Dear Madi - Baby Store

Dear Madi - Baby Store From our little Madi to your little ones ✨🦒
A little store made with love for your little ones 👶

🚫 6 လအောက် ကလေးတွေကို ဘာကြောင့် ရေလုံးဝမတိုက်သင့်တာလဲ? 💧👶🏻မေမေတော်တော်များများက“ပူတော့ ကလေးရေငတ်နေမှာပေါ့”“နို့သောက်ပြီး...
06/06/2026

🚫 6 လအောက် ကလေးတွေကို ဘာကြောင့် ရေလုံးဝမတိုက်သင့်တာလဲ? 💧👶🏻

မေမေတော်တော်များများက
“ပူတော့ ကလေးရေငတ်နေမှာပေါ့”
“နို့သောက်ပြီး ရေနည်းနည်းတိုက်ရမလား” ဆိုပြီး စိုးရိမ်တတ်ကြပါတယ် 🤎

ဒါပေမယ့် 6 လအောက်ကလေးတွေကို “ရေသီးသန့်” မတိုက်သင့်ပါဘူး ❌

ဘာကြောင့်လဲဆိုတော့ 👇

🍼 1. မိခင်နို့ / Formula နို့မှာ ရေဓာတ်လုံလောက်စွာ ပါပြီးသားပါ

Breast milk က 80% ကျော် ရေဓာတ်ပါဝင်ပါတယ် ✨ဒါကြောင့် ကလေးလိုအပ်တဲ့ ရေဓာတ်ကို နို့ကနေ လုံလောက်စွာရရှိပြီးသားဖြစ်ပါတယ်။

💦 2. ရေတိုက်လိုက်ရင် ဗိုက်ပြည့်သွားနိုင်တယ်

ကလေးဗိုက်က အရမ်းသေးသေးလေးဖြစ်လို့ ရေသောက်လိုက်ရင် နို့သောက်ချင်စိတ်လျော့သွားနိုင်ပါတယ်။
အဲ့လိုဖြစ်ရင်
⚠️ အာဟာရမလုံလောက်တာ
⚠️ ကိုယ်အလေးချိန်တက်နှေးတာ
⚠️ နို့သောက်နည်းသွားတာ
တွေ ဖြစ်နိုင်ပါတယ်။

🧠 3. Sodium level ကျပြီး အန္တရာယ်ဖြစ်နိုင်တယ်

ရေအများကြီးတိုက်မိရင် ကလေးခန္ဓာကိုယ်ထဲက sodium level ကျသွားပြီး “Water intoxication” ဖြစ်နိုင်ပါတယ် ⚠️

ပြင်းထန်ရင်
❗ အိပ်ငိုက်တာ
❗ အားနည်းတာ
❗ တက်တာ အထိ ဖြစ်နိုင်ပါတယ်။

👶🏻 4. ကျောက်ကပ် မဖွံ့ဖြိုးသေးဘူး

6 လအောက်ကလေးတွေရဲ့ ကျောက်ကပ်က ရေပမာဏများများကို ကောင်းကောင်းပြန်မစွန့်ထုတ်နိုင်သေးပါဘူး။
ဒါကြောင့် ရေအများကြီးဝင်သွားရင် ခန္ဓာကိုယ် balance မညီတော့နိုင်ပါဘူး 💧

🥣 ဒါဆို ဘယ်အချိန်မှ ရေစတိုက်ရမလဲ?

6 လပြည့်ပြီး ဖြည့်စွက်စာစတဲ့အချိန်မှ ရေနည်းနည်း စတိုက်လို့ရပါတယ် ✨
✔️ Spoon
✔️ Sippy cup နဲ့ နည်းနည်းချင်း စတိုက်နိုင်ပါတယ်။

💡 တစ်နေ့ကို 4 oz (or) 250 mL လောက်ကနေ စပြီး တိုက်လို့ရပါတယ်။

ဒီထိ ဖတ်ပြီးပြီဆိုရင်တော့ ဘာကြောင့် ရေမတိုက်သင့်လဲဆိုတာ မေမေတို့ နားလည်သွားမယ်လို့ မျှော်လင့်ပါတယ်ရှင်
မေမေတို့ကိုယ်တိုင်လဲ မှတ်သားထားပြီး တခြားမေမေတွေလဲ သိရအောင် share ပေးဦးနော် 🤎

မေမေတို့နဲ့အတူ အမြဲရှိနေမဲ့ Dear Madi 🤎

“ကလေးကို ရေစတိုက်လို့ရပြီလား?” 💧👶🏻မေမေတော်တော်များများ သိချင်တဲ့ မေးခွန်းလေးပါ 🤎တကယ်တော့ 0 - 6 လအရွယ်ကလေးတွေကမိခင်နို့ /...
05/06/2026

“ကလေးကို ရေစတိုက်လို့ရပြီလား?” 💧👶🏻

မေမေတော်တော်များများ သိချင်တဲ့ မေးခွန်းလေးပါ 🤎

တကယ်တော့ 0 - 6 လအရွယ်ကလေးတွေက
မိခင်နို့ / formula နို့ကနေ ရေဓာတ်လုံလောက်စွာ ရရှိပြီးသားဖြစ်လို့
ရေသီးသန့် မလိုသေးပါဘူး ✨

6 လပြည့်ပြီး ဖြည့်စွက်စာစတဲ့အချိန်မှ
ရေနည်းနည်း စတိုက်လို့ရပါတယ် 💧တစ်နေ့ကို ရေ 4 oz or 250 mL စတိုက်လို့ရပါတယ်

Save ထားပြီး မေမေတွေကိုလည်း share ပေးနော်

Before becoming a mother :ပိတ်ရက်မှာ ဘယ်သွားရင်ကောင်းမလဲ? ✨After becoming a mother :မျက်နှာတောင် မဆေးရသေးဘူးBaby က “မေမေ...
04/06/2026

Before becoming a mother :
ပိတ်ရက်မှာ ဘယ်သွားရင်ကောင်းမလဲ? ✨

After becoming a mother :
မျက်နှာတောင် မဆေးရသေးဘူး
Baby က “မေမေ....” 😭🤣

🌙 Baby Sleep Routine Tips 🌙မေမေတို့ရေ  ကလေးလေး အိပ်ရေးဝဝအိပ်စက်နိုင်ခြင်းက ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းအရေးက...
03/06/2026

🌙 Baby Sleep Routine Tips 🌙

မေမေတို့ရေ ကလေးလေး အိပ်ရေးဝဝအိပ်စက်နိုင်ခြင်းက ခန္ဓာကိုယ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရမ်းအရေးကြီးပါတယ်နော် 👶💤

Sleep Routine ကောင်းကောင်းလေးလုပ်ပေးခြင်းက ကလေးလေးကို ပိုပြီး အိပ်ပျော်လွယ်စေပြီး
မေမေတို့ကိုလည်း ပိုနားရစေပါတယ် 💛

ဒီနေ့ကစပြီး Bath 🛁 → Milk 🍼 → Song 🎵 → Sleep 💤
Routine လေး စမ်းလုပ်ကြည့်ပါနော် ✨

Happy Baby = Happy Mommy 🥰

မဒီလေးရဲ့ မေမေကတော့ Diaper လဲချိန်ဆို ချွေးပါပြန်တယ်... မေမေတို့ရော? 😅
02/06/2026

မဒီလေးရဲ့ မေမေကတော့ Diaper လဲချိန်ဆို ချွေးပါပြန်တယ်... မေမေတို့ရော? 😅

02/06/2026

မေမေတို့ရော ဘယ်လိုလဲ? 😉

ဒီနေ့တော့ Dear Madi ရဲ့ Inspiration လေးဖြစ်တဲ့ သမီးလေး Madi နဲ့ အမှတ်တရ ပုံလေးတစ်ခုကို မျှဝေလိုက်ပါတယ်ရှင်။ 🤍ကလေးတွေ ကြီ...
01/06/2026

ဒီနေ့တော့ Dear Madi ရဲ့ Inspiration လေးဖြစ်တဲ့ သမီးလေး Madi နဲ့ အမှတ်တရ ပုံလေးတစ်ခုကို မျှဝေလိုက်ပါတယ်ရှင်။ 🤍

ကလေးတွေ ကြီးပြင်းလာတဲ့ အချိန်တိုင်း၊ ဖြတ်သန်းရတဲ့ အရွယ်တိုင်းက မေမေတို့အတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရလေးတွေချည်းပဲနော်။ အချိန်တွေ အရမ်းမြန်လွန်းလို့ တစ်ခါတလေ ဒီအရွယ်လေးမှာပဲ အချိန်တွေကို ရပ်တန့်ထားချင်မိတဲ့အထိပါပဲ။

ခုဆို Madi လေးက 7 လ ပြည့်ခဲ့ပါပြီ 🥰
"မေမေတို့ရဲ့ ကလေးလေးကရော အခုဆို ဘယ်အရွယ် ရောက်နေပြီလဲရှင်?" 👶✨

Comment မှာ ကလေးလေးတွေရဲ့ အသက်အရွယ်လေးတွေနဲ့ မေမေတို့ရဲ့ ချစ်စရာ အမှတ်တရလေးတွေကို မျှဝေပေးသွားပါဦးနော်။

👶🍚 “Baby လေးကို ဘယ်အရွယ်မှာ ဖြည့်စွက်စာ စကျွေးမလဲ?”ဒါက မေမေတိုင်း စဉ်းစားရတဲ့ မေးခွန်းလေးပါနော် 🥺💛တချို့ Baby လေးတွေက 6 ...
31/05/2026

👶🍚 “Baby လေးကို ဘယ်အရွယ်မှာ ဖြည့်စွက်စာ စကျွေးမလဲ?”

ဒါက မေမေတိုင်း စဉ်းစားရတဲ့ မေးခွန်းလေးပါနော် 🥺💛

တချို့ Baby လေးတွေက 6 months မတိုင်ခင်ကတည်းက အစားကို စိတ်ဝင်စားလာတတ်ပေမယ့်
Baby readiness ကို ကြည့်ပြီးမှ စပေးတာက ပိုအရေးကြီးပါတယ် ✨

ဒီ post ထဲမှာ
✔️ ဘယ်အချိန်မှာ စသင့်လဲ
✔️ Ready ဖြစ်နေပြီဆိုတဲ့ signs တွေ
✔️ ဘာကနေ စကျွေးလို့ရလဲ
ဆိုတဲ့အချက်လေးတွေကို Dear Madi ကနေ မေမေတို့အတွက် sharing လုပ်ပေးလိုက်ပါတယ်နော် 🫶

မေမေတို့ complementary feeding journey လေးအတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ် 💕

Save ထားပြီး future feeding time အတွက် ပြန်ကြည့်နော် 🥣✨







30/05/2026

ကလေးလေး မွေးဖွားပြီးနောက်မှာ ပျော်ရွှင်ရမယ့်အစား... တစ်ခါတလေ အကြောင်းရင်းမရှိဘဲ ငိုချင်တာ၊ စိတ်ဓာတ်ကျတာ၊ လူက အရမ်းပင်ပန်းပြီး စိတ်တိုလွယ်နေတာမျိုး မေမေတို့ ခံစားနေရလား?

ဒါက မေမေတို့ရဲ့ အမှားမဟုတ်သလို၊ မေမေတို့က ကလေး‌လေးကို မချစ်လို့လည်း မဟုတ်ပါဘူး‌နော်။ ဒါကို 'Postpartum Blue' (မွေးဖွားပြီး စိတ်မောလူမောဖြစ်ခြင်း) လို့ ခေါ်ပါတယ်။ မေမေတွေရဲ့ (၈၀%) နီးပါး ခံစားရတတ်တဲ့ အခြေအနေတစ်ခုပါပဲ။

ဒီအခြေအနေကို ကျော်ဖြတ်ဖို့အတွက်...
🤎 ကိုယ့်ရဲ့ခံစားချက်ကို ထုတ်ပြောပါ: ခင်ပွန်း သို့မဟုတ် ယုံကြည်ရသူကို ပြောပြပါ။
🤎 အကူအညီတောင်းပါ: အိမ်မှုကိစ္စတွေမှာ တခြားသူတွေကို ကူညီခိုင်းပြီး ခဏဖြစ်ဖြစ် အိပ်စက်အနားယူပါ။
🤎 ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့: မေမေတို့ဟာ အကောင်းဆုံး ကြိုးစားနေတာမို့ ပြီးပြည့်စုံဖို့ထက် စိတ်ချမ်းသာဖို့က ပိုအရေးကြီးပါတယ်။

ဒီကာလက ခဏတာပါပဲ... မကြာခင် မေမေတို့ရဲ့ တောက်ပတဲ့ အပြုံးတွေ ပြန်ရလာမှာပါ‌။ မလိုအပ်ပဲ အရာရာကို အများကြီး စိတ်ပူတာတွေနဲ့ စိုးရိမ်‌နေတဲ့စိတ်တွေကိုလျော့ပြီး ကလေးလေးကို ချစ်တဲ့စိတ်လေးနဲ့ ဒီကာလကို ပျော်ပျော်ရွှင်ရွှင်လေး ကျော်ဖြတ်ကြရအောင်နော်...Dear Madi က မေမေတို့နဲ့အတူ အမြဲရှိနေပေးပါမယ်။ 🤗🤍

👇🏻 မေမေတို့ရော ကလေးမွေးပြီးစမှာ အဲဒီလို ခံစားချက်မျိုး ကြုံခဲ့ရလား? ဘယ်လိုကျော်ဖြတ်ခဲ့လဲဆိုတာ တခြားမေမေတွေကို အားပေးတဲ့အနေနဲ့ ပြောပြပေးခဲ့ပါဦးနော်။

ကလေးမွေးခါစမှာ မေမေတို့ အမှတ်မထင် မှားတတ်တဲ့ အချက် (၃) ချက် 🍼✨ရင်သွေးလေးကို ပထမဆုံး စတင်ပြုစုစောင့်ရှောက်ရတဲ့အခါ စိုးရိမ...
29/05/2026

ကလေးမွေးခါစမှာ မေမေတို့ အမှတ်မထင် မှားတတ်တဲ့ အချက် (၃) ချက် 🍼✨

ရင်သွေးလေးကို ပထမဆုံး စတင်ပြုစုစောင့်ရှောက်ရတဲ့အခါ စိုးရိမ်စိတ်တွေ၊ အတွေ့အကြုံသစ်တွေကြောင့် မေမေတို့ အမှားအယွင်းလေးတွေ ရှိတတ်တာ သဘာဝပါပဲ။ ဒါပေမဲ့ ဒီအချက်လေးတွေကို ကြိုသိထားရင်တော့ မေမေရော ကလေးပါ ပိုပြီး သက်တောင့်သက်သာ ရှိစေမှာပါ...

မေမေတို့ရော ကလေးမွေးခါစတုန်းက ဘယ်လိုအခက်အခဲလေးတွေ ကြုံခဲ့ရလဲ? အချင်းချင်း ဗဟုသုတရအောင် Comment မှာ မျှဝေပေးခဲ့ပါဦးနော်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dear Madi - Baby Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share