Nwe ချည်ထည် စပန့်ထည် လက်ကားဒိုင်ကြီး

  • Home
  • Myanmar
  • Yangon
  • Nwe ချည်ထည် စပန့်ထည် လက်ကားဒိုင်ကြီး

Nwe ချည်ထည် စပန့်ထည် လက်ကားဒိုင်ကြီး ချည်ထည် စပန့်ထည် လက်ကားဒိုင်ကြီး

ဟဲ့ အဲ့လိုနော်
21/02/2026

ဟဲ့ အဲ့လိုနော်

စိတ်ညစ်စရာတွေ များလွန်းလို့
မေဂျာ မိုင်နာ ခွဲထားရတယ်

ဒါလေးကတော့ အရေးကြီးတယ်
အရင်ညစ်လိုက်မယ်ပေါ့

ဒါလေးကတော့ ရသေးတယ် နောက်နေ့မှပေါ့

Suprise ညစ်စရာတွေပေါ်လာတဲ့အခါလည်း
ဝေါင်းဆိုပြီး မျက်ရည်ကျလိုက်ရုံပေါ့

01/01/2026

၈/၉/၁၀ နှစ်ဆိုဒ်လေးပါ
အရောင်းသွက်လေးမို့ မြန်မြန်လေး နော်

19/12/2025
18/12/2025
17/12/2025

ကောင်းလိုက်တဲ့ ဥပမာပေးလေး
ဖတ်လိုက်ရတော့ ကောင်းလို့
ပြန်မျှဝေ လိုက်တယ်နော် .....
" ခွေးကျင့်ခွေးကြံ "
---------------
တစ်နေ့တွင်
တောကစားထွက်လာသော ဘုရင်က
ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို
တွေ့လိုက်ရ သဖြင့်
သူနှင့်အတူ မြင်းစီးကာ
ဘေးချင်းယှဉ်လိုက်လာသော
ပညာရှိ အမတ်ကြီးကို
မေးလိုက်လေသည်.....
အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက်
သိုးတွေက အုပ်စုလိုက်တွေ့ရတယ်နော် "
" ခွေးတွေ ကိုတော့ ဘာဖြစ်လို့
အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ ?.
မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို
မနက်ဖြန်မှ ဖြေပါရစေဘုရား

"
ကောင်းပြီလေ
ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင်
အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည်......
အခန်းတစ်ခန်းထဲတွင်
အသားပုံကြီးတစ်ပုံကို ချထားပြီး
ခွေး အကောင် ၂၀ ကိုထည့်ကာ
သော့ပိတ်ထား လိုက်သည်.....
အခြားအခန်းထဲတွင်
မြက်ထုံးများကို ချကာ
သိုးအကောင် ၂၀ ကို အခန်းအတွင်း
မောင်းသွင်းပြီး တံခါးပိတ်ထားလိုက်လေသည်.....
နောက်တစ်နေ့ နံနက်တွင်
အမတ်ကြီးက
သူစီမံထားသည့် အကြောင်းအရာကို
မင်းကြီးအား လျှောက်တင်ကာ
အခန်းများဆီသို့ ခေါ်လာလေသည်......
ပထမ ခွေးတွေထည့်ထားသည့်
အခန်းကို ဖွင့်လိုက်သည်
ဘုရင်ကြီးက အံ့အားသင့်သွားသည်
ခွေးတွေ အားလုံး အသက်ပျောက်နေသည်
အခန်းအလယ်တွင် ချထားသည့်
အသားပုံကြီးကား နေရာမပျက် ရှိနေသည်
ခွေးတစ်ကောင်မျှ အသားပုံကို
စားသွားသည့်ပုံမပေါ်.....
နောက်တစ်ခန်းကို
ဘုရင်အားခေါ်ပြီး ဖွင့်ကြည့်ကြသည်
သိုးတွေအားလုံး လှဲလျောင်းကာ
အိပ်စက်နေ ကြသည်
အခန်းအလယ်တွင် ချပေးထားသည့်
မြက်တွေလည်း မရှိတော့ပေ.....
ထိုအဖြစ်အပျက်များကို
ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက်....
ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့
အသားတွေကို တစ်စက်မျှ မစားရဘဲ
သေကုန်ကြရခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင် တိုက်ခိုက်ကာ
တစ်ကိုယ်ကောင်းဆန်ခြင်းကြောင့်ပါဘုရား

သိုးတွေကတော့ အေးချမ်းစွာ
မျှဝေစားသောက်တတ်သည့်
အလေ့အထကြောင့် အသက်ရှင်ကာ
နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား
ဟု လျှောက်တင်လေသည်....
ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ
နေထိုင်တတ်သော အလေ့အထနည်းလေသည်
အကောင်နည်းနည်း စုမိလျှင်ပင်
ပြဿနာရှာကာ မာန်ဖီတတ်သည်
အစားအစာ နှင့် ကာမ အတွက်ဆိုလျှင်
ခွေးများသည် တစ်ကောင်နှင့်တစ်ကောင်
မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည်.....
ရှေးလူကြီးများက
ခွေးလို မနေနှင့် သိုးတွေလိုနေဟု
ဆုံးမကြခြင်းမှာ
တစ်ကောင်နှင့်တစ်ကောင်
မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့်
အတူတကွ မျှဝေတတ်သောစိတ်ရှိသည့်
လူ့ဘောင်အဖွဲ့အစည်းသည်သာ
တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို
ပြဆိုခြင်းဖြစ်သည်....
ခွေးတွေလို ငါ့တွက် ငါ့ဟာ
ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည်......။
အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ်
မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ...။
သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည်.....။
သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက်
မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ....။

အေး ငါကပေါက်မယ့်သူဆိုတော့ share ပြီနော်😎😎😎
15/12/2025

အေး ငါကပေါက်မယ့်သူဆိုတော့ share ပြီနော်😎😎😎

မြန်မာတွေ ထီပေါက်ခဲ့ရင် လိုက်နာရန်
သေချာဖတ်မှတ် လေ့လာထားကြပါ...
---------------------------------
ကံထူးရှင်များဆက်သွယ်ရန်.........................................
MHAC မဟာမိတ်အဖွဲ့ ဖုန်းနံပါတ်များ..☎

📲-0888559792
📲-0649129190
📲-061 1414199
0888553887
0888554478
——————

(1)ထိုင်းထီ အမြင့်ဆုံးဆုကံထူးပါက မိမိနေထိုင်
လုပ်ကိုင်နေသည့် အလုပ်ရုံမှ လူအများကို လုံခြုံရေးအရ အသိမပေးရန်။

(2)မိသားစုသဖွယ် စိတ်ချအရဆုံးမိတ်ဆွေကို
ရွေးချယ်ပါ ခရီးသွားလာတတ်ပြီး အဆက်အသွယ်
ရှိသော ပရဟိတအသင်းအဖွဲ့များ MHAC အဖွဲ့ဖုန်းများ အစရှိသော ကိုယ်ကျိုးမရှာဘဲ ငွေလွှဲပြောင်း
ပေးနိုင်တဲ့ စိတ်ချယုံကြည်ရပြီး လုံခြုံရေးပေးနိုင်သော အဖွဲ့အစည်းများကို အမြန်ဆက်သွယ်ပါ။

(3)ကံထူးရှင် လက်ရှိအလုပ်လုပ်နေသော နေရာမှ
ထီပေါက်တာ သေချာပြီဆိုပါက အခြားနေရာ
တစ်ခုသို့ လုံခြုံရေးအရ အမြန်ဆုံး ပြောင်းရွှေ့
နေထိုင်ရန်။

(4)မိမိနေထိုင်ခွင့် အထောက်အထားများကို
စနစ်တစ်ကျစစ်ဆေးပါ ပန်းရောင်ဘတ်နှင့်
CI/PV/PJ/MOU အစရှိသော Passport အမျိုးအစားအလိုက် အလုပ်ပါမစ်များကို အထူး
ဂရုစိုက်ပြီး စစ်ဆေးပါ၊အလုပ်ရှင်မကြာခဏပြောင်းတတ်တဲ့ လုပ်သားများ လုပ်ငန်းအခြေအနေကြောင့် မကြာခဏပြောင်းရွှေ့ လုပ်ကိုင်နေသူများ ထီပေါက်ပါက ထီလက်မှတ်နောက်ကျောမှာ အမည်ရေးခြင်းများ ဖုန်းနံပါတ် ရေးခြင်းများ လက်မှတ်ထိုးခြင်းများ
မပြုလုပ်မိစေရန်။

(5)ထီပေါက်ခဲ့ပါက ရဲစခန်းကို လုံခြုံရေးအရ
သွားရောက်သတင်းပို့ခြင်းများကို အထောက်အထား
များ မစစ်ဆေးရသေးခင်မှာ သတင်းမပို့မိစေရန် အထူးသတိပြုပါ။

(6)ထိုင်းထီပထမဆုကံထူးရှင် ကိုယ်တိုင်နေထိုင်ခွင့်
မရှိ အထောက်အထားမရှိခဲ့ရင်လည်း MHAC အဖွဲ့မှ
ထီဆုငွေများအပြည့်အဝရရှိစေရန် ကူညီဆောင်
ရွက်ပေးနိုင်ပါသည်။

(7)ကံထူးရှင်ဖြစ်လို့ ဝမ်းသာအားရဖြစ်မိတယ်
ဆိုပြီး FB ပေါ်တင်ခြင်း လူတိုင်းကို လိုက်ပြောခြင်း
အခြားသူများကို မိမိထီလက်မှတ်အား
ဓါတ်ပုံပေးရိုက်ခြင်းများ လုံးဝမပြုလုပ်ရ။

AAC မဟာမိတ်အဖွဲ့မှသည် ယခု
MHAC မဟာမိတ်အဖွဲ့ အထိ အေအေစီ
ကိုရဲမင်း မှ တာဝန်ခံပြီး ပထမဆုကြီး
နှစ်စောင်တွဲ ကံထူးရှင် (7) ဦးအပါအဝင်
ထိုင်းထီပထမဆုကြီး ကံထူးရှင်
(57)ဦးထိ ထီဆုငွေများ ''အခမဲ့''
ကူညီထုတ်ပေးနိုင်ခဲ့ပါပြီ။

ထိုင်းထီပထမဆုကြီးများကံထူးကြပါစေ...

“MHAC မဟာမိတ်အဖွဲ့ “
ထိုင်းရောက်မြန်မာလုပ်သားကူညီစောင့်ရှောက်ရေးကော်မတီ။
(Thailand mahachai Samutsakhon)



15/12/2025

နည်းပညာခရီးသွားများအတွက် လမ်းပြကြယ်

High Tech,Low Tech, No Tech နည်းပညာမျိုးစုံ ပေါင်းစပ်ပြီး
လုပ်ငန်းတွေရဲ့ စိန်ခေါ်မှုတွေကို ဖြေရှင်းပေးနေတာ 15 နှစ်တောင် ရှိခဲ့ပါပြီ။ 🎯

https://bit.ly/radiancecomputer
https://bit.ly/radianceinfo

ကလေးဝတ်လေး ရခဲလို့မြန်မြန်လေး လာမေးပေးနော်
14/12/2025

ကလေးဝတ်လေး ရခဲလို့မြန်မြန်လေး လာမေးပေးနော်

Check out NWE ချည်ထည်၊စပန့်ထည် ပင်ရင်း’s video.

14/12/2025
14/12/2025

#အနက်ခံရေစို
#လက်ရေးရေစို
#ဖယောင်းစပန့်
#နွေစာ
#စပန့်ထည်
#ဖယောင်းစပန့်

Address

No. 15, Kyaung Street, 16 Ward, North Dagon Township
Yangon
11421

Website

Alerts

Be the first to know and let us send you an email when Nwe ချည်ထည် စပန့်ထည် လက်ကားဒိုင်ကြီး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share