30/07/2026
📏👶✨ မေမေတို့ရေ...
ဘေဘီလေးတွေ Diaper ဝတ်တဲ့အခါ သက်တောင့်သက်သာမရှိဘဲ ဂျီကျနေတာ၊ ပေါင်ဘေးနီစင်းရာ ထင်ကျန်ခဲ့တာ ဒါမှမဟုတ် ဆီးယိုစိမ့်တာမျိုး ကြုံဖူးကြပါသလား?
ဒါဟာ အရည်အသွေးကြောင့် မဟုတ်ဘဲ Diaper Size မမှန်တာကြောင့် ဖြစ်လေ့ရှိပါတယ်…❤️
ဒါကြောင့် Diaper ရွေးချယ်တဲ့အခါ မိမိကလေးရဲ့ ကိုယ်အလေးချိန်နဲ့ ကိုက်ညီမယ့် Size ကို ရွေးချယ်သင့်ပါတယ်… ဝတ်ထားချိန်မှာ ကလေးရဲ့ ခါးပတ်နဲ့ ဝမ်းဗိုက်ကြားမှာ မေမေတို့ရဲ့ လက်ချောင်း (၂) ချောင်း အသာလေး ထည့်လို့ရမယ့် Size ကို ရွေးချယ်ဝယ်ယူပါ..💡
ဒီလိုမျိုး ကွက်တိဖြစ်တဲ့ Size လေး ရွေးချယ်ပေးမှ... ဘေဘီလေးတို့ အတားအဆီးမရှိ လွတ်လပ်စွာ ကခုန်ဆော့ကစားနိုင်မှာပါ" 🥰✨