07/10/2026
"မင်းဝတ်ထားတဲ့ ဂျာစီက မိုက်လှချည်လား" လို့ တစ်ယောက်ယောက်က လှမ်းမေးလိုက်ရင်...
"အေး... ဂျာစီက အလန်းစားပဲ" ဆိုပြီး မေးခွန်းတစ်ခုတည်းနဲ့ ပြီးသွားမယ့် ဂျာစီမျိုး မဟုတ်ပါဘူး။ ဒါဟာ ခုံတစ်ခုမှာ ထိုင်၊ ကော်ဖီတစ်ခွက်သောက်ရင်း 1937 ခုနှစ်ဆီက FA Cup ကိုသိမ်းပိုက်ခဲ့တဲ့ သမိုင်းအကြောင်းကို 10 မိနစ်မက ပါးစပ်အရသာခံပြီး ပြန်ပြောပြလို့ရမယ့် သမိုင်းဝင် အနုပညာလက်ရာတစ်ထည်ဖြစ်တဲ့ Sunderland Home Kit 26-27 ဟာ M21 ကိုရောက်နေပြီ။
လည်ပင်း အနောက်ဘက်မှာ 1937 တုန်းက အသုံးပြုခဲ့တဲ့ မြို့ပြတံဆိပ် အနီရောင်နဲ့ "1936-37" ဆိုတဲ့ အမှတ်တရ သက္ကရာဇ် ပါရှိပြီး
လည်ပင်း အတွင်းဘက်မှာတော့ 1937 ခုနှစ် Wembley ကွင်းကြီးထဲမှာ FA Cup ဖလားကို မမြှောက်မီ ကစားခဲ့တဲ့ ကစားသမား 11 ဦးလုံး၏ အမည်များကို ဂုဏ်ပြု ရေးထိုးထားတာကလည်း ထူးထူးခြားခြားထည့်ပြောရမယ့် အရာပါပဲ။
ဒီဂျာစီကို အဝေးကကြည့်ရင် Classic... အနီးကကြည့်ရင် Luxury လို့ပဲပြောမယ် ဘာလို့လဲဆို Sunderland ဆိုတာနဲ့ Vintage အထာနဲ့ Red-White ဒေါင်လိုက်စင်းလို့ ထင်ရပေမဲ့ အနီးကပ် သေချာကြည့်လိုက်ရင် အဖြူရောင်စင်းတွေရဲ့ အထဲမှာ FA Cup ဖလားကြီးပေါ်မှာ ရေးထိုးထားတဲ့ ပန်းခက်တွေဖြကို ပါးပါးလေး မြှုပ်နှံပေးထားတာ တွေ့ရပါမယ်။ ဒါဟာ Retro Aesthetics ကို သေချာ ဂရုစိုက်ထားတဲ့ အနုပညာမြောက် Detail တစ်ခုဆိုတဲ့အတွက် ဝတ်ထားရင် သမိုင်းကြောင်းနောက်ပြန်ပြောကာ ကြွယ်လို့ရသွားတာပေါ့နော်...။
Item : Sunderland Home Kit 26-27
Price :35,000Ks
▪️ Fan Version ▪️
Size : S,M,L,Xl, 2Xl
~ 𝒀𝒐𝒖𝒓 𝑼𝒍𝒕𝒊𝒎𝒂𝒕𝒆 𝑺𝒑𝒐𝒓𝒕𝒔 𝑮𝒆𝒂𝒓 𝑫𝒆𝒔𝒕𝒊𝒏𝒂𝒕𝒊𝒐𝒏 ~