Fujidiary

Travel diary✈️,family planning👨‍👩‍👦,Sharing one story at a time.Follow for slow living&reading inspiration.joine me at https://www.youtube.com/ and https://t.me/hellofujidiary.

29/08/2026

🤰🏻 “ကိုယ်ဝန်ဆောင်ရင် Ultrasound ခဏခဏရိုက်တာ ကလေးကို ထိခိုက်နိုင်လား?” 👶🏻💗
မွေးခါနီးမေမေတွေ CB မှာ အမေးများတဲ့မေးခွန်းလေးမို့ Fuji ကိုယ်တိုင်ကြုံခဲ့ရတာလေးနဲ့အတူ ပြောပြပေးမယ်နော်။
Fuji ကတော့ ကိုယ်ဝန်တစ်လျှောက် Ultrasound အများဆုံးရိုက်ခဲ့တဲ့ မေမေတွေထဲမှာ ပါမယ်ထင်တယ် 😂
ပုံမှန်အားဖြင့် တစ်ပတ်တစ်ခါလောက် ရိုက်ရတဲ့အပြင် တစ်ခါတလေ တစ်ပတ်တည်းမှာ ၂ ကြိမ် ရိုက်ခဲ့ရတာတောင်ရှိပါတယ်။
လနုတုန်းကလည်း သွေးခဏခဏဆင်းတဲ့အခြေအနေ ရှိလို့ Ultrasound စစ်ရသလို၊ လိုအပ်တဲ့အချိန်မှာ Vaginal Ultrasound (အတွင်းပိုင်း Scan) ပါ လုပ်ခဲ့ရပါတယ်။
ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာတော့ အချင်းအနေအထား၊ ရေမွှာရေ၊ ကလေးကြီးထွားမှုနဲ့ အလေးချိန် တွေကို အနီးကပ်စောင့်ကြည့်ဖို့လိုတာကြောင့် Ultrasound ကို ပုံမှန်ထက် ပိုမိုမကြာခဏ ရိုက်ခဲ့ရပါတယ်။
အထူးသဖြင့် Fuji မှာ ရေမွှာရေနည်းတာ၊ ကလေး Weight နည်းတာ ရှိလို့ OG က Close Monitor လုပ်ပြီး တစ်ပတ်တစ်ခါလောက် စစ်ဆေးပေးခဲ့တာပါ။

ဒါဆို...
❓ Ultrasound ခဏခဏရိုက်ရင် ကလေးကို ထိခိုက်နိုင်လား?
အခုလက်ရှိ ဆေးဘက်ဆိုင်ရာအချက်အလက်တွေအရ ဆေးဘက်ဆိုင်ရာလိုအပ်ချက်အရ ကျွမ်းကျင်တဲ့သူက Ultrasound ကို မှန်ကန်တဲ့နည်းလမ်းနဲ့ အသုံးပြုတာဟာ ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးအတွက် အန္တရာယ်ရှိတယ်လို့ သက်သေပြထားခြင်း မရှိပါဘူး။
Ultrasound က X-ray လို Radiation သုံးတာမဟုတ်ဘဲ Sound Waves (အသံလှိုင်း) ကို အသုံးပြုပြီး ကလေးရဲ့ပုံရိပ်ကို ကြည့်တာပါ။ဒါကြောင့် မေမေတွေက “ခဏခဏရိုက်ရင် ကလေးထိခိုက်မှာလား?” ဆိုပြီး အရမ်းမကြောက်ဖို့လိုပါတယ်။ 🤍

💗 Ultrasound ရိုက်ရတာက ကလေးကို စောင့်ကြည့်ဖို့ အများကြီးအထောက်အကူဖြစ်ပါတယ်
Ultrasound နဲ့—
👶🏻 ကလေးကြီးထွားမှု
⚖️ ခန့်မှန်း Weight
💧 ရေမွှာရေပမာဏ
🫀 ကလေးနှလုံးခုန်နှုန်း/အခြေအနေ
🩸 လိုအပ်ရင် သွေးစီးဆင်းမှု (Doppler)
📍 အချင်းအနေအထား
👶🏻 ကလေးအနေအထား
စတာတွေကို စောင့်ကြည့်နိုင်ပါတယ်။
Fuji ကိုယ်ဝန်နောက်ပိုင်းမှာလည်း ရေမွှာရေက တစ်ပတ်နဲ့တစ်ပတ် တက်လိုက်ကျလိုက်ဖြစ်ပြီး ကလေး Weight လည်း စောင့်ကြည့်ဖို့လိုတာကြောင့် Ultrasound ကို ခဏခဏရိုက်ခဲ့ရတာပါ။
အဲဒီလိုအချိန်မှာ “Ultrasoundအရိုက် များလို့ ကလေးထိခိုက်မလား” ဆိုတာထက် OG က ဘာကြောင့် အနီးကပ်စောင့်ကြည့်နေတာလဲဆိုတာကို နားလည်ထားဖို့ ပိုအရေးကြီးပါတယ်။

⚠️ ဒါပေမယ့် လိုအပ်ချက်မရှိဘဲ ကိုယ့်သဘောနဲ့ Ultrasound ကို အကြိမ်များစွာ သွားရိုက်တာမျိုးတော့ မလိုအပ်ပါဘူး။ ဆေးဘက်ဆိုင်ရာလိုအပ်ချက်ရှိတဲ့အခါ OG/ဆရာဝန်က အကြိမ်ရေကို သတ်မှတ်ပေးတာကို လိုက်နာတာအကောင်းဆုံးပါ။
ပြီးတော့ 4D/5D Ultrasound ကလည်း အများအားဖြင့် ကလေးမျက်နှာလေးကြည့်ဖို့၊ ပုံရိပ်ပိုရှင်းအောင် ကြည့်ဖို့ အသုံးပြုတာဖြစ်ပြီး ဆေးဘက်ဆိုင်ရာစောင့်ကြည့်မှုလိုအပ်ချက်ရှိရင် OG ရဲ့အကြံပြုချက်ကို ဦးစားပေးပါနော်။
Fuji ကိုယ်တိုင်ဆို တစ်ပတ်တစ်ခါ၊ တစ်ခါတလေ တစ်ပတ်ထဲ ၂ ကြိမ် လောက်အထိ Ultrasound ရိုက်ခဲ့ပေမယ့် အဲဒါတွေက ကိုယ်ဝန်အခြေအနေကို စောင့်ကြည့်ဖို့ OG က လိုအပ်လို့ ရိုက်ခဲ့တာတွေ ဖြစ်ပါတယ်။ 🤍
ဒါကြောင့် မေမေတို့ Ultrasound ခဏခဏရိုက်နေရလို့ စိတ်ပူနေရင် ကိုယ့် OG ကို “ဒီ Scan က ဘာကိုစစ်ဖို့လဲ?” လို့ မေးကြည့်ပါနော်။ အကြောင်းရင်းကို သိထားရင် မေမေလည်း စိတ်အေးရပါတယ်။ 🥰

“Ultrasound ခဏခဏရိုက်ရင် ကလေးထိခိုက်မလား?” ဆိုတဲ့ မေးခွန်းလေးကို မေမေတော်တော်များများ စိတ်ပူကြလို့ပါ။ 💗

27/08/2026

👶🏻💗 ကလေး ၃ လကျော်လာရင် “အရုပ်လေး” မဟုတ်တော့ဘူးနော်… မေမေ့ကို သိလာတဲ့အရွယ် ရောက်လာပြီ 🥹

ကလေးမွေးပြီး ပထမ ၃ လလောက်ကတော့
နို့သောက်လိုက် 🍼 အိပ်လိုက် 😴 ငိုလိုက် 😭 Diaper လဲလိုက်နဲ့ပဲ တစ်နေ့တာကုန်သွားသလို ခံစားရတတ်ပါတယ် 😂

ဒါပေမယ့် ၃ လကျော်လာတာနဲ့ ကလေးလေးရဲ့ အပြုအမူတွေက သိသိသာသာ ပြောင်းလာပါတယ် 🥹💕

အရင်က မေမေ့မျက်နှာကို ကြည့်နေပေမယ့် ဘာမှမပြောတတ်သေးတဲ့ ကလေးလေးက…

🥹 မေမေ့ကိုမြင်ရင် ပြုံးပြလာတယ်
😂 မေမေက စကားပြောရင် အသံလေးတွေနဲ့ ပြန်တုံ့ပြန်လာတယ်
👀 အသံကြားတဲ့ဘက်ကို ခေါင်းလှည့်ပြီး ကြည့်တတ်လာတယ်
🔎 ပတ်ဝန်းကျင်က အရာတွေကို စူးစမ်းချင်လာတယ်
🌈 အရောင်စုံအရာလေးတွေကို အရင်ကထက် ပိုစိတ်ဝင်စားလာတယ်
👩🏻‍🍼 မေမေ၊ ဖေဖေတို့ရဲ့မျက်နှာကို ပိုရင်းနှီးလာတယ်
🗣️ စကားပြောရင် အသံလေးတွေနဲ့ ပြန်ပြောသလို လုပ်လာတတ်တယ်

တစ်ခါတလေ မေမေ့ကိုကြည့်ပြီး ပြုံးပြလိုက်၊ အသံလေးထွက်လိုက်နဲ့ မေမေ့နှလုံးသားကို အရည်ပျော်အောင်လုပ်တတ်လာပြီ 🥹💗

အဲဒီအချိန်ကျရင် မေမေတို့လည်း
“ဟယ်… ငါ့ကလေးက ငါ့ကိုသိနေပြီလား?” ဆိုပြီး အံ့ဩမိကြမှာပါ 😂💕

တကယ်တော့ ဒီအရွယ်က ကလေးလေးတွေဟာ ပတ်ဝန်းကျင်က လူတွေရဲ့ အသံ၊ မျက်နှာနဲ့ အပြုအမူတွေကို ပိုပြီး သတိထားလာတဲ့အချိန် ဖြစ်ပါတယ်။

ဒါကြောင့် ဒီအချိန်ကစပြီး မေမေတို့ကလည်း ကလေးနဲ့အတူတူ လုပ်ပေးလို့ရတဲ့အရာလေးတွေ အများကြီးရှိပါတယ်👇🏻

💗 ကလေးမျက်နှာကိုကြည့်ပြီး စကားများများပြောပေးပါ
💗 ကလေးပြုံးရင် ပြန်ပြုံးပြပေးပါ
💗 အသံလေးထွက်ရင် ပြန်ပြောပေးပါ
💗 အရောင်စုံ အရုပ်လေးတွေပြပြီး စူးစမ်းခိုင်းပါ
💗 ကလေးစိတ်ဝင်စားတဲ့အရာကို အချိန်ပေးပြီး ကြည့်ခိုင်းပါ

📚 ဒီအရွယ်မှာ စာဖတ်တဲ့အလေ့အကျင့်ကောင်းလေးကိုလည်း စတင်ပျိုးပေးလို့ရပါပြီနော်။

စာဖတ်တတ်ဖို့အတွက် မဟုတ်သေးဘဲ စာအုပ်ကိုကြည့်တဲ့အကျင့်၊ မေမေ့အသံနားထောင်တဲ့အကျင့် လေး စပျိုးပေးတာပါ 🥰

ကလေးစိတ်ဝင်စားမယ့် အရောင်စုံ၊ ပုံလေးတွေပါတဲ့ Baby Book လေးတွေကို မေမေက ကလေးနဲ့အတူတူ ထိုင်ကြည့်ပေးပါ။
ပုံလေးတွေကို လက်ညှိုးထိုးပြပြီး “ဒါက ကြောင်လေး… ဒါက ဘောလုံးလေး…” ဆိုပြီး ပြောပြပေးလို့လည်းရပါတယ် 📖🌈

🧸 Rattle / Teether လေးတွေလည်း ဒီအရွယ်မှာ အသုံးဝင်ပါတယ်။

အသံအရမ်းမကျယ်ဘဲ ကလေးကိုင်တွယ်ရလွယ်တဲ့၊ ပါးစပ်ထဲထည့်ကိုက်တတ်တဲ့အရွယ်အတွက် Baby-safe Silicone နဲ့လုပ်ထားတဲ့ Rattle/Teether လေးတွေ ရွေးပေးလို့ရပါတယ်။

💪🏻 Play Gym လိုမျိုး ကစားရင်း လှုပ်ရှားရတဲ့ကစားစရာလေးတွေ လည်း ကောင်းပါတယ်။
အပေါ်ကအရုပ်လေးတွေကို လိုက်ကြည့်တာ၊ လက်နဲ့လှမ်းတာ၊ ခြေထောက်လေးတွေနဲ့ ကန်တာမျိုးလုပ်ရင်း မျက်စိ၊ လက်၊ ခြေထောက်နဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုတွေကို တစ်ပြိုင်တည်း အသုံးပြုလာနိုင်ပါတယ်။

အများကြီးဝယ်ပေးဖို့တော့ မလိုပါဘူးနော် ❤️

📚 Baby Book လေးတစ်အုပ်
🧸 Rattle/Teether လေးတစ်ခု
🌈 Play Gym လေးတစ်ခု

ဒီလောက်နဲ့တင် ကစားရင်း စူးစမ်း၊ ကြည့်ရင်း လေ့လာ နိုင်တဲ့အချိန်လေးတွေ ဖန်တီးပေးလို့ရပါပြီ 🥰

Fuji သားသားလည်း ၃ လကျော်လာတာနဲ့ အရင်ကထက် သိသိသာသာ “လူကြီးလေး” ဖြစ်လာသလို ခံစားရတယ် 😂💕

အရင်က မေမေက လိုက်လုပ်ပေးရတဲ့ကလေးလေးက အခုဆိုမေမေ့ကိုကြည့်ပြီး ပြုံးပြ၊စကားပြောသလို အသံလေးထွက်၊အသံကြားရာကို လိုက်ကြည့်|ပတ်ဝန်းကျင်ကို စူးစမ်းနဲ့…

“ဟယ်… ငါ့ကလေးလေး လူဖြစ်လာပြီဟဲ့” ဆိုပြီး မေမေက နေ့တိုင်းကြည့်မဝဖြစ်ရတဲ့အရွယ်လေး ရောက်လာပါပြီ 🥹💕

👶🏻 ၃ လကျော်မေမေတွေ… သားသားမီးမီးတို့လည်း ဒီလိုပြောင်းလာကြပြီလား?
ကိုယ့်ကလေးလေးရဲ့ ဒီအရွယ်အမှတ်တရလေးတွေကို Comment မှာ ပြောပြခဲ့ပါဦးနော် 👇🏻💗

#ကလေး၃လအရွယ် #၃လသားကလေး

25/08/2026

💨👶🏻 “ကလေးလေနာရင် ဘာလူးပေးရမလဲ?” CB မှာအမေးများလို့ Fuji သုံးခဲ့တာလေးပြောပြမယ်နော်

ကလေးလေနာရင် ရင်ဘတ်၊ ဗိုက်လေးမှာ ဘာလူးပေးရမလဲ ဆိုပြီး မေမေတွေ CB မှာ မေးကြတာများလို့ Fuji သားသားတုန်းက သုံးခဲ့တဲ့အရာလေးကို မျှဝေပေးမယ်နော်။ 🤍
Fuji က ထိုင်းမှာဝယ်ထားတဲ့ ဒီလူးဆေးလေးကို သားသားရေချိုးပြီးချိန်၊ Diaper လဲပေးတဲ့အချိန်တွေမှာ ဗိုက်လေးကို နာရီလက်တံအတိုင်း နူးနူးညံ့ညံ့လေး ဝိုက်ပြီး လူးပေးဖြစ်ပါတယ်။

ဒီဆေးက ၂ မျိုး တွေ့ရပါတယ်။
🔵 အဖုံးအပြာလေး Roll-on ပုံစံ က Fuji သုံးနေတဲ့ လက်ဟောင်းလေးပါ။
သူ့အနံက ကြက်သွန်နီလိုမျိုး အနံရှိလို့ တချို့မေမေတွေက အနံပြင်းတယ်လို့ ခံစားရနိုင်ပါတယ်။

🤍 ဘူးအဖြူလေး ကတော့ Version အသစ်လေးဖြစ်ပြီး Fuji အနေနဲ့ အနံလေးပိုကောင်းတယ်လို့ ခံစားရပါတယ်။
ဆေးဘူးပေါ်မှာတော့ မွေးစကနေ အသုံးပြုနိုင်တယ် လို့ ဖော်ပြထားပေမယ့် ဒီဆေးမှာ အေးစပ်/ပူရှိန်းတဲ့ feeling ရှိတာကြောင့် မွေးကင်းစရက်သားလေးတွေရဲ့ အသားအရေက နုနုနီနီလေးဖြစ်နေတော့ Fuji က အပူလောင်မှာစိုးလို့ တစ်ခါပဲ စမ်းလူးပြီး ဆက်မလူးဖြစ်သေးပါဘူး။
အဖုံးအပြာလေးကိုတော့ သားသား ၃ လကျော်တဲ့အထိ လူးပေးဖြစ်နေတုန်းပါပဲ။

ဒါပေမယ့် မေမေတို့ သတိထားဖို့က ကလေးအသားအရေ နုနုလေးမှာ ဆေးလိမ်းတာဆိုရင် ကိုယ့်ကလေးရဲ့အသားအရေတုံ့ပြန်မှုကို သေချာကြည့်ပေးပါ။ ပူလောင်တာ၊ အနီရောင်ထွက်တာ၊ အဖုအပိန့်ဖြစ်တာမျိုးရှိရင် မဆက်လိမ်းသင့်ပါဘူး။ မျက်နှာ၊ နှာခေါင်းနား၊ ပါးစပ်နားတွေကိုလည်း မလိမ်းပါနဲ့နော်။

💊 Air-X ကိုတော့ ဘယ်လိုသုံးလဲ?
သားသားက လေနာလို့ အရမ်းငိုပြီး မသက်သာတဲ့အချိန်မျိုး မှာတော့ Fuji က Air-X ကို ကိုယ်တိုင်ဆုံးဖြတ်ပြီး ကြိုတိုက်တာမျိုး မလုပ်ခဲ့ပါဘူး။ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်တဲ့အချိန်မှပဲ တိုက်ဖြစ်ပါတယ်။
ဆေးရုံက ပေးလိုက်တဲ့ လူးဆေးအရည်လေး ကိုလည်း လိုအပ်တဲ့အချိန်မှာ လူးပေးဖြစ်ပါတယ်။ အဲဒီဆေးမှာလည်း ပရုပ်/အေးစပ်တဲ့ feeling ရှိတာကြောင့် လေနာတာ အရမ်းပြင်းတဲ့အချိန်မျိုးမှာပဲ အသုံးပြုဖြစ်ပါတယ်။
👉 လေနာတတ်လို့ဆိုပြီး ဆေးကို ကြိုတိုက်ထားတာမျိုး Fuji တစ်ခါမှ မလုပ်ခဲ့ပါဘူး။
👉 တော်ရုံလောက် မသက်မသာဖြစ်တာဆိုရင် ဆေးမတိုက်ဘဲ အရင်ဆုံး လေထုတ်ပေးတာ၊ ချီပေးတာ၊ ချော့ပေးတာ စတာတွေ လုပ်ပေးဖြစ်ပါတယ်။
ကလေးလေနာတဲ့အချိန်ဆိုရင် တကယ်သနားစရာကောင်းပါတယ်။ 🥺
နို့ဆာနေတာလည်း ဖြစ်နိုင်တယ်၊ နို့သောက်ချင်ပေမယ့် ဗိုက်မသက်သာလို့ မစို့နိုင်တာလည်း ဖြစ်နိုင်တယ်၊ အိပ်ချင်ပေမယ့် လေနာလို့ အိပ်မရတာလည်း ဖြစ်နိုင်ပါတယ်။အဲဒီအချိန်မှာ ကလေးကို သူသက်သာမယ့်ပုံစံကို ရှာပြီး ချီပေးရ၊ လှုပ်ပေးရ၊ ချော့ပေးရ နဲ့ မေမေတို့လည်း အတော်လေးပင်ပန်းရပါတယ်။ 🥹🤍

Fuji ကတော့ သားသားတုန်းက ကြုံခဲ့ရတာလေးတွေကိုပဲ မျှဝေပေးတာပါနော်။ ကလေးတိုင်း အခြေအနေမတူလို့ ဆေးလူးတာ၊ ဆေးတိုက်တာတွေကို ကိုယ့်ဘာသာကိုယ် မဆုံးဖြတ်ဘဲ ကလေးဆရာဝန်ကို မေးပြီးမှ အသုံးပြုတာ အကောင်းဆုံးပါ။

🇹🇭 ထိုင်းက မေမေတွေ ဒီလူးဆေးလေးလိုချင်ရင် Fuji ဝယ်ခဲ့တဲ့ Link ကို အောက်မှာ ချပေးထားမယ်နော်။ 🤍
“ကလေးလေနာရင် ဘာလူးရမလဲ?” ဆိုပြီး မေးနေတဲ့ မေမေတွေရှိရင် ဒီ Post လေးကို Save ထားနော်။ 💛

24/08/2026

👶🏻 “ကလေးက ဘာလို့ ညနေတိုင်း ငိုနေတာလဲ?”

လေနာတာဖြစ်နိုင်ပါတယ် 💨🥹
သားလေးမွေးပြီးမှ Fuji သတိထားမိခဲ့တဲ့အရာလေးတစ်ခုကို မွေးခါနီးမေမေတွေအတွက် မျှဝေပေးမယ်နော်။မွေးကင်းစကလေးလေးတွေမှာ လေထွက်ဖို့ မလွယ်သေးတာ တွေ့ရပါတယ်။အထူးသဖြင့် Newborn ၃လအောက်ကလေးတွေမှာ နို့စို့ရင်း လေမျိုမိနိုင်တာကြောင့် နို့တိုက်ပြီးတိုင်း လေ သေချာထုတ်ဖို့နှင့် ကလေးကို ခဏမတ်မတ်ထားပြီး လေထွက်ဖို့ ကူညီပေးသင့်ပါတယ်။

💨 ၃ လအောက်ကလေးတွေမှာ ဘာလို့ လေနာတာများတာလဲ?
မွေးကင်းစကလေးတွေက အစာခြေစနစ်နဲ့ လေထိန်းချုပ်နိုင်မှုတွေ ဖွံ့ဖြိုးနေဆဲမို့ လေဝင်လေထွက်၊ ဗိုက်မသက်မသာဖြစ်တာတွေ ဖြစ်တတ်ပါတယ်။
တချို့ကလေးတွေမှာတော့ ညနေပိုင်း/ညပိုင်း အချိန်တူတူလောက်မှာ ဗိုက်မသက်မသာဖြစ်ပြီး—
😭 ငိုတယ်
😭 ချော့မရဘူး
😭 နို့မစို့ချင်ဘူး
😭 ခြေထောက်လေးတွေ ကွေးလိုက်ဆန့်လိုက်လုပ်တယ်
😭 မျက်နှာလေးကို လက်နဲ့ပွတ်တယ်
ဆိုတာတွေ ဖြစ်တတ်ပါတယ်။
အဲဒီအချိန်မှာ မေမေက
“နို့ဆာတာလား?”
“Diaper စိုနေတာလား?”
“အိပ်ချင်တာလား?”
“ဗိုက်မသက်မသာဖြစ်ပြီး လေနာနေတာလား?”
ဆိုတာတွေ တစ်ခုချင်းစီ စစ်ကြည့်ရပါတယ်။

🍼 Fuji သားလေးတုန်းကလည်း...
တစ်ခါတလေ လေလည်ဖို့ ကြိုးစားနေရင်း မျက်နှာလေးကို လက်နဲ့ပွတ်တာ၊ ငိုတာ၊ အားစိုက်တာ တွေကို တွေ့ရပါတယ်။အဲဒီလိုအချိန်တွေမှာ ကလေးလေးက ဘာဖြစ်မှန်းမသိတော့ မေမေကလည်း စိတ်ပူရတာပေါ့။ ညနေရောက်တိုင်းလည်းချော့မရအောင်ငိုတတ်သေးတာမို့ ညနေရောက်မှာတောင်စိုးရိမ်ရတဲ့ရက်တွေလည်းဖြတ်သန်းခဲ့ရတာပေါ့🥹

ကလေးကို နို့တိုက်ပြီးရင် လေထုတ်ဖို့ ကူညီပေးတာ၊ မတ်မတ်လေး ကိုင်ထားပေးတာ၊ ဗိုက်ကို မဖိဘဲ သက်တောင့်သက်သာထားပေးတာ စတာတွေအထောက်အကူဖြစ်နိုင်ပါတယ်။
Fuji သားလေးတုန်းကလည်း လေနာတာသက်သာဖို့ ဆရာဝန်ညွှန်ကြားချက်နဲ့ Air-X ကို အသုံးပြုခဲ့ဖူးပါတယ်။ နောက်ပီးဗိုက်ကိုလိမ်းပေးလို့ရတဲ့ လေဆေးလေးတွေကို လိမ်းပေးခဲ့ပါတယ်

⚠️ ဒါပေမယ့် လေနာတိုင်း Air-X ကို ကိုယ်တိုင်ဆုံးဖြတ်ပြီး မတိုက်ပါနဲ့နော်။ ကလေးအသက်နဲ့ အခြေအနေအလိုက် ကလေးဆရာဝန်ကို မေးပြီးမှ အသုံးပြုတာ ပိုလုံခြုံပါတယ်။

👶🏻 ၃ လကျော်လာရင် ဘာတွေပြောင်းလဲလာလဲ?
ကလေးတစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် အရွယ်ရလာတာနဲ့အမျှ ခေါင်းထိန်းနိုင်လာ၊ လှုပ်ရှားမှုတွေ ပိုကောင်းလာပြီး လေထွက်တာလည်း ပိုလွယ်လာတတ်ပါတယ်။

ဒါကြောင့် ပထမ ၃ လလောက်မှာ
“နို့တိုက် → လေထုတ် → Diaper လဲ → အိပ် → နိုး → နို့တိုက်…” 😂
ဒီလိုနဲ့ပဲ မေမေတို့ရဲ့ တစ်နေ့တာလေးတွေ လည်ပတ်နေတတ်ပါတယ်။
💗 ဒါက Fuji သားလေးတုန်းက ကြုံခဲ့ရတဲ့အတွေ့အကြုံလေးတွေကို ပြန်မျှဝေပေးတာပါ။

ကလေးက ညနေတိုင်းငိုနေလို့ “ဘာဖြစ်တာလဲ?” ဆိုပြီး မေမေတစ်ယောက်တည်း အရမ်းစိတ်ပူမနေစေချင်လို့ပါ။ကလေးငိုတာတိုင်း လေနာတာလို့တော့ မယူဆဘဲ နို့ဆာတာ၊ Diaperလဲဖို့လိုတာ၊ အိပ်ချင်တာ၊ ပူတာ/အေးတာ၊ လေနာတာ စတာတွေကို တစ်ခုချင်းစီ စစ်ကြည့်ပေးပါနော်။ 🤍

🚨 အန်တာအရမ်းများခြင်း၊ အန်ရင်အစိမ်းရောင်ဖြစ်ခြင်း၊ ဗိုက်ဖောင်းတင်းခြင်း၊ အဖျားရှိခြင်း၊ နို့မသောက်နိုင်ခြင်း၊ အရမ်းမှိန်းခြင်း၊ သွေးပါတဲ့ဝမ်းသွားခြင်း စတာတွေရှိရင်တော့ ကလေးဆရာဝန်ကို ပြသင့်ပါတယ်။

မွေးခါနီးမေမေတွေ ဒီ Post လေးကို Save ထားနော်။ ကလေးလေးမွေးလာတဲ့အခါ “ဒါဘာဖြစ်တာလဲ?” ဆိုပြီး အရမ်းမပြာသွားအောင် ကြိုသိထားတာက အများကြီးအထောက်အကူဖြစ်ပါတယ်။ 🥰💗

17/08/2026

👶 ၁၀ ရက်ကျော်တဲ့အထိ ချက်တိုင်မကြွေသေးရင် သေချာစစ်ပေးပါနော် ⚠️

ဖူဂျီတုန်းက ကိုယ်တွေ့အတွေ့အကြုံလေး ပြောပြချင်လို့ပါ 🥺

ဆေးရုံက ဆင်းလာတုန်းကသန့်ရှင်းရေးလုပ်ပေးရမယ့်ပုံစံအတိုင်းပဲ နေ့တိုင်းသေချာသန့်ရှင်းပေးခဲ့ပါတယ်။ အပြင်ကကြည့်ရင်လည်း ချက်တိုင်က ခြောက်နေပြီလို့ပဲ ထင်ရတာပါ။

ဒါပေမယ့် ၁၀ ရက်ကျော်တဲ့အထိ ချက်တိုင်က မကြွေသေးဘူး။ တစ်နေ့ ကလေးကိုချီလိုက်တဲ့အချိန် အကျီနဲ့ငြိပြီး အပေါ်ကခြောက်နေတဲ့အပိုင်းလေး ကြွေကျသွားတော့ အောက်မှာ ဖြူဖြူစိုစိုနဲ့ အနာလိုမျိုး ဖြစ်နေတာတွေ့လို့ ဆေးရုံပြန်သွားပြခဲ့ပါတယ်။

အစကတော့ ဆရာမက ဆေးထည့်ပေးပြီး အိမ်ပြန်လို့ရတယ်လို့ပြောပါတယ်။ ဒါပေမယ့် သေချာစစ်ဆေးကြည့်ပြီးတော့ ပိုးဝင်သွားမှာစိုးလို့ ပိုးမွေးဆေးသွင်းဖို့နဲ့ ဆေးရုံမှာ ၂ ညထားဖို့ လိုတယ်လို့ ပြောပါတယ် 😭

ကလေးကလည်း အဲဒီတုန်းက ၁၀ ရက်ကျော်ပဲရှိသေးတာ ဆိုတော့ လက်မှာ အပ်လေးတန်းလန်းနဲ့ ဆေးသွင်းနေရတာကို ကြည့်ရတာ တကယ်ရင်နာစရာကောင်းပါတယ် 😢💔 မေမေတောင် မကြည့်ရက်လောက်အောင်ပါပဲ။

နိုင်ငံခြားမှာဆိုတော့ ဆေးရုံစရိတ်ကလည်း မသေးပါဘူး။ ၂ ရက်လောက်နဲ့ ဆေးရုံစရိတ် ၅၀ သိန်းနီးပါး ကုန်သွားခဲ့ပါတယ် 😭

ဒါကြောင့် မေမေတို့ကို ကိုယ်တွေ့အနေနဲ့ သတိပေးချင်တာပါ—

👶 ချက်တိုင်က ပုံမှန်အချိန်အတွင်း မကြွေသေးရင်
👀 အပြင်ကခြောက်နေတယ်ဆိုပြီး မပေါ့ဆပါနဲ့။
💧 အနံ့၊ အရည်ထွက်တာ၊ နီရဲတာ၊ ဖောင်းတာ၊ စိုစွတ်နေတာတွေရှိမရှိ သေချာကြည့်ပေးပါ။
🏥 မသေချာရင် ကလေးဆရာဝန်နဲ့ ပြသပေးတာ အကောင်းဆုံးပါ။

မေမေတို့ကလေးတွေ ကျန်းကျန်းမာမာနဲ့ ဘာမှမဖြစ်ကြပါစေနော် 🤍🫶 ဒီအတွေ့အကြုံလေးကို မေမေအတွက်တောင် အကျိုးရှိနိုင်လို့ Share လေးလုပ်ပေးလိုက်ပါတယ် ❤️

#မေမေတို့အတွက် #ကလေးပြုစုစောင့်ရှောက်မှု

15/08/2026

🤰🏻 ဗိုက်စည်းဝယ်မယ်ဆိုရင် ဘာဝယ်ရမှန်းမသိဘူးလား? Fuji သုံးပြီး အဆင်ပြေခဲ့တာလေး Recommend ပေးမယ်နော် 🤍

ကိုယ်ဝန်ရင့်လာရင် ဗိုက်လေးလာပြီး နေရထိုင်ရတာ၊ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေ တဖြည်းဖြည်းခက်လာတတ်ပါတယ်။

Fuji ကတော့ အဲဒီအချိန်မှာ ဗိုက်စည်းလေးစည်းထားရင် သိသိသာသာ သက်သာပြီး သွားလာရတာ ပိုအဆင်ပြေခဲ့ပါတယ်။

Fuji သုံးခဲ့တဲ့ Dr. Isla ဗိုက်စည်း လေးမှာ အပိုင်းအသေးလေးတစ်ခုပါပြီး အဲဒါကို ဗိုက်အောက်ကနေ ပင့်တင်ပေးပြီး ကျောဘက်ခါးမှာ သိုင်းထားသလို ပတ်ဝတ်ရတာပါ။

လရင့်လာတဲ့အချိန် အောက်ကနေ support ပေးထားသလို ခံစားရလို့ မတ်တပ်ရပ်တာ၊ လမ်းလျှောက်တာတွေမှာ Fuji အတွက် တော်တော်လေးအဆင်ပြေခဲ့ပါတယ်။

🤍 ကိုယ်ဝန်ဆောင်ချိန်မှာပဲ အသုံးဝင်တာမဟုတ်ပါဘူး။

Fuji က ဗိုက်ခွဲမွေးခဲ့တာဆိုတော့ မွေးပြီးနောက် လမ်းစလျှောက်တဲ့အချိန်မှာလည်း ဒီဗိုက်စည်းလေးကို အသုံးပြုခဲ့ပါတယ်။

ဗိုက်ခွဲပြီး အနာရှိနေတဲ့အချိန်မှာ လှုပ်ရှားရင် အနာကို ဆွဲသလို၊ လှုပ်သလို ခံစားရတတ်တာကြောင့် Fuji အတွက်တော့ ဗိုက်စည်းလေးက ဗိုက်ကို support ပေးထားသလို ခံစားရပြီး လမ်းလျှောက်တဲ့အချိန် ပိုသက်သာခဲ့ပါတယ်။

ဆေးရုံဆင်းပြီးနောက်ပိုင်းမှာလည်း ဆက်အသုံးပြုခဲ့ပြီး ကိုယ်ဝန်ရှိကတည်းက မွေးပြီးတဲ့အထိ အသုံးတည့်ခဲ့တဲ့ပစ္စည်းတစ်ခု ဖြစ်ခဲ့ပါတယ်။

ပြီးတော့ ဒီဗိုက်စည်းရဲ့ အသားက ပျော့ပျောင်းပြီး မပူဘူး၊ ဝတ်ထားရတာလည်း သက်တောင့်သက်သာရှိပါတယ်။

Fuji ကိုယ်တိုင် အသုံးပြုရတာ အဆင်ပြေခဲ့လို့ ဗိုက်စည်းဘာဝယ်ရမှန်းမသိတဲ့ မေမေတွေ၊ အရွေးမမှားချင်တဲ့ မေမေတွေဆို ဒီပုံစံလေးကို ရွေးကြည့်လို့ရပါတယ်နော်။ 🤍

🇹🇭 Thailand မှာဝယ်မယ့်မေမေတွေအတွက် အောက်မှာ Link လေးချပေးထားမယ်နော်။ အောက်ကလင့်ကနေဝင်ဝယ်နော် 👇
https://s.shopee.co.th/8fRZu0X9dz

🇲🇲 မြန်မာက မေမေတွေဆိုရင်တော့ Online Shop တွေမှာ “Dr. Isla Maternity Support Belt” လို့ မေးပြီး ဝယ်ကြည့်လို့ရပါတယ်။

Fuji ကိုယ်တိုင်သုံးပြီး အဆင်ပြေခဲ့လို့ မေမေတွေ ခေါင်းမစားရအောင် ပြန်မျှဝေပေးတာပါနော်။ 🥰🤍

🚨 ကလေးမွေးပြီးမှ သိရင် မေမေတွေ အရမ်းစိတ်ပူရမယ့်အရာ — “အသားဝါ” 💛မွေးခါနီး မေမေတွေ ကလေးအသားဝါအကြောင်းလေးကို ကြိုသိထားသင့်လ...
11/08/2026

🚨 ကလေးမွေးပြီးမှ သိရင် မေမေတွေ အရမ်းစိတ်ပူရမယ့်အရာ — “အသားဝါ” 💛

မွေးခါနီး မေမေတွေ ကလေးအသားဝါအကြောင်းလေးကို ကြိုသိထားသင့်လို့ Fuji ရဲ့ ကိုယ်တွေ့အတွေ့အကြုံလေးနဲ့အတူ ပြောပြပေးမယ်နော်။ကလေးမွေးပြီး ပထမရက်တွေမှာ အသားဝါ (Newborn Jaundice) ဖြစ်တာ အတော်များပါတယ်။ ဒါပေမယ့် အသားဝါတာကို “မွေးကင်းစကလေးတိုင်း ဖြစ်တာပဲ” ဆိုပြီး ပေါ့ပေါ့ဆဆ မထားသင့်ပါဘူး။
Fuji ကလည်း သားဦးလေးဆိုတော့ အဲဒီတုန်းက အသားဝါအကြောင်းကို သိပ်ပြီး ဗဟုသုတမရှိခဲ့ဘူး။သားလေး ဆေးရုံဆင်းခါနီး နောက်ဆုံးရက်မှာ အသားဝါ ခြေသလုံးအထိ ရောက်နေပြီ။ ဆေးရုံက စစ်ဆေးပေးပြီး ဆင်းခွင့်ပေးခဲ့ပေမယ့် “ခြေဖဝါးအထိ ဝါလာရင် ဆေးရုံကို ပြန်လာပါ” လို့ မှာလိုက်ပါတယ်။
အိမ်ရောက်ပြီး ၂ ရက်မြောက်နေ့မှာ သားလေးရဲ့ ခြေဖဝါးပါ ဝါလာပြီး အရမ်းမှိန်းလာတယ်၊ ငိုလည်းပိုငိုလာတာကြောင့် ဆေးရုံကို ပြန်ပြခဲ့ရပါတယ်။
ဆေးရုံရောက်တော့ သားလေးကို ၂ ညထားပြီး Phototherapy (အပြာရောင်မီး) ပြပေးခဲ့ပါတယ်။
သားဦးမေမေဆိုတော့ ဘာမှသိပ်မသိတဲ့အချိန်...
ကလေးလေးကို ဘာလို့မီးပြနေရတာလဲ၊ အဆင်ပြေရဲ့လား ဆိုပြီး စိတ်ထဲမှာ အရမ်းကြောက်ခဲ့ရပါတယ်။ 🥹
အပြင်ကနေ သားလေးကို မီးပြနေတာ မြင်ရတဲ့အချိန်ဆို မျက်ရည်တောင် မထိန်းနိုင်ဘဲ ငိုမိတယ်။ ကလေးလေးက တစ်ကိုယ်လုံး အဝတ်မဝတ်ဘဲ Diaper လေးတစ်ခုပဲဝတ်ထားပြီး မျက်လုံးလေးကို အုပ်ထားရတယ်။ အဲဒီလိုလေး မီးပြနေတာမြင်ရတော့ မေမေတစ်ယောက်အနေနဲ့ အရမ်းသနားမိတာပေါ့။ 😭💛
ဒါပေမယ့် နောက်မှ သိလာတာက Phototherapy ဆိုတာ bilirubin တက်နေတဲ့ မွေးကင်းစကလေးတွေမှာ လိုအပ်ရင် ဆေးရုံမှာ အသုံးပြုတဲ့ ပုံမှန်ကုသမှုတစ်ခု ပါ။
၂ ရက်လောက် မီးပြပြီးတဲ့နောက် သားလေးကို အိမ်ပြန်ခေါ်လာခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ သားလေးရဲ့ အီးက စနွင်းလို အဝါရောင်တွေ သွားလာပြီး အသားဝါတာလည်း တဖြည်းဖြည်း ပြန်ပျောက်သွားခဲ့ပါတယ်။ 💛

ဒါကြောင့် မွေးခါနီးမေမေတွေ ဒီအချက်လေးတွေကို ကြိုသိထားပါနော်။
🟡 ကလေးမွေးပြီး အသားဝါလာရင် ဆရာဝန်ကို ပြပြီး လိုအပ်ရင် bilirubin level စစ်ဆေးပေးဖို့ အရေးကြီးပါတယ်။
🟡 နို့/Formula ကို လုံလောက်အောင် တိုက်ပေးပါ။ နို့မဝတာ၊ အစာမဝတာကလည်း အသားဝါပိုတက်စေနိုင်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။
🟡 အသားဝါတာကို မျက်စိနဲ့ကြည့်ပြီး “ဝါတာနည်းတယ်၊ များတယ်” လို့ပဲ ဆုံးဖြတ်လို့မရပါဘူး။ ကလေးအသက်နဲ့ bilirubin level အပေါ်မူတည်ပြီး ကုသမှုလိုမလို ဆရာဝန်က ဆုံးဖြတ်ပေးရပါတယ်။

🚨 ဒီလိုဖြစ်ရင် ပိုဂရုစိုက်ပါ
• မွေးပြီး ၂၄ နာရီအတွင်း အသားဝါလာတာ
• အသားဝါတာ တဖြည်းဖြည်းပိုများလာတာ
• မျက်လုံးအဖြူပါ ဝါလာတာ
• ခြေထောက်/ခြေဖဝါးအထိ ဝါလာတာ
• နို့မသောက်ချင်တာ၊ နို့သောက်တာ အရမ်းနည်းလာတာ
• အရမ်းမှိန်းပြီး နိုးရခက်တာ
• ဆီးသွားနည်းလာတာ
• အီးအရောင် အရမ်းဖျော့ပြီး ဖြူဖျော့/မီးခိုးရောင်လို ဖြစ်လာတာ
ဒီလိုအခြေအနေတွေရှိရင် အိမ်မှာစောင့်မနေဘဲ ကလေးဆရာဝန်/ဆေးရုံကို ပြသင့်ပါတယ်။
ပြီးတော့ “နေရောင်ပြရင် အသားဝါပျောက်တယ်” ဆိုပြီး Phototherapy အစား အိမ်မှာကိုယ်တိုင် ကုသဖို့ မလုပ်သင့်ပါဘူး။ Bilirubin အရမ်းတက်နေတယ်ဆိုရင် ဆရာဝန်က သင့်တော်တဲ့ Phototherapy လုပ်ပေးပါလိမ့်မယ်။

💛 Fuji ရဲ့ သားဦးလေးတုန်းက အတွေ့အကြုံကနေ မေမေတွေကို ပြောချင်တာက—ကလေးကို မီးပြထားတာမြင်ရင် မေမေအနေနဲ့ အရမ်းရင်နာပြီး ကြောက်မိနိုင်ပါတယ်။ ဒါပေမယ့် ဘာကြောင့်မီးပြတာလဲ၊ ဘာကြောင့် bilirubin စစ်တာလဲဆိုတာ ကြိုသိထားရင် အဲဒီအချိန်မှာ အရမ်းပြာမသွားဘဲ ကလေးအတွက် လိုအပ်တာကို မှန်မှန်ကန်ကန် လုပ်ပေးနိုင်မှာပါ။ 🥹🤍
မွေးခါနီး မေမေဆိုရင် ဒီ Post လေးကို Save ထားနော်။ ကလေးမွေးပြီးမှ သိတာထက် အခုကတည်းက သိထားတာက ပိုကောင်းပါတယ်။ 💛

#အသားဝါ

05/08/2026

ကိုယ်ဝန်ဆောင်ပြီးမှ အတွင်းခံကလည်း အရေးကြီးမှန်း သိလာတယ်။ 🥹 Fuji တကယ်ဝတ်ပြီး အဆင်ပြေခဲ့တဲ့ Pregnancy Panty လေးကို Review လုပ်ပေးထားပါတယ်။ ဝယ်မယ်ဆိုရင် Size (၂) မျိုးယူထားဖို့လည်း မမေ့နဲ့နော်။ Link လေးလည်း ချပေးထားပါတယ်။ 🤍

ကိုယ်ဝန်ရှိလာတာနဲ့ ပုံမှန်အတွင်းခံတွေက ဗိုက်ကိုဖိလာပြီး မသက်မသာ ဖြစ်တတ်ပါတယ်။Fuji ကတော့ ကိုယ်ဝန်တစ်လျှောက်လုံး ဒီ Design လေးကိုပဲ ဝတ်ခဲ့ပြီး အရမ်းအဆင်ပြေခဲ့ပါတယ်။ 🤍
Fuji ရဲ့ အကြံပေးချင်တာက...
✨ ကိုယ်ဝန်နုတုန်းကတည်းက ဝယ်မယ်ဆိုရင် Size (၂) မျိုး ဝယ်ထားပါ။
✔️ လက်ရှိဝတ်နေတဲ့ Size (၁) ထည် ✔️ လက်ရှိ Size ထက် (၁) Size ကြီးတာ (၁) ထည်
အဲဒီလိုဝယ်ထားရင် ဗိုက် ၆ လ၊ ၇ လ၊ ၈ လ၊ ၉ လအထိ အဆင်ပြေပြေ ဆက်ဝတ်လို့ရပါတယ်။ဖူဂျီကတော့တစ်Sizeကို၃ထည်စီဝယ်ဝတ်ခဲ့တယ်။

Fuji ကတော့ အစတုန်းက Singapore Shopee ကနေ ဝယ်ခဲ့တာပါ။အခု Thailand TikTok Shop မှာ တွေ့တော့ ဈေးက ပိုသက်သာနေတာ တွေ့ရလို့ မေမေတွေအတွက် ပိုတန်တယ်လို့ ထင်ပါတယ်။

🤍 ဝယ်လို့ရတဲ့ Link လေးကိုလည်း ချပေးထားမယ်နော်။
မေမေအသစ်တွေ "ဘယ်အတွင်းခံဝယ်ရမလဲ?" ဆိုပြီး ခေါင်းမစားရအောင် Fuji အဆင်ပြေခဲ့တဲ့ ပစ္စည်းလေးကို မျှဝေပေးလိုက်တာပါ။ 🥰

04/08/2026

🤰🏻 Pregnancy Pillow Review | Fuji တကယ်အသုံးတည့်ခဲ့တဲ့ Pregnancy Item 🤍

ကိုယ်ဝန်ဆောင်မေမေတွေအတွက် ဘာဝယ်ရမှန်းမသိရင် ဒီ Pregnancy Pillow ကို အရင်ဝယ်ထားပါ။ ✨

Fuji ကတော့ ဗိုက်စကြီးတဲ့အချိန်ကစပြီး ကလေးမွေးတဲ့အထိ အသုံးပြုခဲ့တဲ့ Item ပါ။
သူ့မှာ ဖက်လုံးအရှည် ၁ ခု နဲ့ လခြမ်းပုံစံအခေါင်းအုံး ၂ ခု ပါပါတယ်။

🤍 Fuji သုံးတဲ့ပုံစံကတော့...
လခြမ်းခေါင်းအုံး ၁ ခုကို ကျောနောက်မှာ ခုပြီး ဖက်လုံးအရှည်ကို ရှေ့ကနေ ခွအိပ်ပါတယ်။
ဗိုက်လေးကို အလယ်က အချိုင့်လေးပေါ် တင်ထားရတော့ ဗိုက်ကို မဖိဘဲ အရမ်းသက်တောင့်သက်သာ အိပ်လို့ရပါတယ်။
ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ ဘယ်ဘက်စောင်းအိပ်ရတာ လပေါင်းများစွာ ကြာလာတော့ ဒီ Pillow လေးက Fuji အတွက် တကယ်ကို အထောက်အကူဖြစ်ခဲ့ပါတယ်။
လခြမ်း ၂ ခုကို တစ်ပြိုင်တည်းတပ်ပြီး အိပ်ကြည့်ဖူးပါတယ်။ ဒါပေမယ့် Fuji အတွက်တော့ အဆင်မပြေခဲ့ပါဘူး။ ကျောနောက်မှာ တစ်ခုပဲ ခုပြီးသုံးတာ ပိုအဆင်ပြေခဲ့ပါတယ်။

👶🏻 ကလေးမွေးပြီးရင်လည်း ဆက်အသုံးဝင်သေးတယ်ဒီ Pillow လေးရဲ့ အကြိုက်ဆုံးအချက်က...သားလေးမွေးပြီးမှလည်း အသုံးဝင်နေသေးတာပါ။လခြမ်းခေါင်းအုံးလေးကို ကလေး ဘေးနှစ်ဖက်မှာ ခုပေးထားရင် ဘေးကို လှိမ့်သွားတာကို ကူထိန်းပေးနိုင်ပါတယ်။Fuji ကတော့ အခုထိ သားလေးအတွက် အသုံးပြုပေးနေတုန်းပါ။ 🤍

🤍 ဗိုက်ခွဲမွေးတဲ့ မေမေတွေအတွက်လည်း အဆင်ပြေတယ်
ဗိုက်ခွဲပြီးနောက် ဘယ်ညာစောင်းအိပ်တဲ့အချိန် ပေါင်ကြားထဲ ဖက်လုံးကို ထည့်ထားရင် အနာကို ဆွဲသလိုခံစားရတာ သက်သာစေပါတယ်။

💰 တန်လား?
Fuji အတွက်တော့ တန်ပါတယ်။
ဗိုက်ရှိစကနေ ကလေးမွေးပြီးတဲ့အထိ အသုံးတည့်တဲ့ Item ဖြစ်လို့ ဝယ်ရတဲ့ငွေနဲ့ ထိုက်တန်တယ်လို့ ခံစားရပါတယ်။

ဘာဝယ်ရမှန်း မသိသေးတဲ့ မေမေတွေဆိုရင် Fuji သုံးတဲ့ ဒီပုံစံလေးကို ကြည့်ပြီး ရွေးဝယ်နိုင်ပါတယ်။ 🥰

📍 Fuji ကတော့ Singapore Shopee ကနေ ဝယ်ခဲ့တာပါ။SGD27ပေးရပါတယ်။

🇹🇭 Thailand မှာဆိုရင် TikTok Shop မှာလည်း ဒီပုံစံမျိုး အလွယ်တကူ ဝယ်လို့ရပါတယ်။စျေးလည်းဖူဂျီဝယ်တာထပ်ပိုသက်သာတာေတွ့ရပါတယ်။ထိုင်းtiktok shopမှာတွေ့လို့ လိုချင်သူတွေအလွယ်တစ်ကူဝင်ဝယ်လို့ရအောင် ခြင်းလေးချထားပေးထားပါတယ်။

🇲🇲 မြန်မာ မှာဆိုရင်လည်း ကိုယ်ဝန်ဆောင်ပစ္စည်းရောင်းတဲ့ Online Shop တွေမှာ မေးဝယ်ကြည့်လို့ရပါတယ်။

30/07/2026

🚨 ကိုယ်ဝန်ဆောင်မေမေတွေ ပိုက်ဆံမဖြုန်းခင် ဒီ Post ကို အရင် Save ထားပါ! 🤰🏻

ကိုယ်ဝန်ဆောင်မေမေ ဖြစ်လာပြီဆိုတာနဲ့ Body က တဖြည်းဖြည်း ပြောင်းလဲလာပါတယ်။
အဲဒီအချိန်မှာ ဘာဝယ်ရမလဲ? ဘာမလိုဘူးလဲ? ဆိုတာ မသိလို့ မလိုအပ်တဲ့ပစ္စည်းတွေ ဝယ်မိပြီး ငွေအပိုကုန်တတ်ပါတယ်။ဒါကြောင့် Fuji ကိုယ်တိုင်ကိုယ်ဝန်ဆောင်ချိန်နဲ့ မွေးပြီးနောက် တကယ်ဝယ်သုံးခဲ့ပြီး အသုံးတည့်ခဲ့တဲ့ ပစ္စည်းတွေ ကို မျှဝေပေးချင်ပါတယ်။ 🤍

🤍 Pregnancy Essentials

✔️ Pregnancy Pillow (ကိုယ်ဝန်ဆောင်ဖက်လုံး)
ဗိုက်ကြီးလာတဲ့အချိန် အိပ်ရတာ ပိုသက် တောင့်သက်သာဖြစ်စေပါတယ်။
(ဘယ်ပုံစံက အဆင်ပြေလဲဆိုတာ နောက် Post မှာ Review ပြပေးမယ်နော်။)

✔️ ကိုယ်ဝန်ဆောင်အတွင်းခံဘောင်းဘီ
ဗိုက်မဖိဘဲ သက်တောင့်သက်သာ ဝတ်လို့ရပါတယ်။

✔️ ချည်သားကိုယ်ဝန်သည်ဝတ် ဘောင်းဘီအတို / အရှည် နေ့တိုင်းဝတ်ဖို့ ပေါ့ပါးပြီး ဗိုက်ကို မဖိတဲ့အတွက် အရမ်းအဆင်ပြေပါတယ်။

✔️ ဗိုက်စည်း (Maternity Support Belt)
ဗိုက်ကြီးလာတဲ့အချိန် ခါးနာတာ၊ ဗိုက်လေးတာကို သက်သာစေပါတယ်။မဝယ်မဖြစ်ပါ။

✔️ Stretch Mark Lotion / Oil
ဗိုက်ကြောပြတ်တာကို ၁၀၀% မတားဆီးနိုင်ပေမယ့် အသားအရေကို စိုပြေစေပြီး ယားယံတာကို သက်သာစေနိုင်ပါတယ်။

✔️ နို့တိုက်ဘရာ (Nursing Bra)
နို့တိုက်မေမေတွေအတွက် မရှိမဖြစ်ပါ။
Hands-free နို့ညှစ်စက် သုံးမယ့်မေမေတွေဆိုရင်တော့ ပိုအသုံးဝင်ပါတယ်။
✔️ မီးနေသည် Diaper
Fuji ကတော့ ဘောင်းဘီလို ဝတ်ရတဲ့ Maternity Diaper ကို ပိုသဘောကျပါတယ်။
Pad ထက် ပိုသက်တောင့်သက်သာရှိပြီး မွေးပြီး ပထမရက်တွေမှာ အရမ်းအဆင်ပြေခဲ့ပါတယ်။

✔️ နို့ခံ Pads (သို့) Milk Collection Cup
နို့စိမ့်တတ်တဲ့ မေမေတွေဆိုရင် အသုံးဝင်ပါတယ်။
Breast Pads ဖြစ်ဖြစ်၊ Milk Collection Cup ဖြစ်ဖြစ် ကိုယ်နဲ့အဆင်ပြေတဲ့ တစ်မျိုးပဲ ဝယ်ထားရင် လုံလောက်ပါတယ်။

✔️ Pregnancy-safe Skin Care & Hair Care
Skin Care လုပ်နေကျ မေမေတွေဆိုရင်...
• Skin Care
• Cosmetics
• Shower Gel
• Shampoo
တွေကို ကိုယ်ဝန်ဆောင်အသုံးပြုလို့ရတဲ့ Product တွေ ပြောင်းသုံးတာ ပိုစိတ်ချရပါတယ်။

✔️ ဗိုက်ခွဲမွေးမယ့် မေမေတွေအတွက်
မွေးပြီး ဝတ်ဖို့ ဘောင်းဘီပွပွ၊ အနာမဖိတဲ့ အဝတ်အစားတွေ ကြိုပြင်ထားပါ။အနာကို မဖိတော့ သွားလာရတာ ပိုအဆင်ပြေပါတယ်။

🤍 ဒါတွေကတော့ Fuji ကိုယ်တိုင် ဝယ်သုံးခဲ့ပြီး "ဝယ်ထားလို့ မမှားဘူး" လို့ ခံစားရတဲ့ Pregnancy & Postpartum Essentials တွေပါ။

✨ နောက် Post တွေမှာတော့ Fuji သုံးခဲ့တဲ့ Brand တွေ၊ ဘယ်ဟာတကယ်တန်လဲ၊ ဘယ်ဟာမဝယ်လည်းရလဲ၊ ငွေမဖြုန်းဘဲ ဘယ်လိုရွေးဝယ်ရမလဲဆိုတာ တစ်ခုချင်းစီ Review လုပ်ပေးသွားမယ်နော်။ Save ထားပြီး စောင့်ကြည့်ပေးပါရှင်။ 🤍

🥰

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Fujidiary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Fujidiary:

Shortcuts

Share