Present for u

  • Home
  • Present for u

Present for u Hand embroidery & eco print clothing

💵 စင်္ကာပူထီ (Sweep) အကြောင်း💵တစ်လတစ်ခါ ထီထွက်ပါတယ်  ထီထွက်ရက်မှာ လစဉ် ပထမဆုံးအပတ်ရဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၆:၃၀(စင်ကာပူအချိန်...
30/11/2025

💵 စင်္ကာပူထီ (Sweep) အကြောင်း💵

တစ်လတစ်ခါ ထီထွက်ပါတယ်
ထီထွက်ရက်မှာ လစဉ် ပထမဆုံးအပတ်ရဲ့ ဗုဒ္ဓဟူးနေ့ ညနေ ၆:၃၀(စင်ကာပူအချိန်) ထီထွက်ပါတယ်ရှင့်

ထိပ်စီးမှာ ၁ မှ ၄ ထိသာရှိပါတယ်ရှင့်
မြန်မာထီလို အက္ခရာ မပါပါဘူး
စုစုပေါင်း ဂဏန်း (7 )လုံးသာ ပါပါတယ်

စုစုပေါင်း ပေါက်မဲ ၁၃၃ မဲ နှင့် နောက်ဆုံး ဂဏန်း ၂ လုံးတူ ပေါက်မဲ ၉ မဲ ထွက်ပါတယ်

ပေါက်မဲ ၁၃၃ မဲရဲ့ ဆုကြေးများကတော့

ဂဏန်း ၇ လုံးစလုံးတူလျှင်
ပထမဆု - စင်္ကာပူဒေါ်လာ ၂၃ သိန်း
ဒုတိယဆု - စင်္ကာပူဒေါ်လာ ၅ သိန်း
တတိယဆု - စင်္ကာပူဒေါ်လာ ၂သိန်းခွဲ

အခြားဆုမဲများကတော့
စင်္ကာပူ - ဒေါ်လာ တစ်သောင်းဆု
စင်္ကာပူ - ဒေါ်လာ ငါးထောင်ဆု
စင်္ကာပူဒေါ်လာ - သုံးထောင်ဆု
စင်္ကာပူဒေါ်လာ - နှစ်ထောင်ဆု
စင်္ကာပူဒေါ်လာ - တစ်ထောင်ဆု
နှင့် နောက်ဆုံး ဂဏန်း ၂ လုံးတူလျှင် ဒေါ်လာ ခြောက်ကျပ်တို့ ရရှိပါမည်။

3.12.2025 ရက်နေ့ထွက်မည့် Singapore Sweep ထီ ကံစမ်းချင်တဲ့ သဲလေးတို့ မှာယူလို့ရပါပီရှင့်

တစ်လတစ်ကြိမ်​တော့ တစ်​စောင်​လောက် ကံစမ်းသင့်တဲ့ sweep ထီ​လေးပါ​နော် 🤑🤑🤑

တစ်စောင် မြန်မာငွေ - 12,000 ks

💵 တစ်လမှ တစ်ကြိမ်ပဲ ကံစမ်းခွင့်ရှိသလို ဆုကြေးကလည်း ( 2.3 millions )မြန်မာ​ငွေ သိန်း 70,000​ကျော် နော် 🤩🤩🤩

📌ရောင်းသမျှထီတိုက်​ပေးပါတယ်ရှင့်📌

နှင်းဆီခြုံပဝါသဘာဝဆိုးဆေးခြုံပုဝါလေးမို့ သဘာဝကိုမှချစ်မြတ်နိုးသူတွေ လက်မလွှတ်တမ်း ဝယ်ယူသင့်ပါတယ်နှင်းဆီဆိုတာ တော်ဝင်ပန်း...
27/11/2022

နှင်းဆီခြုံပဝါ

သဘာဝဆိုးဆေးခြုံပုဝါလေးမို့ သဘာဝကိုမှချစ်မြတ်နိုးသူတွေ လက်မလွှတ်တမ်း ဝယ်ယူသင့်ပါတယ်

နှင်းဆီဆိုတာ တော်ဝင်ပန်းတစ်မျိုး မဟုတ်လား?
လှပသော ဂုဏ်ကျက်သရေနှင့်ပြည့်စုံသော အမျိုးသမီးလေးတိုင်းမှာ ဘုရားသွားကျောင်းတက် အသုံးပြုနိုင်ဖို့ရာ ခြုံပုဝါအလှလေးတစ်ထည်တော့ ဆောင်ထားသင့်ပါတယ်နော် 💞💞

တန်ဖိုးငွေ 25000ကျပ်ပါရှင်

တစ်ထည်ထဲသော instock ပုဝါလေးမို့ မြန်မြန်လေးသာ လာဦးထားလိုက်တော့နော်



❤နှင်းဆီ❤ပင်စည်က အစိမ်းရောင်မျက်တောင်မှာ အလွှာဖူး။သူ့မာယာ ဒီအဆူးကြောင့်ရစ်မူးစွာ သူ့အပြုံးမှာရုန်းမရဘူး။  အောင်သူရ(မကွေး...
17/11/2022

❤နှင်းဆီ❤

ပင်စည်က အစိမ်းရောင်
မျက်တောင်မှာ အလွှာဖူး။

သူ့မာယာ ဒီအဆူးကြောင့်
ရစ်မူးစွာ သူ့အပြုံးမှာ
ရုန်းမရဘူး။

အောင်သူရ(မကွေး)


  💜💜💜ဘုရားသွားကျောင်းတက် ခြုံသွားလို့လဲရဆောင်းတွင်းရဲ့အအေးဓာတ်ကို အံတုဖို့ပဲဖြစ်ဖြစ်lavender ပန်းလေးတွေ မြိုင်ဆိုင်နေအော...
14/11/2022

💜💜💜

ဘုရားသွားကျောင်းတက် ခြုံသွားလို့လဲရ
ဆောင်းတွင်းရဲ့အအေးဓာတ်ကို အံတုဖို့ပဲဖြစ်ဖြစ်
lavender ပန်းလေးတွေ မြိုင်ဆိုင်နေအောင် ထိုးပေးထားတဲ့ ခြုံပုဝါလှလှလေးကို သတိရပါရှင်💜🦋

တန်ဖိုး 22000ကျပ်



ပန်းကလေးရေ ... စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ ကြယ်စုံညရဲ့ဘူးစင်လေးတစ်စင်အောက်မှာ အချစ်နဲ့ကမ္ဘ...
27/10/2022

ပန်းကလေးရေ ...
စောင့်ဆိုင်းမှုတွေ ကြန့်ကြာလွန်း
ဆန္ဒတွေ အိပ်မက်ထဲပွင့်ကြ
ကြယ်စုံညရဲ့ဘူးစင်လေးတစ်စင်အောက်မှာ
အချစ်နဲ့ကမ္ဘာ
အိုအောင်မင်းအောင်မွှေးလို့။
ပန်းကလေးရေ ...
ခြေချော် လက်ချော် အလွမ်းလေးတောင်
မင်းမရသင့်ဘူးလား ၊

ရှေးရေစက်တွေ
ချော့ကလက်ထဲထည့်ပြီး
မင်းအတွက် လက်ဆောင်ပေးချင်တယ် ၊
ကွယ်တို့ရယ် .... မွှေးရုံ လှရုံနဲ့
ပန်းတစ်ပွင့်ရဲ့ ဝတ္တရား ကုန်မတဲ့လား

ပန်းကလေးရေ ...
လမ်းထိပ် မုန့်ဟင်းခါးဆိုင်ကလေး ကနေ
နိဗ္ဗာန်အထိ မင်းနဲ့အတူ သွားချင်တယ် ..။

#မောင်သိန်းဇော်
#ပန်းကလေး

ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်.....🤍💛မင်မင်တို့ Pageရဲ့ popularအဖြစ်ဆုံး ခြုံပု၀ါလေးပါ🥰သဘာဝဆေးဆိုး အညာချည်ပုဝါလေးပေါ်မှ...
29/04/2022

ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်.....🤍💛

မင်မင်တို့ Pageရဲ့ popularအဖြစ်ဆုံး ခြုံပု၀ါလေးပါ🥰
သဘာဝဆေးဆိုး အညာချည်ပုဝါလေးပေါ်မှာ စကားပန်းလေးတွေ လှပသေသပ်စွာ ထိုးပေးထားပါတယ်ရှင်

အခုမင်မင်က မကွေးမြို့မှာ သင်တန်းတက်ရင်း ရောက်ရှိနေတာဖြစ်တဲ့အတွက် မကွေးမြို့က မင့်ကာကာတွေက Deli fee လုံးဝမကုန်ဘဲ ဝယ်ယူရရှိနိုင်မှာပါနော်😍😘




သင်္ကြန်အငွေ့အသက်လေးတွေနဲ့အတူ ဖန်တီးဖြစ်ခဲ့သော `` ပိတောက်ခက်လေးများ ´´💛💛💛ဒါလေးက မင်မင်တို့ပုံမှန်ထိုးနေကြ ခြံပု၀ါဆိုဒ်လေ...
07/04/2022

သင်္ကြန်အငွေ့အသက်လေးတွေနဲ့အတူ ဖန်တီးဖြစ်ခဲ့သော

`` ပိတောက်ခက်လေးများ ´´💛💛💛

ဒါလေးက မင်မင်တို့ပုံမှန်ထိုးနေကြ ခြံပု၀ါဆိုဒ်လေးထက် နည်းနည်းပိုကြီးပါတယ်
အလျား ၇၀ အနံ ၂၈လက်မ ရှိပြီး ခြုံလို့ကောင်းတဲ့ ပု၀ါဆိုဒ်လေးပါနော် 😘

🌟တန်ဖိုးကတော့ ၂၂၀၀၀ကျပ်ပါရှင်🌟


Hello! သဲလေးတို့ရေ 🍓🦋မင်မင်ပျောက်နေတာ ကြာသွားပြန်ပြီကွယ်အခုတော့ အခြေအနေလေးတွေ နဲနဲပြန်ကောင်းလာပြီဖြစ်လို့ Order လေးတွေ အ...
28/03/2022

Hello! သဲလေးတို့ရေ 🍓🦋

မင်မင်ပျောက်နေတာ ကြာသွားပြန်ပြီကွယ်
အခုတော့ အခြေအနေလေးတွေ နဲနဲပြန်ကောင်းလာပြီဖြစ်လို့ Order လေးတွေ အရင်အတိုင်း ပြန်လက်ခံပါတော့မယ်ရှင် 🥰

မင်မင်တို့ အခက်အခဲဖြစ်နေချိန်မှာ ကူညီပြီး ဝယ်ယူအားပေးကြတဲ့ ချစ်ရတဲ့အမတွေအားလုံး ကျန်းမာချမ်းသာပြီး စီးပွားရေးတွေ ဒီရေအလားတိုးတက်ကြပါစေရှင့် 🙏🙏
ကျေးဇူးတင်ပါတယ်💞


💫customer order💫တန်ဖိုးထား ၀ယ်ယူအားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်😍❤️price for 1 - 2500        for 3 - 7000Bu...
08/03/2022

💫customer order💫

တန်ဖိုးထား ၀ယ်ယူအားပေးကြသူများ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်😍❤️

price for 1 - 2500
for 3 - 7000
Buy 4 get 1 ( ၄ခု၀ယ် ၁ခုလက်ဆောင်ပါရှင်)

အကြိုက်ဆုံးတစ်ခုကို မန့်ခဲ့ပေးနော် မနက်ဖြန်ည ၇နာရီမှာ ကံထူးသူကို လက်ဆောင်ပေးမယ်ရှင် 🥰


မင်မင်တို့ရဲ့ အညာဓလေ့ ဒီနေ့ ဒီရက်ဆို အညာမှာ ကိုကြီးကျော်အပါအ၀င် ရိုးရာနတ်များကို မုန့်ပဲသားရေစာများဖြင့် ပူဇော်ပသလေ့ရှိပ...
04/03/2022

မင်မင်တို့ရဲ့ အညာဓလေ့

ဒီနေ့ ဒီရက်ဆို အညာမှာ ကိုကြီးကျော်အပါအ၀င် ရိုးရာနတ်များကို မုန့်ပဲသားရေစာများဖြင့် ပူဇော်ပသလေ့ရှိပါတယ်

မင်မင်တို့အိမ်မှာလည်း အခါမုန့်တွေအများကြီးကြော်ထားတယ်နော် လာစားကြပါအုံး ဟီး😝😝

မင်မင်တို့ဒေသရဲ့ ရာဇ၀င်လေး ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်🥰ကူနီနန်းနှင့် ပခန်းကိုကြီးကျော် ၏ သမိုင်းရာဇဝင်===========...
04/03/2022

မင်မင်တို့ဒေသရဲ့ ရာဇ၀င်လေး ဗဟုသုတအလို့ငှာ ဖော်ပြပေးလိုက်ပါတယ်🥰

ကူနီနန်းနှင့် ပခန်းကိုကြီးကျော် ၏ သမိုင်းရာဇဝင်
=============================
ကူနီနန်းနှင့်ပခန်းမြေတပေါင်းလ ရောက်သော် အညာဒေသ မြင်းခြံ ပခုက္ကူ နှင့် ရေစကြို နယ်တို့တွင် လှုတ်လှုတ်ရွရွကူနီနတ်နန်း နှင့် ပခန်းကိုကြီးကျော် နတ်ပွဲသို့ လောကီးအကျိုး စီးပွား လိုလားတောင်းတသူများ နှင့်မူးချင် ရူးချင် ပျော်ချင် ပါးချင် သူတို့ တပျော်တပါး သွားကြ၏။

ယင်းပွဲမှာ မိရိုးဖလာ ကိုးကွယ်ယုံကြည်မှုနှင့် အညာဒေသ ပွဲတော် တစ်ခု၏ အလှတရားတို့ပေါင်းဆက် တည်ရှိရာ ရိုးရာနတ်ပွဲး လည်းဖြစ်သည်။

သို့သော် ထိုနတ်ပွဲအကြောင်း ဂဃနဏ သိသူ လေ့လာသူမှာ ရှား၏။
ပုဂံခေတ် သက္ကရာဇ် ၉၆ တွင် သိင်္ဃမင်း အနိစ္စရောက်လျှင် သားတော်ကြီး သိန်းခွန်မင်း နန်းတက်၏။
ပုဂံမင်းဆက် ၅၅ဆက်တွင် သိန်းခွန်မင်းသည် ၂၇ ဆက်မြောက်ဖြစ်သည်။ အေဒီ ၇၃၄ မှ ၇၄၄ အထိနန်းစံခဲ့သည်။

အနော်ရထာ မတိုင်မှီ အနှစ် ၃၀၀တိတိတွင် အနိစ္စ ရောက်၏။ ထိုမင်းတွင် ရွှေကိုင်း (မြောက်နန်း) နှင့်
ရွှေလောင်း (တောင်နန်း) မိဖုရား နှစ်ပါးရှိလေသည်။ရွှေလောင်း မိဖုရားမှာ ရွှေလောင်းမြို့စား မင်းမျိုးမင်းနွယ် ဖြစ်၏။ ရွှေကိုင်း မှာ မြင်းခြံမြို့အနီး သဲဖြူဝရွာ အနီးမှ ရွှေကိုင်းရွာသူ ဖြစ်၏။

ရွှေကိုင်းမိဖုရား မှ ဖွားမြင်သူသောစည်သူ နှင့် ကျော်စွာ ညီနောင်ဟာအသက်ကြီးသူများ ဖြစ်၏။ ရွှေလောင်းမိဖုရားမှ ဖွားမြင်သော ရွှေလောင်းမင်းသားမှာ အသက်ငယ်သူ ဖြစ်သည်။မင်းကြီးသည် ညီနောင် ၃ပါး ဖြစ်၍ အိမ်ရှေ့ရာထူးနှင့် ထီးနန်းလွှဲအပ်ရန် စဉ်းစားရ ခက်နေသည်။

အစဉ်လာအရ တောင်နန်း၏ သားတော်သာ အိမ်ရှေ့အရာ ပေးရပေမည်။ သို့သော် အသက်မှာ အငယ်ဆုံးဖြစ်၍ ၁၈ နှစ်ပင်မပြည့်။ သားတော်ကြီးများ ပေးလျှင်လည်း အစဉ်အလာ ပယ်ရာကျပေမည်။
မပေးခင် မင်းကြီး သေလျှင်လည်း နန်းလုပွဲ ဖြစ်ကြတော့မည်။ထိုစဉ် တောင်ညိုလယ်မ နှင့် တောင်ငူ အရပ်တွင် ပုန်ကန်မှု ဖြစ်ရာ သားကြီး နှစ်ပါးကို နှိမ်နင်းရန် စစ်ထွက်စေ၏။

မင်းသားကြီး နှစ်ပါး စစ်ထွက်နေစဉ် မင်းကြီး နာမကျန်းဖြစ်ရာ သားတော် အငယ်ဆုံးအားထီနန်း အပ်လေ၏။ တောင်းနန်း၏ သားတော် အိမ်ရှေ့အရာ ပေးသည်မှာ အစဉ်လာဖြစ်၍ မှူးမတ်များလည်း သဘော တူညီကြလေသည်။ သို့သော် ရွှေကိုင်းမိဖုရားမှာ မကျေနပ်။ ဝမ်းနည်း ပူဆွေးကာ သောကမီးတောက်လောင်၍သေလေရာ နတ်စိမ်း ဖြစ်လေတော့၏။

မြင်းခြံမြို့နယ် ကိုင်းရွာတွင် ရွှေကိုင်းမယ်တော်ကြီး နတ်နန်းရှိ၏။ နှစ်စဉ် တပေါင်းလဆန်း ၁၃ ရက်တွင်
သားဖြစ်သူ ပခန်းကိုကြီးကျော် ကူနီနတ်ပွဲသို့ နန်းတက်သည်။ ကျော်စွာမင်းသား၏ ကျုံးတူးမြောင်းကိုမြင်လျှင် စိတ်နာသည်ဟု အဆိုရှိ၏။

ဧရာဝတီကို ဖြတ်ကာ ရွာစဉ်တလျှောက် ရပ်နား၍ လဆန်း ၁၂ရက်တွင် နွယ်နီရွာဝင်၍ညအိပ် ရပ်းနားပြီး နောက်နေ့တွင် ထိုမှ ကျွဲလှည်းစီး၍ ကူနီနန်းသို့ ဝင်လေသည်။ သားကို မကြည့်လို၍ နောက်ပြန် နန်းတက်လေ့ရှိသည်။

ဓားသွေးပြီး ပြန်ဆင်းကာ ယာယီနန်းဖြင့်စံလေ၏။ညီနောင်နှစ်ပါးသည် တောင်ငူအရပ်မှ ပုန်ကန်မှု နှိမ်နင်းအောင်မြင် သဖြင့်ပုဂံသို့ အပြန်ခရီးတွင် ညီတော် ရွှေလောင်းမင်းသားအား အိမ်ရှေ့အရာ ပေးအပ်း၍ မယ်တော်ကြီး ကွယ်လွန်ကြောင်း သိလျှင် ပုဂံသို့ မပြန်တော့ပဲ ဧရာဝတီကို ဖြတ်လျှက် မြောက်သို့ ထွက်ခွါလာ၏။

အရှေ့ဘက် နှင့် မြောက်ဘက်တွင် ချင်းတွင်း တောင်ဘက် တွင် ဧရာဝတီ၊ အနောက်ဘက်တွင် ရှင်မတောင် တောင်မကြီး ဝန်းရံထားသော မြေပြန့် လွင်ပြင်တွင် ရပ်နားကြ၏။

ထိုနေရာသည် ဂေါတမဘုရား အလောင်းတော် ခြင်္သေ့မင်း ကျေးမင်း ဟင်္သာမင်း ဘဝနေခဲ့ဘူးသော အရပ်ဖြစ်ခြင်း ဓနုသီဟမင်း မြို့တည် ခဲ့ဘူးသော နေရာဖြစ်ခြင်းကြောင့် ခံတပ်နှင့် မြို့သစ် တည်ကြလေ၏။

မြစ်ကို ကူးသန်းဖြတ်ကျော် မြို့တည်သောကြောင့် ကူးသန်းမြို့ဟု ခေါ်စေ၏ ယခုအခါ ပခန်းဟုခေါ်ကြ၏မြို့ရိုး ကျုံး တည်ဆောက်ရာ ချင်းတွင်းမြစ်ရေကို တူးမြောင်းဖြင့် သွယ်ယူရန် ဆုံးဖြတ်လေသည်။
စည်သူ မင်းသားသည် မြို့ရိုးနှင့်ကျုံးကို တာဝန်ယူတည်ဆောက်၍ကျော်စွာမင်းသားမှာ တူးမြောင်းကို တာဝန်ယူတည်ဆောက်ရ၏။

ကျော်စွာမှာ တူးမြောင်းကို စိတ်မဝင်စား ဂရုမစိုက်ပဲထန်းရည်သောက် ကြက်တိုက်ဖြင့် အချိန်ကုန်လွန်၏။ မြို့တည်သည်နှင့် တပြိုင်တည်း ကူဖြူ နှင့် ကူနီ ဘုရားများလည်း တည်ထား၏။
ကူဖြူ ဘုရားမှာ တူးမြောင်း အနောက်ဘက်တွင် ရှိ၍ကူနီဘုရားသည် အရှေ့ဘက်တွင် ရှိ၏။

ဧရာဝတီနှင့် ချင်းတွင်းကြား ကျုံးဖြင့် ဆက်သွယ်သော တူးမြောင်းကြီး ရေစတင်လွှတ်သောနေ့
ရေစတင် ကြိုယူသောရွာကိုရေစကြိုဟု သတ်မှတ်၏။

ရေမှာ မြောင်းတွင်းသို့ မစီးဝင် ရေမဆင်း၍ နောင်တော်ကြီး စည်သူမင်းသားမှာ ညီတော်အပေါ် အမျက်ဒေါသ ထွက်လျှက်ထိုအချိန် ရွှေကူနီဘုရားအနီး ကြက်ဝိုင်းတွင် ညီတော် မင်းသား ကျော်စွာမှာ
ထန်းရေကြိုက်လိုက် ကြက်တိုက်လိုက် လုပ်နေ၏။

တူးမြောင်းအတွင်း ရေမဝင်၍ ဒေါသ ထွက်နေသော နောင်တော်သည် ညီတော်ကို ဇွတ်ခေါ်စေ၍ ညောင်ဖြူပင် ခြေရင်းတွင်လက်သုံးတော် ဓားဖြင့် ခုတ်ပိုင် သတ်လေရာကျော်စွာ မှာ ကြက်ကိုပိုက်လျှက် မြင်းမှကျ၍ သေလေ၏။

၎င်း၏ ဇနီး မဘို့မယ်မှလည်း သူ့ကိုပါသတ်ရန် ငိုယိုဆဲဆိုသဖြင့် သူ့ကိုပါ သတ်ရလေတော့သည်။ထိုမှ နတ်စိမ်း ဖြစ်သွားသော ကျော်စွာ နှင့် တပည့်များသည် နောင်တော် စည်သူမင်းသား ကူဖြူဘုရားသို့ ရောက်လျှင် ဝိုင်း၍ သတ်ရာ စည်သူလည်း နတ်ဖြစ်လေ၏။

ဂူဖြူဘုရား အနီး စည်သူ၏ နတ်ကွန်းမှာ မြစ်ရေ တိုက်စားသဖြင့် ယခုမရှိတော့ပေ၊နောင်တွင် စည်သူမင်းသား၏ နတ်နန်းမှာ ၃ မိုင်မျှဝေးသော နေရင်းရွာတွင် ရှိပြီး တပေါင်းလဆန်း ၁၂ရက်နေ့တွင် ညီတော့် နန်းသို့ တက်၏။

ကိုကြီးကျော်နန်း အရှေ့ဘက်တွင် ယာယီနန်းထိုးကာ နန်းပေါ်သို့ နောက်ပြန်တက်ပြီးဓားသွေးကာ ပြန်ဆင်းလေရှိသည်။ညီနောင် နှစ်ပါးသည် အဖေတူ အမေတူ တစ်အူတည်းဆင်း ညီအကိုရင်း ဖြစ်လျှက်
တစ်ယောက်နှင့်တစ်ယောက် ရက်စက်စွာသတ်ဖြတ်ကြ၍ နတ်စိမ်းများ ဖြစ်သွားကြသည်။
ဗုဒ္ဓ ဟောသော ၃၁ ဘုံတွင် ဗြဟ္မာပြည် ၂၀ နှင့် နတ်ပြည် ၆ ထပ်သည် နတ်စိမ်းတို့ နေရာ ဌာနမဟုတ်၊
ရဲပြည်မှာလည်း သီးခြား ဖြစ်တည်၏။

လူ တိရိစ္ဆာန် (မြင်ရသော သတ္တဝါ) ဗြိတ္တာ အသူရကာယ် (မမြင်နိုင်သော သတ္တဝါ) တို့မှာ ရောနှော တည်ရှိ၏။ အတူ နေထိုင်သော ဘုံဌာနဖြစ်၍ ကိုးကွယ်သည် ဖြစ်စေ ကူညီသည်ဖြစ်စေ မေတ္တာကို အခြေခံ ဆက်နွယ်သဖြင့် ကောင်းသော အမှုဖြစ်ပေသည်။

ထေရဝါဒ ဗုဒ္ဓဘာသာတွင်" သရဏဂုံ သုံးပါး " သာ ယုံကြည်အားထား ကိုးကွယ်ရာ ဖြစ်၍
နတ်စိမ်းတို့အား ကိုးကွယ်ယုံကြည်ခြင်းထက် မေတ္တာပို့ အမျှဝေခြင်းက ပိုမိုသင့်မြတ်ပေသည်။

တိုင်းပြည် စည်ကားကြောင်း ခုနှစ်ပါးတွင် "နတ်ဌာန် အရပ်ကိုလည်း ပို့သမြဲ ပို့သရာ၏" ဟု
တစ်ခုပါရှိလေသည်။မြန်မာတို့သည် "ရှေးထုံးလည်းမပယ်နှင့် စျေးသုံးလည်းမလွယ်နှင့်" ဟု ရှေလူကြီးတို့ ဆိုရိုးစကား ရှိလေရာ မိမိစိတ်ဆန္ဒသာ အဓိက ဖြစ်ပါကြောင်း...။

(မှတ်) သမိုင်းဆိုတာတွေဟာချဲ့ကားပြီး ရေးသားထားတာတွေ ရှိသလိုဖျောက်ကွယ်ပြီး ရေးသားထားတာတွေလည်း ရှိတတ်ပါတယ်၊ယုံကြည်ပါ ကိုးကွယ်ပါလို့ မတိုက်တွန်းပါကိုယ့်မြို့ ကိုယ့်နယ်အတွင်းမှ သမိုင်းရာဇဝင်များသိရှိစေရန်အတွက်သာ ကူနီနန်း နှင့် ပခန်းမြေစာအုပ်မှ ကူးယူဖော်ပြပေးရခြင်းဖြစ်ပါသည်။
Ashin. Visuta.(yso)
Credit.

02/03/2022

💕

Address


Telephone

+95251742571

Website

Alerts

Be the first to know and let us send you an email when Present for u posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Present for u:

  • Want your business to be the top-listed Clothing Store?

Share