပေးစရာမလိုဘဲ ကလေးရော မေမေပါ နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်💦

Japan နည်းပညာနဲ့ ပြုလုပ်ထားပြီး ​လေဝင်လေထွက်ကောင်းမွန်တဲ့ Gel - Cotton အသားမို့ ဆီးပူလောင်ခြင်းကို ကာကွယ်ပေးပါတယ်☺

​Super Soft ဖြစ်လို့ baby လေးလှုပ်ရှားရတာ ပေါ့ပါးလွတ်လပ်စေပါတယ်🤩

Chemical မပါဝင်လို့ နုနယ်လှတဲ့ babyလေးတွေအတွက် အဆင်ပြေဆုံးပါပဲရှင် 👶👶

​ရရှိနိုင်တဲ့ Size များ (Tape Type - ကပ်ခွာ)

📌 NB (40 pcs) >>> to 5 kg
📌 S (38 pcs) >>> 3 to 8 kg
📌 M (34 pcs) >>> 6 to 11 kg
📌 L (31 pcs) >>> 9 to 14kg

​💰 Price - 28000ks

​🚚 Deli Service ရတဲ့ မြို့နယ်တိုင်းကို အိမ်အရောက် ငွေချေ (Cash on Delivery) စနစ်နဲ့ ပို့ဆောင်ပေးနေပြီမို့ အခုပဲ ဖုန်းဆက်မှာယူလိုက်တော့နော် မေမေတို့ရေ





#ကလေးဒိုက်ဘာ

#ကလေးအသုံးအဆောင်

#အိမ်အရောက်ငွေချေ

မင်မင့်ဆီမှာ instockရှိနေတဲ့ က​လေးdiaper လေးတွေပါရှင်🥰အသုံးလိုပါက အားပေးကြပါအုံးနော် မေမေတို့ရေ🥰ကလေးdiaperခရမ်းထိုး Grad...
23/03/2026

မင်မင့်ဆီမှာ instockရှိနေတဲ့ က​လေးdiaper လေးတွေပါရှင်🥰

အသုံးလိုပါက အားပေးကြပါအုံးနော် မေမေတို့ရေ🥰

ကလေးdiaper

ခရမ်းထိုး Grade A အလွတ်(50ပါ)⭐

M size >>> 25000ks

L size >>> 25000ks

XL size >>> 25000ks

2XL size >>> 25500ks

3XL size >>> 25500ks

Top Nurse (Tape Type)❄

XL size >>> 6000ks(14ခုပါ)

Wasuka🌸

3XL size >>> 24000ks

Bunnie 🐰

2XL size >>> 25000ks

3XL size >>> 25000ks

4XL size >>> 25000ks

မင်မင်က ရန်ကုန်မြောက်ဒဂုံကပါ 💛
အိမ်မှာလာဝယ်လို့လဲရပါတယ်ရှင်💛

မှာယူလိုပါက cb or ph no :09250283320 (viber)ကို ဆက်သွယ်မှာယူနိုင်ပါတယ်ရှင် 📞

Delivery service ရသောမြို့နယ်တိုင်းကို အိမ်အရောက်ငွေချေ နဲ့ ပို့ပေးပါတယ်ရှင်🚚



#အလွတ်diaper
#ခရမ်းထိုး
#ခရမ်းထိုးဒိုက်ဘာ


#ကလေးဒိုက်ဘာ
#ကလေးအသုံးအဆောင်
#ဒိုက်ဘာ


#အိမ်အရောက်ငွေချေ

Address

North Dagon
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Hsu Pyae Sone Baby Accessories Online Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share