22/04/2026
みなさん 👋
သူများကဂျပန်သွားဖို့လုပ်နေကြပေမယ့် ဂျပန်ရောက်ရင်ဘာစားကြမလဲစဥ◌်းစားနေကြမယ့်သူလေးတွေအတွက်ကတော့ ဒီ post ကကွတ်တိပါနော်
ဂျပန်အစားအသောက်ဆိုတာနဲ့ sushi, takoyaki, tempura,ramen တို့ကိုပဲပြေးမြင်ကြမယ်ထင်ပါတယ်
ဒါမယ့် ဒီ post လေးမှာတဲ့ တစ်ခြားသော ထင်ရှားတဲ့ဂျပန်စာအစားအစာအကြောင်းတွေကိုပြောပြသွားမှာပါ
📌 ၁။ Udon 🍜
ဂျပန်ခေါက်ဆွဲအဖြူတုတ်တုတ်ကြီးတွေကိုမှ ကြိုက်တယ်ဆိုရင်တော့ ဒါလေး try ကြည့်နော်။ ဟင်းရည်အပူအအေးရှိတာမို့ ကြိုက်တဲ့ဟာစားလို့ရပါတယ်။ စားလို့ကောင်းပြီး ဗိုက်ပြည့်စေတဲ့ ခေါက်ဆွဲမျိုးပါ။
📌 ၂။ Japanese Curry 🍛
မြန်မာဆီပြန်ဟင်းတွေနဲ့မတူဘဲ အသီးအနှံတွေနဲ့ ချက်ထားလို့ ချိုမြိန်ပြီး ပျစ်ပျစ်လေးနဲ့ အရသာရှိတာပါ။ ထမင်းပူပူလေးပေါ် ဆမ်းစားရင် ရှယ်ပဲနော်!
📌 ၃။ Okonomiyaki 🥞
"ဂျပန်ပန်ကိတ်" လို့လည်း ခေါ်ကြပါတယ်။ ဂေါ်ဖီထုပ်၊ အသား၊ ပုစွန်တွေနဲ့ လုပ်ထားတဲ့ အကြော်ချပ်ကြီးပေါ်မှာ ဆော့စ်တွေဆမ်းပြီး စားရတာဖြစ်လို့ အဆာပြေစားဖို့ အကောင်းဆုံးအစားအစာပါပဲ။
📌 ၄။ Karaage 🍗
ဂျပန်စတိုင် ကြက်သားကြော်ပါ။ အပြင်က ကြွပ်ကြွပ်လေးနဲ့ အတွင်းက နူးညံ့နေတဲ့ အရသာက ကလေးရော လူကြီးပါ အကြိုက်တွေ့ကြတဲ့အစားအစာပါ။
📌 ၅။ Onigiri 🍙
ဂျပန်ထမင်းလုံးလေးတွေပါ။ အတွင်းမှာ ငါးပူတင်း ဒါမှမဟုတ် တူနာငါးလေးတွေ ထည့်ထားလေ့ရှိပြီး အပြင်က ရေညှိလေးနဲ့ ပတ်ထားတာမို့ သွားရင်းလာရင်းဖြစ်ဖြစ်အချိန်မရှိရင် စားဖို့ အဆင်ပြေဆုံးပဲ။
📌 ၆။ Yakisoba 🍝
ဂျပန်ခေါက်ဆွဲကြော်ပါ။ ဟင်းသီးဟင်းရွက်တွေ၊ အသားတွေနဲ့အတူ ထူးခြားတဲ့ ဆော့စ်အရသာလေးနဲ့ ကြော်ထားတာမို့ ခေါက်ဆွဲကြော်တစ်မျိုးပါ။
📌 ၇။ Tonkatsu 🥩
ဝက်သားကို အမှုန့်ကပ်ပြီး ရွှေဝါရောင်သန်းအောင် ကြော်ထားတဲ့ အသားကပ်ကြော်ပါ။ အရမ်းကြွပ်ပြီး စားလို့ကောင်းတဲ့အပြင် ဆော့စ်လေးနဲ့တို့စားရင် တော်တော်လေးကိုစားကောင်းပါတယ်။
📌 ၈။ Sukiyaki 🍲
ဝိုင်းဖွဲ့စားလို့ကောင်းတဲ့ ဟော့ပေါ့စတိုင် ဟင်းလျာပါ။ အသားလွှာလေးတွေနဲ့ အသီးအနှံတွေကို ဟင်းရည်ချိုချိုလေးထဲ ထည့်ချက်ပြီး ကြက်ဥအစိမ်းလေးနဲ့ တို့စားကြတာပါ။
📌 ၉။ Donburi bowls 🍚
ထမင်းပန်းကန်လုံးပေါ်မှာ အသား ဒါမှမဟုတ် ပုစွန်တွေကို ချက်ပြီး အုပ်ထားတဲ့ ထမင်းပွဲလေးတွေပါ။ ဥပမာ - Gyudon (အမဲသားထမင်း)၊ Katsudon (ဝက်သားကပ်ကြော်ထမင်း) စသဖြင့် အမျိုးမျိုးရှိပါတယ်။
အစားအသောက်ဆိုတာ ယဉ်ကျေးမှုတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်တာမို့ ဂျပန်စာလေ့လာရင်းနဲ့ ဒီဟင်းလျာလေးတွေကိုလည်း မြည်းစမ်းကြည့်ဖို့ မမေ့နဲ့ဦးနော်။ 🍱✨
みなさん ပုံတွေကိုကြည့်ပြီး စာလုပ်ဖို့ moti လေးပေးချင်ပေမယ့် ပုံတွေကြည့်ပြီး ဗိုက်ဆာသွားတယ်ဆိုရင်တော့ တာဝန်မယူပါခင်ဗျ။😉😉