Violet Thrift

Violet Thrift ဈေးသက်သာစွာ ဝတ်ဆင်ကြမယ်

အဝေးကြီးကနေ အကျီလေးတွေ အများကြီးအားပေးသွားတဲ့ customer ညီမလေး ကျေးဇူးအများကြီးတင်ပါတယ် နော် အများကြီးအားပေးလို့ လျှော့ပေ...
22/08/2021

အဝေးကြီးကနေ အကျီလေးတွေ အများကြီးအားပေးသွားတဲ့ customer ညီမလေး ကျေးဇူးအများကြီးတင်ပါတယ် နော်

အများကြီးအားပေးလို့ လျှော့ပေးတဲ့အပြင် အကျီလက်ဆောင်လေးပါ ထည့်ပေးလိုက်ပါတယ်

အဆင်ပြေတယ်ဆိုလို့ ကျေနပ်လိုက်တာ
နောက်လည်း အားပေးပါအုံး ရှင်

Violet Thrift

Admin လဲ ကျန်းမာရေးအခြေအနေကြောင့် Page လေး မ Run နိုင်ဘူးဖြစ်သွားတယ် အခုတော့ အဖြူလေးတွေနဲ့အတူ ပြန်လာပါပြီနော် လိုချင်တယ်...
09/08/2021

Admin လဲ ကျန်းမာရေးအခြေအနေကြောင့် Page လေး မ Run နိုင်ဘူးဖြစ်သွားတယ်
အခုတော့ အဖြူလေးတွေနဲ့အတူ ပြန်လာပါပြီနော်

လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော်
messenger ကနေလဲလာဖယ်ထားခိုင်းလို့ရပါတယ်
၃ရက်အတွင်း‌တော့ လာယူပေးရပါမယ်နော်

ထန်းတပင်မြို့တွင်းကတော့ Deli free ပါ
အိမ်မှာလာကြည့်ပြီးမှဝယ်လဲ ရပါတယ်နော်

ဒီအသုတ်ထဲမှာတော့ size ကြီးတာလေးတွေလဲပါမယ်နော်  နောက်ရက်မှ အဖြူသီးသန့် အမဲသီးသန့်လေးတွေ တင်ပေးပါမယ် ပုံမရိုက်ရသေးလို့ လို...
12/07/2021

ဒီအသုတ်ထဲမှာတော့ size ကြီးတာလေးတွေလဲပါမယ်နော်

နောက်ရက်မှ အဖြူသီးသန့် အမဲသီးသန့်လေးတွေ တင်ပေးပါမယ် ပုံမရိုက်ရသေးလို့

လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော်
messenger ကနေလဲလာဖယ်ထားခိုင်းလို့ရပါတယ်
၃ရက်အတွင်း‌တော့ လာယူပေးရပါမယ်နော်

ထန်းတပင်မြို့တွင်းကတော့ Deli free ပါ
အိမ်မှာလာကြည့်ပြီးမှဝယ်လဲ ရပါတယ်နော်

Violet Thrift

Floral မှ Floral ဆိုသူတွေအတွက် အပွင့်အခက်အလှလေးတွေ သီးသန့် လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော် messenger ကနေလဲလာဖယ်ထ...
08/07/2021

Floral မှ Floral ဆိုသူတွေအတွက် အပွင့်အခက်အလှလေးတွေ သီးသန့်

လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော်
messenger ကနေလဲလာဖယ်ထားခိုင်းလို့ရပါတယ်

ထန်းတပင်မြို့တွင်းကတော့ Deli free ပါ
အိမ်မှာလာကြည့်ပြီးမှဝယ်လဲ ရပါတယ်နော်

Violet Thrift

ပုံတွေအများကြီး တစ်ခါထဲမကြည့်နိုင်မှာစိုးလို့ ခွဲတင်ပေးထားမယ်နော် လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော် messenger ကနေလ...
07/07/2021

ပုံတွေအများကြီး တစ်ခါထဲမကြည့်နိုင်မှာစိုးလို့ ခွဲတင်ပေးထားမယ်နော်

လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော်
messenger ကနေလဲလာဖယ်ထားခိုင်းလို့ရပါတယ်
၃ရက်အတွင်း‌တော့ လာယူပေးရပါမယ်နော်

ထန်းတပင်မြို့တွင်းကတော့ Deli free ပါ
အိမ်မှာလာကြည့်ပြီးမှဝယ်လဲ ရပါတယ်နော်

Violet Thrift

ကဲ လာပါပြီ ကိုရီးယားတိုက်ရိုက် container အထည်လေးတွေကို ဈေးသက်သာစွာနဲ့ ရောင်းချပေးနေပါပြီ Design အလန်းလေးတွေ / Brand ထည်လ...
07/07/2021

ကဲ လာပါပြီ

ကိုရီးယားတိုက်ရိုက် container အထည်လေးတွေကို ဈေးသက်သာစွာနဲ့ ရောင်းချပေးနေပါပြီ

Design အလန်းလေးတွေ / Brand ထည်လေးတွေကို ထောင်ဂဏန်းလေးနဲ့ပဲ Fashion ကျကျဝတ်ဖို့ Page လေးကို see first လေးတွေ လုပ်ထားလိုက်ကြပါအုံး

လိုချင်တယ်ဆိုရင်တော့ အမြန်မှာမှရမယ်နော်
messenger ကနေလဲလာဖယ်ထားခိုင်းလို့ရပါတယ်
၃ရက်အတွင်း‌တော့ လာယူပေးရပါမယ်နော်

ထန်းတပင်မြို့တွင်းကတော့ Deli free ပါ
အိမ်မှာလာကြည့်ပြီးမှဝယ်လဲ ရပါတယ်နော်

Violet Thrift

အ​မေရိကားမှာ ဘီလျံနာဖြစ်​သွားတဲ့ FOREVER 21 ကုန်​တိုက်​ပိုင်​ရှင်​ ကိုရီယားလူမျိုး Do Won Chang ၏ မှတ်​မှတ်​သားသားစကားမျ...
28/10/2016

အ​မေရိကားမှာ ဘီလျံနာဖြစ်​သွားတဲ့ FOREVER 21 ကုန်​တိုက်​ပိုင်​ရှင်​ ကိုရီယားလူမျိုး Do Won Chang ၏ မှတ်​မှတ်​သားသားစကားများ
အလုပ်​တစ်​ခုစလုပ်​ရင်​​သေး​သေးက စလုပ်​ပါ။ ပိုင်​ပိုင်​နိုင်​နိုင်​ လုပ်​နိုင်​ပြီဆိုမှ တိုးချဲ့လုပ်​ပါ။
ပြိုင်​ဘက်​​တွေ ဘာလုပ်​​နေတယ်​ဆိုတာ​လေ့လာပြီး သူတို့ထက်​သာ​အောင်​ အမြဲကြိုးစားပါ။
အလုပ်​တစ်​ခုကို စွဲစွဲမြဲမြဲ​အောင်​မြင်​တဲ့အထိ လုပ်​ပါ။ဟိုဟာလုပ်​လိုက်​၊ ဒီဟာလုပ်​လိုက်​နဲ့ မ​ပြောင်းပါနဲ့။
မိမိလုပ်​​နေတဲ့လုပ်​ငန်းကို အ​သေးစိတ်​သိ​အောင်​​လေ့လာပါ။ စီးပွား​ရေးဥပ​ဒေ​တွေကိုလည်း နားလည်​ထားဖို့လိုပါတယ်​။
မိမိလုပ်​​နေတဲ့အလုပ်​ဟာ​အောင်​မြင်​မယ်​လို့ ယုံကြည်​စိတ်​ရှိပါ။ ယုံကြည်​စိတ်​မရှိသူဟာ အခက်​အခဲကြုံလာရင်​ လွယ်​လွယ်​နဲ့လက်​​လျော့တတ်​တယ်​။
သင်​​အောင်​မြင်​မှုရဖို့ဆိုတာ မီတာ၁၀၀​ပြေးသလို မြန်​မြန်​ဆန်​ဆန်​ ရတာမဟုတ်​ဘဲ မာရသွန်​​ပြေးတာလိုပဲကြာတတ်​ပါတယ်​။
By
Ctd

အများအမြင်မှာ ပိန်တယ်လို့ထင်အောင် ဝတ်စားနည်း    ပျိုမေတို့ရေ ဒီတခါတော့ အစားလည်းမလျှော့နိုင် ၀၀ကစ်ကစ်ဖြစ်နေတဲ့ ကိုယ့် bod...
01/10/2016

အများအမြင်မှာ ပိန်တယ်လို့ထင်အောင် ဝတ်စားနည်း


ပျိုမေတို့ရေ ဒီတခါတော့ အစားလည်းမလျှော့နိုင် ၀၀ကစ်ကစ်ဖြစ်နေတဲ့ ကိုယ့် bodyကိုလည်းမကျေနပ်နိုင်ဖြစ်နေကြတဲ့ မိန်းကလေးတွေအတွက် အများအမြင်မှာ ပိန်တယ်လို့ထင်ရအောင် အသုံးဝင်မယ့်နည်းလမ်းလေးတွေ စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ်ပိုင် ဒီဇိုင်နာထားပါ

ဝမှန်းသိသာစေတဲ့ ကိုယ့်ရဲ့ခါးအနေအထားကို အဆင်ပြေဆုံးချုပ်ပေးနိုင်မယ့် ဒီဇိုင်နာ၊အပ်ချုပ်ဆရာရှိဖို့လိုပါတယ်။ ready made အ၀တ်အစားထက် ကိုယ့်ရဲ့ခန္ဓာကိုယ်အချိုးအစားအတိုင်း ချုပ်ထားတဲ့အ၀တ်အစားမျိုးကိုပဲဝတ်သင့်ပါတယ်။ ဒါကြောင့် အမြဲတမ်းအတွက် ကိုယ်ပိုင်ဒီဇိုင်နာထားဖို့တိုက်တွန်းခြင်းဖြစ်ပါတယ်။

(၂)Jeans ၀တ်ပါ

ဂျင်းနဲ့ မလိုက်တဲ့သူမရှိသလောက်ပါပဲ။ခန္ဓာကိုယ် ကောက်ကြောင်းကို ခဏမေ့ထားလိုက်ပါ။ခန္ဓာကိုယ် ၀နေလို့ သာမန် ၀တ်နေကျဒီဇိုင်းတွေကနေ ရုန်းမထွက်နိုင်ဖြစ်နေတဲ့ သင့်အနေနဲ့ ဂျင်းရဲ့ စတိုင်အသစ်ကြောင့် ပိန်တယ်လို့ ထင်ရမှာပါ။ အထူးသတိထားရမှာက ဂျင်းကို အရောင်ရင့်၊အရောင်ငြိမ်တာမျိုးကို ရွေးချယ်ဝတ်ဖို့လိုသလို ဇစ်တွေရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းမျိုးမရွေးချယ်မိဖို့တော့လိုပါတယ်။

(၃)ပိုင်ဆိုင်မှုကို ကျေနပ်စွာလက်ခံပါ

ဝတဲ့သူတွေက သာမန်မိန်းကလေးတစ်ယောက်ရှိသင့်တဲ့အနေတော် အချိုးအစားထက် ပိုများနေပေမယ့်လည်း တစ်ဖက်က ကြည့်ရင် ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ဆိုရမှာပါ။ခန္ဓာကိုယ် ကောက်ကြောင်းတွေမှာ သိသာထင်ရှားတဲ့ အချိုးအစားရှိနေ တာပါ။ဒါက တနည်းအားဖြင့် အားသာချက်ပါ။ဒီလိုအားသာချက်ကိုလက်ခံလိုက်ရင်ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိလာမှာဖြစ်သလို လေ့ကျင့်ခန်းလုပ်ခြင်း၊ သင့်တင့်မျှတတဲ့ နေထိုင်မှုပုံစံတွေကိုလိုက်နာဖို့လည်း တွန်းအားဖြစ်လာစေမှာ ပါ။
(၄)စာလုံးဒီဇိုင်းများကို ရှောင်ပါ

အ၀တ်အစားဒီဇိုင်းရွေးချယ်တဲ့အခါ စာလုံးဒီဇိုင်းပါတာတွေကိုရှောင်ပါ။စာလုံးတွေပါတဲ့ အ၀တ်အစားဒီဇိုင်းတွေက သင့်ကို ပိုပြီးဝတယ်လို့ ထင်ဟပ်စေပါတယ်။အဲဒီအစား အစင်းဒီဇိုင်းတွေက ၀ တဲ့ခန္ဓာကိုယ်တွေအတွက် သင့်တော့်ပါတယ်။

(၅)အသားအရေကို ဂရုစိုက်ပါ

ခန္ဓာကိုယ်က ၀ နေလို့ ကိုယ့်ကိုယ်မကျေမနပ်ဖြစ်တာမျိုးခံစားနေရပါသလား။ဒါဆိုရင်တော့ အပေါ်မှာဖော်ပြခဲ့တဲ့ အချက်တွေအပြင် အသားအရေကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ဝတဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေဟာ ခန္ဓာကိုယ်ကောက်ကြောင်း အချိုးအစားတွေကို ရှိသင့်တာထက်ပိုပြီး ပိုင်ဆိုင်ထားလို့ ဆွဲဆောင်မှုပိုရှိတယ်လို့ဆိုနိုင်တယ်ဆိုတာ အပေါ်မှာ ပြောခဲ့ပြီး ပါပြီ။ဒါကြောင့် ဒီလို ကောက်ကြောင်းတွေကို ၀ံ့ဝံ့ကြွားကြွားလေးရှိနေစေဖို့ သင့်ခန္ဓာကိုယ်ရဲ့တောက်ပမှုကို ဂရုစိုက်ဖို့လို ပါတယ်။စိုပြည်ဝင်းလက်တဲ့အသားအရေကြောင့် သင့်ပုံစံက ၀နေမှန်းမသိသာစေတော့ပါဘူး။

.ChoChoThan

၂၀၁၆ခုနစ်နွေဦးတွင် ရွေးချယ်ဆင်မြန်းရမည့်အရောင်(၅)မျိုးစတိုင်ကျလှပစေဖို့ရာ အရောင်ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ အမှန်တကယ်...
01/10/2016

၂၀၁၆ခုနစ်နွေဦးတွင် ရွေးချယ်ဆင်မြန်းရမည့်အရောင်(၅)မျိုး

စတိုင်ကျလှပစေဖို့ရာ အရောင်ရွေးချယ်မှုမှန်ကန်ဖို့လိုပါတယ်။ အမှန်တကယ်စတိုင်ကျလှပနေသူများသည်
ရာသီအလိုက်အရောင်ရွေးချယ်ပြီး ဝတ်ဆင်ကျလေ့ရှိပါတယ်။ယခုအောက်ဖော်ပြပါ အရောင်(၅) မျိုးကတော့
New York ရှိ နာမည်ကြီး Fashion Designer များမှ ၂၀၁၆ခုနစ် နွေဦးရာသီနှင့် လိုက်ဖက်ညီစွာ ဝတ်ဆင်
ရမည့် အရောင်များဟု ဖော်ပြထားပြီး အရောင်များ၏ အဓိပ္ပါယ်များကိုလည်း ဖော်ပြထားပါတယ်။

၁။ BUTTERCUP ( နို့ထော်ပတ် အဝါ)

နို့ထော်ပတ်အဝါရောင်သည် ဝတ်ဆင်သူကို ပျော်ရွင်သော သဏာန်ပေါ်စေပြီး တောင်ပနေသော နေမင်းကြီး
လို ထင်ပေါ်စေပါတယ်။

၂။ FIESTA ( ထယ်ဝါသော အနီ )

ယခု အနီရောင်သည် ရဲရင့်ခြင်း ကိုကိုယ်စားမပြုပါဘူး။ ပွဲတော်အရောင်ဖြစ်ပြီး ဝတ်ဆင်သူကို ထယ်ထယ်
ဝါဝါအဖြစ်ပေါ်လွင်စေ သော အနီရောင်ဖြစ်ပါတယ်။ ယခုအရောင်ကိုဝတ်ဆင်သောအားဖြင့်-

က။ မြင်သူကို စိတ်လှုပ်ရှားစေပါတယ်။

ခ။ လွတ်လပ်ပေါ့ပါးသော အသွင်အပြင်ကိုဖြစ်ပေါ်စေပါတယ်။

၃။ GREEN FLASH ( သစ်စိမ်းရောင် )

သစ်စိမ်းရောင်ကိုဝတ်ဆင်ခြင်းအားဖြင့် ပြိုင်ဘက်ကင်းသော အလှအပကိုရရှိမှာ ဖြစ်ပါတယ်။ပြီးနောက် ပွင့်လင်းမှု
ကိုဖော်ပြပါတယ်။

၎။ ICED COFFEE (ကော်ဖီအေးရောင်)

ကော်ဖီအေးရောင်ကို ဝတ်ဆင်ခြင်းအားဖြင့် မြင်လိုက်သောသူများ၏ရင်ကိုအေးစေပါတယ်။ နူးညံပြီး တည်ငြိမ်မှု
အသွင်အပြင်ကို ရစေပါတယ်

၅။ PEACH ECHO (မက်မွန်သီးရောင်)

မက်မွန်သီးရောင် သည်ရှားပါးသောအရောင်မဟုတ်ပင်မည့် လို့သိရှိသောသူများပင်ရှားပါးလှပါတယ်။မက်မွန်သီး
အရောင်ကို ဝတ်ဆင်သောသူများသည် ဖော်ရွေမှုရှိသော နွေးထွေးသော အသွင်အပြင်ကိုပေါ်လွင်စေပါသည်။

အထက်ပါဖော်ပြသွားသော အရောင်များသည် ၂၀၁၆ခုနစ်၏နွေဦးအရောင်များဖြစ်သောကြောင့် အဝတ်အစား
ဝတ်ဆင်ရာမှာ ရွေးချယ်ရုံသာမက အိမ်၊ဆိုင်၊အရောင်ပြခန်းနှင် မိမိ ကြိုက်နှစ်သက်သော မည့်သည့်နေရာများ
တွင်မှာမဆို စိတ်ကြိုက်အလှဆင်နိုင်ပါသည်။


D-bear(Shwemom)

ဈေးကြီးတဲ့အရာတွေချည်းပဲ ဝတ်ထားသယောင်ဖြစ်အောင်နေနည်းလူတစ်ယောက်ဥပတိရုပ်ကောင်းနေစေဖို့ရုပ်ရည်လှခြင်း၊မလှခြင်းနဲ့မသက်ဆိုင်ဘ...
01/10/2016

ဈေးကြီးတဲ့အရာတွေချည်းပဲ ဝတ်ထားသယောင်ဖြစ်အောင်နေနည်း

လူတစ်ယောက်ဥပတိရုပ်ကောင်းနေစေဖို့ရုပ်ရည်လှခြင်း၊မလှခြင်းနဲ့မသက်ဆိုင်ဘဲဝတ်စားဆင်ယင်မှုကလည်းအများကြီး သက်ရောက်မှုရှိပါတယ်။နာမည်ကြီးBrandedတွေဘာကြောင့်ဈေးတွေအဆမတန်ကြီးနေရသလဲ…။ဝတ်လိုက်တာနဲ့လူကိုယုံကြည်မှုရှိစေပြီးပေါ့ပါးလွတ်လပ်တဲ့ခံစားမှုကိုပေးစွမ်းနိုင်လို့ပါပဲ။တခါတလေ ဈေးကြီးBrandedမှန်းမသိရအောင် ဒီဇိုင်းတွေကရိုးလွန်းပါတယ်။ဒါပေမယ့် ၀တ်ရတာသက်တောင့်သက်သာနဲ့ စတိုင်ကျလို့ ဈေးကြီးပေးရခြင်းဖြစ်ပါတယ်။ မိန်းကလေးတွေအနေနဲ့အများနည်းတူ စတိုင်ကျလှပချင်ပေမယ့် တချို့ Brandedတွေက ကိုယ့်ရဲ့ဝင်ငွေနဲ့အနားတောင်မ ကပ်နိုင်ပါဘူး။အခုတော့ ကိုယ့်မှာရှိတဲ့အ၀တ်အစားကို ဈေးကြီးပေးရတဲ့ပုံစံမျိုးဖြစ်အောင် ဒီဇိုင်းဆင်ဝတ်နိုင်မယ့်နည်း လမ်းကောင်းလေးတွေ Shwemomပရိသတ်ကြီးအတွက်မျှဝေပေးလိုက်ပါတယ်။

(၁)အသေးအဖွဲအတွက်ပိုက်ဆံအကုန်မခံပါနဲ့

အဖြူရောင် တီရှပ်လေးတစ်ထည်အတွက် ဈေးကြီးပေးကုန်ကျမခံပါနဲ့။အဲဒီအစား ခေတ်ရေစီးကြောင်းအလိုက် သားရေဂျက် ကတ်၊ကျင်းကုတ်စသဖြင့် သင့်ရဲ့ ဒီဇိုင်းကိုသာမန်ထက်ပိုပြီးထူးခြားသွားစေမယ့် ဆင်ယင်မှုမျိုးအတွက်အသုံးချပါ။ ဒါ့အပြင် ဈေးပေါတဲ့အကျီ င်္ဟာတချိန်တည်းမှာပဲ ဈေးကြီးတဲ့ Brandedဒီဇိုင်းဖြစ်သွားနိုင်ပါတယ်။ဆိုလိုတာက ကြယ်သီး၊ အိတ်ကပ်၊ခါးစည်းကြိုးစတဲ့နေရာလေးတွေမှာ ဈေးကြီးတဲ့ အဆင်တန်ဆာတွေနဲ့ ပြောင်းလဲဒီဇိုင်းထွင်နိုင်ပါတယ်။

(၂)Neutral Colors

အသားရောင်၊ ခရင်မ်ပါတဲ့ကော်ဖီရောင်စသည်တို့ဟာ ဈေးကြီးတဲ့ဒီဇိုင်းလေးတွေအဖြစ်မြင်စေပါ တယ်။အထူးသဖြင့် ရာသီဥတုအခြေအနေနဲ့လိုက်ဖက်ညီစွာ ကုတ်အကျီ င်္၊ဘောင်းဘီရှည်ကို neutralဖြစ်တဲ့အရောင်ရွေးချယ်ဝတ်ဆင်ရင် ယုံကြည်မှုရှိရှိစတိုင်ကျလှပနိုင်ပါတယ်။

(၃)အညိုရောင်ကဲ့သို့သော အရောင်ရင့်များရှောင်ပါ

အညိုရောင်၊မရမ်းရောင်၊ခရမ်းရောင်စသည့်အရောင်ရင့်ဝတ်ဆင်ခြင်းကိုရှောင်ပါ။အဲဒီလိုအရောင်တွေကသင့်ရဲ့ဝတ်စား ဆင်ယင်မှုတန်ဖိုးကိုနိမ့်စေပါတယ်။အဲဒီအစား အဖြူရောင်၊ အညိုဖျော့ရောင်တီရှပ်၊အပြာနု၊ပန်းရောင်နုတို့အပြင် အနက်ရောင်ခပ်မှိုင်းမှိုင်းကိုလည်းဝတ်ဆင်နိုင်ပါတယ်။
(၄)အကျီ င်္တွေကိုအငွေ့ခံပါ

အင်္ကျီကတွန့်ကြေနေရင် ဈေးသင့်တဲ့အမျိုးအစားဆိုရင်တောင် ဈေးပေါသလိုထင်ရပါတယ်။အဲဒါကြောင့်အကျီ င်္တွေကို အမြဲတမ်းမီးပူတိုက်ပေးရပါတယ်။ စိတ်မကောင်းစရာတစ်ခုကတချို့ဈေးပေါတဲ့အကျီ င်္တွေဟာအရည်အသွေးမကောင်း တဲ့အတွက်မီးပူတောင်တိုက်ဖို့အဆင်မပြေနိုင်ပါဘူး။အဲဒီအခါ အကျီ င်္ကိုချိတ်နဲ့ပြန့်အောင်ချိတ်ပြီးရေနွေးငွေ့ခံပေးနိုင် ပါတယ်။

(၅)အလွန်အကျွံမဖြစ်ပါစေနဲ့

ဈေးကြီးပေးရတဲ့အ၀တ်အစားတွေမှာ ရိုးရှင်းတဲ့ဒီဇိုင်းတွေရှိသလို ဆန်းသစ်တီထွင်လွန်းတဲ့ဒီဇိုင်းတွေလည်းရှိပါတယ်။ ဥပမာဒေါ်လာဘယ်နှထောင်တန်ဝတ်စုံ၊ ဒေါ်လာဘယ်ထောင်တန် ဖိနပ်ဆိုတာတွေကြားဖူးကြမှာပါ။ဒါပေမယ့် အဲဒီလိုဒီဇိုင်းတွေကနေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘ၀မှာသိပ်ပြီးအသုံးမ၀င်ပါဘူး။ဒါကြောင့် ကျောက်မျက်ရတနာ၊ အဆင်တန်ဆာတွေနဲ့ပြင်ဆင်ချုပ်လုပ်ထားတဲ့ ၀တ်စုံတွေကိုဝယ်မယ့်အစား ပေါ့ပေါ့ပါးပါးစတိုင်ကျတဲ့တီရှပ်နဲ့အဖိုးတန် လက်ဝတ်ရတနာတစ်ခုခုဝယ်တာကသင့်အတွက်ပိုပြီးအသုံးဝင်မှာပါ။

ခြူးသစ်နွယ်

"တကယ် အောင်မြင်မဲ့သူတွေ ဘယ်လိုတွေးကြလ"ဲအောင်မြင်မှုဆိုတာ တကယ်တမ်းတော့ အခုခေတ်မှစပြီး ပေါ်လာတဲ့ အထူးအဆန်းအရာကြီး မဟုတ်ပါဘူး...
28/09/2016

"တကယ် အောင်မြင်မဲ့သူတွေ ဘယ်လိုတွေးကြလ"ဲ

အောင်မြင်မှုဆိုတာ တကယ်တမ်းတော့ အခုခေတ်မှစပြီး ပေါ်လာတဲ့ အထူးအဆန်းအရာကြီး မဟုတ်ပါဘူး။ ဟိုးရှေးခေတ်ကတည်းက အောင်မြင်သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီအောင်မြင်သူ ရှေးပညာရှိကြီးတွေ ဆိုထား၊ မိန့်ထားတဲ့ စကားတွေလည်းရှိပါတယ်။ ဘယ်လို အချက်အလက်တွေဟာ အောင်မြင်မှုကို အထောက်အပံ့ပေးနိုင်တယ်ဆိုတာလည်း ပြောဆိုနေကျပါ။ ဥပမာ။။ ပေါင်းသင်းဆက်ဆံရေးကောင်းရမယ်၊ အလုပ်ကြိုးစားရမယ်၊ ရိုးသားရမယ်၊ အလှူဒါနရှိရမယ် စသဖြင့်ပေါ့။ ဒါပေမယ့် ဒီလိုတွေဖော်ထုတ်ပြောဆိုနေပါလျက်၊ လူတိုင်းကို ပြောလိုက်ရင်လည်း သိနေပါလျက်နဲ့ လူတိုင်းဘာလို့ မအောင်မြင်ကြသေးသတုံး။ ဒါမှမဟုတ် တခြားတခုခုများလိုနေသေးသလား။

အောင်မြင်နိုင်တယ်လို့ ကျွန်တော်က တခါတလပြောမိရေးမိရင်၊ သူများတွေက မဖြစ်နိုင်ဘူး၊ မအောင်မြင်နိုင်ဘူးလို့ဆိုတတ်ပါတယ်။ ဒါဆိုရင် မေးပါရစေ။ အောင်မြင်မယ်ဆိုတဲ့ လူမှာ နှဖူးမှာ စာများရေးထားပါသလား။ ဒါမှမဟုတ် မွေးကတည်းက အောင်မြင်မဲ့သူဆိုပြီး အောင်လက်မှတ်ကိုင်ပြီး မွေးလာပါသလား။ အေဗရာဟယ်လင်ကွန်းလေး အိမ်မှာ မီးမရှိလို့ ဓာတ်တိုင်အောင်သွားပြီး စာဖတ်နေချိန်မှာ ဘယ်သူက နောင်တချိန်မှာ အမေရိကန်နိုင်ငံရဲ့ လေးစားအတုယူဖွယ်ကောင်းတဲ့ သမ္မတကြီး ဖြစ်လာမယ် ထင်ပါသလဲ။ ဘီလ်ဂိတ်ကို သူကျောင်းတက်နေစဉ်မှာ ကမ္ဘာမှာအချမ်းသာဆုံးဖြစ်ပြီး အောင်မြင်မှုထိပ်တန်းရောက်မယ်လို့ ဘယ်သူထင်ခဲ့ပါသလဲ။ မက်ဇကာဘတ် ကျောင်းမှာ အခန်းတွင်းအောင်းပြီး ကွန်ပျူတာပရိုဂရမ်ရေးနေတုန်းကရော ဘယ်သူက ထိပ်ထိပ်ကျဲနာမည်ကြီး သူဌေးလေးဖြစ်လာမယ် ထင်ခဲ့ပါသလဲ။ ဂျက်မာ တိုးရစ်စ်ဂိုက်လုပ်ပြီး အင်္ဂလိပ်စာ သင်ယူနေချိန်မှာ ဘယ်သူက ကမ္ဘာမှာ အွန်လိုင်း စတိုးအကြီးဆုံးဖြစ်တဲ့ အလီဘာဘာ ကုမ္ပဏ္ဏီသဌေးကြီးဖြစ်လာမယ် ထင်ခဲ့ပါ1သလဲ။ ကျောင်းသားလူငယ်လေး ကိုအောင်ဆန်း ငယ်စဉ်ကျောင်းမှာ ညဥ့်နက်ခံ စာဖတ်နေချိန်မှာ ဘယ်သူက တချိန်မှာ နိုင်ငံသားတိုင်းလေးစားရတဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမယ် ထင်ခဲ့ပါသလဲ။ ကိုယ်ကိုတိုင်ရော အခုလို ဘဝတိုးတက်မယ့် စာတွေဖတ်ပြီး၊ ဘဝအတွက် ကြိုးစားနေချိန်မှာ တနေ့မှာ အောင်မြင်တဲ့သူမဖြစ်နိုင်ပါဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။

ဒီလို ပြောလိုက်လို့ ဟာ…တို့တွေက အတူတူပဲ၊ ဘာမှ မကွာဘူး လို့ပြောလို့ရပါတယ်။ ဒါဆိုရင် ဘယ်နေရာမှာ သာမန်လူနဲ့ အောင်မြင်မဲ့သူတွေကွာတာလဲလို့ မေးလို့ရပါတယ်။ လူတိုင်းလူတိုင်း ၂၄နာရီ အတူတကွရ၊ တဦးနဲ့တဦး ပေါက်ဖွားလာကြတဲ့ အသိုင်းအဝိုင်းလည်း မကွာကျပါပဲ တချို့က အောင်မြင်အောင် လုပ်သွားနိုင်ပြီး၊ တချို့ကတော့ ယက်ကန်ယက်ကန်နဲ့ ဘဝကို ရေစုံမျောနေကျတာ ဘာ့ကြောင့်များလဲ။ အရင်းစစ်ကြည့်တော့ အတွေးအခေါ်မှာ အများကြီးကွာခြားနေတာ တွေ့ရပါတယ်။ လူတွေ ရဲ့ လုပ်နိုင်စွမ်းမကွာကျပါဘူး။ ကျွန်တော် ကျွန်တော့်ရဲ့ ကျောင်းသားတွေကို ပြောလေ့ရှိတဲ့ စကားရှိပါတယ်။ လူတွေက မပျင်းပါဘူး၊ လုပ်ချင်စိတ်တကယ်မရှိတာပါလို့။ ပျင်းပါတယ် လို့ သတ်မှတ်ထားတဲ့ လူတစ်ယောက် သူလုပ်ချင်တာရှိရင် ဘာမှ စောင့်မနေပဲ ချက်ချင်းထလုပ်တာတွေရှိပါတယ်။ တကယ်ပျင်းတဲ့လူတွေ သူတို့ကြိုက်တဲ့အစာ ဆိုမရရအောင် စားတာပဲမလား၊ သူတို့ဝယ်ချင်တဲ့အရာဆို မရရအောင်ဝယ်တာပဲလား။ တကယ်လုပ်ချင်စိတ် ရှိဖို့ကအဓိကပါ။

လူတွေ အလုပ်လုပ်တော့မယ်ဆိုရင် စိတ်ထဲမှာ အမြဲတမ်း မေးခွန်း(၃)ခု ပေါ်ပါတယ်။
၁။ ငါ မသိဘူး
၂။ ငါ့မှာ ဒါမရှိဘူး
၃။ ငါက အဲ့လို မဟုတ်ဘူး

အဲ့ဒီ (၃) ခု ရဲ့ ထိုးနှက်ချက်ကိုခံလိုက်ရပြီဆိုတာနဲ့ လူတကိုယ်လုံးအားမရှိ၊ မလုပ်ချင်မကိုင်ချင်ဖြစ်သွားပါတယ်။ ဒီတော့ ရှိသမျှအကြောင်းတွေ ရှာကြံပါတော့တယ်။ အင်း ငါမှမသိတာ ဘယ်လိုလုပ်မှာလဲ။ ဒါက ဘယ်လို လုပ်ဖြစ်နိုင်မှာလဲ။ ငါ့မှာ ဒီလိုလုပ်ဖို့ ပိုက်ဆံမရှိဘူး။ ငါ့မှာ အချိန်မရှိဘူး။ ငါ့မှာ ကလေးကတစ်ဖက် အိမ်မှုကိစ္စကတစ်ဖက် အလုပ်ကတစ်ဖက်နဲ့ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ငါက သူတို့လို မဟုတ်ဘူး။ ငါ့မှာ သူတို့လို အသိုင်းအဝိုင်းမရှိဘူး။ ငါ့မှာ အဲ့လိုမျိုးအရည်အချင်းမရှိဘူး။ ဘူး ဘူး ဘူး နဲ့။ ဘူးပေါင်း များစွာ ပေါ်လာပြီး ဆက်လက်လုပ်ဖို့ ကိုယ့်ကိုကိုယ်တားမြစ်လိုက်ပါတယ်။ ပြီးတော့ ဒီအတားဆီးအကြောင်းတွေကို တွေးလိုက်တိုင်း ကျေနပ်သွားပြီး ဟုတ်သားပဲ ဒီလို အချက်တွေကြောင့် ငါမလုပ်နိုင်တာပဲ။ ငါ့မှာ ဘာအပြစ်မှမရှိဘူး။ ငါ ဒါကိုသိကြည့်၊ ငါ့မှာ ဒါတွေရှိကြည့်၊ ငါ့မှာ ဒီလိုဖြစ်ကြည့်ပါလား ငါလည်း သူတို့လောက်တော့ အသာလေးပဲ ဖြစ်နိုင်ပါတယ် ဆိုပြီး ပုဆိုးခြုံထဲက လက်သီးပြ လုပ်နေတတ်ကြပါတယ်။ ဆင်ခြေတွေနဲ့ပဲ ကျန်ခဲ့ပါတယ်။

အဲ အောင်မြင်မဲ့သူများကျတော့ ဒီမေးခွန်း(၃)ခု နဲ့ ရင်ဆိုင်လိုက်ရပြီဆိုရင် ဘာဆက်လုပ်မလဲစဉ်းစားပါတယ်။ မသိရင်မေး မစင်ရင်ဆေး ဆိုသလို။ မသိတာကို မေးပါတယ်၊ စိတ်မစင်ကြယ်သေးရင် စင်ကြယ်အောင်ဆေးပါတယ်။ ဟုတ်ပြီ။ ငါဒါကို မသိဘူး။ ဒါဆို ဘယ်လိုလုပ်မလဲ။ ဘယ်မှာ သင်ရမလဲ။ ဘယ်သူ့ဆီမှာ သင်ရင်ကောင်းမလဲ။ ဘယ်လိုသင်ရင်ကောင်းမလဲ။ ဟုတ်ပြီ။ ငါ့မှ ဒါမရှိဘူး။ ဒါဆို ဘယ်လိုရှိလာအောင်လုပ်မလဲ။ ဘယ်မှာ ရှာရမလဲ။ ဘယ်လို ရှာရမလဲ။ ရှိလာအောင် ဘယ်သူ့ဆီက အကြံဥာဏ်တောင်းရမလဲ။ ဒီလို ပြောင်းလုပ်လိုက်ရင်ကော ရှိလာနိုင်လား။ ဟုတ်ပြီ။ ငါက အဲ့လို မဟုတ်ဘူး။ ဒီတော့ ငါဘာအားသာလဲ။ ငါဘယ်မှာ အားနည်းနေလဲ။ ဘယ်လို အားသာလာအောင် လုပ်လို့ရမလဲ။ ဘယ်သူ့ကို ချဉ်းကပ်ရင် ကောင်းမလဲ။ ဘယ်လို အခြေအနေမျိုးဖန်တီးနိုင်ရင် ငါ အဲ့လိုဖြစ်လာမလဲ။ ဒါဆို အောင်မြင်နိုင်ဖို့ ဘယ်လောက်နီးမလဲ။ စသည်ဖြင့် တွေးတောပါတယ်။ ကြံစည်ပါတယ်။ လုပ်ဆောင်ပါတယ်။ လက်သီးပြမနေပဲ ဘဝရဲ့ စိန်ခေါ်မှုကို သူတပြန်၊ ကိုယ်တပြန် ပြန်ထိုးဝှေ့ပါတယ်။ ဒါကမှ အောင်မြင်မဲ့သူပါ။

ကဲ… ဒီလိုဆိုရင် ကိုယ်နဲ့ အောင်မြင်မဲ့သူ ဘယ်လိုကွာနေတယ်ဆိုတာ မြင်လာပြီလား။

ကြိုက်တဲ့ လူကိုမေးကြည့်ပါ ဘဝအောင်မြင်ဖို့ ဘာလုပ်ရမလဲ မေးရင် ၅ မိနစ်အတွင်း အချက်အလက်ပေါင်းများစွာ၊ အရည်အချင်းပေါင်းများစွာ ကို ဒေါင်းဒေါင်းနဲ့ ထုတ်ပြောနိုင်ပါတယ်။ ကိုယ်က အကြီးဆိုရင် ကိုယ်အငယ်တွေကို ဘယ်လိုဆုံးမလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ်က အဖေအမေဆိုရင် သားသမီးတွေကို ဘယ်လိုဆုံးမလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ်က ဆရာဆိုရင် တပည့်တွေကို ဘယ်လိုဆုံးမလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ်က အထက်လူကြီးဆိုရင် ကိုယ့်လက်အောက်ငယ်သားတွေကို ဘယ်လိုဆုံးမလဲ ပြန်စဉ်းစားကြည့်ပါ။ သူတို့ကို ဆုံးမလိုစိတ်နဲ့ ပြောလိုက်ရင် တိုးတက်အောင် လုပ်ရမယ့်နည်းတွေ အများကြီး ထွက်လာတယ်မလား။ ဥပမာ။။ ကြိုးစားဖို့၊ မပျင်းဖို့၊ စာမှန်မှန်လုပ်ဖို့၊ ဇွဲရှိရှိလုပ်ဖို့၊ မတဲ့တည့် အစာတွေမစားဖို့ စသဖြင့်ပေါ့။ ဒါဆို ကိုယ်သိပါလျက်နဲ့ ဘာလို့ မလုပ်သလဲ။

လူတွေက အဲ့လို လုပ်ချင်ကိုင်ချင်စိတ် အတွေးလေးတွေတော့ ခဏခဏ ပေါ်တာ တွေ့ရပါတယ်။ ဒါပေမယ့် စလုပ်လိုက် အဖျားရှူးသွားလိုက်ဖြစ်တာများပါတယ်။ လုပ်ချင် ကိုင်ချင်စိတ် ပြန်ပြန်ပျောက်သွားတတ်ပါတယ်။ ကျွန်တော် ကျောင်းသားတော်တော်များမှာ အရင်က ဒီလိုစိတ်လေးတွေရှိခဲ့တာတွေ့ရပြီး၊ သင်တန်းပြီးနောက်ပိုင်းမှာတော့ ဒီစိတ်အများကြီး လျော့သွားတာ တွေ့ရပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေက ကံကိုအလေးထား ယုံကြည်ကျတဲ့လူမျိုးများဖြစ်ပါတယ်။ ကံနဲ့ ကံရဲ့အကြောင်းကို သိထား၊ သဘောပေါက်ထားတာဟာ ကိုယ့်ဘဝ နိဗ္ဗာန်ရောက်ဖို့ တတပ်တအားဖြစ်ပေမယ့်၊ ကံကိုပဲ အမြဲပုံချနေတာတော့ ဘဝအောင်မြင်ရေးမှာ အားမဖြစ်ပါဘူး။ ဘုန်းတော်ကြီး မြတ်စွာဘုရားလည်း အောင်မြင်အောင် ကံကိုပဲပုံအောပြီး စောင့်နေလို့ မဟောခဲ့ဘူးထင်ပါတယ်။ ကံ၊ ဥာဏ်၊ ဝီရိယ ဒီ သုံးခုကို တည့်မတ်ကောင်းမွန်အောင်ထိန်းဖို့ပဲ ဟောဖေါ်ပြခဲ့ပါတယ်။ စိတ်ထဲမှာ တချိန်ချိန်တော့ ကောင်းလာရဲ့၊ တချိန်ချိန်တော့ ငါ့အိမ်မက်တွေကို အကောင်အထည်ဖေါ်ဖို့ အခွင့်အလမ်းကောင်းတွေ ပေါ်လာရဲ့၊ တချိန်ချိန်တော့ ငါ အားလပ်ပြီး လုပ်ချင်တဲ့ အလုပ်တွေ အကောင်အထည်ဖေါ်နိုင်ရဲ့၊ တချိန်ချိန်တော့ အထက်လူကြီးက ငါလုပ်တာကြာပြီမို့လို့ ရာထူးတိုးပေးနိုင်ကောင်းရဲ့၊ တချိန်ချိန်တော့ ငါကျန်းမာရေးကောင်းအောင် လုပ်နိုင်ပါရဲ့ စသဖြင့် ကံကိုပဲ အကုန်ပုံအောထားကြပါတယ်။

သတိ ပေးပါရစေ။ ကံကို မစောင့်ပါနဲ့တော့။ ကောင်းမဲ့ကံက ကောင်းချင်ရင် အခွင့်အရေးပေးလာပါလိမ့်မယ်။ မဟာဇနက မင်းသားကို လှေပျက်ရင် လွတ်မြောက်အောင် ကံက ထောပတ်တွေ အသင့်ပါအောင်စီမံထားပေးပါတယ်၊ ငါးလိပ်မန်ကန်းတွေနဲ့ လွတ်အောင် လေတိုက်ပေးထားပါတယ်။ မင်းသား ကသာ ကံတော့ ကယ်မှာပါလေလို့ ဘာမှ မလုပ်ပဲနေ၊ ထောပတ်မစားထား၊ ငါးလိပ်မန်ကန်းလွတ်တဲ့ အချိန်မှာ ခုန်မချခဲ့ရင် ဘာဆက်ဖြစ်မယ်လို့ထင်ပါသလဲ။ ကံကောင်းနဲ့လွဲပြီး ကံဆိုးနဲ့ပဲ ကြုံရဖို့ဖြစ်သွားမှာပါ။ မင်းစည်းစိမ်လည်း ရတော့မှာ မဟုတ်ပါဘူး။

ကိုယ်ကရော ဒီလို ကံကိုထိုင်စောင့်နေတာလား။ ဒါမှ မဟုတ်တစ်ယောက်ယောက်ရဲ့ လုပ်တော့လို့ ဆိုတဲ့ အမိန့်ကို စောင့်နေတာလား။ ဒါဆိုရင် ဘယ်သူ့အမိန့်မှာ စောင့်မနေပါနဲ့တော့၊ ဘယ်သူမှ ပေးမှာမဟုတ်ပါဘူး ကိုယ့်ဘဝတိုးတက်အောင် ကိုယ်ကိုတိုင်ကသာ မဆိုင်းမတွ စလုပ်ရမှာပါ။ အကယ်၍အမိန့်စောင့်နေတာဆိုရင်လဲ အခု ကျွန်တော်ပေးပါမယ်၊ ” လုပ်ပါတော့ဗျာ အချိန်နောက်ကျနေပြီ ” ။ ကိုယ်ကိုတိုင်က ကောင်းအောင်သာ ကြိုးစားလုပ်ထားပြီး ကံပေးရင် အဆင်သင့်ခုန်ဖို့ ပြင်ထားပါ။ ကံကောင်းလို့ လေတိုက်လာရင် အဆင်သင့် ခုန်လိုက်ယုံပါပဲ။ ကိုယ်အသင့်ပြင် စောင့်နေပါမှ ဘယ်ဟာက ကံကောင်း ကံဆိုး၊ အခွင့်အလမ်းကောင်း ဟုတ်မဟုတ် သိမှာပါ။ ဘဝ ကို ရေစုံ မမျောမိပါစေနဲ့ လို့ ဆန္ဒပြုရင်း
Crt
By Rt....

Address

Yangon

Telephone

+959799989476

Website

Alerts

Be the first to know and let us send you an email when Violet Thrift posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share