NweNi Garment Manufacturing Services နွယ်နီ အိမ်တွင်းမှု့ အထည်ချုပ်လုပ်ငန်း

  • Home
  • Myanmar
  • Yangon
  • NweNi Garment Manufacturing Services နွယ်နီ အိမ်တွင်းမှု့ အထည်ချုပ်လုပ်ငန်း

NweNi Garment Manufacturing Services နွယ်နီ အိမ်တွင်းမှု့ အထည်ချုပ်လုပ်ငန်း Garment Design Services,
Cloth Cutting Services,
Sewing Services,
Sewing Machine Sales And Services,
အထည်ချုပ်လုပ်ငန်း

05/01/2021

ဝမ်းဆက်ချုပ်တဲ့အခါ လက်ကိုင်အိတ် နဲ့
မက်စ် ပါ အရောင်တူလေးတွေဆိုရင် ဖက်ရှင်ဖြစ်တာပေါ့နော်...

27/12/2020

အားကစားဘောင်းဘီ...
ဒီရာသီဥတုနဲ့အကိုက်ဖဲ.....

20/12/2020

ဆရာဝန်ဒေါက်တာတွေဝတ်တဲ့ Scrubs Shirt လည်ပင်းပေါက် ချုပ်နည်း....

16/12/2020

အိတ်ကပ် ချုပ်နည်းများ.....

03/06/2020

စီးပွားရေးလုပ်ရာမှာ အကျိုးအမြတ်ရှိမရှိ တွက်ဆသင့်သော အရာများ (၃)
(လူလိမ်မခံရချင်ရင် ဒါကိုဖတ်ပါ)
===========
အမြတ်ရာခိုင်နှုန်း (အသားတင်အမြတ် Net Profit)

စီးပွားရေးလုပ်ရာမှာ အမြတ်ဘယ်လောက်ရလဲဆိုတာကို နှစ်ချုပ်နဲ့ပြောလေ့ရှိတယ်။ ပြီးတော့ သိန်းဘယ်လောက်ဆိုတာနဲ့ပြောတာထက် အရင်းပေါ်မှာ ရာခိုင်နှုန်း ဘယ်လောက်ဆိုတာနဲ့ပြောတယ်။ မြန်မာအခေါ်တော့ ဘယ်နှစ်ကျပ်မြတ်သလဲပေါ့

၁% = ၁ ကျပ် လို့ အခေါ်အဝေါ်သုံးကြတယ်။ ဒီနှစ် ၁၅ ကျပ်မြတ်တယ်ဟေ့ဆို ၁၅% မြတ်တာကိုပြောတာ။ ၅၀ မြတ်တယ်ဟေ့ဆို ၅၀% မြတ်တာကိုပြောတာ။

သိန်း ၁၀၀၀ ရင်းထားလို့ တစ်နှစ်လုံး သိန်း ၅၀၀ အသားတင်အမြတ်ထွက်ရင် ၅၀% ပေါ့

သိန်း ၁၀၀၀ ရင်းလို့ တစ်နှစ်လုံး သိန်း ၁၅၀ အသားတင်အမြတ်ထွက်ရင် ၁၅% ပေါ့

ဘဏ်တိုးဆိုရင် စာရင်းသေအပ်ငွေ ထည့်ရင် ရတဲ့အတိုးက ၁၀% ပေါ့။

ပြင်ပမှာ ရွှေပေါင်နဲ့ ငွေတိုးချေးရင် တစ်လ ၃% တိုးရတယ်ဆိုရင် ၃၆% ပေါ့။

ဘာလို့ တစ်နှစ်စာနဲ့ ပြောလေ့ရှိလဲဆိုတာတော့ အရှေ့က (၁) နဲ့ (၂) ထဲမှာ ပါသွားပြီးပြီ၊ ထပ်မရှင်းပြတော့ဘူး။

===========

ဒီအကြောင်းကို အဓိကပြောချင်တာ လူလိမ်တွေကြောင့်ပါ။ အောက်က ပေးမယ့် ဥပမာတွေကို သေချာနားလည်အောင်ဖတ်စေချင်တယ်။ အလိမ်ခံရဖို့ နည်းသွားတာပေါ့။

===========
စီးပွားရေးမှာ အမြတ်ရာခိုင်နှုန်းကို မှန်းဆချင်ရင် ၂ ချက်ကို အဓိကထည့်စဉ်းစားရတယ်။

၁။ ငွေရင်း များခြင်းနည်းခြင်း
၂။ ဈေးကွက် ကြီးခြင်းသေးခြင်း

၁ ကို ခေတ်စားနေတဲ့ ဥပမာနဲ့ အရင်ရှင်းပြမယ်။

အွန်လိုင်းစတိုးလေးလုပ်မယ်ပေါ့ဗျာ။ အင်္ကျီတွေရောင်းမယ် တစ်ထည်ကို ၂၀% အမြတ်တင်မယ်ဆိုပါဆို့ (အသုံးစရိတ်တွေဘာတွေ မေ့ထားလိုက်)၊ ၀ယ်သမျှ ရောင်းကုန်ရင် အသားတင် အမြတ် ၂၀% ရမယ်ပေါ့။

အင်္ကျီ ၁၀ ထည်စ၀ယ်ပြီးရောင်းမယ်။ ငါ အင်္ကျီ ၁၀ ထည်ရောင်းမယ်ဟေ့လို့ Facebook မှာအော်လိုက်တာနဲ့ သူငယ်ချင်းတွေ ၀ိုင်းအားပေးလို့ ခဏလေးကုန်သွားမယ်။ ၁ ပတ်တောင်ကြာမှာမဟုတ်ဘူး၊
(အရင်း အင်္ကျီ ၁၀ ထည်၊ ၁ ပတ်အတွင်း ၂၀% အမြတ်၊ ဒီအတိုင်းသာရောင်းကောင်းရင် ၁ နှစ်ကို ၉၆၀% ရှိမယ်)

အင်္ကျီ ၁၀၀ ၀ယ်ပြီးရောင်းမယ်။ ဟော ပြသနာက စတွေ့ပြီ။ သူငယ်ချင်းတွေ ၀ိုင်းအားပေးလို့ အထည် ၂၀လောက်တော့ ရောင်းလို့လွယ်မယ်။ ကျန်တဲ့ အထည် ၈၀ ကိုကုန်အောင်ရောင်းဖို့ ၁ လတန်သည် ၂ လတန်သည်ကြာမယ်။
(အရင်း အင်္ကျီ ၁၀၀ ထည်၊ ၁ လ အမြတ် ၂၀%၊ ၁ နှစ်ကို ၁၂၀%)

အင်္ကျီ ၁၀၀၀ ၀ယ်ပြီးရောင်းမယ်။ ပုံမှန်သာရောင်းနေရင် တစ်နှစ်လုံးကုန်တာတောင် ၁၀၀၀ ရောင်းလို့ ထွက်မှာမဟုတ်ဘူး။ စဥ်းစားကြည့်။
(အရင်း အင်္ကျီ ၁၀၀၀ ထည်၊ ၁ နှစ်အမြတ်

လူ ကြီး ဂါ ဝန် လက် ပါ ထီး ကား ဒီ ဇိုင်းလည် ကွပ် အ ပျောက် ပုံ စံ ညှပ် နည်း ပက် တန်
11/10/2016

လူ ကြီး ဂါ ဝန် လက် ပါ ထီး ကား ဒီ ဇိုင်း
လည် ကွပ် အ ပျောက် ပုံ စံ ညှပ် နည်း ပက် တန်

က လေး ဝမ်း ဆက် ချုပ် ပုံ ချုပ် နည်းနွေ ရာ သီ အ ရောင်း ရ ဆုံး ပုံ
11/10/2016

က လေး ဝမ်း ဆက် ချုပ် ပုံ ချုပ် နည်း

နွေ ရာ သီ အ ရောင်း ရ ဆုံး ပုံ

18/06/2016

စီးပွားရေးလုပ်ရာမှာ အကျိုးအမြတ်ရှိမရှိ တွက်ဆသင့်သော အရာများ (၂)
=====
လည်ပတ်နှုန်း (Turnover) နှင့် ရောင်းရငွေ (Revenue)

(အမြတ်အကြောင်းကို ရေးနေရင်းကနေ Turnover နဲ့ Revenue ထည့်ပြောဖို့လိုလာတော့ ရေးရင်းရေးရင်း သိပ်ရှည်လာလို့ ဒါတွေကို အရင်ရှင်းပြထားတာပိုအဆင်ပြေတာကြောင့်
အရင်ရှင်းပြလိုက်ပါတယ်)

Turnover ဆိုတာလည်ပတ်နှုန်းပေါ့။ Turnover ကို ငွေ၊ ပစ္စည်း၊ ၀န်ထမ်း အစရှိသည်ဖြင့် အများကြီးမှာ သုံးပါတယ်။ ဒီမှာတော့ အဓိကအကျဆုံး အသုံးအများဆုံးဖြစ်တဲ့ ရငွေလည်ပတ်နှုန်း
(Asset Turnover) ကိုပဲ အဓိကပြောပါမယ်။ အခုက Turnover လို့ဆိုလိုက်ရင် ငွေလည်ပတ်နှုန်းကိုပဲ ပြောတာဖြစ်ကြောင်း မှတ်ထားပေးပါ။

ပထမအနေနဲ့ Turnover ကို ဘယ်လိုတွက်လဲဆိုတာ စပြောပါမယ်။

ပစ္စည်း အခု ၁၀၀ ၀ယ်ထားပြီး တစ်လမှာ ရောင်းကုန်သွားရင် Turnover ၁လပါ။

ပစ္စည်း အခု ၁၀၀ ၀ယ်ထားပြီး ၁၀ရက်ထဲနဲ့ ရောင်းကုန်သွားရင် Turnover ၁၀ ရက်ပါ။ ဒါဆိုရင် တစ်လကို Turnover ၃ခါ လည်နိုင်တယ်ဆိုတဲ့သဘောပါ
(လည်တယ်ဆိုတာ အခု ၁၀၀ ၀ယ်ထားတဲ့ပိုက်ဆံကို ၁၀ ရက်နေ့မှာ ရောင်းကုန်သွားရင် နောက်ထပ် အခု ၁၀၀ ထပ်ဝယ် ၂၀ ရက်နေ့မှာကုန်၊ အခု ၁၀၀ ထပ်ဝယ် ၃၀ ရက်နေ့မှာ ထပ်ကုန်၊
ဒီလိုမျိုး တစ်လအတွင်း ၃ ခါပြန်ပြီးရင်းလို့ရတာကို ငွေလည်တယ်လို့ခေါ်ပါတယ်)

Turnover ကို ဘယ်နေရာမှာသုံးလဲဆိုတော့ စီးပွားရေးတစ်ခု ဘယ်လောက် ထိရောက်စွာ (Effecient) လည်ပတ်နေလဲကို တိုင်းတာတဲ့နေရာမှာသုံးပါတယ်။

ဝင်ငွေ (Revenue) အကြောင်းရှင်းပြပြီးရင် ပေါင်းပြီးတော့ ဥပမာနဲ့ ရှင်းပြပါမယ်။

======

Revenue ဆိုတာ ရောင်းရငွေပါ။ အမြတ်မဟုတ်ပါဘူး။ ရောင်းဈေး ၁၀၀ တန် ပစ္စည်း ၁၀ ခုရောင်းရရင် ၁ ထောင်လက်ထဲရောက်လာပါတယ်။ ဒါဟာ Revenue ပါ။

Revenue ကိုပြောရင် တစ်လ၊ တစ်နှစ် စသည်ဖြင့် အချိန်ကာလထည့်ပြောဖို့လိုပါတယ် (တကယ်တန်း လုပ်ငန်းတွေမှာတော့ တစ်နှစ် နဲ့ပဲပြောလေ့ရှိပါတယ်၊ အရှေ့ BEP တုန်းကပြောသလိုပါပဲ၊
ရာသီချိန်တွေရှိလို့ပါ)။

ကျွန်တော်အခုဆက်ပြောတဲ့နေရာမှာတော့ တစ်လ ကိုပဲ စံနှုန်းထားပြီးပြောပါမယ်။ တစ်လဟာ နားလည်ရ ပိုလွယ်လို့ပါ။

တစ်လကို သိန်း ၃၀ ဖိုးရောင်းရတဲ့လုပ်ငန်းရဲ့ Revenue သိန်း ၃၀ ရှိတယ်။
တစ်လကို သိန်း ၁၀၀၀ ရောင်းရတဲ့လုပ်ငန်းရဲ့ Revenue သိန်း ၁၀၀၀ ရှိတယ်။

Revenue ကို ဘယ်နေရာမှာသုံးလဲဆိုရင် လုပ်ငန်းတိုးတက်နေလား ဆုတ်ယုတ်နေလားဆိုတာကို အကြမ်းဖျင်းကြည့်တဲ့နေရာမှာသုံးပါတယ်။

သိန်း ၁၀၀၀ Revenue ရှိတဲ့ လုပ်ငန်းဟာ သိန်း ၅၀၀ Revenue ပဲရှိတော့တယ်ဆိုရင် ၅၀% ၀င်ငွေလျော့သွားတယ်ဆိုတဲ့သဘော။
သိန် ၂၀၀၀ Revenue ဖြစ်သွားပြီဆိုရင် ၁၀၀% လုပ်ငန်းတိုးတက်လာတယ်ဆိုတဲ့သဘော။

ဘာဖြစ်လို့ဒီလိုပြောလို့ရလဲဆိုတော့ လုပ်ငန်းအများစုဟာ ပစ္စည်းတစ်ခုပေါ်မှာ ပုံမှန်အမြတ်ပဲယူလေ့ရှိတဲ့အတွက် သိန်း ၁၀၀၀ ရောင်းရလို့ သိန်း ၁၀၀ မြတ်ရင် သိန်း ၂၀၀၀ ရောင်းရရင်
သိန်း ၂၀၀ မြတ်မယ်လို့ ယေဘုယျ ယူဆလို့ရတယ်။ ချွင်းချက်တွေတော့ အများကြီးရှိတာပေါ့။ ဒါကြောင့်လဲ အကြမ်းဖျင်းသိနိုင်တယ်လို့ပြောထားတာပါ။

ဥပမာ - အမြတ်ရလို့ ဒီနှစ် အရင်း သိန်း ၁၀၀ ကနေ နောက်နှစ် သိန်း ၁၅၀ တိုးပြီး ရင်းလိုက်ပြီးမှ Revenue က တူတူပဲဆိုရင် လုပ်ငန်းက ဒီအတိုင်းပဲ ပြောလို့မရပါဘူး။ ကျသွားတယ်ပြောရမှာပါ။
၅၀% တိုးရင်းလိုက်ရင် Revenue ၅၀% တက်လာမှ စီးပွားရေးက အတက်အကျမရှိဘူး ပြောလို့ရမှာပါ

====
အပေါ်မှာ အကြမ်းဖျင်းရှင်းပြခဲ့တာ ပစ္စည်းတစ်ခုချင်းစီအနေနဲ့ရှင်းပြတော့ လွယ်လွယ်လေးဖြစ်နေတာပေါ့။ ဒါပေမယ့် တကယ့် လုပ်ငန်းတွေမှာကျတော့ အဲဒီလောက်မရိုးရှင်းပါဘူး။

ပစ္စည်း အစုံရောင်းတဲ့ စတိုးဆိုင်တစ်ဆိုင် ကိုပဲ ကြည့်

ရေသန့်လိုပစ္စည်းမျိုးဟာ အခုသောက် အခုကုန် ရေဆာရင် ပြန်ဝယ်သောက်ရတဲ့အတွက် ခဏခဏ ရောင်းရပါတယ်။ Turnover မြင့်တယ်ပေါ့ဗျာ။

ခေါင်းလျှော်ရည်လိုပစ္စည်းမျိုးကျတော့ တစ်ဗူးဝယ်ပြီးအကြာကြီးသုံးရတဲ့အတွက် ဘယ်သူမှ ခဏခဏမ၀ယ်ပါဘူး။ Turnover နိမ့်တယ်ပေါ့ဗျာ

မီးပူတို့ ထမင်းပေါင်းအိုးလိုမျိုးကျတော့ ပျက်မှဝယ်တယ်။ တော်ရုံနဲ့လဲ ပျက်ချင်မှ ပျက်တာကိုး။ ဒီတော့ Turnover အရမ်းနိမ့်တယ်။

ပန်းသီးတို့ ဖရဲသီးတို့လို စားသောက်ကုန်ကျ မဖြစ်မနေစားတဲ့အရာတွေမဟုတ်ဘူး။ ဒီတော့ စားချင်စိတ်ပေါက်လာရင်ဝယ်တယ်၊ မပေါက်ရင် မ၀ယ်ဘူး။ Turnover မှန်းမရဘူးပေါ့ဗျာ
(စကားအနေနဲ့ပြောတာပါ၊ သေချာတွက်ရင်တော့ အကြမ်းမှန်းလို့ရပါတယ်)

ဒီတော့ အားလုံးကို ချုံငုံ သုံးသပ် (Analysis) မယ်ဆိုရင် ပြသနာတက်ရော။ ပစ္စည်းအမျိုးအမည်တွေက အများကြီးကိုး။

အဲဒီမှာကျတော့ Revenue ကိုပဲ ကြည့်ပြီးဆုံးဖြတ်ရတော့တယ်။
( မှတ်ချက် - Turnover ကိုတွက်တဲ့အခါ ငွေရင်း (Capital) ကိုမူတည်ပြီးမကြည့်ပါဘူး။ ပစ္စည်းဝယ်တဲ့အရင်း ပေါ်မှာပဲမူတည်ပြီးကြည့်လေ့ရှိပါတယ် )

၁။
ပစ္စည်းဖိုး သိန်း ၁၀၀ ရင်းတဲ့ လုပ်ငန်းတစ်ခု Revenue သိန်း ၂၀၀ ရှိရင် Turnover နှစ်ခါ လည်တယ်ဆိုတဲ့သဘော

၂။
သိန်း ၅၀ ရင်းတဲ့ လုပ်ငန်းတစ်ခု Revenue သိန်း ၂၀၀ ရှိရင် Turnover လေးခါ လည်တယ်ဆိုတဲ့သဘော

၃။
သိန်း ၁၀၀၀ ရင်းတဲ့ လုပ်ငန်းတစ်ခု Revenue သိန်း ၂၀၀ ရှိရင် Turnover ငါးပုံတစ်ပုံပဲ လည်ပတ်တယ်ဆိုတဲ့သဘော (၅လကြာမှ Turnover တစ်ခေါက်လည်တာပေါ့)

ဒီတော့ အမြတ်ရာခိုင်နှုန်း ၂၀% ပုံမှန် ယူတဲ့ လုပ်ငန်းတစ်ခုမှာ

နံပါတ် ၁ အတိုင်းဆိုရင်
သိန်း ၁၀၀ မှာ ၂၀% ဆိုတော့ တစ်ခါရောင်းရရင် သိန်း ၂၀ နဲ့ တစ်လ ၂ခါ လည်တဲ့အတွက် သိန်း ၄၀ အမြတ်

နံပါတ် ၂ အတိုင်းဆိုရင်
သိန်း ၅၀ မှာ ၂၀% ဆိုတော့ တစ်ခါရောင်းရရင် ၁၀ သိန်းနဲ့ တစ်လ ၄ ခါ လည်တဲ့အတွက် သိန်း ၄၀ အမြတ်

နံပါတ် ၃ အတိုင်းဆိုရင်
သိန်း ၁၀၀၀ မှာ ၂၀% ဆိုတော့ သိန်း ၂၀၀ --- အဲဒီမှာမှ ငါးပုံတစ်ပုံပဲလည်တယ်ဆိုတော့ သိန်း ၄၀ အမြတ်

အဲဒီမှာကြည့်လိုက် ...သိန်း ၅၀ ပဲ ရင်းတဲ့သူနဲ့ သိန်း ၁၀၀ ရင်းတဲ့သူနဲ့ သိန်း ၁၀၀၀ တောင်ရင်းတဲ့သူနဲ့ အမြတ်သွားတူနေတယ်။
အဲဒီမှာ ဘာကွာလဲဆိုတော့ Turnover လည်နှုန်းကွာသွားတယ်။

သိန်း ၅၀ သမားက တစ်လ ၄ ခါ လည်နိုင်တယ်၊ သိန်း ၁၀၀ သမားက ၂ ခါပဲလည်နိုင်တယ်၊ သိန်း ၁၀၀၀ သမားက ၁ခါတောင်မလည်နိုင်ဘူး။

ဒီတော့ လုပ်ငန်း တစ်ခုဟာ ထိထိရောက်ရောက်ပိုလုပ်လေလေ Turnover မြန်လေလေ အမြတ်များလေလေပါပဲ။

ငွေအရင်းအနှီးနည်းတဲ့ လူငယ်တွေ အတွက် ပြန်ပြီးဖာထေးပေးနိုင်တဲ့အချက်က Turnover ကို မြန်မြန်လှည့်နိုင်ဖို့ပဲ။ တစ်နည်းပြောရရင်တော့ ကိုယ့်ပစ္စည်းကို မြန်မြန်ရောင်းထွက်ဖို့

အဲဒီနေရာမှာ နည်းလမ်းပေါင်းစုံလိုလာတယ်

ဆိုင်ခန်းနေရာကောင်း
ကြော်ငြာ
လျော့ဈေး
ကံစမ်းမဲ
အိမ်အရောက်ပို့
စတဲ့ ဆိုင်ပေါ်ရောက်ပြီးချိန် မြန်မြန်ရောင်းထွက်တဲ့နည်းလမ်းတွေအပြင်

ကိုယ်တိုင်သွားဝယ်
ကိုယ်တိုင်သယ်
အလုပ်ချိန်ပိုဆင်းပြီး ဈေးနှုန်းကပ် ရောက်ရှိပစ္စည်းစာရင်းလုပ် ဆိုင်တွင် စီတန်းနေရာချ
စတဲ့ ပစ္စည်းတစ်ခုကို ငွေရင်းပြီး ၀ယ်လိုက်တာကနေစပြီး ရောင်းရန်အဆင်သင့်ဖြစ်တဲ့အထိ သယ်ယူပို့ဆောင်ရင်းကုန်တဲ့ အချိန်တွေကို လျော့ချတဲ့ နည်းလမ်းတွေလဲ လိုလာတယ်။

ဆိုင်ပေါ်ရောက်ပြီးမှ ရောင်းထွက်ချိန်အထိဟာ အရေးကြီးသလို
ပစ္စည်းတစ်ခုကို ၀ယ်လိုက်ပြီး (ငွေရင်းလိုက်ပြီး) ဆိုင်ပေါ်ရောင်းရန် အဆင်သင့်ဖြစ်တဲ့အထိဟာလဲ Turnover မှာ လုံးဝ အရေးကြီးတဲ့အပိုင်းဖြစ်တယ်ဆိုတာကို မေ့မထားဖို့လိုပါတယ်။

မြန်မာနိုင်ငံဟာ အဲဒီအပိုင်းမှာ အလွန်အားနည်းပါတယ်။ အထူးသဖြင့် သွင်းကုန်တွေမှာ တရားဝင် အလုပ်လုပ်တဲ့အခါ အစိုးရရုံးတွေမှာပဲ စာရွက်စာတန်းအသွားအလာ အချိန်တွေဟာ မလိုအပ်ဘဲ
တစ်ပတ် နှစ်ပတ် စသည်ဖြင့်ကြာတဲ့အတွက် Turnover ကို အကြီးအကျယ် အကျိုးသက်ရောက်ပါတယ်။ ဒါကြောင့်လဲ မှောင်ခိုသွင်းတဲ့ပစ္စည်းတွေကို တရားဝင်သွင်းတဲ့ပစ္စည်းတွေဟာ ဈေးနှုန်းအရယှဉ်ပြိုင်နိုင်စွမ်းအားနည်းတာဖြစ်ပါတယ် (အမြတ် အကြောင်းဆက်ပြောရင် ဘာလို့ဆိုတာ ဆက်ရှင်းပြပါမယ်)
တိုးတက်တဲ့နိုင်ငံတွေမှာ အဲဒီလုပ်ငန်းစဉ်တွေဟာ တစ်ရက် နှစ်ရက်အတွင်းပြီးလောက်အောင် သိပ်မြန်ပါတယ်။ မြန်မာနိုင်ငံဟာ တိုးတက်ဖို့ဆိုရင် ဒီအပိုင်းတွေ အများကြီး ပြုပြင်ဖို့လိုပါတယ်။
Export ပို့တဲ့နေရာမှာ ကိုယ့်ဖက်က မလိုအပ်ပဲ Turnover ကြာတဲ့အတွက် Turnover မြန်တဲ့ တခြားနိုင်ငံက ကုန်ပစ္စည်းတူတွေနဲ့ ယှဉ်ရောင်းဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး

အပေါ်မှာ ပြောသွားတဲ့အခါ ကုန်ပစ္စည်းအရောင်းတွေကိုပဲ ဥပမာပေးသွားလို့ ၀န်ဆောင်မှုလုပ်ငန်းဆိုရင်ရော ဘယ်လို တွက်ရမှာလဲ မေးစရာရှိပါတယ်။

ဝန်ဆောင်မှုလုပ်ငန်းဆိုရင် ၀န်ထမ်းစရိတ်ဟာ ကုန်ပစ္စည်းအရင်းပါပဲ။ ရောင်းကုန်ဟာ ၀န်ထမ်းရဲ့ဝန်ဆောင်မှုဖြစ်လို့ပါ။

ဒီတော့ ၀န်ထမ်းတွေဟာ မြန်မြန်လုပ်ပေးနိုင်လေလေ ထိရောက်မှုကောင်းလေလေ Turnover မြင့်လေလေပါ။

ဥပမာပေးရရင် -- ဖုန်းပြင်တဲ့ဆိုင်တစ်ခု ဆိုပါစို့၊ ဖုန်းတစ်လုံးကို ဆော့ဖ်ဝဲလ်သွင်းတာ ၁ နာရီကြာတယ်ဆိုရင် တစ်နေ့ကို အလုပ်ချိန် ၈ နာရီမှာ ဖုန်း ၈ လုံးပဲ ပြီးမယ်။
တစ်လုံးကို ၁ သောင်းရရင် ၈သောင်း revenue ရှိမယ်။

အဲဒီမှာ လုပ်တဲ့ဝန်ထမ်းဟာ ပိုပြီး effecient ဖြစ် ပိုမြန်လို့ တစ်လုံးကို နာရီဝက်ထဲနဲ့ပြီးမယ်ဆိုရင် အလုပ်ချိန် ၈ နာရီမှာ ဖုန်း ၁၆ လုံးပြီးမယ်။ Revenue ၁သိန်း ၆ သောင်းဖြစ်သွားမယ်။

Turnover ၂ ဆဖြစ်သွားတာ ဘယ်လောက် ကောင်းသွားလဲ တွေ့လား။

ဒီတော့ အမြတ်သတ်မှတ်တဲ့နေရာမှာ နာရီဝက်နဲ့ပြီးအောင်လုပ်နိုင်တဲ့လူက ၁ သောင်းမယူပဲ ၈ ထောင်ပဲလျော့ယူရင်တောင်မှ ၁၂၈၀၀၀ ကျပ်ရနေပြီ ဟိုလူ ၈သောင်းထက်များနေပြီ။
ဈေးလဲ ပိုပေါတဲ့အတွက် သူ့ဆီကို ဖုန်းပြင်တဲ့ဖောက်သည်တွေ ပိုများများလာတော့မယ်။ လုပ်ငန်းထိရောက်မှု ရှိတယ်ဆိုတာ အဲ့ဒါပါပဲ။

(အဲဒီမှာ အပေါစားတွေ ဖြစ်ကတတ်ဆန်းမြန်မြန်ပြီးအောင်လုပ်ပြီး ဈေးလျော့ယူတာတွေ မပါဘူးနော်။ အဲဒီအချက်ဟာ အရေးကြီးလို့ နောက်ပိုင်း တစ်ချက်အနေနဲ့ သတ်သတ် အကျယ်ပြောပါမယ်)
====

ဒီလောက်ဆိုရင်တော့ Turnover အကြောင်း နည်းနည်းနားလည်ပြီထင်ပါတယ်။

အပြင်မှာ လုပ်ငန်းရှင်အချင်းချင်း Turnover ဘယ်လိုနေလဲ တက်သွားတယ် ကျသွားတယ်ဆိုတာ စီးပွားရေး ကောင်းလာတယ် မကောင်းတော့ဘူးလို့ ပြောတာနဲ့ တူတူပါပဲ။
မင်းဘယ်လောက်မြတ်လဲလို့မေးစရာပြောစရာမလိုပါဘူး အဲ့ဒီလိုအမြတ်ကိုမေးတာ အလွန်ရိုင်းတယ် မမေးသင့်ဘူးဆိုတာတော့ မှတ်ထားစေချင်ပါတယ်။

နောက် အချက် (၃) ကျရင်တော့ တကယ်ပဲ အမြတ်အကြောင်းရေးလို့ရပြီထင်ပါတယ်။ စီးပွားရေးလုပ်ချင်တာ အမြတ်လိုချင်လို့လုပ်တာ အမြတ်အကြောင်းရောက်ပဲ မရောက်နိုင်ဘူးလို့တော့
စိတ်မစောစေချင်ပါဘူး။ လိုအပ်တာတွေ မရှင်းပြဘဲနဲ့ တန်းပြောရင် လည်လိုက်နေမှာစိုးလို့ပါ (ကိုယ်ကိုယ်တိုင်ရေးပြီး ကိုယ်ကိုယ်တိုင်ဖတ်တာတောင် နားမလည်ဘူးဖြစ်နေတာဗျ)

post မှကူးယူဖော်ပြပါသည်။

10/06/2016

စီးပွားရေးလုပ်ရာမှာ အကျိုးအမြတ်ရှိမရှိ တွက်ဆသင့်သော အရာများ (၁)
=====

အရင်းကျေမှတ် (Break-even Point - BEP)

စီးပွားရေးလုပ်တာ ဘာအတွက်လဲ ... အဓိကတော့ ပိုက်ဆံရဖို့ပေါ့၊ မေးနေစရာတောင်မလိုဘူး။ အဲဒီတော့ စီးပွားရေးမှာ အမြတ်ထွက်ဖို့လိုပါတယ်။

အမြတ်ဆိုတာက တကယ်လုပ်ကြည့်မှ ထွက်တယ်မထွက်ဘူးသိတဲ့အရာ၊
ဟာ .. ဒါဆိုရင်တော့ ငါတို့ အလုပ်တစ်ခုလုပ်မယ်ဆို အမြတ်ရမရ ဘယ်လိုသိမလဲဆိုရင် အရင်ဆုံးတွက်ရမှာ Break-even Point ပါ။ Break-even Point အခြေအနေကိုသိရင် ဒီအလုပ်လုပ်သင့်လားမလုပ်သင့်လားဆိုတာ တွက်ဆလို့ရပါပြီ။

Break-even Point ဘယ်လိုတွက်မလဲ .... အလွယ်ပြောရရင်တော့ ကုန်ကျနိုင်တဲ့စရိတ်တွေအားလုံးပေါင်း ... အဲဒီ စရိတ်တွေကျေလောက်တဲ့အထိ အမြတ်ရအောင် ရောင်းနိုင်ရင် အရင်းကျေမှတ်ရပြီပေါ့။ လုံးဝနားမလည်တဲ့သူတွေတော့ နည်းနည်းရှုပ်သွားနိုင်တယ် အမြတ်လဲပြောတယ် အဲဒါမှ အရင်းကျေမယ်လဲပြောတယ်ဆိုတာမျိုးပေါ့။

ဥပမာပေးလိုက်တာ ပိုရှင်းမယ်ထင်တယ်။ အလုပ်တစ်ခုလုပ်ရင် အကြမ်းဖျင်းအောက်က ကုန်ကျစရိတ်တွေရှိတယ်။

အခန်းငှားခ (ကိုယ်ပိုင်အခန်းဖြစ်ရင်လဲ ထည့်တွက်ဖို့လိုပါတယ်)
အခန်းပြင်ခ
ပရိဘောဂ၊ ကား၊ မီးစက် နှင့်အခြား တန်ဖိုးကြီးပစ္စည်းများ
လိုင်စင်ကြေးနှင့် အစိုးရ အခွန်အခများ
ပစ္စည်းများ၏ အရင်းငွေ (အရောင်း၊ ဆားဗစ်၊ ထုတ်လုပ်မှု ပေါ်မူတည်ပြီးကွဲ)
ဝန်ထမ်းစရိတ်
ရေခွန် မီးခွန် အမှိုက်ခွန်
သယ်ယူပို့ဆောင်စရိတ်များ
ပြင်ဆင်ထိန်းသိမ်းစရိတ်များ
အာမခံ
ငွေတိုးများ
အထွေထွေအသုံးစရိတ်များ

ဒီစာရင်းဥပမာတွေမပေးခင် အရေးကြီးတာတစ်ခု အရင်ပြောဖို့လိုတယ်။ ဒါကတော့ တန်ဖိုးလျော့တွက်ခြင်း (Depreciation) ပဲ။

အခန်းပြင်ခ သိန်း ၁၀၀ ကုန်ရင် စာရင်းမှာ ဒီလ သိန်း ၁၀၀ ကုန်ပါတယ်လို့ ပြလိုက်ရင် အဲဒီလ စာရင်းချုပ်တွက်ရင် အရှုံးက သိန်း၁၀၀ လောက်ပြနေလို့ တစ်ခါတည်း စိတ်ဓါတ်တွေမြေကြီးထဲစိုက်ပြီး ဘာမှ ဆက်လုပ်နိုင်မှာမဟုတ်ဘူး။

အမှန်က ပြင်ထားတဲ့အခန်းကို ဘယ်နှစ်နှစ်သုံးမှာလဲ စဉ်းစားရမယ်။ သိန်း ၁၀၀ ပြင်ထားတဲ့အခန်းကို ၃ နှစ်သုံးမယ်ထားပါတော့၊ ၁၀၉၅ ရက်နဲ့ စားရမယ်။ တစ်ရက်ကို ၉၁၃၂ ကျပ်ကုန်ကျစရိတ်ရှိတယ်။

Depreciation သဘောက ၉၁၃၂ ကျပ်ကို တစ်ရက်တိုင်းမှာ နှုတ်သွားရတယ်။ လချုပ်ရင် ရက် ၃၀ ရှိရင် (၂၇၃၉၆၀ ကျပ်) ကို အခန်းပြင်ကုန်ကျစရိတ်အနေနဲ့ တွက်ရမယ်။

အဲဒီမှာ ၃ နှစ်မသုံးဖြစ်ဘဲ အကြောင်းတစ်ခုခုကြောင့် ၂ နှစ်နဲ့ အဲဒီအခန်းပြင်တာကြီးမသုံးဖြစ်တော့ရင်မှ ကျန်တဲ့ ၁ နှစ်စာကို အသုံးစရိတ်ထဲမှာ တစ်ခါတည်းပေါင်းထည့်ရတယ်။

ဥပမာ ဒီအခန်းမှာ ဆက်မနေတော့ဘဲ တခြားကိုရွှေ့မယ် ဒီအခန်းပြင်ထားတဲ့အထဲက ဘာမှလဲ သုံးမရတော့ဘူးဆိုရင် (၃၃သိန်း ၃သောင်း၃ထောင်ခန့်) ကို အသုံးစရိတ်အနေနဲ့ပြလိုက်ရတယ်။ အဲဒါဆိုရင်တော့ ရှုံးတယ်လို့ တွက်ရတယ်။

Depreciation ဟာ ကား၊ ပရိဘောဂ၊ ကွန်ပြူတာ နဲ့ အခြား ကာလရှည်သုံးလို့ရတဲ့ ပစ္စည်းတိုင်းမှာ တွက်ရတယ်။ ဘယ်နှစ်နှစ်သုံးမယ်ဆိုတာကို ဆုံးဖြတ်ချက်ချပြီး အဲဒီပေါ်မှာ မူတည်ပြီးတွက်ရတယ်။ ကွန်ပြူတာဆို ၂ နှစ် ၃ နှစ်၊ ကားဆိုရင် ၅ နှစ် ၁၀ နှစ် စသည်ဖြင့်ပေါ့။

အမြတ် အရမ်းထွက်ပါစေဆိုပြီး တကယ်သုံးမရတဲ့ နှစ်အရှည်ကြီး တွက်တာတို့၊ မြန်မြန်အရင်းကြေကွာဆိုပြီး နှစ်နည်းနည်းလေးတွက်တာတို့ မလုပ်ဖို့တော့လိုတယ်။ ဒါဆိုရင် စာရင်းဟာ တကယ် သုံးမရ၊ စဉ်းစားမရတဲ့စာရင်းကြီးထွက်လာမှာပဲ။

Depreciation အကြောင်း သိပြီဆိုရင် ခုနက ပြောခဲ့တဲ့အချက်တွေပေါ်မူတည်ပြီး ဥပမာပြ စဉ်းစားလို့ရပြီ။

- အခန်းငှားခ တစ်လ ၃ သိန်း ဆိုရင် တစ်နှစ် ၃၆ သိန်း ... အဲဒီမှာ ပွဲစားခ တစ်လ ပေးရလေ့ရှိတော့ ၃၆ သိန်း မရဘူး ၃၉ သိန်းဖြစ်တတ်တယ်။
ဒီတော့ တစ်ရက်ကို ၁၀၆၈၅ ကျပ်ရှိတယ်။

- အခန်းပြင်ခ သိန်း ၅၀ ထားပါတော့။ ဒီနေရာမှာ ၃ နှစ်လုပ်မယ်တွက်ရင် ၁၀၉၅ ရက်နဲ့ စား .... တစ်ရက် ၄၅၆၆ ကျပ်ရှိတယ်။

- ပရိဘောဂ စားပွဲ ကုလားထိုင် ကွန်ပြူတာ မီးစက် ဘာညာ အကုန်ပေါင်း သိန်း ၃၀ ရှိတယ်၊ ဒါတွေလဲ ၃ နှစ်သုံးမယ်ဆိုရင် ၁၀၉၅ရက်နဲ့စား .. တစ်ရက် ၂၇၄၀ ကျပ် ရှိတယ်

- လိုင်စင်ကြေးတွေ အခွန်အခတွေကတော့ တစ်ခါကုန်ရှိတယ်၊ လစဉ်ရှိတယ်
တစ်လကို ပျမ်းမျှ ၃၀၀၀၀ ပဲထားပါတော့ တစ်ရက်ကို ၁၀၀၀ ကျပ်

- ပစ္စည်းအရင်းငွေ ဆိုတဲ့နေရာမှာ နည်းနည်းမျက်စိလည်လိမ့်မယ်။ အဓိက ပြောချင်တာတော့ ခုနက တန်ဖိုးလျော့တွက်တာပါပဲ။ ပစ္စည်းအများစုဟာ အချိန်နဲ့အမျှ တန်ဖိုးလျော့တယ်။ ဥပမာ ဖုန်းတစ်လုံးဟာ အခုတင်ထားပြီး ရောင်းမထွက်သေးတဲ့အခါ နောက် မော်ဒယ်ထွက်လာရင် အလိုလိုဈေးကျသွားတယ်။ ဒါဟာ ကုန်ကျစရိတ်ပဲ။
ပုတ်ကုန်သိုးကုန်ဆိုလဲ ဒီအတိုင်းပဲ၊ ၁ လနေလို့ ရောင်းမထွက်ဘဲ ပုတ်သွားရင် ကုန်ကျစရိတ်ထဲဝင်သွားတယ်၊ စားသောက်ဆိုင်တွေဆိုရင် မသုံးရတဲ့ အသားတွေ အရွက်တွေ မကောင်းတော့လို့ နောက်နေ့လွှတ်ပစ်လိုက်ရတာမျိုး။ ဒါကတော့ ကြိုတွက်ဖို့ခက်ပေမယ့် မှန်းထားရမယ်။ ကိုယ်တင်ရောင်းတဲ့ပစ္စည်း အမြဲတမ်းကုန်နေမှာမဟုတ်ဘူး။

နောက်ပြီး ငွေလဲလှယ်နှုန်းအတက်အကျပေါ့၊ ဒေါ်လာဈေး အရမ်းထိုးကျသွားလို့ ကိုယ်က ၁ သိန်းဝယ်ထားပေမယ် ၉ သောင်းနဲ့ပဲရောင်းလိုက်ရတာမျိုးမှာ ၁ သောင်းဟာ ကုန်ကျစရိတ်ထဲဝင်သွားတယ်။

ဘာလုပ်ငန်းမှန်းမသိတဲ့အတွက် အကြမ်းဖျင်းအနေနဲ့ တစ်ရက်ကို ၂၀၀၀ လောက် ထည့်တွက်လိုက်မယ်။

- ၀န်ထမ်းစရိတ် ကတော့ အတော်ကို ပြုလွယ်ပြောင်းလွယ်ရှိတယ်။ အမြတ်များ အလုပ်ကောင်းရင် ၀န်ထမ်းတိုးခန့်၊ အမြတ်နည်း အလုပ်မကောင်းရင် ၀န်ထမ်းတွေလျော့၊ ဒါဆို Break-even Point လျော့သွားမယ်။ အသုံးစရိတ် သိသိသာသာ ချက်ချင်းလျော့လို့ရတဲ့ အရာထဲမှာ ၀န်ထမ်းက ထိပ်ဆုံးကပဲ။ ၀န်ထမ်း ၂ ယောက်အတွက် တစ်လကို ၂ သိန်းကုန်တယ်ဆိုရင် တစ်ရက်ကို ၆၆၇၀ ကျပ်

- ရေခွန် မီးခွန် အမှိုက်ခွန် တွေကတော့ ရှင်းတယ်။ အဲဒီထဲမှာ ဖုန်းဖိုး အင်တာနက်လိုင်းကြေး စတာတွေလဲ ထည့်လို့ရတယ်။ လုပ်ငန်းပေါ်လိုက်ပြီး အသုံးကွဲသွားမယ်။ တစ်လကို ၅သောင်းကုန်မယ်ဆိုရင် တစ်ရက်ကို ၁၆၇၀ကျပ်

- သယ်ယူပို့ဆောင်စရိတ်တွေကတော့ လူတွေ ၀န်ထမ်းတွေအတွက် ဘတ်စ်ကားခ တက်စီခ အဝေးပြေးကားခ လေယာဉ်ခ အပြင် နယ်ကိုပစ္စည်းပို့ခ စာပို့ခ တွေအကုန်ပေါ့။ တစ်မြို့တည်းလုပ်မယ်ဆိုရင်တော့ အသုံးစရိတ်နည်းတယ်။ တစ်ရက်ကို ၁၀၀၀ ပဲ တွက်

- ပြုပြင်ထိန်းသိမ်းစရိတ် ကတော့ မြန်မာတွေ တွက်လေ့မရှိတဲ့အရာပဲ။ အဲဒါကြောင့် လုပ်ငန်းတွေအများစုဟာ ကြာလေ စုတ်လေ ဖြစ်ဖြစ်လာတာ။ အဲကွန်းဆို မှန်မှန်ဆေးရမယ်၊ ကားဆို မှန်မှန် အင်ဂျင်ဝိုင်လဲရမယ်၊ အခန်းဆို မှန်မှန် ဆေးသုတ်ရမယ်၊ သန့်ရှင်းရေးလုပ်ရမယ်၊ နောက်ပြီး သက်တမ်းပြည့်လို့ လဲသင့်တဲ့ဟာတွေ မှန်မှန်လဲရမယ်။ ဒါမျိုးတွေရှိတယ်။
များသောအားဖြင့် သူ့ရဲ့ အသုံးစရိတ်ဟာ သိပ်မသေးဘူး။ အကြမ်းဖျင်း တစ်ရက်ကို ၂၀၀၀ နဲ့ပဲတွက်ကြည့်မယ်။

- အာမခံ -- ဒါတော့ မထည့်လဲရပါတယ်။ မြန်မာတွေ ထားလေ့သိပ်မရှိဘူး။ အမှန်တော့လိုတယ်

- ငွေတိုး - လုပ်ငန်းတစ်ခုမှာ အရင်းလိုတဲ့အခါ (အမှန်က အမြဲလိုတယ်) ငွေတိုးချေးရတယ်။ ဒါကြောင့် စီးပွားရေးသမားဆို အကြွေးမကင်းဘူးပြောတာ။ ငွေတိုးမချေးဘဲနဲ့ အလုပ်လုပ်ရင် တော်ရုံနဲ့ ကြီးမလာတော့ဘူး၊ ရင်းဖို့အတွက်ပြန်ပြန်စုနေရတာကိုး။ သိန်း ၁၀၀ အရင်းရှိတဲ့အလုပ်ဆိုရင် လက်ရှိဘဏ်တိုးနဲ့တွက်မယ်ဆိုရင် တစ်လ ၁ သိန်းခွဲ တစ်ရက်ကို ၅ထောင်

- အထွေထွေအသုံးစရိတ်ကတော့ အသေးသုံးတွေပေါ့။ ဘောပင်ဝယ် စာအုပ်ဝယ် တစ်ရှုးဝယ် လက်ဆေးဆပ်ပြာဝယ်စသည်ဖြင့်ပေါ့။ တစ်ရက်ကို ၅၀၀ ပဲထားပါ။

ဒီတော့ အားလုံးပေါင်းကြည့်မယ်။

အခန်းငှားခ - ၁၀၆၈၅
အခန်းပြင်ခ - ၄၅၆၆
ပရိဘောဂ - ၂၇၄၀
လိုင်စင်ကြေး - ၁၀၀၀
ပစ္စည်းအရင်းငွေ - ၂၀၀၀
ဝန်ထမ်းစရိတ် - ၆၆၇၀
ရေခွန် မီးခွန် - ၁၆၇၀
သယ်ယူစရိတ် - ၁၀၀၀
ထိန်းသိမ်းစရိတ် - ၂၀၀၀
ငွေတိုး - ၅၀၀၀
အထွေထွေ - ၅၀၀

တစ်ရက် ကုန်ကျစရိတ် - ၃၇၈၃၁ ကျပ်ရှိတယ်။

ဒီတော့ Break-even Point ရောက်အောင် အမြတ် ၃၇၈၃၁ ကျပ်ရှိရမယ်။ ရောင်းရငွေမဟုတ်ဘူးနော်။ အမြတ်နော်

ကိုယ်က ပစ္စည်းရောင်းတယ်ဆိုရင် အကြမ်းဖျင်း ပစ္စည်းပေါ်မှာ ၁၀% အမြတ်တင်ရောင်းရင် ... တစ်နေ့ကို ၃သိန်း ၈ သောင်းလောက်ရောင်းရဖို့လိုတယ်။ ဒါမှ အမြတ်ဟာ ၃သောင်း၈ထောင်ရှိမှာ

စားသောက်ဆိုင်ဆိုရင် ၅၀% လောက်မြတ်တယ်ဆိုရင် .. တစ်နေ့ကို ၈သောင်းဖိုးလောက်ရောင်းရဖို့လိုတယ်။ ဒါမှ အမြတ်ဟာ ၄ သောင်းရှိမှာ။

လက်ကားဖြန့်တဲ့ပစ္စည်းလိုမျိုး အချိုရည် ရေသန့် မုန့်စတာမျိုးကျတော့ ကွာသွားပြန်ရော ... သူက အမြတ်ပါးတယ်။ ၁% ၂% ပဲရှိတယ်။ ၁% ပဲရှိရင် တစ်နေ့ကို ၃၈သိန်းဖိုးလောက်ရောင်းရဖို့လိုတယ်။

ဒီတော့ Break-even point ဟာ လုပ်ငန်းတစ်ခုနဲ့တစ်ခု မတူဘူး။ လုပ်ငန်းသဘောကို နည်းနည်းသိမှ Break-even point ကို မှန်းလို့ရတယ်။ ဒါကြောင့် လုံးဝနားမလည်တဲ့သူတွေ ၀င်ဝင်လုပ်ရင် မအောင်မြင်ဘဲ ပြုတ်ပြုတ်သွားကြတာ။ သူတို့က ၀င်တာပဲမြင်တယ်၊ ကုန်တာတွေ လွှင့်ပစ်လိုက်ရတာတွေ မ၀င်တာတွေမမြင်ဘူး။ အဓိကက ၀င်တာထက် ကုန်တာက အခရာပဲ။

ဥပမာပေးလို့သာ ၁ ရက်နဲ့ ပြောတာပါ။ တကယ့် Break-even Point ကို တွက်ရာမှာ တစ်နှစ်နဲ့တွက်ရပါတယ်။ ဘာလို့လဲဆိုတော့ တစ်ချို့လုပ်ငန်းတွေဟာ ရာသီချိန်ရှိလို့ပါ။ Jan Feb မှာ ၀င်ငွေလုံးလုံးမရှိသလောက်ဖြစ်ပေမယ့် March April မှာ ၀င်ငွေအရမ်းကောင်းနေတာမျိုးတွေ ရှိတတ်ပါတယ်။ အောက်မှာ နည်းနည်းရှင်းပြပါမယ်။

ဒီတော့ အဓိက မှတ်ထားရမှာက BEP ကို ၁ နှစ်ပေါ်မှာ မူတည်ပြီးတွက်ပါ။

===
ကဲ BEP တော့ အကြမ်းဖျင်း သိပြီ။ လုပ်ငန်းမှာ BEP ထိရင် (၀င်ငွေ အတက်အကျ Graph မှာ BEP မျဉ်းတားထားလေ့ရှိလို့ ထိတယ်လို့သုံးကြတယ်) နည်းနည်း စိတ်အေးတဲ့အဆင့်လို့ ခေါ်ကြတယ်။ ဘာလို့လဲဆိုတော့ လုပ်ငန်းအများစုဟာ မထိဘူး။ တကယ်ပြောတာ မထိဘူး။ ဒါကြောင့်လဲ ဆိုင်လေးတွေ ဖွင့်လာလိုက် ပိတ်သွားလိုက် ဖြစ်နေကြတာ။

အောင်မြင်ပါတယ်ဆိုတဲ့ လုပ်ငန်းကြီးတွေတောင် BEP မထိတဲ့ နှစ်တွေ မထိဘူး။

ဒီတော့ စီးပွားရေးလုပ်ရင် ပထမဆုံး ဦးတည်ချက်ဟာ BEP ထိရေးပဲ။ ကြီးကြီးကျယ်ကျယ်တွေ လျှောက်မတွေးနဲ့၊ အဲဒါ ထိအောင်တောင် သေအောင်လုပ်ရတာ။ အမြတ်ဆိုတာ နောက်မှ။

BEP မထိရင်ရောလို့မေးရင် လုပ်ငန်းအသစ်စလုပ်မယ်ဆိုရင် ငါတော့ ဘယ်လောက် အရှုံးခံပြီးလုပ်မလဲဆိုတာ အရင် ဆုံးဖြတ်ရတယ်။ ဟင် ... မင်းဟာကလဲ အရှုံးနဲ့ စတာပါလားလို့တော့မတွေးနဲ့ လုပ်ငန်းသစ်အများစုဟာ ရှုံးတာချည်းပဲ။ ပထမလနဲ့ BEP ထိတယ်ဆိုရင် ကွေးနေအောင်ကတော့ပဲ။

ဥပမာ - မဂ္ဂဇင်းတစ်ခု အသစ်ထောင်မယ်ဆိုရင် အရှုံး ၂ နှစ်တဲ့။ ၂ နှစ်လုံးလုံး အဲဒီ ငွေတွေ အဆုံးခံနိုင်မှ မဂ္ဂဇင်း အသစ်လုပ်ဖို့ စဉ်းစားတဲ့။
သူများတွေ ဘယ်လောက်ရောင်းနေရာတာ ဘယ်လောက်မြတ်နေတာ လာမပြောနဲ့ အဲဒါတွေပဲကြည့်ပြီး ၀င်လုပ်ရင် သေချာပေါက် စိတ်ဓာတ်ကျပြီး ဖြုတ်လိုက်ရမယ်။

အဲဒီလိုပဲ၊ လုပ်ငန်းတိုင်းဟာ အနည်းဆုံးတော့ အရှုံး ၁ နှစ်တော့ မှန်းထားရတယ်။ ဘယ်လောက်ပဲ မရောင်းရသည်ဖြစ်စေ၊ ဘယ်လောက်ပဲ ငုတ်တုတ်ထိုင်နေရသည်ဖြစ်စေ တစ်နှစ်တော့ အောင့်အီးသည်းခံပြီး ကြိုးစားဖို့လိုတယ် (ထိုင်နေလို့တော့ မရဘူးပေါ့လေ၊ အကြံဥာဏ်တွေထုတ်ပြီးတိုးတက်အောင်တော့လုပ်ရမှာပေါ့)

ဘာလို့လဲဆိုတော့ တစ်ချို့လုပ်ငန်းတွေဟာ ရာသီချိန်ရှိတယ်။ ဥပမာ - ရေသန့်ဆိုရင် မတ် ဧပြီ မေ -- ၃ လရဲ့ရောင်းအားဟာ ကျန်တဲ့ ၉လပေါင်းရောင်းအားထက် ဆများစွာ သာတယ်။ ဒီတော့ ကိုယ်က မသိဘဲနဲ့ မေလကုန်မှ ဒီအလုပ်စလုပ်မိတယ်ဆိုရင် ၆ လလောက်နဲ့ စိတ်ဓာတ်တွေကျပြီး ဆက်မလုပ်မိဘူးဆို တကယ့် အချိန်ကောင်းရောက်တဲ့ဟာကို မသိလိုက်ဘူးဖြစ်သွားတယ်။

ဒီတော့ တစ်နှစ်အတွင်းမှာ BEP မထိရင် စိတ်ဓာတ်မကျပါနဲ့ ကျားကုတ်ကျားခဲ ဆက်လုပ်ပါ။ ၁ နှစ်ပြည့်လို့မှ BEP မထိရင်တော့ ဘယ်လို ပြောင်းလဲမှုတွေလုပ်သင့်လဲဆိုတော စဉ်းစားသင့်ပါပြီ။ နောက်ဆုတ်ဖို့ပြောတာမဟုတ်ပါဘူး။

လုပ်ငန်းအများစုဟာ ဖြုတ်လိုက်တာမဟုတ်ဘဲ ပြုပြင်ပြောင်းလဲလို့ရပါတယ်။ အချိုရည်ရောင်းတာမကိုက်ရင် ရေသန့်၊ ရေသန့် မကိုက်ရင် မုန့် စသည်ဖြင့် တိုးသွားလျော့သွား၊ နည်းနည်းရွှေ့သွားတာမျိုးကို ပြောတာပါ။ ဒီလိုလုပ်ရင်း အဆင်ပြေသွားတဲ့သူတွေ မနည်းပါ

လုပ်ငန်းအများစုဟာ ကိုယ်သာ တကယ် သေချာလုပ်မယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ဆင့်ပွားသက်ရောက်မှုတွေရှိပါတယ်။ ဒါကြောင့် အောင်မြင်ချင်တယ်ဆိုရင်တော့ အလုပ်တစ်ခုကို ရေရှည်လုပ်ဖို့လိုပါတယ်။ ဒီအကြောင်းတွေကို နောက်မှာ ၂ ၃ ၄ အနေနဲ့ အကျယ်ထဲမှာရေးအုံးမှာပါ။

အခုတော့ အရေးအကြီးဆုံးဖြစ်တဲ့ BEP အကြောင်း ၁ အနေနဲ့ အကြမ်းပြောပြီးပါပြီ။ ၂ အနေနဲ့တော့ အမြတ် ရာခိုင်နှုန်းအကြောင်းဆက်ရေးပါမယ်။

(သိသလောက်မျှဝေခြင်းဖြစ်လို့ အသုံးအနှုန်းတွေ မှန်တာမှားတာတွေရှိရင်လဲ ထောက်ပြကြပါ)

post မှ ကူးယူဖော်ပြထားခြင်းဖြစ်ပါသည်။

Address

Yuzana Garden City
Yangon
11231

Alerts

Be the first to know and let us send you an email when NweNi Garment Manufacturing Services နွယ်နီ အိမ်တွင်းမှု့ အထည်ချုပ်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to NweNi Garment Manufacturing Services နွယ်နီ အိမ်တွင်းမှု့ အထည်ချုပ်လုပ်ငန်း:

Shortcuts

Share