06/11/2023
Cele ပြောတိုင်းမယုံပါနဲ့ ကျန်းမာရေးဝန်ထမ်းတွေဆီက ခိုင်လုံသော ဟောပြောချက်တွေကို လေ့လာပါနော်
နယ်ပယ်အသီးသီးက ပညာရှင်ဆိုတာ ကျွမ်းကျင်ပိုင်နိုင်လို့သာ ရေးနိုင်ပြောနိုင်တာပါ အဆိုတော်ဘယ်လောက် ကလေးတပြွတ်ကြီးမွေးမွေး ဆရာဝန် ကျန်းမာရေးပညာရှင်တွေထက်တော့ သာနိုင်မလား မလြပ်ခင် တွေးပါနော်
ကလေးကို ၃လကျော်နဲ့ solid (သို့) အရည် စတယ်ဆိုပြီး Social media မှာ တွေ့လိုက်ရလို့ .. solid ၊ အရည် ဘယ်တော့စသင့်လဲလေးပြောပါရစေ။
🔺 မွေးကင်းစကစပြီး ၆ လအထိ ကလေးတစ်ယောက်ရဲ့ အစာခြေအင်္ဂါလမ်းကြောင်းမှာ အစာခြေဖျက်ဖို့ရည်စူးထားတဲ့အင်ဇိုင်းတွေ သေချာမထုတ်လုပ်နိုင်သေးပါဘူး။ စောပြီးကျွေးလိုက်ရင် ဘယ်လောက်ကောင်းတဲ့အစားအစာပဲဖြစ်ဖြစ်၊ အာဟာရရှိပါတယ်ပဲစိတ်ကထင်ထင် ကလေးအတွက် no use ပါ။ အသုံးမဝင်ပါ။
🔺 မွေးကင်းစကလေးရဲ့အူဟာလဲ ဖွံ့ဖြိုးဆဲမို့ သူတို့သောက်ရမဲ့နို့ကိုပဲ အူက စုပ်နိုင်ပါတယ်။ အစာခြေဖို့ ရှိသင့်တဲ့အူလှုပ်ရှာမှုးက လူကြီးလိုမဟုတ်သေးပါဘူး။ ဒီအချိန်မှာ ဘယ်လောက်ပျော့တဲ့ အစားအစာစကျွေးကျွေး ကလေးအူက ဒီအစားတွေ မစင်အဖြစ်ထွက်လာနိုင်ဖို့ သူလုပ်နိုင်တဲ့ပမာဏထက်ပိုလုပ်၊ ပိုလှုပ်ရပါတယ်။ ဒီလိုအလုပ်ပို၊ ဝန်ပိုတွေလုပ်ရတဲ့ မွေးခါစ ၃၊၄ လကလေးဟာ အူစွပ်ဖို့ အန္တရာယ်အများကြီးရှိပါတယ်။ နောက်တစ်ခုက solid ကျွေးတဲ့အခါမှာ မဖွံဖြိုးသေးတဲ့အူဟာ viral infection ထိတွေ့ဖို့ပိုများပြီး အူစွပ်ပို့အခွင့်အရေးပိုများစေတဲ့အကြောင်းတစ်ခုပါပဲ။
🔺 ကလေးရဲ့ကျောက်ကပ်ဟာ ရည်ပျော်စိုင်ခဲတွေ၊ အစားအသောက်မှာပါဝင်တဲ့ဓာတ်ဆားသတ္တိတွေ (အနီးစပ်ဆုံးပြန်ထားတာပါ ဆေးပညာမှာဆို electrolytes လို့ခေါ်ပါတယ်) ၊ ရေအများကြီးကို နိုင်နိုင်နင်းနင်းစစ်မထုတ်နိုင်သေးပါဘူး။ ဒါကြောင့် ၆ လမတိုင်ခင် ဖွံ့ဖြိုးဆဲကျောက်ကပ်အလုပ်ပိုလုပ်ရမှာစိုးလို့ အစာမကျွေး၊ ရေမတိုက်၊ စွပ်ပြုတ်မတိုက်ရသေးတာပါ။ “အရည်လေးပါပဲ” ဆိုပြီးလဲမရပါ။
🔺 ကလေးရဲ့ ပါးစပ်၊ လျှာ၊ လည်မျိုက ကြွက်သားတွေက စည်းချက်ကျကျ ဝါးမယ်၊ လျှာနဲ့သပ်ပြီး လည်ချောင်းဘက်ပို့မယ်၊ အစာပြွန်နားမှာ မြိုချမယ် စတဲ့ စည်းချက်ကျကျ လှိုင်းလေးလိုလှုပ်ရှားမှုတွေဟာ ၆ လမတိုင်ခင် အပြည့်အဝမဖွံ့ဖြိုးသေးပါဘူး။ ဒါကြောင့် ဒါတွေဖွံ့ဖြိုးနေချိန် ရေတိုက်၊ အစာကျွေးလုပ်ရင် မိခင်နို့ (သို့) နို့ဘူးလို စို့မှထွက်တာမဟုတ်ဘဲ လျှောခနဲဝင်သွားတာမျိုးမို့ နင်မဲ့ choking risk အများဆို အများကြီးရှိပါတယ်။ နင်ရင် ကလေးအသက်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။
🔺 မိခင်နို့ (မိခင်နို့ကတော့ အကောင်းဆုံးအော်ဂင်းနစ်ပဲလေ) ရယ်၊ ဖော်မြူလာရယ်မှာ ကလေးလိုအပ်မဲ့ အာဟာရရယ်၊ စုပ်ယူနိုင်မဲ့ ပမာဏရယ်၊ ရေပမာဏရယ် လုံလုံလောက်လောက်ပါပြီးသားမို့ solid အစောကြီးစလိုက်ရင်၊ ရေအစောကြီးစတိုက်လိုက်ရင် အစာအိမ်က နို့အစား ကလေးအတွက် အသုံးမကျတဲ့အရည်တွေ၊ အဖတ်တွေက နေရာယူသွားတော့ ကလေးစို့ရမဲ့ နို့ပမာဏကို မစို့တော့ သူရသင့်တဲ့ အာဟာရကို မရတော့ဘူးဖြစ်သွားပါတယ်။
🔺 မိခင်နို့တိုက်တဲ့သူတွေဆို မိခင်နို့က ရင်ဘတ်ကနေတိုက်ရိုက်လာတယ် ဘာမှချက်စရာပြုတ်စရာမလို၊ ဘာပိုးသတ်ဆေးမှ ထိထားတာမဟုတ်လို့ immune system အတွက် ပိုကောင်းပါတယ်။ ချက်ပြုတ်ပြီးမှရလာတဲ့အာဟာရက ၆ လအောက်ဆို ဘယ်လောက်ကြီးကောင်းတဲ့ စျေးကြီးပေးရတဲ့အာဟာရဖြစ်ပါစေ ကလေး digest မလုပ်နိုင်လို့ အစာအိမ်မှာ နေရာပုပ်သွားတာပဲရှိပါတယ် immune အတွက် ဘာမှအကျိုးမရှိပါ။
အပေါ်ကအချက်တွေကြောင့် World Health Organization က သုတေသနသေချာပြုစုအခြေခံပြီး တစ်ကမ္ဘာလုံးအတွက် solid ကို ၆ လနေမှ စသင့်ပါတယ်လို့ အသင့်တော်ဆုံးအကြံပြုထားပါတယ်။
ဒါပေမဲ့ ခြွင်းချက်အနေနဲ့
🔹 ၆ လမတိုင်ခင် ကလေးက ခါးခိုင်၊ ဇက်ခိုင်ပြီး ကလေးဆရာဝန်က ပါးစပ်က muscle တွေ ready ဖြစ်နေရင် ၅ လလောက်ကလဲ ဆရာဝန်ညွှန်ကြားချက်နဲ့ စတာရှိပါတယ်။
🔹 ခန္ဓာကိုယ်မှာလိုအပ်တဲ့ သံဓာတ်ကို လူတွေခန္ဓာကိုယ်က ဒီအတိုင်းမထုတ်လုပ်နိုင်ဘဲ အစားအသောက်ကရပါတယ်။ ကိုယ်ဝန်ဆောင်ကာလကတည်းက မိခင်ရဲ့ အစားအသောက်မှရတဲ့သံဓာတ်ကို ကလေးက ဗိုက်ထဲမှာနေစဉ်စုလာပါတယ်၊ မိခင်နို့ထဲမှာလဲ သံဓာတ်ပါပါတယ်၊ ဖော်မြူလာထဲမှာလဲ မိခင်နို့လောက်မပါပေမဲ့ သံဓာတ်ပါထည့်သွင်းထားပါတယ်။ ဒါပေမဲ့ လမစေ့ဘဲမွေးတဲ့ကလေးတစ်ချို့ဟာ ဗိုက်ထဲမှာသံဓာတ်စုချိန်ကြာကြာမရတာကြောင့် ကလေးက သံဓာတ်အားနည်းနေတယ်လို့ထင်ရရင်လဲ ဆရာဝန်၊ Nutritionist နဲ့ lactation consultant တွေက assess လုပ်ပြီး solid စဖို့ ၊ စတဲ့ solid တောင်မှ ဖြစ်သလိုမဟုတ်ဘဲ ဘယ်လိုအစားအစာနဲ့ ဘယ်လို texture နဲ့ စဖို့ team တစ်ခုအနေနဲ့တိုင်ပင်ပြီး ချင့်ချိန်ဆုံးဖြတ်တာမျိုးလဲရှိပါတယ်။
♦️ တစ်ခါတစ်လေစောစကျွေးစေပေမဲ့ အမြဲကြုံတွေ့ရတဲ့အခြေအနေမဟုတ်ပါဘူး။ ဘယ်လောက်ဖွံ့ဖြိုးတဲ့နိုင်ငံဖြစ်ပါစေ အယောက် ၁၀၀ လောက်ကြည့်မှ တစ်ယောက်လောက်ပါတာပါ။ ဒါကြောင့် ၃ လလောက်နဲ့ စကျွေးတယ်ဆိုတဲ့ ကိစ္စမျိုးကို normalize မလုပ်ကြပါနဲ့လို့ Johns Hopkins က ကလေးအာဟာရဆိုင်ရာ certificate ကိုင်ထားတဲ့ , lactation consultant နဲ့ ကလေးဆေးရုံမှာ လုပ်လာတဲ့လုပ်သက် ၁၄နှစ်အပေါ်အခြေခံပြီး မျှဝေလိုက်ပါတယ်။
♦️ ၆ လပြည့်ရင် စိတ်ချလက်ချစလို့ရပေမဲ့ ၆ လမတိုင်ခင်တော့ ဒီလို အင်တာနက်ပေါ်ကနေ စသင့်တယ်လို့ မရေးသင့်၊ ရေးထားလဲလိုက်မလုပ်သင့်ပါကြောင်း။ တစ်ကမ္ဘာလုံးရဲ့နေရာတော်တော်များများမှာ တစ်ခုခုဆို အချိန်မရွေးပြေးပြီးပြစရာ ကျွမ်းကျင်ပညာရှင်တွေရှိပေမဲ့ မြန်မာပြည်မှာ မြိုပေါ်တောင် ကလေးဆရာဝန်ပြရတာခက်ခဲတာ၊ အရောက်အပေါက်နည်းတဲ့ဒေသကလူတွေဆို ကလေးအသက်ပါစိုးရိမ်ရတာမျိုးမို့လို့ WHO ဂိုက်အတိုင်းလိုက်နာပါ။ ၆ လမတိုင်ခင်စောကျွေးတာမျိုးမလုပ်ကြပါနဲ့လို့ တိုက်တွန်းပါရစေ။
ချစ်ခြင်းများဖြင့် ..
မေမေသီရိ (Baby L)
Lactation Consultant, IBCLC
(လွတ်လပ်စွာ share လို့ရပါတယ်။ copy လုပ်ခြင်း၊ အခြားနေရာများတွင်အသုံးပြုခြင်း လုံးဝမပြုလုပ်ပါရန် မေတ္တာရပ်ခံပါတယ်။)