MuDra - Vintage & Pajamas Online Shop

MuDra - Vintage & Pajamas Online Shop Styleကျ​လှပပြီးမိမိုက်​နေ​သောဒီဇိုင်းများကိုBudgets သက်သာနဲ့​ရောင်းချ​ပေးသွားမည်

05/01/2026

ဂျင်းစကပ်အောက်ကားပါကင်လုံးတလုံးရောင်းဖို့ရှိတယ်

26/12/2025
24/12/2025

စကားလုံးတိုင်းမှာ အစွမ်းတွေရှိတယ်
________________________________

" စဉ်စားပြီးမှ ပြောရင်...
ရန်သူက မိတ်ဆွေဖြစ်လာနိုင်တယ်...

ပြောပြီးမှ စဉ်စားရင်...
မိတ်ဆွေက ရန်သူဖြစ်သွားနိုင်တယ် " တဲ့ ။

သိပ်တန်ဖိုးရှိတဲ့စကားလေးပဲ...
အရမ်းစဉ်းစားလို့ကောင်းတယ် ။

ဘာလို့လဲဆိုတော့...

တချို့က...
မစဉ်းစားပဲ ပြောချင်ရာပြောကြတယ် ။
တချို့က...
စဉ်းစားပြီးမှ ပြောသင့်တာပြောကြတယ်..။

ဒီနေရာမှာ....
နှလုံးသားကို ဦးစားပေးတဲ့သူက
ခံစားချက်အတိုင်း ပြောချင်ရာပြောချလိုက်တယ် ။

ဦးနှောက်ကိုဦးစားပေးတဲ့သူက အဲ့လိုမဟုတ်ဘူး...
ခံစားချက်ရှိရင်တောင် ပြောသင့်မှပြောတယ်..
ပြောသင့်တာပဲ ပြောတယ် ။

စကားအသုံးအနှုံးလည်း ကွာသလို
မိတ်ဆွေအပေါင်းအသင်းလဲကွာတယ် ။

လူတစ်ယောက်ရဲ့အပြုအမူအပြောအဆိုတွေကို
ကြည့်ခြင်းအားဖြင့်...
သူ့မှာ ရန်သူနဲ့မိတ်ဆွေ ဘယ်သူပိုများလဲဆိုတာ
သိနိုင်ပါတယ် ။

ဘာပဲဖြစ်ဖြစ်...
စိတ်ဆိုးစဉ်ခဏ ပြောလိုက်တဲ့အရာတိုင်းမှာ
ခံစားချက်တွေက ပြောင်းလဲသွားပေမဲ့
စကားလုံးတွေက ကျန်နေတတ်တယ် ။

ဒါ့ကြောင့်...
ဒီစာလေးဖတ်ပြီးတဲ့အခါ...
ခံစားချက်အတိုင်း ပြောချင်ရာ ပြောမိတတ်တဲ့
အကျင့်လေးတွေ ကိုယ့်မှာ ရှိနေတယ်ဆိုရင်...
အကောင်းဆုံးပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ကြတာပေါ့... ။

အားလုံးဟာ ကိုယ့်အထွာနဲ့ ကိုယ်တိုင်းတာပဲ ကောင်းတယ် ။ပုဇဉ်းရင်ကွဲကောင်လို ပုရစ်က မအော်နိုင်ပေမယ့် ပုရစ်လို ပုဇဉ်းရင်ကွဲကော...
24/12/2025

အားလုံးဟာ ကိုယ့်အထွာနဲ့ ကိုယ်တိုင်းတာပဲ ကောင်းတယ် ။

ပုဇဉ်းရင်ကွဲကောင်လို ပုရစ်က မအော်နိုင်ပေမယ့် ပုရစ်လို ပုဇဉ်းရင်ကွဲကောင်က တွင်းမတူးနိုင်ပါဘူး

ကျွဲလို နွားက ရေမစိမ်နိုင်ပေမယ့် နွားလို ကျွဲက အပူဒဏ်ကို အန်မတုနိုင်ပါဘူး

ဒီလိုပါပဲ
သူဒါလုပ်လို့ တိုးတက်ကြီးပွားရင် ငါလဲ ဒါလုပ်ရင် တိုးတက်ကြီးပွားမှာပဲလို့ တထစ်ချ မတွက်ပါနဲ့ ။

အလုပ်ချင်း တူပေမယ့် အယူအဆအတွေးအခေါ်ချင်း မတူတာမို့ တိုးတက်ကြီးပွားတာချင်း တူချင်မှ တူမှာပါ ။
အဲ့အချိန်မှာ စိတ်ဓာတ်ကျတာတွေ ဖြစ်လာတတ်ပြီး ကိုယ်နဲ့အပ်စပ်တဲ့ အလုပ်ပေါ်မှာပါ အခွင့်အရေး ဆုံးရှုံးတတ်ပါတယ်

ဒါ့ကြောင့် မိမိကျွမ်းကျင်ရာကိုသာ ရွေးချယ်လုပ်ပါ ။
သူများ ယောင်တိုင်း လိုက်မယောင်မိဖို့ အရေးကြီးပါတယ်...

ညတိုင်း အိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့်************************************ညအိပ်ယာထဲ အထိ အွန်လိုင်းသုံးရင် ဘယ်လော...
24/12/2025

ညတိုင်း အိပ်ချိန် ၁၁ နာရီထက် နောက်မကျပါစေနှင့်
************************************
ညအိပ်ယာထဲ အထိ အွန်လိုင်းသုံးရင်
ဘယ်လောက် ကြောက်စရာကောင်းလဲဆိုတာ ဖတ် ဖြစ်အောင် ဖတ့်သွားကြပါ။

ညနက်တဲ့အထိ ဖေ့စ်ဘုတ်သုံး လျှင်
ဘာတွေ ဖြစ်လာမလဲ ဖတ်ကြည့်ပါ ။
(တကယ်ကြောက်စရာမို့ သတိထားသင့်ပါ
တယ်)
ကျန်းမာရေးပါရဂူကြီးများရဲ့ လေ့လာတွေ့
ရှိချက်အရ လူသားတွေအတွက် အကောင်းဆုံး အိပ်စက်အနားယူချိန်ဟာ ည ၁၁ နာရီမှ မနက် ၃ နာရီအတွင်းဖြစ်တယ်လို့ သိရပါတယ်။

ဒီအဆိုကို ဆေးပညာရှင်များအားလုံးနီးပါးက
လည်း လက်ခံထားကြပါတယ်။ ၁၁-၃ အတွင်း အနားမယူပဲ အလုပ်တစ်ခုခု လုပ်နေမယ်ဆိုရင် ကျန်းမာရေးကို ထိခိုက်စေလိမ့်မယ်။ ချက်ချင်း
မဟုတ်ပေမယ့် ရေရှည်မှာ ဆိုးဝါးလာစေနိုင်ပါတယ်။

အကြောင်းကတော့ လူ့ခန္ဓာကိုယ်ထဲမှာ အဓိကအရေးကြီးဆုံး အလုပ်လုပ်ပေးနေတဲ့ အသည်းဟာ ၁၁-၃ အချိန်မှာ လူတို့စားသုံးထားတဲ့ အစားအစာများထဲမှ အဆိပ်အတောက်နဲ့
မလိုအပ်တဲ့အရာများကို စစ်ထုတ်ပေးနေရလို့ပါပဲ။ အသည်းရဲ့ အလုပ်လုပ်ချိန်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။

အဲဒီအချိန်အတွင်း ခန္ဓာကိုယ်ကို အနားပေးထားရပါတယ်။ အိပ်စက်အနားယူရပါတယ်။ အနားမပေးရင် အသည်းရဲ့ လုပ်ဆောင်မှုများ
ကို ထိခိုက်လျှော့နည်းစေပြီး အသည်းကို
တဖြေးဖြေး ပျက်စီးသွားစေပါတယ်။

အသည်းမကောင်းတော့ရင် ခန္ဓာကိုယ်ဇီ၀
ကမ္မဖြစ်စဉ်များ ပုံမှန်မလည်ပတ်နိုင်တော့ပဲ
စက်ပစ္စည်းတစ်ခုခုမှာ မူလီတစ်ခု ချွတ်ယွင်းရင် ကျန်တဲ့အစိတ်အပိုင်းများလည်း အဆင်မပြေ
နိုင်တော့သလို လူ့ခန္ဓာကိုယ်မှာလည်း အ
သည်းက အလုပ်မလုပ်နိုင်တော့ရင် အသည်း
ရောင်အသားဝါ B ပိုး၊ C ပိုး၊ စတဲ့ အသည်း
ရောဂါများအပြင် အခြားရောဂါများလည်း
တစ်ခုပြီးတစ်ခု ဖြစ်စေပါတယ်။

ဒါ့ကြောင့် ကျန်းမာရေးစောက်ရှောက်မှု မြင့်မားတဲ့ အချို့နိုင်ငံတွေမှာ ညဖက်အလုပ်လုပ်ရတဲ့ ၀န်များကို ရေရှည်မလုပ်စေပဲ အလှည့်ကျ လှဲလယ်ပေးတတ်ကြပါတယ်။

အခုခေတ်မှာ ဖေ့စ်ဘုတ်ဟာ အိပ်ချိန်ကို အဓိက ဖဲ့ယူနေတဲ့အရာဖြစ်နေတာကြောင့်
အသက်ကိုဉာဏ်စောင့်ဆိုတဲ့ စကားအတိုင်း ကိုယ့်အသက်ကို အသိဉာဏ်ဖြင့် ဂရုပြု
နိုင်ကြစေရန် ကျန်းမာရေးဗဟုသုတအဖြစ်
အသိပေးလိုက်ပါတယ်။ ဖေ့စ်ဘုတ်တစ်ခုတည်းမဟုတ်ပဲ အခြား ဘာပဲလုပ်လုပ် အဲဒီအချိန်မှာ မအိပ်ရင် အသည်းရဲ့ လုပ်ဆောင်ချက်များကို ထိခိုက်စေပါတယ်။

22/12/2025
22/12/2025

လူဟုပင်မခေါ်ဆို ထိုက်သောသူများ
===========================

အမှန်တရားကိုသိပါလျက်နဲ့
မသိချင်ယောင်ဆောင်သူများ

အမှားတွေကိုမှားမှန်းသိပါလျက်နဲ့
မသိချင်ယောင်ဆောင်သူများ

မိမိအကျိုးကိုထိခိုက်မှာစိုးလို့
ရေငုံနှုတ်ပိတ်နေသူများ

မျက်စိရှိပါလျက်
မမြင်ကြသောမျက်ကန်းများ

နားရှိပါလျက်
မကြားကြသောနားကန်းများ

ပါးစပ်ရှိပါလျက်
မပြောနိုင်ကြသောအဆွံ့အအများ

နှလုံးသားရှိပါလျက်
ကိုယ်ချင်းစာစိတ်မရှိသော
အတ္တလူသားများသာဖြစ်ကြပါသည်

လူဟုပင်မခေါ်ဆို ထိုက်သောသူများ ဖြစ်ကြပါသည်။

အောင်ဆွေဝင်း (စာပေ ပရဟိတ)

#မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်

21/12/2025

အတွေးနဲ့ အကြွေး
÷÷÷÷÷÷÷÷÷÷÷
#အတွေးလည်း မကပ်စေနဲ့။
#အကြွေးလည်း မထပ်စေနဲ့။

#အတွေးကပ်တော့ အဆွေးဓာတ်က အအေးဓာတ်ကို မဖြစ်စေဘူး။
#အကြွေးထပ်တော့ ပေးဆပ်စရာတွေက အထပ်ထပ် တိုးစေတတ်တယ်။

#အတွေးရဲ့ သဘောက ကောင်းတဲ့အတွေးထက် မကောင်းတဲ့အတွေးကသာ ခေါင်းထဲမှာ ရောက်ရောက်လာတတ်တယ်။ မကောင်းအတွေးဆိုတာ တွေးတိုင်းတွေးတိုင်း မကောင်းစိတ်ကိုပဲ ပိုဖြစ်စေတယ်။

#အကြွေးရဲ့ သဘောကလည်း ရှောင်လွှဲလို့မရဘူး။ အတိတ်အကြွေးက ဝဋ်ကြွေးဖြစ်သွားရင် သူတော်ကောင်းကြီးတွေတောင် ပေးဆပ်ရတတ်တယ်။ အကြွေးဆပ်နေရတဲ့ ဘဝမှာ အကြွေးတွေတော့ မထပ်စေနဲ့ပေါ့။

#အတွေးကိုလည်း သတိထား၊
#အကြွေးတွေလည်း ထပ်မများပါစေနဲ့။

#မနာပ_ဒါယီ_ကိုရီးယားဆရာတော်

👖style pantsအနက်လေးသီးသန့်လာပါပြီ👖🤩✨🙋🏻⚡️Quality အရောင်အသွေးကတော့ပြောစရာမလိုအောင်ရှယ်တွေချည်းပဲနော်🤩 တစ်ထည်ချင်းစီရဲ့ siz...
21/12/2025

👖style pantsအနက်လေးသီးသန့်လာပါပြီ👖🤩✨

🙋🏻⚡️Quality အရောင်အသွေးကတော့ပြောစရာမလိုအောင်ရှယ်တွေချည်းပဲနော်🤩

တစ်ထည်ချင်းစီရဲ့ sizeလေးတွေကိုပုံပြပြီးမှာလို့ရပါတယ်🙆🏻‍♂️✨
ခါး-တင်-အရှည် sizeလေးမေးပြီးမှာလို့ရပါတယ်

စျေးနှုန််း .7000

စိတ်ကြိုက်ဝယ်ယူပြီး အထည်လေးများကို ပြန်လဲခြင်း သည်းခံပါရှင့်

မှာယူလိုပါက
☎️09422008496 (or)09420011157ဆက်သွယ်ဝယ်နိုင်သလို

🏠အိမ်မှာလဲစိတ်တိုင်ကျကြည့်ပြီးလာရောက်ဝယ်ယူလို့ရပါတယ်

👩🏻‍💻Chat box ကနေမှာယူနိုင်ပါတယ်ဗျ

🙏🙏🙏ဝယ်ယူအားပေးကြတဲ့ တစ်ယောက်စီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင့်

16/12/2025

ဖြောင့်ဖြောင့်နေ၊ ရိုးရိုးတွေး၊ များများပြုံး

သင့်အကြောင်း သေသေချာချာ မသိပဲ နောက်ကွယ်မှာ
အတင်းအဖျင်းပြောနေတာတွေကို စိတ်ထဲမထားပါနဲ့။
သူတို့ သင့်အကြောင်းကို မသိပဲ သူများဆီကစကားနဲ့အတင်းပြောနေကြတာပါ။
သင့်အလှည့်ကျရင်လည်း
သူများအကြောင်းကို သေချာမသိပဲ ဝေဖန်အတင်း
ပြောခြင်း မလုပ်မိပါစေနဲ့။

မှတ်တိုင်မတူလို့ ဆင်းသွားတဲ့သူတွေကို မေ့ပျောက်
နိုင်အောင် ကြိုးစားပါ။
သင်စီးနေတဲ့ ဘဝရထား
မှာ နောက်ထပ်ဘယ်သူတွေများ စောစောစီးစီး
ဆင်းသွားမလဲ မသိပါဘူး။ ပထမဆုံးဆင်းသွားတဲ့
တစ်ယောက်နဲ့တင် သတိမလစ်သွားပါစေနဲ့။ အများ
ကြီး ကြုံရပါအုံးမယ်။ အဲ့ဒီလိုခက်ခဲတဲ့အချိန်တွေကို
ဖြတ်ကျော်ရင်း တဖြည်းဖြည်း သင်လည်းမာကျော
လာပါလိမ့်မယ်။

တကယ်တော့ ဘဝက ဘယ်လောက်မှ ကြာရှည်
တာမဟုတ်ပါဘူး။ တစ်ခါတစ်လေ တစ်နှစ်တစ်နှစ်က
ဘာမှ မကြာလိုက်သလိုပဲ။
အရင်နှစ် နှစ်သစ်ဆိုတာ ပြန်စဉ်းစားလိုက်ရင် မနေ့တစ်နေ့က အဖြစ်အပျက်လိုပဲ။ ဒီလိုတိုတောင်းလှတဲ့ဘဝကို
စိတ်ညစ်ခံပြီး မဖြတ်သန်းနဲ့။ ပျော်စရာတွေရှာပြီး
ပျော်အောင်နေကာ ဖြတ်သန်းပါ။ လူတိုင်းမှာ
အပျော်ဓာတ်ခံရှိပါတယ်။ အပေါ်မှာ အုပ်ထားတဲ့
ဇါတ်လမ်း ဆန်ဆန်အရည်ပြား တစ်ထပ်ကြောင့်သာ မပြုံးနိုင်ကြတာပါ။ မနက်ဖြန်တောင်မသေချာတဲ့ဘဝမှာ သင့်ကိုလှောင်ပိတ်ထားတဲ့အတွေးတွေ
ကထွက်ပြီး များများပြုံးနိုင်ကြပါစေ။

#ဆရာအောင်သင်း-စာပေ

ဝမ်းနည်းလာရင်ကုသိုလ်လုပ်ပါ     ➖➖➖➖➖➖➖စိတ်ချမ်းသာဖို့ဆိုတာသူများအကြောင်းနဲ့ကင်းကင်းနေထိုင်တတ်ရမှာဖြစ်ပါတယ်၊လောကမှာတစ်ချိ...
15/12/2025

ဝမ်းနည်းလာရင်ကုသိုလ်လုပ်ပါ
➖➖➖➖➖➖➖
စိတ်ချမ်းသာဖို့ဆိုတာသူများအကြောင်းနဲ့
ကင်းကင်းနေထိုင်တတ်ရမှာဖြစ်ပါတယ်၊
လောကမှာတစ်ချို့သူတွေကကိုယ့်အကြောင်းနဲ့
ကို မနည်းစိတ်ချမ်းသာအောင်နေရတဲ့အချိန်၊
သူများအကြောင်းနဲ့ စိတ်ဆင်းရဲနေကြရတာ
တွေ့ရပါတယ်၊တစ်ချို့လူတွေက ခံစားလွယ်
ဝမ်းနည်းလွယ်တာတွေ တွေ့ရပါတယ်၊

ဝမ်းနည်းမှုတစ်ခုပေါ်လာတိုင်းဝမ်းနည်းကြေကွဲ
နေရမယ်ဆိုရင်ခံစားမှုတစ်ခုပေါ်လာတိုင်း၊
လိုက်ခံစားနေရမယ်ဆိုရင်၊ဒီဘဝသာကုန်သွားမယ်
ဝမ်းနည်း၊ခံစားမှုတွေကကုန်ကြမှာမဟုတ်ပါဘူး၊
တစ်ချို့သူတွေမှာ ကိုယ်တိုင်တာဝန်ယူလုပ်ရမည့်
အလုပ်မယ်မယ်ရရမရှိလေတော့အားတဲ့အချိန်တွေ
ကို မြင်မြင်သမျှအာရုံတွေအပေါ်မှာ ပုံအပ် ဝမ်းနည်း
ခံစားနေကြတာတွေ တွေ့ရပါတယ်၊ဝမ်းနည်းတတ်
ခံစားတတ်တယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်ပါ
ဘူး၊ကိုယ့်ဘဝလည်းဘာမှအကျိုးမရှိ အချိန်ကုန်
ပန်ပင်းရုံပါပဲ၊

တကယ်လို့ မိမိတို့ပတ်ဝန်းကျင်မှာဝမ်းနည်းစရာ၊
ခံစားစရာ ဒေါသဖြစ်စရာကြုံလာခဲ့ရင် စာဖတ်ပါ၊
ဘုရားတရားသံဃာအာရုံစိတ်မှာမွှမ်းထုံပါ၊တရားနာ
တရားထိုင်လိုက်ပါ၊ သို့မဟုတ် တစ်စုံတစ်ခုသော
ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစိုက်ပြီး လုပ်နေ
လိုက်ပါ၊ အားနေရင်ဝမ်းနည်းမနေပါနဲ့၊အားနေရင်
ခံစားမနေပါနဲ့၊အားနေရင် ဒေါသဖြစ်မနေပါနဲ့။

အားနေတဲ့အချိန်တွေမှာဝမ်းနည်းစရာကြေကွဲစရာ
ဒေါသဖြစ်စရာတွေကိုတွေးပြီး ခံစား၊ ဝမ်းနည်း
နေမယ့်အစားကိုယ့်အတွက် ခုရောနောင်ပါအကျိုး
ရှိမည့်တရားနာ တရားထိုင်၊ဘုရားတရားသံဃာ
အာရုံပြု၊စာဖတ်ပုတီးစိပ်၊အကျိုးရှိစေမယ့်အရာ
တစ်ခုခုကိုလုပ်ပြီး အသုံးချလိုက်ပါ။

ဝမ်းနည်းတယ်ဆိုတာ အလုပ်မယ်မယ်ရရ
မရှိလို့ပါ အချိန်တွေပိုနေလို့ပါ၊အကောင်းဆုံးက
တော့ဝမ်းနည်းချင်လာတဲ့အခါကုသိုလ်တစ်ခုခု
လုပ်နေတာအကောင်းဆုံးပါ၊ကုသိုလ်လုပ်နေတဲ့သူဟာ သူများအကြောင်းနဲ့ကင်းနေတဲ့သူပါပဲ၊
သူများအကြောင်းနဲ့ကင်းနေရင်စိတ်ချမ်းသာမှာ
အသေအချာပါပဲ၊ဒါကြောင့် ဘာကြောင့်ပဲ
ဝမ်းနည်းပါစေ၊ဝမ်းနည်းလာရင်ကုသိုလ်လုပ်နေပါ။

မေတ္တာဖြင့်
အရှင်ဇနက(မန္တလေးစာသင်သား)
၁၅မိုင် ဇနကာရာမတောရဆရာတော်

လေးစားရသောမူရင်ရသားသူခင်များ
ယခု page မှာ ထပ်မံရှယ်ခွင့်ပြုပါလို့
ခွင့်တောင်းပါရစေ🙏🙏🙏🙏🙏

#မူရင်းရေးသားပူဇော်သူအားဂါဝရပြုကူးယူမျှဝေပူဇော်ပါသည် #မူရင်းpostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည #မေတ္တာဖြင့်ပြန်လည်မျှဝေလိုက်ပါသည်

14/12/2025

ဘုရားရှင်အား "ဆန်" နှင့် "သန့်ရှင်းသောရေ" တို့ကို ကပ်လှူခြင်းသည် သန့်ရှင်းစင်ကြယ်ပြီး ဘဝအတွက် မရှိမဖြစ် လိုအပ်သော အရာများဖြင့် ရတနာသုံးပါးကို ပူဇော်ခြင်း ဖြစ်ပါသည်။
၎င်းသည် ပစ္စည်းလေးပါး၊ ကြွယ်ဝပြည့်စုံခြင်း နှင့် အိမ်ရှိ ငြိမ်းချမ်းသာယာခြင်း ကို ကိုယ်စားပြုသည်။

• ဆန်ကပ်လှူခြင်း → ဘဝတွင် စားဝတ်နေရေး မပြည့်မစုံမဖြစ်ဘဲ စားသုံးရန်နှင့် သုံးစွဲရန် ပြည့်စုံစေခြင်း။
• ရေကပ်လှူခြင်း → စိတ်ကို အေးချမ်းစေခြင်း၊ လန်းဆန်းစေခြင်း၊ ပြဿနာများ ပြေလည်စေခြင်းနှင့် ကောင်းသော စွမ်းအင်များ ဝင်ရောက်လာစေခြင်း။
🍚 လှူဒါန်းရန် လိုအပ်သော ပစ္စည်းများ
• ဆန်: ပန်းကန်ငယ်လေး တစ်လုံး သို့မဟုတ် သန့်ရှင်းသော ခွက်တစ်ခု။
• သန့်ရှင်းသောရေ: ဖန်ခွက် ၁ လုံး သို့မဟုတ် ခွက်ငယ်လေး ၁ လုံး။
• အမွှေးတိုင် : ၃ ချောင်း။
• ဖယောင်းတိုင် : ၂ တိုင် (ပညာအလင်းရောင်ကို ကိုယ်စားပြုသည်)။
📜 ဘုရားစင်တွင် ကပ်လှူသည့် အဆင့်ဆင့်
၁) ကပ်လှူခြင်းမပြုမီ သန့်ရှင်းရေး ပြုလုပ်ခြင်း
• ဘုရားစင် သို့မဟုတ် ဘုရားကျောင်းဆောင်ကို သန့်ရှင်းရေး ပြုလုပ်ပါ။
• ရေဟောင်းများကို လဲလှယ်ပါ။
၂) စိတ်ကို ငြိမ်သက်အောင် ထားခြင်း
• သုံးကြိမ် အသက်ပြင်းပြင်း ရှူပါ။ လေးစားမှုဖြင့် ပူဇော်ရန် ရည်ရွယ်ပါ။
၃) အမွှေးတိုင် ၃ ချောင်းနှင့် ဖယောင်းတိုင် ၂ တိုင် ထွန်းညှိခြင်း
• အမွှေးတိုင် ၃ ချောင်း = ဘုရား၊ တရား၊ သံဃာကို ရည်ရွယ်သည်။
• ဖယောင်းတိုင် ၂ တိုင် = အတွင်းအလင်းရောင်ဖြစ်သည့် ပညာနှင့် သတိကို ကိုယ်စားပြုသည်။
၄) ပူဇော်ပစ္စည်း ကပ်လှူရန် ဆုတောင်းမေတ္တာပို့ခြင်း
(ဤသို့ ရွတ်ဆိုပါ - အမည်နာမကို ပြောင်းလဲနိုင်သည်)
“နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ” (သုံးကြိမ်)
“ကျွန်ုပ်သည် ဤဆန်နှင့် သန့်ရှင်းသောရေကို
ဘုရား၊ တရား၊ သံဃာအား
ပူဇော်ပစ္စည်းအဖြစ် လှူဒါန်းပါ၏။
ကြွယ်ဝပြည့်စုံခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းနှင့် သက်သာချောင်ချိခြင်းတို့သည်
ကျွန်ုပ်၏အိမ်နှင့် မိသားစုသို့ စီးဝင်ပါစေသတည်း။”
၅) ဆန်နှင့် ရေကို ဘုရားစင်တွင် သပ်ရပ်စွာ ထားရှိခြင်း
• ရှေ့ဘက်တွင် ထားရှိသင့်ပြီး ဘုရားရုပ်ပွားတော်ထက် မမြင့်စေရပါ။
၆) လိုအပ်ရာကို ထပ်မံ၍ ဆုတောင်းပတ္ထနာပြုခြင်း
• အလုပ်အကိုင်၊ ငွေကြေး၊ မိသားစု သို့မဟုတ် ကျန်းမာရေးကဲ့သို့ လိုချင်သော ဆန္ဒများကို ဆုတောင်းပါ။
✨ အပိုဆောင်း လျှို့ဝှက်ချက်လေးများ
• 💧 ရေကို နေ့တိုင်း လဲလှယ်ပါက → အိမ်သို့ ကောင်းသောစွမ်းအင်များ ဝင်ရောက်လာရန် လမ်းဖွင့်ပေးခြင်း
• 🍚 ဆန်ကို တစ်ပတ်လျှင် တစ်ကြိမ် သို့မဟုတ် ဟောင်းနွမ်းလာသောအခါ လဲလှယ်ပါ။

Address

Thadar Yone Street
Yangon

Website

Alerts

Be the first to know and let us send you an email when MuDra - Vintage & Pajamas Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category